• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIA နှင့် AA ထိုးစစ်ရပ်ဖို့ တရုတ်အထူးကိုယ်စားလှယ် ဖိအားပေး

by ဧရာဝတီ
3 June 2025
in သတင်း
A A
KIA နှင့် AA ထိုးစစ်ရပ်ဖို့ တရုတ်အထူးကိုယ်စားလှယ် ဖိအားပေး

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း

9.7k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အာရက္ခတပ်တော် (AA)တို့အနေဖြင့် ဗန်းမော်နှင့် ကျောက်ဖြူတွင် ထိုးစစ်များ ဆက်မလုပ်ဘဲ ရပ်တန့်ရန် ပြီးခဲ့သည့်မေလကုန်ပိုင်း၌ တရုတ်နိုင်ငံတွင် သီးခြားစီတွေ့ဆုံဆွေးနွေးစဉ် အာရှရေးရာ တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းမှ ဖိအားပေးပြောဆိုခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

KIA အနေဖြင့် ဗန်းမော်မြို့သိမ်းထိုးစစ် ရပ်တန့်ကာ တရုတ်နှင့်ဆက်ဆံရေးမြှင့်တင်ရန်၊ AA သည်လည်း ဗန်းမော်တိုက်ပွဲတွင် ဝင်မပါရန်နှင့် တရုတ်သဘာဝဓာတ်ငွေ့စက်ရုံများရှိရာ ကျောက်ဖြူမြို့၌ တိုက်ပွဲမပြုလုပ်ရန် တိန့်ရှီကျွင်းက ပြောခဲ့ခြင်းဟု သိရသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
92
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
67
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
231

၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် အာဏာသိမ်းစစ်တပ် အထိနာချိန် တရုတ်က နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ထိုးစစ်များရပ်တန့်ရန် အစဉ်တစိုက် ဖိအားပေးနေပြီး စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးစေရန် ကြားဝင်လုပ်ဆောင်လျက်ရှိသည်။

စစ်ရေးလေ့လာသူတဦးက “ရည်ရွယ်တာက အားလုံးအပစ်ရပ်ဖို့ပါပဲ။ ပြီးရင် စစ်တပ်နဲ့ဆွေးနွေးမယ်၊ သူ (တရုတ်) ဒါပဲ လုပ်နေတာပါ။ ပလောင်ကိုလည်း ဩဂုတ်လမှာ ဆွေးနွေးဦးမယ်။ အဓိက စစ်တပ်ပြိုကွဲမှာ ကြောက်နေတာ၊ အရမ်းစိုးရိမ် နေတာ တရုတ်က။ စစ်တပ် မပြိုကွဲအောင်၊ စစ်တပ်ဗဟိုပြုတဲ့ တည်ငြိမ်တဲ့အခြေအနေကို ဖန်တီးဖို့ သူ ကြိုးစားတာပေါ့။ ဒါပေမယ့် သူ့ရဲ့စဉ်းစားမှုမှာ PDF မပါတဲ့အတွက် ဖြစ်နိုင်မယ်မထင်ဘူး” ဟု ပြောသည်။

KIA အနေဖြင့် တရုတ်နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်မေလကုန်ပိုင်း တွေ့ဆုံမှုတွင် ထိုးစစ်ရပ်ရန် တရုတ်အထူးကိုယ်စားလှယ်၏ ပြောဆိုမှုနှင့်ပတ်သက်၍ တုံ့ပြန်မှုရရှိရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လက်ရှိတွင် KIA သည် ဗန်းမော်မြို့သိမ်းထိုးစစ် ဆင်နွှဲနေသည်မှာ ခြောက်လနီးပါး ရှိနေပြီဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အများစုနှင့် တပ်ရင်းဌာနချုပ်အချို့အား သိမ်းပိုက်ထားနိုင်ဖြစ်သော်လည်း အမှတ်-၂၁ စစ်ဆင်ရေးကွပ်မှုဌာနချုပ်နှင့် ခလရ-၄၇ တပ်ရင်း ဌာနတို့ ကျန်ရှိနေသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။

ထိုလက်ကျန်တပ်ရင်းစခန်းများအား KIA မှ ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ စစ်တပ်ကလည်း ဒရုန်းများ၊ လေယာဉ်များဖြင့် တန်ပြန်ခုခံလျက်ရှိပြီး မေ ၂၀ ရက်နေ့၌ စကခ-၂၁ ဌာနချုပ်သို့ စစ်ကူလာပို့သည့် ရဟတ်ယာဉ်သုံးစင်းအနက် နှစ်စင်းကို KIA က ပစ်ချနိုင်ခဲ့သည်။

AA ထိုးစစ်ဆင်နေသည့် တရုတ်သဘာဝဓာတ်ငွေ့စက်ရုံတည်ရှိရာ ကျောက်ဖြူမြို့တွင်လည်း အမှတ် ၃၂ ရဲတပ်ရင်းအနီးရှိ နှမ်းဖဲတောင်၊ ပြိုင်းစေ့ကေနှင့် မင်းတပ်တောင်ကျေးရွာတို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း AA စနိုက်ပါ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တပ်မ ၁၁ ခြေမြန်တပ်မမှ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင် သေဆုံးခဲ့ပြီး မေ ၃၀ ရက်၌ မင်းတပ်တောင်ကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်နှင့် တပ်ဖွဲ့ဝင် ၁၅ ဦးကို AA က အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် စစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ-၃၄၊ ခြေမြန်တပ်ရင်း ခမရ-၅၄၂၊ ခမရ-၅၂၃၊ ဓညဝတီရေတပ်ဌာန ချုပ်၊ တောင်မော်ကြီးရေတပ်ဌာနခွဲ၊ အမှတ် ၃၂ ရဲတပ်ရင်းတို့ အခြေစိုက်ထားသည်။

တရုတ်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့အား စစ်တပ်နှင့် ဆွေးနွေးမှုများ ပြုလုပ်စေ လျက်ရှိရာ ယခင်က ညီနောင်မဟာမိတ်သုံးဖွဲ့စလုံးပါဝင်ကာ တပြိုင်နက် တွေ့ဆုံစေခဲ့သော်လည်း နောက်ပိုင်းတွင် တဖွဲ့ချင်း စီအလိုက်သာ တွေ့ဆုံဆွေးနွေးစေသည်။

တဖွဲ့ချင်းတွေ့ဆုံမှုတွင် တရုတ်၏ဖိအားပေးမှုဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ထံမှ လားရှိုးမြို့အား ပြန်လည်ရရှိခဲ့သော စစ်တပ်သည် TNLA ကိုလည်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များ မှ ဆုတ်ခွာပေးရန် ဧပြီလကုန်ပိုင်းက တရုတ်၌ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုမှုကြောင့် ဆွေးနွေးပွဲသဘောတူညီမှုမရဘဲ ပျက်ပြယ်ခဲ့ပြီး ဩဂုတ်လကုန်ပိုင်းတွင် ထပ်မံဆွေးနွေးရန် ရှိနေသည်။

You may also like these stories:

တောင်သာက တရုတ်ပိုက်လိုင်း ကာကွယ်ဖို့ စစ်တပ်အင်အားဖြည့်

ရဟတ်ယာဉ်နှစ်စင်း ပစ်ချပြီးနောက် ဗန်းမော်ထိုးစစ် KIA ပြန်မြှင့်

ကူမင်းဆွေးနွေးပွဲအပြီး တောင်းခမ်းတိုက်ပွဲ ပိုပြင်းထန်လာ

Your Thoughts …
Tags: AAKIAကျောက်ဖြူတရုတ်တိန့်ရှီကျွင်းထိုးစစ်ဗန်းမော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ (ရုပ်/သံ)

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ (ရုပ်/သံ)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်စွဲ ဓာတ်ပုံဆရာ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်စွဲ ဓာတ်ပုံဆရာ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate