• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

by ဧရာဝတီ
19 June 2025
in ဆောင်းပါး
A A
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်- မြဝတီလမ်းတလျှောက် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ ဂိတ်ဖွင့် ငွေတောင်းခြင်းကိုလည်း တောင်ပေါ်တွင် သာမက တောင်အောက်တွင်ပါ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တို့ နေစဉ်ကြုံတွေ့နေရသည် (ဧရာဝတီ)

3.5k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိက အသုံးပြုနေရသော အာရှလမ်းမကြီးက ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ စချိန် ၂၀၂၃ ဒီဇင်ဘာ ၁ ရက်ကတည်းက ယနေ့တိုင် ပိတ်ထားရသလို လက်ရှိလည်း အာရှလမ်းမကြီး အနီးတဝိုက် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။

ယခင်က မြဝတီမှ ရန်ကုန်သို့ အာရှလမ်းကြီးကို သုံး၍ အချိန်ကုန် ငွေကုန်သက်သာစွာဖြင့် ခရီးသည် ကုန်စည်ပို့ဆောင်မှု လုပ်ခဲ့ကြသော်လည်း ယခုအခါ တောင်ပြို၊ မြေပြို၊ မိုးတွင်းကာလ ရွံ့ ဗွက်ထူ၊ လမ်းကျဉ်း လမ်းမကောင်းစသည့် ဂုဏ်ပုဒ် တို့နှင့် ပြည့်နေသည့် ဒေသအခေါ် ရှောင်ကွင်းလမ်းများ သုံး၍ သွားလာနေရပြီး လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ ဝါးတားဂိတ် ဖွင့်ကာ ငွေတောင်းခြင်းကိုလည်း တောင်ပေါ်တွင်သာမက တောင်အောက်တွင်ပါ ကုန်တင်ယာဉ်နှင့် ခရီးသည် တင်ယာဉ် တို့ နေစဉ်ကြုံတွေ့နေရသည်က ပုံမှန်ကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။

ထိုလမ်းကို ခရီးနှင်ပါက မြဝတီမှ ရန်ကုန်ထိတိုင် ဝါးတားဂိတ်ပေါင်း ၄၈ခုကို ဖြတ်သန်းရမည်ဖြစ်သလို တခါတရံ၌ ထို့ထက် ပိုနိုင်ကာ ယာဉ်အကြီးအသေးပေါ် မူတည်၍ ၁ ဂိတ် လျှင် ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ပေးဆောင်ရကြောင်း ယာဉ်မောင်းတချို့ထံမှ သိရသည်။

မြဝတီ- ရန်ကုန်လမ်းကို တောင်ပေါ်နှင့် တောင်အောက်ဟု နှစ်ပိုင်းခွဲ ကြည့်ပါက ဒေါနတောင်တန်းကို ဖြတ်ကျော်သည့်အခါ လမ်းဟောင်း၊ ထို့ကော်ကိုး၊ ကြက်ဥ တောင်၊ ၁၀၁၈ စသည့် တောင်ပေါ်လမ်းများကို သုံးရပြီး လက်ရှိ မိုးတွင်းကာလတွင် ကျန်လမ်းများထက် လမ်းဟောင်းက အသွားများသည်ကို တွေ့ရသည်။

ထိုလမ်း၌ သင်္ဃန်းညီနောင်မှစ၍ တောင်တက်လမ်းတလျောက် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNLA- PC) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တို့ ဂိတ်ချ ကောက်ခံနေပြီး၊ တောင်အောက်ဆင်းပြီဆိုသည်နှင့်တပြိုင် တည်း ဘားအံမြို့နယ် သာယာကုန်းရွာမှစကာ ဘီးလင်း၊ ရန်ကုန်တကြောတိုင် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ယာဉ်ထိန်းရဲ အပါအဝင် အရပ်ဝတ်ဖြင့် အဖွဲ့စုံ ဂိတ်ချ တောင်းခံနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ပြည်သူများ သွားလာရေး ခက်ခဲနေချိန် ထိုဝါးတားဂိတ်တို့၏ ငွေကောက်ခံမှုက သယ်ယူပို့ဆောင်ရေးစရိတ်စကများ ပိုမိုမြင့်တက်စေသည်။

ရန်ကုန်- မြဝတီယာဉ်မောင်းတဦးက “စစ်ဆေးရေးဂိတ်ဆိုတာထက် ပိုက်ဆံတောင်းတဲ့ဂိတ်တွေများတယ်။ ဘားအံ တံတားနား မော်တော်ပီကယ် ဂိတ်တင် ၄ ခုလောက် ရှိတယ်။ တခု ၅၀၀၀ ၊ ၁၀၀၀၀ ပဲ။ သူတို့ ပါးစပ်ထဲ ရှိတဲ့အတိုင်း တောင်းတာ။ လမ်းဟောင်းကလာရင် ၅၀၀၀ ကျပ်တောင်းတယ်။ လမ်းဖြတ်ကြေးပေါ့။ ထို့ကော်ကိုးလမ်းကတော့ မနှစ် မိုးတွင်းတုန်းက တောင်ပေါ်မှာ ဟိုတောင်းဒီတောင်း တောင်းတာပေါ့။ ပြီးတော့ ဂိတ်တွေ မရှိတော့ဘူး။ သိမ်းတယ်၊ ရုပ်တယ် ဆိုပြီးတော့ အခုကျ ဟိုလို ဒီလိုနဲ့ ပြန်တောင်းနေပြီ” ဟု ပြောသည်။

ရန်ကုန်- မြဝတီလမ်းတလျှောက် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ ဂိတ်ဖွင့် ငွေတောင်းခြင်းကိုလည်း တောင်ပေါ်တွင် သာမက တောင်အောက်တွင်ပါ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တို့ နေစဉ်ကြုံတွေ့နေရသည် (ဧရာဝတီ)

အလားတူ ယခင်က စစ်တပ်နှင့် ရဲဂိတ်များကို ရန်ကုန် အောင်မင်္ဂလာအဝေးပြေးမှ ဇီးရိုးမိုင်၊ ပဲခူး ဘုရားကြီး၊ စစ်တောင်း၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ဘားအံတံတား၊ ဘားအံမြို့အထွက် အိန္ဒုတွင်သာ ဂိတ်ကြေးပေးရသော်လည်း ယခု ကြားနေရာ များတွင်ပါ ပြည်သူ့စစ်များက ဂိတ်ချကောက်ခံနေကြပြီး ဘားအံ- မြဝတီလမ်းပိုင်းထက် ရန်ကုန်-ဘားအံလမ်းပိုင်းက ပို၍ ဂိတ်များ ပိုတိုးလာကြောင်း သူကဆိုသည်။

ယခင်က တရားဝင်လမ်းကြေး၊ တံတားကြေးမှာ ကျပ် ၃၀၀၀၀ ထက် ပိုမပေးရသော ရန်ကုန်-မြဝတီလမ်းသည် ယခုအခါ လမ်းကြေး၊ တံတားကြေးမှာ ခရီးသည်တင် မှန်လုံ (အန်စာတုံး) ကားတစီး လျှင် ၇ သိန်းမှ ၈ သိန်းအထိ ရှိလာသလို ကားခနှုန်းမှာလည်း ယခင်တဦးလျှင် ကျပ်သောင်းဂဏန်းမှ ယခုအခါ ၁၃၀,၀၀၀ ကျပ်အထိ ဈေးမြင့်လာပြီး ခရီးသည် ၄ ဦးပါ ပရိုဘောက် တစီးလျှင် ရှေ့ခန်း ၃ သိန်း၊ အနောက်မှ စီးပါက ၂ သိန်းခွဲအထိ ဈေးအသီးသီးရှိကြောင်း သိရသည်။

မြဝတီ- ရန်ကုန် လိုင်းပြေးဆွဲနေသည့် ကျန်ယာဉ်မောင်းတဦးက “ကျနော်တို့ ကားအသေးတွေက ခရီးသည် ၄ ဦးပါတယ်၊ ကုန်နည်းနည်းပါတယ်။ ၁ ဂိတ်ကိုအနည်းဆုံး ၁ ထောင်ကနေ ၂ သောင်းထိကို ဂိတ်ပေါင်း ၃၀ ကျော်လောက် ထိ ပေးရ တယ်။ ကုန်ကားကြီးဆို အများကြီး ပိုပေးရတယ်။ တခေါက်နဲ့တခေါက်က မတူဘူး တိုးလာတဲ့ဂိတ်တွေရှိသလို ရှောင်တခင် စစ်တဲ့ စကစ အဖွဲ့တွေကလည်း အများကြီး ရှိသေးတယ်၊ PDF ဂိတ်က တောင်ပေါ်လမ်းပိုင်း ၅၊ ၆ နေရာ လောက်ပဲ ရှိတာ၊ တောင်အောက်မှာတော့ စစ်ကောင်စီနဲ့ ရဲ၊ ယာဉ်ထိန်းတို့ ဂိတ်တွေပေါ့” ဟု ပြောသည်။

ဘားအံနှင့် ရန်ကုန်လမ်းပိုင်းတွင် ယခင်က မြို့ အဝင်အထွက်သာ ဂိတ်ချသော်လည်း ယခုအခါ တံတားစောင့် စစ်သား ကအစ ပိုက်ဆံတောင်းနေပြီး ရန်ကုန်အမှတ် ၃ လမ်းဆုံဝင်ပြီဆိုသည်နှင့် အောင်မင်္ဂလာအဝေးပြေးကားကွင်းတိုင် ရဲ၊ စစ်တပ်၊ စရဖ စသည့် ပိုက်ဆံတောင်းသူများ ၁၀ဂိတ်ခန့်ရှိကြောင်း၊ ထိုခရီးတိုလေးကိုပင် ငွေ ၂သိန်းခန့် ကုန်ကြောင်း သူက ဆိုသည်။

လက်ရှိတွင် ဒေါနတောင်လမ်းဟောင်းအား အသုံးပြုသွားလာမှုအနေဖြင့် ၁ ရက်လျှင် အသွားအပြန် အစီးရေ ရာချီသွား လာနေကြပြီး မိုးတွင်းကာလဖြစ်၍ ကုန်တင်ယာဉ်ကြီးများတက်လာပါက လမ်းကျဉ်းသဖြင့် တစီးနှင့် တစီး ရှောင်တိမ်းရန် ခက်ခဲသည့်အတွက် တောင်ပေါ်မှာတင် နာရီနှင့်ချီမှ ညအိပ်ရသည်အထိ ပိတ်ဆို့မှုများလည်း ရှိနေကြောင်း ကားသမားများ က ဆိုသည်။

ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်မောင်းများ၏ အခက်အခဲများသာမက ခရီးသည်များမှာလည်း ကားခဈေးနှုန်း မြင့်တက်နေခြင်းအပြင် အပို ငွေကြေးပေးဆောင်ရသည့် အခက်အခဲများ ရှိနေသည်။

စစ်ကောင်စီဂိတ်များမှ စစ်ဆေးရာတွင် စစ်ကိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင် မှတ်ပုံတင်ကိုင်ဆောင်ထားသူများမှာ ငွေကြေးပိုမို တောင်းခံရကြောင်း သိရသည်။

ရန်ကုန်- မြဝတီလမ်းတလျှောက် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ ဂိတ်ဖွင့် ငွေတောင်းခြင်းကိုလည်း တောင်ပေါ်တွင် သာမက တောင်အောက်တွင်ပါ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တို့ နေစဉ်ကြုံတွေ့နေရသည် (ဧရာဝတီ)

မြဝတီမှ ရန်ကုန်သို့ လာသည့် အမျိုးသမီး ခရီးသည်တဦးက “ကားလက်မှတ်ဖြတ်ကတည်းက ဘာမျဉ်းစောင်းလဲ ဆိုတာ ကားဂိတ်က မေးတယ်။ အခု တိုက်ပွဲပြင်းထန်နေတဲ့ တိုင်းနဲ့ပြည်နယ်က မှတ်ပုံတင်ကိုင်ဆောင်ထားသူဆို လမ်းမှာ မျဉ်းစောင်းကြေးဆိုတာ ထပ်ပေးဖို့ ရှိတယ်လို့ ပြောတယ်။ အဲဒါကတော့ စစ်ကောင်စီက ကောက်တဲ့ ဂိတ်တွေကို ပေးရ တာပေါ့။ တောထဲက လက်နက်ကိုင်အဖွဲ့တွေကတော့ သိပ်မစစ်ပေမယ့် KNU အဖွဲ့ တဖွဲ့ကတော့ ခရီးသည်တွေကို သေသေချာချာ စစ်မေးတာ ကြုံခဲ့ရတယ်။ ဘယ်ဂိတ် ဖြတ်ဖြတ် လန့်နေရတယ်” ဟု ဆိုသည်။

ထို့ပြင် လမ်းဟောင်းမှာ မနက် ၆နာရီမှ ညနေ ၆ နာရီအထိသာ အချိန် အကန့်အသတ်နှင့်သာ ဖွင့်ပြီး လမ်းဟောင်းက သွားလျှင် မြဝတီမှ ဘားအံမြို့အဝင် အထိ ၁၂ ဘီး ကုန်ကားတစီးလျှင် ကျပ် ၃၅ သိန်း၊ ခြောက်ဘီး ကားတစီးလျှင် ကျပ် ၂၀ သိန်း ကုန်ကျစရိတ်ရှိကြောင်း၊ ထို့ကော်ကိုးလမ်းမှ သွားမည်ဆိုပါက ၁၂ ဘီးကားမှာ ကျပ်သိန်း ၃၀ မှ ၃၅ သိန်း၊ ခြောက်ဘီးကားမှာ ကျပ် ၁၅ သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း မြဝတီမြို့ ခံ ကုန်သည်တဦးက ဧရာဝတီကို ပြောသည်။

“၁၀၁၈ လမ်းကတော့ ခါလီပဲ သွားတာများတယ်။ အတက်အဆင်း မတ်လို့ ကုန်ကားတွေက လမ်းဟောင်းပဲ သုံးတာ များတယ်။ ဂိတ်တွေကတော့ စစ်ဆေးရေးဂိတ်ဆိုတာထက် ငွေတောင်းတဲ့ဂိတ်တွေ။ ကုန်ကတော့ ဒေသသုံးပစ္စည်းတွေနဲ့ ခါလီ တက်လာတာ များတယ်။ အခုကတော့ မြဝတီဘက်က ကုန်သယ်ပြီး ပြန်ဆင်းတာ များတာပေါ့။ ကုန်သွယ်ရေးက တရားဝင် အခွန်ဆောင်သွားလည်း လမ်းမှာပေးရတာပဲ၊ အခွန်မဆောင်လည်း ပေးရတာပဲ မထူးဘူး” ဟု ၎င်းက ဆိုသည်။

ထိုသို့ တောင်အတက်တောင်အဆင်း ဂိတ်များအပြင် မြို့များသို့ ဝင်လာပါကလည်း ဂိတ်ပေါင်းများစွာဖြတ်သန်းရသလို ရှောင်တခင်စစ်ဆေးသည့် စစ်ကောင်စီ အဖွဲ့စုံကိုလည်း ငွေကြေးပေးဆောင်ရပြန်သည်။

စစ်ကောင်စီ၏ တရားမဝင်ပစ္စည်း ထိန်းချုပ်ရေး မူဝါဒအရ ရန်ကုန်- မော်လမြိုင်လမ်းပေါ် ကျိုက်ထိုမြို့အဝင်ရှိ နာမည်ကျော် မရမ်းချောင်ဂိတ်တွင်မူ ကုန်တင်ယာဉ်များကို အဓိကထား စစ်ဆေးနေသော်လည်း အိမ်စီးကားများနှင့် ခရီးသည်တင်ယာဉ် များထံမှ လည်း ငွေကျပ်း ၅ ထောင်မှ ၁ သောင်းခွဲထိ တောင်းခံမှုများရှိနေသည်။

ထို့ပြင် ကုန်တင်ယာဉ်များမှာ တောင်ပေါ်လမ်းပိတ်ဆို့မှုအပြင် ညောင်ခါးရှည်၊ မုပ္ပလင်၊ ဘားအံ စသဖြင့် စစ်ဆေးရေး ဂိတ်များမှ စစ်ဆေးနေခြင်းကြောင့် ရံဖန်ရံခါ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသလို မလိုလားအပ်ဘဲ ကြန့်ကြာမှု များ ရှိနေသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်ဖြင့်ဆိုကာ ထိုင်းနယ်စပ်မှ ပြည်တွင်းသို့ ပို့ဆောင်သည့် စားသောက်ကုန်၊ အိမ်အသုံးအဆောင်၊ အဝတ်အထည်၊ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းမျိုးစုံပါ ကုန်တင်ကားများကို တရားမဝင်ဆိုကာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ရဲရုံးဝင်း၊ သီရိကွင်း (ဒုံကွင်း)နှင့် ကုန်ကား ဝင်းတို့တွင် ဖမ်းဆီး ထားခြင်း၊ ဘားအံမြို့ရှိ ကုန်သည်များ၏ နေအိမ်နှင့် ဂိုဒေါင်များကိုလည်း ဝင်ရောက် စစ်ဆေးခြင်းတို့ ကုန်စည်ဝင်ရောက်မှု ကြန့်ကြာက ဈေးများမြင့်တက်ခဲ့ရသေးသည်။

ဒေါနတောင်ကို ဖြတ်သည့် လမ်းဟောင်း၏ သွားလာမှု အခြေအနေ(ဧရာဝတီ)

မြဝတီမြို့ရှိ ကုန်သည် နောက်တဦးက “ကုန်သွယ်ရေးမှာ အခက်အခဲတွေ ရှိသလို အရင်တရက်၊ နှစ်ရက်နဲ့ ရန်ကုန်ရောက် တဲ့ ခရီးက အခု ၇ ရက်၊ ၁၄ ရက်လောက် ကြာရင် ကြာသွားတာ။ ပြီးတော့ တောင်ပေါ် နဲ့ တောင်အောက် စက်သုံးဆီဈေး က ၃ ဆ လောက်ကွာနေတာ။ လမ်းမှာ တောင်းတဲ့စရိတ်တွေ၊ အဲဒီတော့ ဒီကုန်ကျစရိတ်တွေကလည်း ပိုက်ဆံနဲ့ ကုန်တာ ဆိုတော့ ကုန်စည်ပေါ်မှာ ပေါင်းထည့်ရတာ။ ကားခတွေဆိုရင် တွဲကားတစီး အရင် သိန်း ၂၀ လောက်ကနေ အခု ၃၅ သိန်း လောက် အထိ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ သယ်ယူပို့ဆောင်စရိတ်မြင့်တက်ခြင်းအပြင် ငွေကြေးဖောင်းပွခြင်း တို့၏ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ကုန်ပစ္စည်း ရှားပါးလျက်ရှိသလို ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်လျက် ရှိသည်။

ထိုင်းမှ တင်သွင်းသော အိမ်သုံးကုန် စားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ယခင် ၁ ဗူးလျှင်ထောင်ဂဏန်းဝန်းကျင်ရှိသော Colgate တံဆိပ် သွားတိုက်ဆေးမှာ ယခု ၁ သောင်းကျော်၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာများမှာလည်း ၁ ဗူးလျှင် အနည်းဆုံး ၁ သောင်းကျော်ဈေးရှိပြီး၊ ခနောကြက်သားမှုန့် (400 g) တထုပ်လျှင် ၁၄၀၀၀ ကျော်၊ ပုစွန်၂ ကောင်ဆီ ၅ လီတာ ၁ ဗူး ၄ သောင်းခွဲခန့်၊ အထုပ်သေး ၂၇ ထုပ်ပါ Nescafe တထုပ်လျှင် ၂၀၀၀၀ ဝန်းကျင် ဈေးအသီးသီးရှိပြီး ရံဖန်ရံခါတွင် ပစ္စည်းပြတ်လပ်မှုလည်းရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အား စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ် (BGF)တို့ လက်ရှိ ထိန်းချုပ်ထားပြီး နယ်စပ် ကုန်သွယ်ရေးအနေဖြင့် ကုန်သွယ်ရေး မူဝါဒအခက်အခဲများနှင့် လမ်းခရီး ကြန့်ကြာမှုများရှိသည့်အပြင် စစ်ကောင်စီ၏ အစစ်အဆေး တင်းကျပ်မှု၊ ကုန်သွယ်ရေးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်း(လိုင်စင်) ထုတ်ပေးရန် ကြန့်ကြာမှုများကြောင့် ကုန်ကားတစီး ထွက်ခွာရန် ၃၊ ၄ ရက် ကြာမြင့်ပြီး မြဝတီ- ရန်ကုန်ကို ယခင်က ၁ ရက်၊ ၂ရက်သာ ကြာသော်လည်း ယခုအခါ တပတ်မှ ၂ ပတ်အထိ ကြာမြင့်ကြောင်း၊ တရားဝင် နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ယခင် ကားအစီးရေ ရာဂဏန်းအထိ ကုန်သွယ်မှု ပြုလုပ်နိုင်သော်လည်း ယခုအခါ အစီးရေ ၅၀ နှင့် ၆၀ ဝန်းကျင်သာ ရှိကြောင်း သိရသည်။

အာရှလမ်းကို ပြန်လည် အသုံးပြုခွင့်ရမည်ဆိုပါက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ ကုန်စည်စီးဆင်းမှု လွယ်ကူမြန် ဆန် စေမည်ဖြစ်သော်လည်း တိုက်ပွဲများနှင့် ဝါးတားဂိတ်မှ ရရှိသော အကျိုးစီးပွားများကြောင့် ရှောင်းကွင်းလမ်းများမှသာ ခက်ခက်ခဲခဲဖြင့် ကုန်သွယ်သွားလာနေရဦးမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။ ။

This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
447

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

မြဝတီကုန်သွယ်ရေး၌ သယ်ယူပို့ဆောင်စရိတ် အဆမတန် မြင့်၍ ကုန်ဈေးနှုန်းတက်လာ

Your Thoughts …
Tags: Sliderနယ်စပ်ကုန်သွယ်ရေးပြည်သူ့စစ် ဝါးတားဂိတ်မြဝတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

ငါမအိုသေး

ငါမအိုသေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved