• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

by ဧရာဝတီ
18 June 2025
in သတင်း
A A
မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်- တနင်္သာရီအစပ်၌ လှုပ်ရှားနေကြသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ/MSRF

1.3k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၏ တတိယအကြိမ်မြောက် ညီလာခံက ပြည်နယ်တွင်း တော်လှန်ရေးအင်အားစုများ အပါအဝင် အခြားသော မဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် ပေါင်း၍ စစ်ရေး၊ နိုင်ငံရေးတို့ကို အရှိန်မြှင့် ဆောင် ရွက်ရန် ဆုံးဖြတ်သည်။

ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့က ကျင်းပခဲ့သည့် ညီလာခံတွင် မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်ကို အခြေပြုပြီး မွန်ပြည်ချာတာ တရပ် ရေးဆွဲနိုင်ရန်၊ စစ်ကောင်စီပြုလုပ်မည့် ၂၀၂၅ ရွေးကောက် ပွဲကို ဆန့်ကျင်ရေးအတွင်း မွန်ပြည်နယ်ပြည်သူများ အပြည့်အဝပါဝင်ရေးအတွက် မဟာဗျူဟာချမှတ် အကောင်အထည် ဖော်သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

17 July 2025
0
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
186
ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
261

MSFC အနေဖြင့် မွန်ပြည်နယ်နှင့် ဆက်စပ်ဒေသတို့ရှိ စစ်ရှောင်များကို ခရိုင်အဆင့်ကော်မတီဖွဲ့စည်း ကူညီသွား ရန်နှင့် အခြားသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းပြီး အားကောင်း သော မွန်ပြည် ဖက်ဒရယ် တည်ဆောက်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆိုသည်။

MSFC အုပ်ချုပ်ရေးကော်မတီဝင် ကိုလဝီက “အရင် ညီလာခံတွေနဲ့ မတူတာက မွန်မှာကစစ်ရေးပေါ့နော်၊ တခြားဒေသနဲ့ နှိုင်းဆရင် အားကောင်းတဲ့ အနေအထားမရှိဘူး။ ဒါပေမယ့် ကျနော်တို့ စစ်ရေး ပိုင်းမှာ အတူတကွ ဘယ်လိုပူးပေါင်းလုပ် ဆောင် လို့ရမလဲ လက်တွဲလုပ်ဆောင်လို့ ရတဲ့ အပိုင်းတွေ လုပ်လို့ရအောင် စစ်ဘက်ဆိုင်ရာက လူတွေ ဒီကော်မတီပိုင်းမှာ ပါဝင်လာတယ်။ အထူးသဖြင့် မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်မှူးတွေ ပါတယ်” ဟု ပြောသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ တပ်ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) အပါအဝင် လက်ရှိ နွေဦးတော်လှန်ရေး အတွင်း ပေါ်ပေါက်လာသည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA- AD) တို့နှင့်ပူးပေါင်း၍ တခုတည်းသော မွန်တော်လှန်ရေးတပ် ပေါ်ပေါက်လာရန် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း သဘောတူခဲ့ကြသည်။

လက်ရှိ စစ်ရေးတွင် မွန်တော်လှန်ရေးတပ်များသည် မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၌ သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန် ရေးအဖွဲ့အစည်းများ၊ ဒေသခံကာကွယ်ရေးတပ်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများနှင့် ပူးပေါင်း၍ စစ်ရေးဖော်ဆောင် တိုက်ပွဲဝင်လျက်ရှိသည်။

စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ထားသည့် မွန်ပြည်သစ်ပါတီ NMSP နှင့်မူ တူညီသည့် နိုင်ငံရေးလမ်းကြောင်း တချို့ကို ဆွေးနွေးမှုများရှိကြောင်း MSFC အုပ်ချုပ်ရေးကော်မတီဝင် ကိုလဝီကပြောသည်

“ကျနော်တို့က AD နဲ့က ပိုပြီးနီးစပ်တယ် ။ မွန်ပြည်သစ်ပါတီဗဟိုကျတော့ သူက NCA လမ်းကြောင်းတိုင်းဆက်သွား နေတာဖြစ်တော့ ကျနော်တို့က စစ်ကောင်စီအမြစ်ပြတ်ရေးသွားနေတော့ အဲကိစ္စတွေတော့ မပြောဘူး ။ ဒါပေမယ့် တချိုနိုင်ငံရေးပိုင်း တူညီတဲ့ဟာတွေရှိတယ်၊ ပူးပေါင်းလို့ရအောင်ဆက်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်” ဟု ပြောသည်။

မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC)သည် စစ်တပ်အာဏာသိမ်းပြီး ၂လကျော် အကြာ တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများကြား ဖွဲ့စည်းခဲ့သည့် မွန်ပြည်ကြား ကာလပူးပေါင်းဆောင် ရွက်ရေး ကော်မတီ (Mon State Interim Coordination Committee – MSICC)မှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။

မွန်- တနင်္သာရီအစပ်၌ လှုပ်ရှားနေကြသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ/MSRF

MSFC ဖက်ဒရယ်ကောင်စီအတွင်း၌ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်လာခြင်းအားဖြင့် စစ်ရေးကို ပိုမိုမြှင့်တင်သွားနိုင် မည် ဖြစ်သလို စစ်ရေးစည်းကမ်းပိုင်းဆိုင်ရာတို့ကို မိုပိုစနစ်ကျ ထိန်းချုပ်သွားမည်ဟုလည်း သိရသည်။

ထို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီသည် ဒေသတွင်း၌ ပါဝင်လာနိုင်ခြင်းမရှိသေးသည့် တော်လှန်ရေးအစုအဖွဲ့များ ကိုလည်း လူနည်းစုပင်ဖြစ်စေ အားလုံးပါဝင်လာနိုင်ရေးအတွက် ဖိတ်ခေါ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုများကို ရရှိထားကြောင်းနှင့် စစ်ရေး၊ နိုင်ငံရေးတို့ကို စနစ်တကျ ဦးတည်လျှောက်လှမ်းသွားမည့် ရည်ရွယ်ချက်များကြောင့် ပူးပေါင်းပါဝင်သွားမည်ဟု မွန်ပညာရေး CDM ဆရာမတဦးက ပြောသည်။

၎င်းက “အုပ်ချုပ်ရေးပိုင်းကို သေချာပြင်ဆင်ထားတာကို သိရတယ်။ ပြည်ထဲရေးဘက်ဆိုရင် ရဲသင်တန်းကို အိန္ဒိယမှာ သင်တန်း သွားတက်ထားတာ ရှိတယ်။ ကျမလည်း ကိုယ်နဲ့သင့်တော်တဲ့ဌာနနေရာ ပြန်ကြားရေးပိုင်းမှာ တာဝန်ထမ်းသွားဖို့ ရှိပါတယ်” ဟု ပြောသည်။

မွန်ပြည် ဖက်ဒရယ်ကောင်စီ၏ တတိယအကြိမ် ညီလာခံတွင် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ချင်းညီနောင်၊ 96 Soldiers စသည့် တော်လှန်ရေးအင်အားစုများမှ ဦးဆောင်သူများအပါအဝင် တက်ရောက်သူ ၂၀၀ ကျော် ရှိခဲ့သည်။

ညီလာခံသို့ တက်ရောက်ခဲ့သည့် အခြားသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း မဟာမိတ်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် ၁၀ မြို့နယ်ရှိပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရေးမြို့နယ်၌ တိုက်ပွဲအများဆုံး ဖြစ်ပွားနေကာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော မြို့နယ်များ၌လည်း စစ်ကောင်စီ၏ လက်နက်ကြီး တိုက်ခိုက်မှုများအပါအဝင် စစ်ရေးလှုပ်ရှားမှုများကြောင့် ပြည်သူများ ထိခိုက်မှုများ မကြာခဏ ကြုံနေကြရသည်။

You may also like these stories:

ထိုင်း-မြန်မာနယ်စပ်က စစ်တပ်စခန်းတွေ ကုန်တော့မည်

AA အသာစီးရနေသည့် ကျောက်ဖြူတိုက်ပွဲ

Your Thoughts …
Tags: MSFC ညီလာခံစစ်ရေးမွန်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

by အေးချမ်းဆု
5 July 2025
4.1k

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ပြောက်ကျားတိုက်ပွဲများသာ များသည်။

စစ်ရေး ရှေ့ရောက်နေဦးမယ့် ၂၀၂၅ (ရုပ်/သံ)

စစ်ရေး ရှေ့ရောက်နေဦးမယ့် ၂၀၂၅ (ရုပ်/သံ)

by ဧရာဝတီ
28 December 2024
3k

Editorial Talk

Next Post
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

CRPH ပြဋ္ဌာန်းတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ ဝေဖန်ခံနေရ (ရုပ်/သံ)

CRPH ပြဋ္ဌာန်းတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ ဝေဖန်ခံနေရ (ရုပ်/သံ)

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate