အာဏာသိမ်း စစ်တပ်ဟာ တနှစ်ကျော်အကြာ လက်လွှတ်ခဲ့ရတဲ့ မြဝတီမြို့နဲ့ အာရှလမ်းမကြီးပေါ်ကို ခြေပြန်ချလာခဲ့ပြီး စစ်ရေးအရ စိုးမိုးကုန်းတချို့မှာပါ အခြေပြန်တည်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ မြဝတီကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အတွက် “အောင်ဇေယျစစ်ကြောင်း” အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူပေါင်းတပ်တွေကို မကျော်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် အခုစက်တင်ဘာလဆန်းပိုင်းမှာတော့ အာဏာသိမ်း တပ်တွေဟာ မြဝတီနဲ့ အာရှလမ်းပိုင်းကို ရုတ်တရက် အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး ထိန်းချုပ်လိုက်ပါတယ်။
တချိန်ထဲမှာပဲ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ နာမည်ပြောင်းထားတဲ့ ကရင်အမျိုးသား တပ်မတော် (KNA) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခွင့် ပြုမယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။
ဒါကြောင့် မြဝတီကို အာဏာသိမ်းတပ်တွေ ဝင်လာနိုင်တဲ့ အကြောင်း အပါအဝင် KNU ရဲ့ စစ်ရေးပိုင်း ပြင်ဆင်မှုနဲ့ ကရင်လက်နက်ကိုင်တွေအကြား သဘောထားကွဲလွဲမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို မေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #စောတောနီး #မြဝတီ #KNU#မြန်မာ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












