ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ထဲက မန်လီကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းဆရာတော်က လူမှုကွန်ရက်မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ရေးတင်ထားပါတယ်။
နမ္မတူမြို့နယ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပြီး မန်လီဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဇွန်လ ၁၂ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီ လေတပ်က ဖျက်အားပြင်း ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို ၂ ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့တာလို့ သိရပြီး ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင် ၂ ခု၊ စာသင်ကျောင်းဆောင် ၂ ခုနဲ့ လူနေအိမ် တချို့
ပျက်စီးသွားခဲ့ရပေမယ့် လူတော့ ထိခိုက်သေဆုံးမှုမရှိဘူးလို့သိရပါတယ်။
#မြန်မာ #ဧရာဝတီ #နမ္မတူ #မန်လီ #ဘုန်ကြီးကျောင်း #စာသင်ကျောင်း #လေကြာင်းတိုက်ခိုက် #TNLA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













