“စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေ” တရပ်ကို စစ်ကောင်စီက ဇူလိုင် ၂၈ ရက်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေဟာ စစ်ဘက်၊ ရဲဘက်ဆိုင်ရာ အရာရှိကြီးတွေကနေ အောက်ခြေ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေအထိ တိုက်ရိုက်သက်ရောက် နိုင်ပြီး နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ထုတ်ပြန်တာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
ဒီဥပဒေအရ ကာကွယ်ရေးဝန်ထမ်းတွေက လွဲရင် ဘယ်သူကမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို အသုံးပြုခွင့်မရှိဘူးလို့ ဆိုထားပါတယ်။
စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ စီဒီအမ် အသိုင်းအဝိုင်းကတော့ ဒီဥပဒေကိုပြဋ္ဌာန်းတာဟာ တပ်တွင်းသတင်းပေးတွေနဲ့ စီဒီအမ်တွေကို ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













