မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သမ္မတထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ ဆန့်ကျင်ကြောင်း ထုတ်ပြောဖို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးကော်မတီက တိုက်တွန်း လိုက်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ တရုတ်ကျောထောက်နောက်ခံပြု မြန်မာစစ်တပ်ဟာ နိုင်ငံတကာအသိုက်အဝန်းကို လှည့်ဖြားပြီး တရားဝင်မှုရရှိဖို့နဲ့ မြန်မာပြည်သူလူထုအပေါ်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ကျုးလွန်ခွင့်ရဖို့ ကြံစည် ပြင်ဆင်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အောက်လွှတ်တော်ရဲ့ မြန်မာ့အရေးအဖွဲ့ တွဲဖက်ဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ ရီပါ့ပလစ်ကန်လွှတ်တော်ကိုယ်စားလှယ် ဘီလ် ဟူဇင်ဂါနဲ့ ဒီမိုကရက်ကိုယ်စားလှယ် ဘက်တီ မက်ကိုလန်တို့ကလည်း ထရမ့်အစိုးရအနေနဲ့ ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သင့်ပြီး မြန်မာစစ်တပ်နဲ့ သူ့ကို ထောက်ခံပံ့ပိုးပေးနေသူတွေ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက်ချမှတ်သင့်တယ်လို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #အမေရိကန် #သမ္မတထရမ့် #အမေရိကန်လွှတ်တော် #TPS #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













