ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ ရွေးကောက်ပွဲအတွက် ညွှန်ကြားချက်၊ လုပ်ဆောင်ချက်တွေနဲ့ နည်းဥပဒေတွေအားလုံးဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ သီးခြားတွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီတွေဘက်က ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာတဲ့ ညွှန်ကြားချက်တွေနဲ့ ပတ်သက်လို့ တောင်းဆို၊ ဆွေးနွေးတဲ့အခါ ကော်မရှင်ဘက်က အခုလို ထုတ်ပြောလာတာလို့လည်း ဆိုပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲအတွက် စစ်ခေါင်းဆောင် ရေးဆွဲထားတဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွေဟာ စစ်တပ်က မွေးထုတ်ပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကလွဲလို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေအတွက် အခက်ကြုံနေရတဲ့ အခြေအနေ ဖြစ်ပြီး လက်ရှိမှာလည်း USDP ကသာ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မှီနေပြီး အသာစီးရနေတယ်လို့ ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #UEC #USDP #နိုင်ငံရေးပါတီ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













