ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) က ယမန်နှစ်နှောင်းပိုင်းနှင့် ယခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို တခုချင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ပူလူတူ၊ မော်ဖားသူ၊ တာလယ်၊ မယ်လ၊ ခလယ်ဒေး၊ တခေါဘီခွီး၊ မော်ဖိုးကေစခန်းတို့အား သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် တပ်မဟာ (၆) ကလည်း မေလက စပြီး မြဝတီအပေါ်ဘက်ရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ခဲ့ပြန်သည်။ အစဉ်လိုက်ဆိုရပါက မေလ ၂၃ ရက်တွင် ဘလယ်ဒိုတပ်စခန်း၊ မေလ ၂၈ ရက်တွင် ကနဲလေးတပ်စခန်း၊ မေလ ၂၉ ရက်တွင် ရွှေအေးမြိုင် (ဝါးမီးထ) တပ်စခန်း၊ မေလ ၃၀ ရက် နံနက်အစောပိုင်းတွင် ဘုရင့်နောင်တပ်စခန်း၊ နေ့လယ်တွင် မော်ခီးတပ်စခန်းနှင့် ဇွန်လ ၃ရက်နေ့တွင် သေ့ဘောဘိုးစခန်းများကို သိမ်းပိုက်ခဲ့သည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များအနေဖြင့် တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၆ ခုကို ၁၁ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များအနေဖြင့် တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၆ ခုကို ၁၁ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဧပြီလအတွင်းကစပြီး တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်ဘက်တွင် KNLA နှင့် ပူးပေါင်းတပ်များသည် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် ရည်ရွယ်ပြီး စစ်ကောင်စီတပ်များနှင့် စစ်ကြောင်းအား ရင်ဆိုင် ထိန်းချုပ်ထားခဲ့သည်။ ထိုအနေအထားတွင် ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ဖြတ်တောက်ပိတ်ဆို့ တိုက် ခိုက်ခံနေရသည့် ကော့ကရိတ်ကိုသာ အာရုံစိုက်နေသည့် စစ်ကောင်စီကို ဗျူဟာကျကျ နောက်ကျောကနေ ဝင်ရိုက်သလို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟုလည်း ဆိုနိုင်သည်။
ထိုဒေသအတွက် စစ်ကောင်စီအနေဖြင့် စစ်ကူပေးပို့ရန် မလွယ်ပေ။ အောင်ဇေယျ စစ်ကူစစ်ကြောင်း ဒေါနတောင်ကို မကျော်နိုင်ခြင်းကြောင့်လည်း ယခုကဲ့သို့ တိုက်ခိုက်ခံရသည့်အခါ စစ်ကောင်စီအတွက် အရုပ်ကြိုးပြတ်သလို ဖြစ်စေခဲ့သည်။
KNU တပ်မဟာ (၆) နယ်မြေ၊ ဒေါနတောင်အရှေ့ဘက် ထိုင်း-မြန်မာနယ်စပ်ရှိ အဆိုပါ စခန်းသိမ်းတိုက်ပွဲစဉ်များကို ပြန်၍ လေ့လာကြည့်မိသည်။ KNLA နှင့် ပူးပေါင်းတပ်များသည် မေလ ၂၀ ရက်နေ့တွင် မော်ခီးကို စတင် တိုက်ခိုက်ခဲ့ပြီး မေလ ၂၁ ရက်တွင် ကနဲလေးစခန်း၊ သေ့ဘောဘိုးစခန်းနှင့် ဘလက်ဒိုစခန်း စုစုပေါင်း စစ်ကောင်စီစခန်း လေးခုကို တပြိုင်နက်တည်း ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။
ပူးပေါင်းတပ်များအနေဖြင့် သူ့တို့ဘက်က အားသာသည့် ဒရုန်းများကို အသုံးပြုပြီး စတင် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများ ပစ်ခတ်ခုခံခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့သည်။
စစ်ကောင်စီဘက်က သူတို့ တခုတည်းသော အားသာချက်ဖြစ်သည့် လေကြောင်းပစ်ကူကို အဆမတန်ရယူပြီး တပ်စခန်းများကို လက်မလွှတ်ရရေး အသည်းအသန် ခုခံနေခဲ့သည်။ သို့သော် လုံးဝ လက်မလွှတ်ရသည့် အနေအထားအထိ ခုခံနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။
စစ်ကောင်စီဘက်က သူတို့ တခုတည်းသော အားသာချက်ဖြစ်သည့် လေကြောင်းပစ်ကူကို အဆမတန်ရယူပြီး တပ်စခန်းများကို လက်မလွှတ်ရရေး အသည်းအသန် ခုခံနေခဲ့သည်။ သို့သော် လုံးဝ လက်မလွှတ်ရသည့် အနေအထားအထိ ခုခံနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။

ထိုသို့ အပြန်အလှန် တိုက်ခိုက်ရင်း KNLA နှင့် ပူးပေါင်းတပ်များသည် စတင်တိုက်ခိုက်ပြီး သုံးရက်အကြာ မေလ ၂၃ ရက်နေ့တွင် ဘလယ်ဒိုစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ဘလယ်ဒိုစခန်းသည် လတ်တလော တိုက်ခိုက်ပြီးသည့် စခန်းများအနက် မြဝတီမြို့နှင့် အနီးဆုံးစခန်းဖြစ်သည်။ စခန်းတွင် တပ်မ ၄၄ ကွပ်ကဲမှုအောက်ရှိ ခမရ ၁၀၄ နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) က စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် အခြေပြုပြီး စခန်းထိန်းတာဝန် ယူထားခြင်းဖြစ်သည်။
ဘလယ်ဒိုကျေးရွာရှိ ပင်မခြေကုပ်တပ်စခန်း၊ ဘုရားကုန်းရှိ ကာကင်းစခန်းနှင့် ရွာထိပ်ရှိ ကာကင်းစခန်းများရှိသဖြင့် စုစုပေါင်း စခန်းသုံးခုရှိသည်။ သို့သော် တိုက်ခိုက်ခံရချိန်တွင် အပြန်အလှန် အထောက်အကူပေး ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးခဲ့ကြသည်ကို တွေ့ရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးကာ ၃၀ ဦးကျော် စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရသည်။ ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ ဦးသည် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကြသည်။
ဘလယ်ဒိုတပ်စခန်းမှ ဆုတ်ခွာ ထွက်ပြေးခဲ့ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ထိန်းချုပ်မှုအောက်ရှိ နယ်စပ်ဂိတ်ပေါက်တခုဖြစ်သည့် ၁၆ ဂိတ်မှတဆင့် ထိုင်းဘက်က ပြန်ပို့ခဲ့သည်။ ထို့နောက် ၎င်းတို့ကို ခလရ ၂၇၅ အတွင်း ပို့ဆောင်ပြီး အသင့်စုဖွဲ့ထားရှိခဲ့သည်။
ဘလက်ဒိုစခန်းကို သိမ်းပိုက်ပြီးသည့်နောက် KNLA နှင့် ပူးပေါင်းတပ်များသည် မေလ ၂၈ရက်တွင် ကနဲလေးတပ်စခန်းကို ထပ်မံ သိမ်းပိုက်ခဲ့ပြန်သည်။ ကနဲလေးစခန်းတွင် ရတခ ကွပ်ကဲမှုအောက် ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ ၃၂ နှင့် သံဖြူဇရပ် အခြေစိုက် အမှတ် (၃၂၅) အမြောက်တပ်ရင်း (အမတ ၃၁၅) တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုပြီး စခန်းထိန်းတာဝန် ယူထားခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ပြန်သည်။ အမြောက်စခန်းဖြစ်သဖြင့် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သုံး ၁၂၀ မမ စိန်ပြောင်း (လက်နက်ကြီး) များကိုပါ တော်လှန်ရေးဘက်က သိမ်းပိုက်ရရှိခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ပြန်သည်။ အမြောက်စခန်းဖြစ်သဖြင့် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သုံး ၁၂၀ မမ စိန်ပြောင်း (လက်နက်ကြီး) များကိုပါ တော်လှန်ရေးဘက်က သိမ်းပိုက်ရရှိခဲ့သည်။
ထိုနေ့မှာပင် သေ့ဘောဘိုးတပ်စခန်း တိုက်ခိုက်ခံရသဖြင့် စစ်ကူအဖြစ်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA နှင့် ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ချေမှုန်းခဲ့ပြန်သည်။ သေ့ဘောဘိုးစခန်းကို စစ်ကူပေးရန်အတွက် ဝေါလေ ဗျူဟာစခန်းမှ စေလွှတ်လိုက်သည့် စစ်ကောင်စီ၏ ခမရ ၅၅၉ စစ်ကြောင်းတွင် တပ်ဖွဲ့ဝင် ၆၀ ကျော် ပါဝင်သည်။
ထိုစစ်ကြောင်းသည် ကြိုတင် စောင့်ကြိုတိုက်ခိုက်မှု မခံရရေးအတွက် ထိုင်းနိုင်ငံပိုင်နက်အတွင်းမှတဆင့် ဝင်ရောက် ဖြတ်သန်းခဲ့သည်။ မေလ ၂၆ ရက် ညပိုင်းတွင်း အလစ်အငိုက်ယူပြီး ထိုင်းနိုင်ငံဘက်ခြမ်း တာ့ခ်ခရိုင်က ထိုင်းနယ်ခြားစောင့်တပ်စခန်းရှိရာ မိုဂျာကျေးရွာဘက်ကို တရားမဝင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ကူ စစ်ကြောင်းသည် မြန်မာနယ်နိမိတ်အတွင်း ပြန်ဝင်ပြီးနောက် မေလ ၂၈ ရက်တွင် ဆုံဆည်းမြိုင်အနီး၌ ပူးပေါင်းတပ်များ၏ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကို ခံလိုက်ရသည်။ တပ်ဖွဲ့ဝင် ၂၀ ကျော်သည် ထိုင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။
ဆုံဆည်းမြိုင်ရှိ DKBA ဌာနချုပ် အကူအညီဖြင့်လည်းကောင်း၊ နယ်စပ်ရှိ BGF ၏ အထောက်အပံ့ဖြင့်လည်းကောင်း စစ်ကူလိုက်နိုင်မည်ဟု ယူဆခဲ့သော်လည်း စစ်ကူစစ်ကြောင်းသည် ပူးပေါင်းတပ်များ၏ ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခံရကာ စစ်ကြောင်းဖွဲ့စည်းပုံ ပျက်သွားခဲ့ရသည်။
ထို့သို့ ကြားဖြတ်တိုက်ခိုက်ပြီး နောက်တရက်တွင် KNLA နှင့် ပူးပေါင်းတပ်များက ရွှေအေးမြိုင် (ဝါးမီးထ) တပ်စခန်းကို ထပ်မံ သိမ်းပိုက်လိုက်ပြန်သည်။ ဝါးမီထစခန်းသည် ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသရှိ စစ်ကောင်စီစခန်းများကို အနီးကပ် ကွပ်ကဲနေသည့် စကခ ၁၃၊ နည်းဗျူဟာ ၂၊ ဥကရစ်ထစခန်း၏ ကာကင်းစခန်းဟု ဆိုနိုင်သည်။ စကခ ၁၃ နှင့် ကွပ်ကဲမှုအောက်ရှိ တပ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုနေသည့်နေရာလည်း ဖြစ်သည်။
ဝါးမီထစခန်းသည် DKBA ဌာနချုပ် ဆုံဆည်းမြိုင်နှင့် စစ်ကောင်စီ၏ ဥကရစ်ထစခန်း အကြားတွင် တည်ရှိသည့် ကာကင်းစခန်းဖြစ်သည်။ ဝါးမီထကို သိမ်းပိုက်လိုက်ခြင်းက ဥကရစ်ထစခန်းအတွက် လုံခြုံရေးအရ အထောက်အကူပြုသည့် နေရာတခုကို ကြိုတင်ချေမှုန်းလိုက်ခြင်းလည်း ဖြစ်သည်။
ဝါးမီထစခန်းသည် DKBA ဌာနချုပ် ဆုံဆည်းမြိုင်နှင့် စစ်ကောင်စီ၏ ဥကရစ်ထစခန်း အကြားတွင် တည်ရှိသည့် ကာကင်းစခန်းဖြစ်သည်။ ဝါးမီထကို သိမ်းပိုက်လိုက်ခြင်းက ဥကရစ်ထစခန်းအတွက် လုံခြုံရေးအရ အထောက်အကူပြုသည့် နေရာတခုကို ကြိုတင်ချေမှုန်းလိုက်ခြင်းလည်း ဖြစ်သည်။
ထို့နောက် ဆက်တိုက်ဆိုသလိုပင် မေလ ၃၀ ရက် နံနက်အစောပိုင်းတွင် ဘုရင့်နောင်တပ်စခန်းနှင့် နေ့လယ်ပိုင်းတွင် မော်ခီးတပ်စခန်းများကို KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြန်သည်။ စတိုက်ပြီး နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် ဘုရင့်နောင်စခန်းတွင် စကခ ၁၃ ကွပ်ကဲမှုအောက် တနင်္သာရီတိုင်း၊ ကရသူရိမြို့အခြေစိုက် ခမရ ၅၅၅ တပ်ရင်း၏ စစ်ကြောင်း ၂ က အခြေပြုပြီး စခန်းထိန်းတာဝန် ယူထားခြင်းဖြစ်သည်။
ထို့အတူ ၁၀ ရက်ခန့် ပိတ်ဆို့တိုက်ခိုက်ခဲ့ရသည့် မော်ခီးစခန်းတွင်လည်း ခမရ ၅၅၅ တပ်ရင်း၏ စစ်ကြောင်း ၁ က အခြေပြုပြီး စခန်းထိုင်နေခြင်းဖြစ်သည်။ တနေ့တည်းမှာပင် တပ်ရင်းတရင်း၏ ရှေ့တန်းစစ်ကြောင်း နှစ်ခုစလုံး ခံစစ်စခန်းနေရာများကို စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ ထိုစခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါး ထိုင်းနိုင်ငံဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။

နောက်ထပ် ၄ ရက်အကြာ ဇွန်လ ၃ ရက်တွင် သေ့ဘောဘိုးကို KNLA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြန်သည်။ ရတခ ကွပ်ကဲမှုအောက် ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ(၃၂) နှင့် စကခ(၁၃) က အင်အားများ စုပေါင်း အခြေပြုပြီး စခန်းထိန်း တာဝန်ယူထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တပ်မဟာ (၆) အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၆ ခုကို ၁၁ ရက်အတွင်း သိမ်းပိုက်ပြီးနောက် ဝေါလေဒေသတွင် နည်းဗျူဟာအဆင့် ကွပ်ကဲမှုစခန်း ဝေါလေ၊ လက်အောက်ခံ ထီးကပလယ်နှင့် ဥကရစ်ထစခန်းများသာ ကျန်ရှိတော့သည်။
စစ်ကောင်စီ လက်လွှတ်ခဲ့ရသည့် မော်ခီးနှင့် ကနဲလေးစခန်းတို့သည် ဝေါလေနှင့် ထီးကပလယ်စခန်းအကြား အရှေ့ဘက်တွင်ရှိပြီး ဝေါလေစခန်းကို ရင်ဘောင်တန်းပုံစံ ကာထားသည့် စခန်းများဖြစ်သည်။ ထိုစခန်းများ ကျသွားသည့်အတွက် ဝေါလေရော ထီးကပလယ်အတွက်ပါ အထောက်အကူ စခန်းများ ဆုံးရှုံးသွားခြင်းဖြစ်သည်။ အရှေ့ဘက် အစွန်းဆုံးအဖြစ် ကျန်နေခဲ့သည့် ထီးကပလယ်အတွက် ပို၍ အထောက်အကူမဲ့ အထီးကျန်စခန်းတခု ဖြစ်သွားစေခဲ့သည်။ နည်းဗျူဟာအဆင့် ကွပ်ကဲမှုဖြစ်သည့် ဝေါလေအတွက် အနီးဆုံး စခန်းအနေဖြင့် ဥကရစ်ထစခန်းတခုသာ ကျန်ပြီး ထိုစခန်းကိုလည်း ပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ထားကြောင်း သိရသည်။
တကယ်တမ်းဆိုရလျှင် ဝေါလေဒေသရှိ စခန်းများသည် BGF အဖွဲ့ အပါအဝင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး NCA ထိုးထားသည့် အခြား လက်နက်ကိုင်အဖွဲ့များကြောင့်သာ ဆက်ပြီး ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။
KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ယခုကဲ့သို့ ဖိအားပေး တိုက်ခိုက်လာခြင်း၊ အခြား လက်နက်ကိုင်အဖွဲ့များကလည်း စစ်ကောင်စီဘက်က စစ်ကူမလိုက်ပေးခြင်းများ ဆောင်ရွက်ပါက ဝေါလေဒေသသည် မကြာမီ စစ်ကောင်စီ ကင်းစင်သွားနိုင်သည်။
KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ယခုကဲ့သို့ ဖိအားပေး တိုက်ခိုက်လာခြင်း၊ အခြား လက်နက်ကိုင်အဖွဲ့များကလည်း စစ်ကောင်စီဘက်က စစ်ကူမလိုက်ပေးခြင်းများ ဆောင်ရွက်ပါက ဝေါလေဒေသသည် မကြာမီ စစ်ကောင်စီ ကင်းစင်သွားနိုင်သည်။
စစ်ကောင်စီသည် တပ်မဟာ (၆) နယ်မြေတွင် စခန်းများ လက်လွှတ်ခဲ့ရပြီးနောက် မြဝတီအခြေစိုက် ခလရ ၂၇၅ အတွင်း စုဖွဲ့မှုများ ဆောင်ရွက်ခဲ့သည်။ စခန်းအသီးသီးမှ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့သူများနှင့် မြဝတီရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်ကို ပြန်လည် စုစည်းခဲ့ခြင်းဖြစ်သည်။ ထိုအင်အားများသည် တပ်မ ၄၄ တပ်မမှူး ကွပ်ကဲမှုဖြင့် ဝေါလေဒေသကို စစ်ကူလိုက်မည်ဟု ယူဆခဲ့သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ၂၀၂၄ ခုနှစ်၊ ဧပြီလက ဆုံးရှုံးခဲ့သည့် သင်္ဃန်းညီနောင်ဘက်ကို ခြေကုပ်ပြန်ယူရန် ထိုးစစ်ပြန်ဆင်ရေး ပြင်ဆင်နေကြောင်း တွေ့ရသည်။
ထို့ကြောင့် မေလ ၃၁ ရက်နေ့ ညပိုင်းတွင် KNLA နှင့် ပူးပေါင်းတပ်များက သင်္ဃန်းညီနောင်ဘက်သို့ ဦးတည်လာသည့် ထိုစစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားချိန်တွင် တပ်မ ၄၄ တပ်မမှူး အစီအစဉ်ဖြင့် ခလရ ၂၇၅ က ပစ်ကူပေးခဲ့ခြင်းဖြစ်သည်။ ထို့သို့ ပစ်ကူပေးသဖြင့် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်နေရာကို ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မေလ ၃၁ ရက်နေ့ ညက မြဝတီတွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်သည့်သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
များမကြာမီ သင်္ဃန်းညီနောင်ဘက် ဦးတည်သည့်စစ်ကြောင်း ဖရိုဖရဲဖြစ်သည့်သတင်းများနှင့် လက်ကျန် စခန်းများကို စစ်ကောင်စီဘက်က ထပ်ပြီး လက်လွှတ်ရသည့် သတင်းများကို ကြားရဖွယ်ရှိနေပေသည်။
စစ်ရှုံးနေသည့် စစ်ကောင်စီအကွက်များက ထူးဆန်းလှသည်။ ဝေါလေဒေသတွင် အထောက်အကူစခန်းများ ကျသွားသဖြင့် အချိန်မရွေး လက်လွှတ်ရနိုင်သည့် ဝေါလေနည်းဗျူဟာစခန်း အပါအဝင် လက်ကျန်စခန်းများကို လက်မလွှတ်ရရေး အချိန်မီ စစ်ကူလိုက်ရမည့်အစား ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မရှိတော့သည့် သင်္ဃန်းညီနောင်ကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေသည်။
လက်အောက် တပ်ဖွဲ့ဝင်များကို ကယ်တင်ရန်အတွက် စစ်ကူလိုက်ရန်ထက် နိုင်ငံတော်အဆင့် စစ်ကူစီမံချက် အောင်ဇေယျစစ်ကြောင်းအတွက် သင်္ဃန်းညီနောင်နေရာကို ပြန်ယူပြီး သိက္ခာဆယ်ရန် ကြိုးစားနေသည်။
များမကြာမီ သင်္ဃန်းညီနောင်ဘက် ဦးတည်သည့် စစ်ကြောင်း ဖရိုဖရဲဖြစ်သည့် သတင်းများနှင့် စစ်ကောင်စီဘက်က လက်ကျန် စခန်းများ ထပ်ပြီး လက်လွှတ်ရသည့် သတင်းများကို ကြားရဖွယ်ရှိနေပေသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ထွက်ပြေးစစ်သားများကို စု၍ သင်္ဃန်းညီနောင်ကို သိမ်းရန် စစ်ကောင်စီပြင်
စခန်းစွန့်ပြေးသဖြင့် မော်ခီးနှင့် ဘုရင့်နောင်ကုန်း KNU သိမ်း
မြဝတီတောင်ခြမ်းမှ စခန်းများကို ရှင်းမည့် KNU စစ်ဆင်ရေး
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)