စာရေးဆရာ မြသန်းတင့်က အတ္ထုပ္ပတ္တိရေးဆရာတယောက်၏ အရေးကြီးသော တာဝန်များကို မီးမောင်းထိုးပြခဲ့သည်။ “အတ္ထုပ္ပတ္တိရေးဆရာရဲ့ ပထမဆုံးအလုပ်က ပုံတူပန်းချီဆွဲတဲ့ ပန်းချီဆရာ တယောက်လိုပါပဲ။ သူရေးသားနေတဲ့ပုဂ္ဂိုလ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တိုင်းကို စိစစ်ဖို့ သမိုင်းပညာရှင် တယောက်အနေနဲ့ လုပ်ဆောင်ရမှာပါ” ဟု ရေးခဲ့သည်။
ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို အကိုဖြစ်သူ ဦးအောင်သန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စာရေးဆရာများစွာက ရေးသားခဲ့ကြသည်။
ဗိုလ်ချုပ် အောင်ဆန်း၏ ဘဝသမိုင်းကို ၂၀ ရာစု အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုဖြစ်စဉ်မှ ဖယ်ထုတ်၍ မရပေ။ အလားတူပင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးတွင် စတင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသမိုင်းကြောင်းကို ရေးမည်ဆိုလျှင် သူတလျှောက်လုံး ကိုင်စွဲခဲ့သည့် “နှလုံးရည် တော်လှန်ရေး” အကြောင်း မပါဝင်ဘဲ ပြီးမြောက်မည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသမိုင်းကြောင်းသည် ၂၀ နှင့် ၂၁ ရာစုနှစ်များအတွင်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းနှင့်တဆက်တစပ်တည်း ဖြစ်သည်။
ဗိုလ်ချုပ် အောင်ဆန်း၏ ဘဝသမိုင်းကို ၂၀ ရာစု အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုဖြစ်စဉ်မှ ဖယ်ထုတ်၍ မရပေ။ အလားတူပင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးတွင် စတင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသမိုင်းကြောင်းကို ရေးမည်ဆိုလျှင် သူတလျှောက်လုံး ကိုင်စွဲခဲ့သည့် “နှလုံးရည် တော်လှန်ရေး” အကြောင်း မပါဝင်ဘဲ ပြီးမြောက်မည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသမိုင်းကြောင်းသည် ၂၀ နှင့် ၂၁ ရာစုနှစ်များအတွင်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းနှင့်တဆက်တစပ်တည်း ဖြစ်သည်။
မြန်မာနိုင်ငံသားအများစုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့မိခင် သို့မဟုတ် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၏ တမန်တော်အဖြစ် မှတ်ယူကြသည်။ သူမအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် အနောက်နိုင်ငံများက သတ်မှတ်ခြင်းခံရသည်။ နိုဘယ်ငြိမ်းချမ်းရေးဆု အပ်နှင်းခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်း ဒီမိုကရေစီ၏ သက်ရှိထင်ရှား သင်္ကေတတခုအဖြစ် ကမ္ဘာက တင်စားခေါ်ဝေါ်ခဲ့ဖူးသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း Vanity Fair မဂ္ဂဇင်းနှင့် အင်တာဗျူးတခုတွင် သူမအား “Burma’s Saint Joan” ဟု အမည်တပ်ခဲ့သည်။ ဤ “ဘုန်းတော်ဘွဲ့ အသုံးအနှုန်းများ” ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တန်ခိုးရှင်တယောက်ကဲ့သို့သော အမြင်များကို ဖန်တီးပေးသည်။
သို့သော်လည်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထဲထဲဝင်ဝင်ရေးသားထားသည့် အတ္ထုပ္ပတ္တိစာအုပ် မရှိသလောက် ရှားပါးလှသည်။
ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် မတိုင်မီက ထုတ်ဝေခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲရင့်သော ရပ်တည်မှုနှင့် သူမ၏ အကြမ်းမဖက်သော ချဉ်းကပ်မှုတို့ကို အလေးပေးဖော်ပြထားသည့် စာအုပ်များသာဖြစ်သည်။
မက်သရူး ဝေါ်လ်တန် (Matthew Walton) ၏ ဗုဒ္ဓဘာသာ၊ နိုင်ငံရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအတွေးအမြင် စာတမ်းသည် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအတွင်း ပေါက်ဖွားလာသည့် နိုင်ငံရေးသီအိုရီအချို့ကို ကိုးကားဖော်ပြပါသည်။
မက်သရူး ဝေါ်လ်တန်က ၁၉ ရာစု မြန်မာ့နိုင်ငံရေးသုခမိန် ယောမင်းကြီး ဦးဘိုးလှိုင်၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာ့နိုင်ငံရေး သုခမိန်များအဖြစ် မီးမောင်းထိုးပြထားသည်။ ဝေါ်လ်တန်၏ အမြင်အရ ဒေါ်အောင်ဆန်းစုကြည်၏ အယူအဆသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကဲ့သို့သော ခေတ်သစ်နိုင်ငံရေး သဘောတရားများနှင့် ဗုဒ္ဓဘာသာ၏ စံတန်ဖိုးများ၏ ပေါင်းစပ်မှုကို ထင်ဟပ်သည်ဟု ဆိုသည်။
မက်သရူး ဝေါ်လ်တန်က ၁၉ ရာစု မြန်မာ့နိုင်ငံရေးသုခမိန် ယောမင်းကြီး ဦးဘိုးလှိုင်၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာ့နိုင်ငံရေး သုခမိန်များအဖြစ် မီးမောင်းထိုးပြထားသည်။ ဝေါ်လ်တန်၏ အမြင်အရ ဒေါ်အောင်ဆန်းစုကြည်၏ အယူအဆသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကဲ့သို့သော ခေတ်သစ်နိုင်ငံရေး သဘောတရားများနှင့် ဗုဒ္ဓဘာသာ၏ စံတန်ဖိုးများ၏ ပေါင်းစပ်မှုကို ထင်ဟပ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော ဆောင်းပါးများသည် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများ၏ ကျိုးကြောင်းဆီလျော်မှုနှင့် မြန်မာ့ဒီမိုကရေစီ၏ ဇာစ်မြစ်ကို ထင်ဟပ်စေသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိကိုရေးသားသူ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝကို အနောက်တိုင်း ဒီမိုကရေစီ၏ သရုပ်သဏ္ဍာန်အဖြစ် ရှုမြင်ကြပြီး ဒေါ်အောင်ဆန်းစုကြည် ဖွင့်ဆိုသည့် မြန်မာ့ဒီမိုကရေစီ၏ ဇာစ်မြစ်သည် ခေတ်သစ် ဗဟုဝါဒီ လူ့အဖွဲ့အစည်းနှင့် ကင်းကွာနေသည်ဟု အကြောင်းပြလေ့ရှိသည်။ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများတွင် တည်ရှိခဲ့သော သမိုင်းကြောင်းနှင့် လူမှုရေး ယန္တရားများ၏ အတွေးအခေါ်ကို လျစ်လျူရှုကြသည်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးသားသည့် အနောက်တိုင်း စာရေးဆရာအများစု၏ ရည်ရွယ်ချက်မှာ ပြည်သူတို့၏ အာဏာ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် မြန်မာနိုင်ငံက ရှုမြင်ပုံကို လျစ်လျူရှုပြီး အနောက်နိုင်ငံများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုသာ မြှင့်တင်လိုပုံရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အနောက်ကမ္ဘာနှင့် ဦးစွာ မိတ်ဆက်ပေးခဲ့သူမှာ အင်္ဂလိပ်သမိုင်းပညာရှင်နှင့် ပညာရှင်တဦးဖြစ်သော ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် ဖြစ်သည်။ မိုက်ကယ်အဲရစ်က ဇနီးသည်၏ “ရှုပ်ထွေး ဆန်းကျယ်သော မြန်မာ့နိုင်ငံရေး” တွင် ပါဝင်သည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ Freedom from Fear စာအုပ်နှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုသည် ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး ကြိုးပမ်းခဲ့သည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်လမ်းကြောင်းပေါ်သို့ တနည်းနည်းဖြင့် ဦးတည်သွားမည်ဖြစ်ကြောင်း မိုက်ကယ်အဲရစ်က ထုတ်ဖော်ရေးသားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးသားထားသည့် စာအုပ်ပေါင်း ၂၉ အုပ်သည် ရေးသားထုတ်ဝေသည့် ကာလအလိုက် အကြောင်းအရာများ ကွဲပြားသည်။
၂၀၁၀ ပြည့်နှစ် မတိုင်မီ ထုတ်ဝေခဲ့သော စာအုပ်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲရင့်သော ရပ်တည်မှု၊ သူမ၏ အကြမ်းမဖက်သော ချဉ်းကပ်မှု၊ သူမ၏ ဗုဒ္ဓဘာသာ ယုံကြည်ချက်များနှင့် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တယောက်အဖြစ် ဖော်ပြထားသည့် စာအုပ်များဖြစ်သည်။
၂၀၁၀ နောက်ပိုင်း ထုတ်ဝေခဲ့သည့် စာအုပ်များသည် ဗိုလ်ချုပ်ဟောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး စတင်ခဲ့သော နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ထင်ဟပ်စေသည်။
ဧရာဝတီမဂ္ဂဇင်း တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဦးအောင်ဇော် ရေးသားသည့် စာအုပ်တွင် ၂၀၁၀ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ “ပြုပြင်ပြောင်းလဲရေးမူအရ တပ်မတော်က ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားသလဲ” ဆိုသည်ကို မေးခွန်းထုတ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်သည် နောက်ကြောင်း မပြန်နိုင်သော အနေအထားနှင့် အလှမ်းဝေးကွာနေသေးကြောင်း အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။
“လူအတော်များများက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်က နောက်ပြန် မဆုတ်နိုင်တော့ဘူးလို့ ပြောနေကြတယ်။ တကယ်တော့ အဲဒီအနေအထား မဟုတ်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“လူအတော်များများက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်က နောက်ပြန် မဆုတ်နိုင်တော့ဘူးလို့ ပြောနေကြတယ်။ တကယ်တော့ အဲဒီအနေအထား မဟုတ်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂၀၁၇ ခုနှစ်က ထုတ်ဝေသော ပီတာ ပေါ့ဖမ် (Peter Popham) ၏ စာအုပ်တွင် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်အမတ်ဘဝနှင့် စစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်းရေးအတွက် နိုင်ငံရေးချဉ်းကပ်မှုအကြောင်း ရေးသားခဲ့သည်။
ပေါ့ဖမ်က ဒေါ်အောင်ဆန်းစုကြည်သည် အနောက်တိုင်းအစိုးရများ၏ မျှော်မှန်းချက်ဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ရာတွင် အထူးသဖြင့် လူနည်းစုများ၏ အခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးသားထားသည့်စာအုပ်များမှ သူမ၏ နိုင်ငံရေးအတွေးအမြင်ကို အကဲဖြတ်ရာတွင် အဓိက တွေ့ရသည့် သွင်ပြင်လက္ခဏာလေးရပ်မှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ ထုံးတမ်းစဉ်လာများကို အခြေခံသည့် အတွေးအခေါ်များ၊ အကြောက်တရားကို လွန်မြောက်နိုင်သည့်သတ္တိ၊ ဖခင် ဗိုလ်ချုပ် အောင်ဆန်းထံမှ ဆက်ခံထားသည့် နိုင်ငံရေးအမွေအနှစ်၊ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေးဆိုင်ရာ အခြေခံမူများ၊ လူထု၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို သိရှိလာအောင် အမြင်ဖွင့်ပေးသည့် နိုင်ငံရေးစွမ်းဆောင်မှုများ ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)
(မွန်မွန်မြတ်သည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေးလေ့လာမှုဆိုင်ရာဌာနတွင် သင်ကြားရေးတာဝန် ထမ်းဆောင်လျက်ရှိသည်။)
You may also like these stories:
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး
အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း
ဒေါ်အောင်ဆန်းစုကြည်ဟာ အနှောင်အဖွဲ့ရဲ့သင်္ကေတ ဖြစ်လာတယ် (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)














