• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထွက်ပြေးစစ်သားများကို စု၍ သင်္ဃန်းညီနောင်ကို သိမ်းရန် စစ်ကောင်စီပြင်

by ဧရာဝတီ
2 June 2025
in သတင်း
A A
ထွက်ပြေးစစ်သားများကို စု၍ သင်္ဃန်းညီနောင်ကို သိမ်းရန် စစ်ကောင်စီပြင်

ကရင်ပြည်နယ်အတွင်းမှ တော်လှန်ရေးတပ်များ

3k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် မြဝတီမြို့နယ်က သင်္ဃန်းညီနောင် ဗျူဟာနှင့် တပ်ရင်း ၃ ရင်းပြန်ရဖို့ စစ်ကောင်စီက တပ်စခန်းအသီးသီးမှ ထွက်ပြေးလာသည့် စစ်သားများစုစည်းကာ ထိုးစစ်ဆင်ရန် ပြင်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များနှင့် CDM တပ် အရာရှိများက ပြောသည်။

ယခင်နှစ် ဧပြီလက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ သိမ်းပိုက်ခံရဖူး သည့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ၌ ဝေါလေဒေသတိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေး၍ ပြန်ပို့ခံရသည့် တပ်သားများ၊ တပ်မ ၄၄ လက်အောက်ခံတပ်များ၊ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်များကို ပြန်စုကာ သင်္ဃန်းညီနောင် ဘက် ထိုးစစ်ဆင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်စစ်မျက်နှာများတွင် တာဝန်ထမ်း ဆောင် ခဲ့ဖူးသူ CDM အရာရှိ ဗိုလ်မှူးစွယ်တော်က ဆိုသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
93
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
130
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
116

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်က မြဝတီမှ မိုင် ၆၀ ကျော်အကွာ ဝေါလေအစွန်းဘက်နှင့် ထိုင်းနယ်စပ်ရှိ ဘလက်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် (ဝါးမီးထ)၊ ဘုရင့်နောင်ကုန်း၊ မော်ခီး စစ်တပ်စခန်းများကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်တို့က တိုက်ခိုက်သဖြင့် စစ်သားရာနှင့်ချီ ထိုင်းဘက်ထွက်ပြေးခဲ့ပြီး ထိုမှတဆင့် ခလရ ၂၇၅ သို့ လာရောက်ပူးပေါင်းကြခြင်း ဖြစ်သည်။

စစ်ကောင်စီနှင့် နီးစပ်သည့် မြဝတီမြို့ခံတဦးကလည်း “၂၇၅ ထဲက လက်ကျန် အရင့်အရင် ဟိုစခန်း၊ ဒီစခန်းတွေ စုထားတာရယ်၊ ဝေါလေဘက်က ပြေးလာတဲ့ အင်အားတွေရယ် ၇၀၀ လောက်တော့ရှိတယ်။ သူတို့က ညီနောင် ဘက် ထိုးဖို့လုပ်နေတာပါ။ ဒါပေမယ့် မလွယ်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးပြီးရောက်လာတဲ့သူတွေ ဖြစ်တဲ့အခါကျ ထိုးလည်း သူတို့ လမ်းမှာ ဖြတ်အုပ်ခံရမှာပဲ” ဟု ပြောသည်။

ထိုင်းဘက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများ/ Ye Min

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ သင်္ဃန်းညီနောင်၌ အခြေချဗျူဟာတခု ထားရှိသလို နယ်မြေခံ ခြေမြန် တပ်ရင်း ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တို့ ဝိုင်းပတ်ထားသော်လည်း ၂၀၂၄ခု ဇန်နဝါရီလက ဗျူဟာသို့ လာရောက်သည့် တပ်မ ၄၄ တပ်မမှူး လိုက်ပါလာသည့် ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက စောင့်၍ အနီးကပ်ပစ်ခတ်ခဲ့ရာ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်၊ သိမ်ဆိပ်ရှိ ခမရ ၉ ယာယီတပ်ရင်းမှူး ဗိုလ်မှူး စိုးလွင်ထွန်း၊ လေယာဉ်မောင်းများဖြစ်သည့် ဗိုလ်မှူး တိုးဦးနှင့် တခြားဗိုလ်ကြီး ၂ တို့ သေဆုံးခဲ့သည်။

ထို့နှစ် မတ်လနှင့် ဧပြီလမှာပင် မြဝတီမြို့နှင့် ၅မိုင်ကျော်ဝေးသည့် သင်္ဃန်းညီနောင်ဗျူဟာနှင့် ခြေမြန်တပ်ရင်း ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ သုံးရင်းကို KNLA သိမ်းယူခဲ့ပြီး ၎င်းတပ်စခန်းများ ပြန်ရရန် စစ်ကောင်စီ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကွပ်ကဲ့သည့် အောင်ဇေယျ စစ်ဆင်ရေးလုပ်ခဲ့သော်လည်း ဒေါနတောင်ကို မကျော်နိုင်ဘဲ ကော့ကရိတ်မြို့၌ ပိတ်ဆို့ဖြတ်တောက်ခြင်းခံနေရပြီး ရှေ့မတိုးနိုင် ဖြစ်နေသည်။

ယခုအခါ စစ်ကောင်စီသည် ကရင်နယ်ခြားစောင့် (BGF) အကူအညီဖြင့် ပြန်ယူထားသည့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တွင် အင်အားစုကာ မေလနောက်ဆုံးပတ်က သင်္ဃန်းညီနောင်နှင့် မြဝတီမြို့အနီးရွာများသို့ လက်နက်ကြီးဖြင့် ၃ ရက်ဆက်တိုက် လုပ်ကာ သွေးတိုးစမ်းနေသလို လေကြောင်းမှလည်း မြဝတီမြို့တဝိုက်ကို ပတ်ဝဲပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမြစန္ဒီကျေးရွာ ဒေသခံ ၄ ဦး ထိခိုက်ခဲ့ရပြီးနောက် မေ ၃၁ ရက် ညပိုင်း၌ တော်လှန်ရေး ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ခလရ ၂၇၅ ထဲ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ယခုရက်ပိုင်း စစ်ကောင်စီဘက်မှ အနည်းငယ်ပြန်ငြိမ်နေကြောင်းနှင့် သင်္ဃန်းညီနောင်ဘက် စစ်ကြောင်းထိုးရန် အားယူနေသည့် အခြေအနေဖြစ်နိုင်ကြောင်း မြဝတီဒေသခံတချို့က ဆိုသည်။

၂၀၂၄ ဧပြီတွင် KNLA ပူးပေါင်းတပ်များ ခလရ ၂၇၅ တပ် သိမ်းအပြီး မြင်ကွင်း/ The Reporters

စစ်ကောင်စီက သင်္ဃန်းညီနောင်သို့ စစ်ကြောင်းထိုးလျှင် လမ်းမကြီးအတိုင်းသာ လာနိုင်ပြီး ထိုလမ်းကြောင်းမှာ လက်ရှိ ဒေသခံများ ပုံမှန်သွားလာနေကြဆဲဖြစ်ကြောင်း သင်္ဃန်းညီနောင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။

၎င်းက “ညီနောင်ကို သူတို့လာဖို့က ကတ္တရာလမ်းအတိုင်းလာမှရမယ်။ အခြားလမ်းတွေက အကုန်ကာကင်းတွေရှိတယ်။ မဲကနယ်ဘက်ရော၊ ရွှေမြစန္ဒီဘက်ရော ကိုယ့်ဘက်က အကုန်ပိတ် ကာကင်းထုတ်ထားတယ်။ ကတ္တရာလမ်းတိုင်းလာမယ် ဆိုရင် အရင်ဆုံး BGF နဲ့ဖြစ်မှာ။ မဟာမိတ်တပ်တွေလည်း အများကြီးရှိတယ်။ သူတို့ထိုးလာရင် လွယ်လွယ်နဲ့မရောက်နိုင်ဘူး” ဟု ဆိုသည်။

ယခုလို စစ်ကောင်စီက မြဝတီမှတပ်များကို စုစည်းပြီး လက်ရှိတိုက်ပွဲဖြစ်ရာ ဝေါလေဘက် စစ်ကူမလွှတ်ဘဲ သင်္ဃန်းညီနောင်ဘက် စစ်ဆင်ရန် ပြင်နေခြင်းသည် အောင်ဇေယျစစ်ကြောင်း၏ မအောင်မြင်မှုကို ပြန်လည်အဖက်ဆယ်ရန် ကြိုးစားမှုဖြစ်နိုင်ကြောင်း CDM အရာရှိများက သုံးသပ်ပြောဆိုသည်။

You may also like these stories:

မြဝတီတောင်ခြမ်းမှ စခန်းများကို ရှင်းမည့် KNU စစ်ဆင်ရေး

စခန်းစွန့်ပြေးသဖြင့် မော်ခီးနှင့် ဘုရင့်နောင်ကုန်း KNU သိမ်း

ရုရှား၌ စစ်ရေးပြနေချိန် ထီးခီးနယ်စပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ် သိမ်း

နှစ် ၇၀ ကြာ အထိုင်ချထားတဲ့ ကူးဆိပ်စခန်းကို KNLA သိမ်းပိုက် (ရုပ်/သံ)

Your Thoughts …
Tags: KNLAPDFခလရ ၂၇၅စစ်ကောင်စီမြဝတီဝေါလေသင်္ဃန်းညီနောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
KIA နှင့် AA ထိုးစစ်ရပ်ဖို့ တရုတ်အထူးကိုယ်စားလှယ် ဖိအားပေး

KIA နှင့် AA ထိုးစစ်ရပ်ဖို့ တရုတ်အထူးကိုယ်စားလှယ် ဖိအားပေး

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ (ရုပ်/သံ)

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ (ရုပ်/သံ)

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.5k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate