• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

by နွေနေ
18 June 2025
in သူ့အတွေး သူ့အမြင်
A A
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် / AFP

3.2k
VIEWS
Share on FacebookShare on Twitter

“ဒေါ်အောင်ဆန်းစုကြည်”

သည်နာမည်လေးတလုံး ခေါ်ဖို့ ပြုဖို့ ရေးဖို့ပင်လျှင် အလွန်ခက်ခဲသော ခေတ်တခေတ်ကို ဖြတ်သန်းဖူးသည်။ ထိုအမည်သည် ‘တရားမဝင်’။ ထိုအမည်ကို တရားဝင် ပြည်တွင်း မည်သည့်စာနယ်ဇင်းကမှ ရေးသားဖော်ပြခွင့် မရှိ။

စစ်တပ်ထိန်းချုပ် အစိုးရပြန်ကြားရေး သတင်းစာကတော့ “စုကြည်”၊ “ဒေါ်စုကြည်” ဟု သုံးသည်။ ရှေ့က ‘အောင်ဆန်း’ ဖြုတ်ထားသည်။ စစ်ဗိုလ်ချုပ် ဝါဒဖြန့်ချိရေးလက်ကိုင်တုတ် ဆောင်းပါးရှင်တချို့ကတော့ “အနောက်မျှော် မယ်တော်ကြီး”၊ “ကုလားအုတ်မ”၊ “အမျိုးဖျက်မ” ဟု သတင်းစာတွေထဲမှာ နေ့စဉ် မကြားဝံ့မနာသာ ရေးခဲ့သည်။

ပြည်တွင်းတွင် နေထိုင်သူ မည်သူမှ ထိုနာမည်ကို မတို့ရဲ မထိရဲ၊ ကျယ်ကျယ်လောင်လောင် မပြောရဲ။ ထိုအမည်ကို ပြောလိုလျှင် တီးတိုးခေါင်းချင်းဆိုင်ရသည်။ ပါးစပ်ကို လက်က ကာထားရသည်။ မြောက်မြားစွာသော ပြည်သူတွေ၏ နှလုံးသားထဲမှာတော့ ထိုအမည်က ထာဝရ ကိန်းအောင်းနေသည်။

စစ်အစိုးရက နည်းလမ်းမျိုးစုံ အမနာပ အပုပ်ချလေ၊ ပြည်သူတွေ၏ နှလုံးသားမှာ ပို၍ ဂရုဏာသက်လေ။ အမည်သာမက ရုပ်ပုံ၊ ဓာတ်ပုံသည်လည်း တရားမဝင်။ ချစ်ကြသူတွေက ခိုးကြောင်ခိုးဝှက် ဓာတ်ပုံကို သိမ်းရသည်။

စစ်အစိုးရက နည်းလမ်းမျိုးစုံ အမနာပ အပုပ်ချလေ၊ ပြည်သူတွေ၏ နှလုံးသားမှာ ပို၍ ဂရုဏာသက်လေ။ အမည်သာမက ရုပ်ပုံ၊ ဓာတ်ပုံသည်လည်း တရားမဝင်။ ချစ်ကြသူတွေက ခိုးကြောင်ခိုးဝှက် ဓာတ်ပုံကို သိမ်းရသည်။ ထိုခေတ် စစ်ထောက်လှမ်းရေး၏ အဓိကရန်သူသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်။ NLD သည် သူပုန်။ တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးရန် ကြိုးပမ်းနေသူ။

ထိုနည်းဖြင့် တရားစီရင်မှုမရှိဘဲ ထောင်သွင်းအကျဉ်းချခံရသူတွေ၊ နှိပ်စက်ညှဉ်းပန်းခံရသူတွေ၊ သေဆုံးသွားသူတွေ အမြောက်အများရှိသည်။ ပညာရှင်များစွာ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လိုလားသူ၊ တရားမျှတမှုနှင့် အမှန်တရားကို မြတ်နိုးသူအားလုံး နာလန်မထူအောင် ဖိနှိပ်ထားခဲ့သည်။ သည်လိုနှင့် ဘဝပျက်ခဲ့ရသူတွေ မနည်းမနော။

ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် နာမည်လေးတလုံးကိုပင် ရဲရဲဝံ့ဝံ့ တရားဝင် သုံးစွဲခွင့်မရှိသည့် ခေတ်တခေတ် ရှိခဲ့သည်ကို စစ်တပ်က အာဏာမသိမ်းမီ လူငယ်တွေ သိချင်မှ သိကြလိမ့်မည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရကိုယ်တိုင် “စုကြည်” တလုံးတည်း သုံးစွဲခေါ်ဝေါ်ခဲ့ပြီး တနှစ်တခါ အာဇာနည်နေ့ရောက်မှ သတင်းစာထဲတွင် ဓာတ်ပုံတခါ ဖော်ပြခံရသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ ရန်သူ နံပါတ် ၁။ ထောက်လှမ်းရေးတွေ ကြီးစိုးသောခေတ်။ လူတယောက်၏ဘဝ တခဏချင်း အညွန့်တုံးသွားစေနိုင်သောခေတ်။ ထိုခေတ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် သူပုန်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်၊ စစ်အစိုးရကာလများက အဖြစ်အပျက်တွေက ယခုချိန်အထိ လတ်လတ်ဆတ်ဆတ် ရှိနေသည်။ မှေးမှိန်ပျောက်ကွယ် မသွားသေး။ အမည်နှစ်ခု ပြောင်းခဲ့သော စစ်အစိုးရ၏ အန္တိမရည်မှန်းချက်က ယနေ့အခင်းအကျင်းမျိုး မဟုတ်။

၎င်းတို့ စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ရေးဆွဲမည်။ စစ်ယူနီဖောင်းများ ချွတ်မည်။ ၎င်းတို့ စိတ်တိုင်းကျ မွေးမြူထူထောင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို ပါတီအဖြစ်ပြောင်းလဲမည်။ ရွေးကောက်ခံ အရပ်သားအစိုးရအဖြစ် ကူးပြောင်းမည်။ NLD ပါတီကို အမြစ်ပြတ် ချေမှုန်းမည်။ ပါတီပြိုကွဲပျက်စီးပြီး ရှင်သန်၍ မရတော့အောင် နည်းလမ်းမျိုးစုံ ဖိနှိပ်မည်။

တကယ်လည်း ၂၀၁၀ မတိုင်မီအထိ NLD ပါတီ လုံးဝပြိုကွဲပျက်စီးလုလု အခြေဆိုက်ခဲ့သည်။ ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်။ ပါတီအမာခံခေါင်းဆောင် ဟံသာဝတီ ဦးဝင်းတင်က ထောင်ထဲမှာ။ အမြို့မြို့အနယ်နယ်ရှိ ပါတီဝင်များ၊ အမာခံများ အားလုံးကို ထောက်လှမ်းရေးက ဖမ်းဆီးပြီး ထောင်ထဲထည့်ထားသည်။

NLD ပါတီတွင် လှုပ်ရှားမှု မရှိသော ဦးအောင်ရွှေ ဦးဆောင်သည့် ခေါင်းပိုင်းကလေးသာ ကျန်ခဲ့သည်။ ထိုကာလများတွင် NLD ပါတီ ဆိုင်းဘုတ်ပင်လျှင် လူမြင်သူမြင် မထောင်ဝံ့။ ပါတီက ပျက်သလောက် ဖြစ်သွားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ ဗဟိုဘဏ်အပြင်ဘက်တွင် ဒေါ်ဆောင်ဆန်းစုကြည်ကို လွှတ်ပေးရေး ဆန္ဒထုတ်ဖော်နေသူများ / AFP

ပါတီနှင့် အနည်းငယ် ပတ်သက်လိုက်သည်နှင့် စစ်ထောက်လှမ်းရေးက ဘဝပျက်အောင် ပြုလုပ်သဖြင့် ပါတီရုံးရှေ့ကိုပင် ဖြတ်လျှောက်ရဲသူ မရှိကြတော့။ ဒါက စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ NLD ပါတီ လုံးဝ ပပျောက်သွားရေး။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ်မှ ဖယ်ရှားရေး။

၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ ရည်မှန်းချက် အောင်မြင်ခဲ့သည်။ ယူနီဖောင်း ချွတ်သူချွတ်။ နေရာ ပြောင်းသူပြောင်း။ ဇာတ်လမ်းက သည်မှာ စသည်။

၂၀၂၀ ပြည့်နှစ်က ထုတ်ဝေခဲ့သည့် စာအုပ်တအုပ်ပါ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၏ စာတမ်းတွင် “ကျားသေကို ဘာလို့ အသက်ပြန်သွင်းမလဲ” ဆိုသည့် မေးခွန်းတခု ပါလာသည်။ စစ်ခေါင်းဆောင်များအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ဝိဝါဒ ကွဲပြားမှု။

ထိုအချက်က သူတို့တတွေကြား နောင်တရသူတွေ ရှိနေမှာဖြစ်သလို ယူကြုံးမရဖြစ်နေသူတွေလည်း ရှိလိမ့်မည်။ သေနေသော ကျားကို အသက်သွင်းမိခဲ့လေခြင်းဟု နောင်တရသူ ရှိသလို “ဒီလို အခြေအနေမျိုး ဖြစ်လာအောင် ကျနော်တို့ကပဲ လမ်းဖွင့်ပေးခဲ့တာ” ဆိုပြီး မသက်မသာ ဂုဏ်ယူပြချင်သူလည်း ရှိလိမ့်မည်။

တကယ်တော့ သဘောရိုးလည်း မဟုတ်။ စေတနာကောင်းလွန်း၍လည်း မဟုတ်။ ငါတို့ ပိုင်ပြီ၊ ဒီလောက်ဆို လွှတ်ပေးလိုက်လို့ရပြီဆိုပြီး လျှော့တွက်လိုက်တာပါသလို နိုင်ငံတကာဖိအားများကို လျှော့ချပစ်ဖို့၊ မိမိတို့ကိုယ်မိမိ တရားဝင်မှုရှိဖို့၊ ဒီမိုကရေစီခေါင်းစဉ်အောက်တွင် ပြုပြင်ပြောင်းလဲရေး လုပ်သည်ကို ပြသဖို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ သည်လို အခြေအနေရောက်အောင် ပြုလုပ်ခဲ့သည့် ဗိသုကာ ရှိသည်။ သူက အသာလေး ကန့်လန့်ကာနောက်ကို ဝင်ပြီး ကိုယ်ရောင်ဖျောက်လိုက်သည်။

တကယ်တော့ သဘောရိုးလည်း မဟုတ်။ စေတနာကောင်းလွန်း၍လည်း မဟုတ်။ ငါတို့ ပိုင်ပြီ၊ ဒီလောက်ဆို လွှတ်ပေးလိုက်လို့ရပြီဆိုပြီး လျှော့တွက်လိုက်တာပါသလို နိုင်ငံတကာဖိအားများကို လျှော့ချပစ်ဖို့၊ မိမိတို့ကိုယ်မိမိ တရားဝင်မှုရှိဖို့၊ ဒီမိုကရေစီခေါင်းစဉ်အောက်တွင် ပြုပြင်ပြောင်းလဲရေး လုပ်သည်ကို ပြသဖို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ သည်လို အခြေအနေရောက်အောင် ပြုလုပ်ခဲ့သည့် ဗိသုကာ ရှိသည်။ သူက အသာလေး ကန့်လန့်ကာနောက်ကို ဝင်ပြီး ကိုယ်ရောင်ဖျောက်လိုက်သည်။

ဤနေရာတွင် အငြင်းပွားစရာ ရှိလာသည်။ စစ်ခေါင်းဆောင်များက သဘောထားကြီးခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ပြန်လည်ရှင်သန်ပြီး ရွေးကောက်ပွဲလမ်းကြောင်းပေါ် ရောက်လာသည်ဆိုသော အယူအဆ။ ဒီလိုဖြစ်လာအောင် လုပ်ပေးခဲ့တာ ဘယ်သူလဲ ဆိုပြီး ဂုဏ်ယူချင်ကြသေးသည်။

တကယ့်တကယ် စစ်ခေါင်းဆောင်တို့ အန္တိမရည်မှန်းချက်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ လုံးဝ နာလန်မထူ ပျောက်ကွယ်သွားရေးဖြစ်သည်။ ထိုအဖြေကို ၂၀၁၅ ရွေးကောက်ပွဲက ပြည်သူမြောက်များစွာ၏ ဆန္ဒမဲနှင့် ဖော်ထုတ်ပြသလိုက်သည်။ ယခင် စစ်ခေါင်းဆောင်အချို့၏ အန္တိမရည်မှန်းချက်များ ပျက်ပြယ်သွားခဲ့သည်။

ထိုဖြစ်ရပ်သည် ဘာမှ မကြာလှသေးပါ။ NLD အစိုးရသက်တမ်း ငါးနှစ်။ ယူနီဖောင်းချွတ်စစ်အစိုးရ ငါးနှစ်။ နှစ်ပေါင်း ၃၀ ကျော် စစ်အစိုးရခေတ်ကို ဖြတ်သန်းလာခဲ့ကြသော ဒဏ်ရာဒဏ်ချက်ကိုယ်စီနှင့် ပြည်သူတွေ မမေ့ကြသေးပါ။

ထိုအခြေအနေမျိုး လွယ်လွယ်ကူကူ ရလာခဲ့ခြင်း မဟုတ်သလို တဖက်က စေတနာကောင်းလွန်းပြီး လွှတ်ပေးလိုက်တာ မဟုတ်။ ဖြစ်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို သမိုင်းစာမျက်နှာပေါ်မှ လုံးဝဖျောက်ဖျက်ပစ်ဖို့အထိ ရည်မှန်းထားကြသည်။

ကြောင်ကြာကြာ ရေမငုပ် ဆိုသော စကားတရပ်ပေါ်လာသည်။ ကြောင်သည် ကြာကြာ ရေမငုပ်။ သိပ်မကြာခင် သူ့ဗီဇ ပြန်ပေါ်လာမည်။ ထိုစကားသည် တကယ်ပင် မှန်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကရော ကမ္ဘာ့နိုင်ငံအများကပါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ မည်သည့် စောဒကမှ မကြားရ။ NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ ပြည်သူအားလုံး ပျော်ရွှင်ကြသည်။

သို့သော် ထိုရလဒ်အပေါ် မပျော်ရွှင်နိုင်သူများ ရှိခဲ့သည်။ ရာခိုင်နှုန်းအနည်းငယ်မျှ အနိုင်ရလျှင်ပင် စစ်တပ်က အလိုအလျောက် ရထားသည့် ၂၅ ရာခိုင်နှုန်းနှင့် ပေါင်းကာ ညွန့်ပေါင်းအစိုးရတရပ်အထိ မျှော်လင့်ထားသည့် USDP သည် မပျော်ရွှင်နိုင်ဖြစ်ခဲ့သည်။

ရွေးကောက်ပွဲရလဒ် ကြေညာပြီးချိန်အထိ အသံတိတ်နေခဲ့သော်လည်း သိပ်မကြာမီမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အုပ်စုများ လမ်းမပေါ်ထွက်လာပြီး ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကန့်ကွက်ကြသည်။

ထိုအချိန်အထိ စစ်တပ်ဘက်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာသံမှ မကြားရ။ အသံကြားစရာလည်း မလို။ စစ်တပ်သည် ရွေးကောက်ပွဲဝင်သည့် ပါတီမဟုတ်သလို ရွေးကောက်ပွဲရလဒ်ကို စောဒကတက်စရာ အကြောင်းလည်း မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အငြင်းအခုန်၊ အမှားအယွင်း ပြဿနာများကို ရွေးကောက်ပွဲကော်မရှင်ကသာ တာဝန်ယူဖြေရှင်းပေးရမည်ဟု ဖော်ပြထားပြီးဖြစ်သည်။

ရွေးကောက်ပွဲ မဲဆန္ဒ ရေတွက်နေစဉ်ကာလ မန္တလေးတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က NLD ကို ထောက်ခံကြသူများ / AFP

မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှု အားလုံးတို့သည် ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ပြီး မည်သို့ ဖြေရှင်းပေးရမည်ကို ဥပဒေလုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားပြီးဖြစ်သည်။ နောက်တော့ ရွေးကောက်ပွဲ ရှုံးသည့်ပါတီများ စုပြီး လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားတွေ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး နှစ်လတာအတွင်း အခြေအနေများက တဖြည်းဖြည်းနှင့် ပြောင်းလဲသွားသည်။ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲစာရင်းမှားယွင်းမှုရှိသည်ဟု ဆိုကာ စစ်တပ်က ကြေညာချက်ထုတ်သည်။ အံ့အားသင့်စရာကောင်းနေသည်။ မဲစာရင်းမှားယွင်းမှုနှင့် စစ်တပ်က ဘာဆိုင်သနည်း။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး နှစ်လတာအတွင်း အခြေအနေများက တဖြည်းဖြည်းနှင့် ပြောင်းလဲသွားသည်။ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲစာရင်းမှားယွင်းမှုရှိသည်ဟု ဆိုကာ စစ်တပ်က ကြေညာချက်ထုတ်သည်။ အံ့အားသင့်စရာကောင်းနေသည်။ မဲစာရင်းမှားယွင်းမှုနှင့် စစ်တပ်က ဘာဆိုင်သနည်း။

စစ်တပ်သည် ရွေးကောက်ပွဲဝင်သည့် ပါတီလည်း မဟုတ်။ အခြေအနေသည် ထိုအချိန်မှစ၍ ဆိုးရွားလာပြီကို အနိုင်ရပါတီ NLD က သတိမထားမိသည်လား၊ ဥပဒေ ပေးထားချက်အတိုင်းသာ ခိုင်ခိုင်မာမာ ရပ်တည်မည်ဟု ဆုံးဖြတ်ခဲ့သည်လားတော့ မသိ။

စစ်တပ်ဘက်က မဲစာရင်းမှားယွင်းမှုကို ရှင်းလင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရကို တောင်းဆိုသည်။ NLD အစိုးရမှာ ထိုကိစ္စအတွက် ဖြေရှင်းရန် တာဝန်မရှိ။ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ်ကိစ္စရပ်များ အားလုံးသည် ရွေးကောက်ပွဲကော်မရှင်ကသာ ဖြေရှင်းရမည်။ ဖြေရှင်းရန် တာဝန်ရှိသည်။ ထိုအခွင့်အာဏာအားလုံးကို စစ်တပ်ကပင် ဦးဆောင်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။

မိမိ၏ ရပ်တည်ချက်၊ မိမိ၏ ခံယူချက်နှင့် ပတ်သက်လာလျှင် ကျောက်သားလို ခိုင်မာသော ဒေါ်အောင်ဆန်းစုကြည်သည် “ဥပဒေ” က ပေးထားသည့် အမှန်တရားကလွဲ၍ မည်သူ့ကိုမှ ဦးမညွှတ်ခဲ့။ စစ်တပ်က အာဏာသိမ်းတော့မည်ကို မသိ၍ မဟုတ်။ သိလျက်နှင့်ပင် အမှန်တရားမှလွဲ၍ မည်သူ့ကိုမှ ဦးမညွှတ်သော စိတ်ဓာတ်ဖြင့် စစ်တပ်ထောင်ချောက်ထဲ ရဲရဲဝံ့ဝံ့ ဝင်ရောက်သွားခြင်း ဖြစ်ပေသည်။

(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန်နှင့် အပစ်ရပ်ရေး စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ဂုဏ်ရည်ဆုရရှိ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.2k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
210

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံရချိန် ၁၉ နှစ်ပြည့်ပြီ

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ကျနော်ကြုံခဲ့သည့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်

Your Thoughts …
Tags: NLDUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းပုံအခြေခံဥပဒေမဘသရွေးကောက်ပွဲ
နွေနေ

နွေနေ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved