ထိုင်း-မြန်မာ နယ်စပ်သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့် နှစ်နိုင်ငံနယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက်နဲ့ မြဝတီမြို့တို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။
သောင်ရင်းမြစ်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့အကြားက ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ဖြစ်ပြီး မြစ်ဘေးမှာရှိတဲ့ မဲဆောက်မြို့က ရပ်ကွက်နဲ့ စျေးတွေ ရေနစ်မြှုပ်နေသလို မြန်မာနိုင်ငံဘက်က မြဝတီမြို့မှာလည်း ရပ်ကွက် အတော်များများ ရေကြီးနစ်မြှုပ်မှုကြုံတွေ့နေရတာဖြစ်ပါတယ်။
မြဝတီဘက်ခြမ်းမှာတော့ ရေကြီးရေလျှံမှုတွေကြောင့် တနေရာနဲ့ တနေရာ ကူးသန်းသွားလာဖို့ အခက်အခဲတွေ ဖြစ်နေပြီး စျေးဆိုင်တွေလည်း ပိတ်ထားရတယ်လို့ မြို့ခံ တချို့က ပြောပါတယ်။
#မြန်မာ #မြဝတီ #မဲဆောက် #ရေကြီးရေလျှံမှု #Environment #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













