ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒီတိုက်ပွဲတွေဟာ ဇွန်လဆန်းပိုင်းကတည်းက စစ်ကောင်စီရဲ့ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်တွေ ဖားကန့်ကို စစ်ကြောင်း ထိုးလာပြီးကတည်းက ပြင်းထန်လာခဲ့တာဖြစ်ပြီး တလကျော်ကြာတဲ့အထိ နှစ်ဖက်အကြား စစ်ရေးအခြေအနေဟာ တင်းမာနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ပွဲတွေဟာ နှစ်ဖက်အကြား သယံဇာတ အကျိုးစီးပွားတွေနဲ့ ဆက်စပ်တယ်လို့ မြေပြင်က စစ်ရေးသတင်းအရင်းအမြစ်တွေက စစ်ရေးလေ့လာသုံးသပ်သူတွေက သုံးသပ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ဖားကန့် #KIA #တိုက်ပွဲ #သယံဇာတ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy