• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျနော်ကြုံခဲ့သည့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်

by စွယ်တော်
19 June 2024
in ဆောင်းပါး
A A
ကျနော်ကြုံခဲ့သည့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်

ယနေ့သည် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ဖြစ်သည်(ဧရာဝတီ)

7.1k
VIEWS
Share on FacebookShare on Twitter

၈၈ အရေးတော်ပုံကာလ ဆန္ဒပြပွဲများတွင် ရှေ့ဆုံးမှ လိုက်ပါကြသည့် မိဘများက ကျနော့်ကို မွေးဖွားခဲ့သည်။ ငယ်စဉ် ကလေးဘဝ ၈၈ လူထုလှုပ်ရှားမှုကာလကစ၍ ဆယ်ကျော်သက်ရောက်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သည် ကျနော့် ဘဝအတွက် ခမ်းနားလွန်းသည်။ လွတ်လပ်ရေး ဗိသုကာဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သလို လူထုကတင် မြှောက်သည့် ခေါင်းဆောင်ဖြစ်ခြင်းကြောင့် လေးစားမိသည်။

ရေဒီယိုကို ခိုး၍ နားထောင်ရသော ခေတ်ဖြစ်သဖြင့် လူကြီးများက နိုင်ငံရေးအကြောင်း တိုးတိုးတိတ်တိတ် ဆွေးနွေး ကြသည့်အခါတိုင်း သူ့နာမည်ကို ကြားမိတတ်သည်။

တိုးတိုးပြောပြောသော စကားသံများကို နားစွင့်မိတိုင်း သူ၏အမည်ကို နှလုံးသားမှ ကျယ်လောင်စွာ ကြားမိပါသည်။

နိုင်ငံရေး အခြေအနေပေါ် မူတည်၍ တက္ကသိုလ်များ ဖွင့်တတ်ပိတ်တတ်သဖြင့် ဆွေမျိုးများက စစ်တပ်ထဲ ဝင်စေခဲ့ရာမှ စပြီး အမြင် ပြောင်းသွားစေခဲ့သည်။ ထိုအချိန်ကစ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားသည့် ကျနော်၏စိတ်မှာ ပြောင်းသွားသည်။

စစ်တပ်အတွင်း၌ “ကုလားမ၊ ပြည်ဖျက်မ၊ မျက်နှာဖြူမယား သူ့ကြောင့် နိုင်ငံ မတည်ငြိမ်တာ” ဆိုသည့် စကားများ အထပ်ထပ် ကြားခဲ့ရသည်။

သူ့နောက်ကွယ်တွင် စီအိုင်အေနှင့် အနောက်အုပ်စုရှိကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များက သွေးခွဲအုပ်ချုပ်သွားသဖြင့် နိုင်ငံ တော်မှာ လက်နက်ကိုင်အဖွဲ့ များလာခြင်းဖြစ်ကြောင်း၊ “အဖေလုပ်သူက အင်္ဂလိပ်ကို တော်လှန်တယ်၊ သမီးက အင်္ဂလိပ် မယား၊ အမျိုးမစောင့်သူ” စသဖြင့် တပ်တွင်း၌ သူ့ပုံရိပ်ကို အမျိုးမျိုး ပုံဖော်ထားသည်။

၁၉၉၄ ခုနှစ်က ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမအကြိမ် တွေ့ဆုံပွဲ (ဓာတ်ပုံ – Reuters)

သူ့အပေါ်ထားသည့် ခမ်းနားသည် ထင်သည့် ပုံရိပ်တို့မှာ စစ်တပ်ဝင်းထဲ၌ ကြာကြာမခံဘဲ ကျပျောက်သွားခဲ့သည် ထင်၏။ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြီး အတည်ပြုသည်။ ထို့နောက် ၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်မည် ဆိုသည့် အချိန်က တပ်မတော်သားများမှာ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတွေမှ စစ်သားများကဲ့သို့ နေရတော့မည်ဟု ထင်ခဲ့ကြဖူး သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသာယူထားသည့် စစ်တပ်အနေဖြင့် လက်အောက်ငယ်သားများအား မညှာမတာ ခိုင်းခြင်း က ရပ်မသွားခဲ့ပေ။ တပ်တည်ဆောက်ရေးဆိုသည့် ခေါင်းစဉ်တပ်ပြီး စစ်ရေးလေ့ကျင့်ခန်းများ လုပ်ရမည့်အစား ကြက် မွေးဝက်မွေး လယ်စိုက်သော အလုပ်များ လုပ်ရသည်။

တပ်သန့်ရှင်းသာယာလှပရေးအပြင် တပ်ပြင်စည်းရုံးရေး ခေါင်းစဉ်ဖြင့် လူစည်ကားသည့် နေရာများတွင် ရေဆိုးမြောင်း ဖော် အမှိုက်ကျုံး အလုပ်များအားလုံး လုပ်ကြရသည်။

ဒီမိုကရေစီရလျှင် Professional ဆန်သည့် တပ်အလုပ်များဖြစ်သည့် စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်သာရှိတော့သည်ဟု စိတ်ကူးယဉ်သမျှ လွဲသွားခဲ့သည်။

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၉ ရက် နေပြည်တော် သမ္မတရုံးမှာ တွေ့ခဲ့ကြစဉ်

အရပ်သားအစိုးရတပိုင်း စစ်အစိုးရတပိုင်းလို့ ဆိုရမလို ဖြစ်သည်။ ဦးသိန်းစိန် အစိုးရဆိုလျှင် ယူနီဖောင်းချွတ်များ၍ မြင်သမျှဝန်ကြီး အဘ ခေါ်ရသည်။

၂၀၁၅ ရွေးကောက်ပွဲနိုင်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝါဒမှိုင်းကြောင့် အမြင်မကြည်လင်သော်လည်း တပ် အပေါ်ပြုပြင်ပြောင်းလဲနိုင်မည်လားဟု မရဲတရဲ မျှော်လင့်ခဲ့မိသည်။

၂၀၁၁ ခုနှစ် NLD အစိုးရ မဖြစ်မီ ဦးသိန်းစိန်အစိုးရ လက်ထက် နေအိမ်အကျယ်ချုပ်က လွတ်ပြီး မကြာမီ ဒေါ်အောင် ဆန်းစုကြည်သည် တပ်မတော်အရာရှိများ အမြင်ကျယ်ရေးအတွက် ဥရောပ၌ စစ်တပ်ဆိုင်ရာ သင်တန်းများ တက် ရောက်နိုင်ရန် ကော်မရှင်နာမင်းကြီးကို ပြောပေးခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) တက်ရောက်ပြီးသည့် အရာရှိကြီးတချို့ EU နိုင်ငံတွေထဲက Staff college အချို့ကို ပညာတော်သင် သွားရောက်ခွင့် ရခဲ့ကြသည်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီးတဦးသည် UK နိုင်ငံကာကွယ်ကောလိပ်၌ ၁ နှစ် တက်ရောက်ခွင့် ရခဲ့သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဗိုလ်ချုပ် စိုးနိုင်ဦး ပင်လျှင် UK သင်တန်း တက်ရောက်ဖူးသည် ဟု ဆိုသည်။ (လေတပ်က ဗိုလ်မှူးကြီး ထွန်းဝင်း (DSA 34) တက်မည့်နှစ်တွင် ARSA အရေးအခင်း ကိစ္စများကြောင့် သင်တန်း မတက်ရဘဲ ပြန်လာခဲ့ရသည်။)

စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်များ (စစ်ဗိုလ်ချုပ်ကြီးများ)၊ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် များသည် သူတို့ဘက်ကလူများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နီးကပ်သွားမည်ကို မလိုလားခဲ့ကြပေ။ ထိုလူသည် အင် အားပိုကြီးပြီး သူတို့ထက် နှာတဖျားသာမည်ကို စိုးရိမ်သောကြောင့် ဖြစ်မည် ထင်၏။

ထို့ကြောင့်လည်း နအဖ လက်ထက် စစ်တပ်၌ တတိယအဆင့်မြင့်ဆုံးသူဟု ပြော၍ရသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကိုပင် နားလည်မှု မပေးခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမသဖွယ် နီးကပ်သည့် ဆက်ဆံရေးတည်ဆောက်ထားသော သူရ ဦးရွှေမန်း (ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ) သည်လည်း ကြံ့ခိုင်ရေးပါတီ၏ သန်းခေါင်ယံအာဏာသိမ်းပွဲအပြီး ဗဟိုကော်မတီ အကွဲအပြဲနှင့် အတူ ပါတီအပြင်သို့ ထုတ်ခံခဲ့ရဖူးသည်။

ထို့အတူ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင် တို့သည် လည်း တပ်ချုပ်ခန့်ထားသော ဝန်ကြီးများဖြစ်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သော ဆက်ဆံရေး တည် ဆောက်နိုင်ခဲ့ကြသည်။

ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ ဒေါ်အောင်ဆန်းစုကြည်၏ အင်းလေးခရီးစဉ်က ပုံရိပ်များ ထွက်ပေါ်လာပြီးနောက် မကြာမီ မှာပင် အနားပေးခံလိုက်ရသည်။

NLD ပါတီလက်ထက် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍လည်း စစ်တပ်ဘက်မှ ပူးပေါင်းပါဝင်မှု အားနည်းခဲ့ သည်။ ၂၀၁၅ ခုနှစ်က ဦးသိန်းစိန် အစိုးရလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုသာ တရားသေ ဆုပ်ကိုင်ထားခဲ့သည်။

NLD လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင်လည်း အာရက္ခတပ်တော် (AA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်နက်ကိုင် တပ်ဖွဲ့များအပေါ် တပ်မတော် သဘောထား မကြီးနိုင်ခဲ့သည်ကို တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူနည်းစုလူများစုမဟူ အင်အားကြီး အင်အားသေးမရှိ အယုတ်အလတ် အမြတ်မရွေး ပါဝင်စေချင်သော်လည်း စစ်တပ်အနေဖြင့် အဖွဲ့ငယ်များ ဖြစ်ခြင်းကြောင့် လျှော့တွက်ခဲ့ဟန် တူသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအနေဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်နိုင်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင် လိုသော်လည်း စစ်တပ်၏ ကန့်လန့်တိုက်မှုအချို့ကြောင့် ထိရောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့ကို သမ္မတ တာဝန် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် တွေ့ရစဉ်။(ဓာတ်ပုံ-ဧရာဝတီ)

တချိန်က အဖွဲ့ငယ်များဖြစ်သဖြင့် လျှော့တွက်ခဲ့သည့် AA နှင့် ပလောင်အဖွဲ့တို့သည် အာဏာသိမ်းကာလအတွင်း နယ် မြေအများအပြား သိမ်းသည်အထိ တိုက်ခိုက်နိုင်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အားလုံးပါဝင်ရမည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ကဖျက်ယဖျက် လုပ်ခြင်း အကျိုးဆက် ဖြစ်သလို အာဏာသိမ်းခြင်း အကျိုးဆက်ဟု ဆိုရပေမည်။

NLD အစိုးရကာလ ARSA လှုပ်ရှားမှုရှိသည့်အချိန်ကို ပြန်ကြည့်မည်ဆိုလျှင်လည်း ARSA တိုက်မည့် စစ်ဆင်ရေးနှင့် ပတ်သက်၍ တပ်ချုပ်အနေဖြင့် အစိုးရအား တစုံတရာ အစီရင်ခံ တင်ပြခဲ့ခြင်း မရှိခဲ့ပေ။

ထိုစစ်ပွဲတွင် တပ်ချုပ်အနေဖြင့် အမျိုးဘာသာသာသနာ ခေါင်းစဉ်တပ်ပြီး ရခိုင်နှင့် တိုင်းရင်းသားအများစု ထောက်ခံမှု ရရန် ကြံစည်ခဲ့ခြင်း ဖြစ်မည် ထင်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
141
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
98
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k

သို့သော် စစ်ဆင်ရေးကာလအတွင်း ကွပ်ကဲမှုအမှားများ တာဝန်ယူမှု တာဝန်ခံမှုအလွဲများနှင့် စစ်ရာဇဝတ်မှုများကိုသာ ကမာ္ဘသိ ထုတ်ဖော်ခံလိုက်ရသည်။

ARSA နှင့် ဖြစ်သည့် စစ်ပွဲကာလအတွင်း ကျူးလွန်ခဲ့သည့် စစ်တပ်၏ မှားယွင်းသည့် လုပ်ရပ်များကိုမူ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်၍ NLD အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ဖြေရှင်းပေးခဲ့ရသည်။ ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် သူ့အပေါ် အကောင်းမမြင်သည့် စစ်တပ်အပေါ် စေတနာမပျက်ခဲ့သည်ကို တွေ့နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်တပ်ထံမှ ခေတ်အဆက်ဆက် အခွင့်အရေး တစုံတရာ တောင်းခံရယူခဲ့ဖူးခြင်း မရှိ ခဲ့ပေ။ ဦးခင်ညွန့်၏ စစ်ထောက်လှမ်းရေး ခေတ်ကောင်းစဉ်က ဦးအောင်ဆန်းဦးကို ပုဂံညောင်ဦးရှိ ဧရာဝတီမြစ်ကမ်း နားအနီးတွင် ယခုခေတ်ပေါက်ဈေး ဒေါ်လာသန်းချီတန်သည့် မြေကွက်ပေးခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ ယခုအကျဉ်းကျနေစဉ်ကာလ၌ပင်လျှင် အမွေဆိုင်အိမ်ကို လေလံတင်ရောင်းချခြင်း ခံနေရလေသည်။

NLD အစိုးရ အာဏာရှိစဉ်ကလည်း အစိုးရအဖွဲ့၏ ခရီးစဉ်အချို့တွင် စစ်သုံးရဟတ်ယာဉ်များကို မလွဲမရှောင်သာ အသုံး ပြုခဲ့ရာ လေယာဉ်မှူးများက လေယာဉ်ပေါ် မတက်မီ ဒေါ်အောင်ဆန်းစုကြည်အား အရိုသေပေး အလေးပြုသည်ကို ပင် အလေးမပြုရန် တပ်ချုပ်က တားမြစ်ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား အမေဟု မခေါ်ရန်နှင့် အလေး မပြု ရန် လေချုပ်ကတဆင့် ညွှန်ကြားခဲ့သည် ဟုဆိုသည်။

ဤလုပ်ရပ်တွင် တပ်ချုပ်၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုစိတ် ကို တွေ့နိုင်ပေသည်။

ဒေါ် အောင်ဆန်းစုကြည်အနေနှင့် တပ်မတော်နှင့် တပ်မတော်သားများအပေါ် အပြည့်အဝ ယုံကြည်အားကိုးခဲ့သည်ဟု ထင်သည်။ သူ့အစိုးရတွင် တပ်မတော်သားဟောင်း အများစုကို နေရာပေးခဲ့သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက နေပြည်တော် သမ္မတ အိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံစဉ်(ဓာတ်ပုံ-ဧရာဝတီ)

၂၀၁၆ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက် ဦးမင်းသူ (DSA 20) ကို နေပြည်တော် ကောင်စီဝင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး စသဖြင့် တာဝန်ပေးအပ်ခဲ့သဖြင့် စစ်သား အငြိမ်းစား တယောက်အား အရပ်သားအစိုးရအဖွဲ့၌ နေရာပေးခြင်းကို ဝေဖန်ခဲ့ကြသည်။ အတိုင်ပင်ခံရုံး ဒုဝန် ကြီးအဖြစ် ဦးခင်မောင်တင့် (DSA17) စသဖြင့် အနီးအနားတွင် အငြိမ်းစား တပ်မတော်အရာရှိဟောင်းများကို ယုံယုံ ကြည်ကြည် တာဝန်ပေးအပ်ခဲ့သည်။

တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို မယုံကြည်ကြသည်မှာ မိမိတို့သာရေပေါ်ဆီ အုပ်ချုပ်သူ လူ တန်းစားဟု တသတ်မတ်တည်း တွေးထင်ထားကြသည့် စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနားရောက်သွားသော မည်သည့် စစ်ဘက်အရပ်ဘက် ဗိုလ်ချုပ်ကြီးမဆို တိမ်ကောပပျောက် အောင် ကြံစည်နေခြင်းသည် အထက်တွင် ရေးပြခဲ့သလို “အင်္ဂလိပ်မယား၊ မျိုးမစောင့်သူ” ဆိုသည့် စစ်တပ် ဝါဒဖြန့် အပုပ် ချထားသည်များမှာ အစစ်အမှန်မဟုတ်ဘဲ ခေါင်းဆောင်ကောင်းတဦးနှင့် နိုင်ငံအပေါ် စေတနာအမှန်နှင့် အမျှော် အမြင်ရှိသူ ဆိုသည်ကို သိရှိသွားမည်ကို ကြောက်ရွံ့ကြသည့်ပုံ ပေါ်သည်ဟု ထင်မြင်မိသည်။

ဒေါ်အောင်ဆန်းစုကြည် အနီးအနား ရောက်သွားသူများ ပါဝါပိုတိုးသွားမည်ကို မလိုလားသလို၊ ဗိုလ်ချုပ်ကြီးများတောင် ယုံယုံကြည်ကြည်နှင့် ဝိုင်းရံနေကြသဖြင့် ယခင် ဝါဒဖြန့်သည်များမှာ မဟုတ်မှန်ဟု တပ်မိသားစုအသိုင်းအဝိုင်းကြား အမြင် ပြောင်းမည်ကို စိုးရိမ်စိတ် ပိုများမည် ထင်၏။

စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့သဖြင့် အချုပ်အနှောင်နှင့် ထားခဲ့သည်။ သို့သော် ထိုသို့ ချုပ်နှောင်မှု အဓိကကြံစည်သူ စစ်ခေါင်းဆောင်အနေဖြင့်မူ မြန်မာပြည်အနှံ့အပြားသို့ တိုင်းခန်းလှည့်လည်ရေး သွား လာဖို့နေနေသာသာ သွားလို့ရသည့် နေရာကွက်ကွက်လေးများတွင်ပင် လုပ်ကြံရန် ချောင်းနေသူများက မနည်းပေ။

“ယုံကြည်ထိုက်အောင် ရိုးသားပါ” ဆိုသည့် ဆိုရိုးစကားတခွန်း အခါခါပြန်ကြားမိသည့်ခဏ ကိုယ့်အပေါ် မယုံကြည် သည့် စစ်တပ်အား ယုံကြည်မှုတည်ဆောက်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို တမ်းတလွမ်းဆွတ်မိသည်။

လူကိုသာ ချုပ်နှောင်၍ ရကောင်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သည့် ပြည်သူများ၏ စိတ်ဓာတ်ကိုမူ ချုပ်နှောင်ထား၍ မရကောင်းပေ။ ။

(စွယ်တော်သည် CDM စစ်သားတဦးဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်

အမေနှင့် ၃ နှစ်ကျော် အဆက်ပြတ်နေဟု ဒေါ်အောင်ဆန်းစုကြည်သား ပြော

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာနဲ့ စစ်ကောင်စီ ဘယ်လို အဆက်အသွယ် ဖြတ်ထားလဲ

Your Thoughts …
Tags: Sliderငြိမ်းချမ်းရေးစစ်တပ်ဒေါ်အောင်ဆန်းစုကြည်
စွယ်တော်

စွယ်တော်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
တပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်

တပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်

အကျဉ်းထောင်ထဲက မွေးနေ့ရှင် (ရုပ်/သံ)

အကျဉ်းထောင်ထဲက မွေးနေ့ရှင် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved