ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ် ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းနဲ့ သင်္ဃန်းညီနောင် ဗျူဟာကနေ ဩဂုတ်လ ၆ ရက်နေ့မှာ ဆုတ်ပေးလိုက်ရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက အတည်ပြု ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအဓိက လမ်းမကြီးဖြစ်တဲ့ အာရှလမ်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်း ထိန်းချုပ်ထားတာဖြစ်ပြီး သင်္ဃန်းညီနောင်ဗျူဟာကိုတော့ ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ တိုက်ခိုက် သိမ်းပိုက်ထားတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လ ကစပြီး ကော့ကရိတ်၊ သင်္ဃန်းညီနောင်ကို မြဝတီကနေ ထွက်လာတဲ့ စစ်ကြောင်း ၁ ကြောင်း အပါအဝင် စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာတော့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













