အဲဒီ ထီးတင်ပွဲတွေမှာ စစ်ခေါင်းဆောင်ဟာ အစဉ်အလာ စကားဖြစ်တဲ့ “အောင်ပြီ” လို့ သုံးခါ အော်ပြီး ဘာသာရေးအခမ်းအနား အောင်မြင်စွာပြီးတဲ့ အထိမ်းအမှတ်လုပ်တယ်။ ဒါပေမဲ့ သူ့ပါးစပ်က အဲဒီစကားဟာ ရန်သူတွေကို နိုင်ဖို့မျှော်လင့်ချက်နဲ့ အော်တဲ့ ယတြာလို့ အဓိပ္ပာယ်ရကြောင်း ယူဆကြတယ်။
သူဖြုတ်ချခဲ့တဲ့ ရွေးကောက်ခံအစိုးရရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို အဓိကကျတဲ့ ဒီမိုကရေစီပါတီတွေကို ဖျက်သိမ်းပြီးနောက် မင်းအောင်လှိုင်ဟာ ဒီတခါမှာတော့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုဘူး။
စစ်တပ်လက်ဝေခံ USDP ဟာ ဒီဇင်ဘာရွေးကောက်ပွဲမှာ အများစုနိုင်ပြီး အတုအယောင် လွှတ်တော်ကို လွှမ်းမိုးကာ သူ့ရဲ့ ကာလကြာမြင့်ပြီဖြစ်တဲ့ သမ္မတဖြစ်ရေး ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ လမ်းခင်းပေးမယ့် လမ်းကြောင်းမှာ ရှိနေတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ သေချာအောင်လုပ်ချင်ပြီး ယတြာဟာ သူ့အတွက် သဘာဝလွန် အသက်အာမခံဖြစ်တယ်။
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #သမ္မတ #ယတြာ #ရွေးကောက်ပွဲ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













