လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၀ ပြည့်တဲ့ကာလမှာ စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရတာကြောင့် ဒီမိုကရေစီပြယုဂ်ဆိုတာထက် အနှောင်အဖွဲ့ရဲ့သင်္ကေတ ဖြစ်လာတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဗဟိုအလုပ်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးက ပြောပါတယ်။
လက်ရှိအချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ လူထုခေါင်းဆောင်ကို မဲမသမာမှုနဲ့ စွပ်စွဲပြီးနိုင်ငံရေး ဂုဏ်သိက္ခာချခဲ့သလို အဂတိလိုက်စားမှု အပါအဝင် အခြားဥပဒေတွေနဲ့ တရားစွဲဆိုကာ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်ဆောင်ခဲ့ ပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားတာဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်ကြီးတွေအနေ နဲ့ ခေတ်အဆက်ဆက်မှာ အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကို မှေးမှိန်အောင်ပြုလုပ်ခဲ့သလို လက်ရှိမှာလည်း သူ့ရဲ့သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို မှေးမှိန်အောင်ပြုလုပ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #၈၀ပြည့် #မွေးနေ့ #ဒီမိုကရေစီ #အာဏာသိမ်း #စစ်တပ် #ထောင်ချ #ကျန်းမာရေး #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













