စစ်ကောင်စီကို စစ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာဖိအားပေးဖို့၊ စစ်တပ်ကို လေယာဉ်ဆီထောက်ပံ့နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့နိုင်ရေးနဲ့အတူ ငွေကြေးအထောက်အပံ့အသစ်တွေ ထပ်မရဖို့၊ ရိုဟင်ဂျာနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေအရေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် ဥပဒေကြမ်း ၃ ခုကို အမေရိကန် လွှတ်တော်ကော်မတီတွေက ဇူလိုင်လ ၂၂ ရက်နေ့ တရက်တည်းမှာပဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
“BRAVE မြန်မာဥပဒေကြမ်း” ဟာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့မှုမှုတိုးမြှင့်ဖို့၊ စစ်ကောင်စီရဲ့ စီးပွားရေးကို ပံ့ပိုးသူတွေအပေါ် အမေရိကန် ဖိအားမြှင့်တက်ဖို့ စတဲ့အချက်တွေပါရှိပါတယ်။
“မြန်မာ GAP ဥပဒေကြမ်း”မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ဖြစ်ပါတယ်။
“မြန်မာဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်း” ကတော့ စစ်ကောင်စီအတွက်ပိုပြီး ထိရောက်နိုင်တဲ့ ဥပဒေလို့ဆိုရမှာဖြစ်ပြီး စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုအသစ် ပိတ်ပင်ဖို့နဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက စစ်ကောင်စီထံ ငွေလွဲမှုကို ရုတ်သိမ်းဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
လက်ရှိမှာ ကော်မတီတွေကနေ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတွေကို အောက်လွှတ်တော်ကို ဆက်လက်တင်သွင်းရမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အထက်လွှတ်တော်ကို ဆက်ပြီး တင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေဖြစ်တဲ့ ဦးဂျိမ်းရွှေနဲ့ ဦးကိုကိုလေး တို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကောင်စီ #လေယာဉ်ဆီ #စစ်ရေး #ဘဏ္ဍာရေး #ဥပဒေကြမ်း #အမေရိကန်အောက်လွှတ်တော် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













