ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိရာနေရာတခုဖြစ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်နဲ့ ရွှေတွေတူးရာက မြုပ်နှံထားတဲ့ ရုပ်အလောင်းတွေ ဇွန်လ ၁၄ ရက်နေ့က ထွက်ပေါ်လာပါတယ်။
မှော်စီစာ – လုံးခင်း ကားလမ်းနံဘေးက သုဿာန်မြေနေရာကို အာဏာပိုင်တွေဟာ မြေကွက်ရိုက် ရောင်းချနေတာဖြစ်ပြီး အိမ်ရာကွက်ဖော်ဖို့ ဘတ်ဖိုးတွေနဲ့ မြေတူးချရာက အလောင်းတွေ ပေါ်လာတာဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။
အဲဒီ သုဿာန်မြေတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ဆက်နွယ်နေသူတချို့က ဦးဆောင်ပြီး ရောင်းချ နေတာဖြစ်တယ်လို့ ရွာခံတွေက ဆိုကြပေမယ့် KIA ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သူ့အနေနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မသိရှိထားဘူးလို့ ဧရာဝတီကို တုန့်ပြန်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဖားကန့် #လုံးခင်း #မှော်စီစာ #သုဿာန်မြေ #ရုပ်အလောင်း #မြေကွက် #KIO #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













