အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၆၀၀ ကျော် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၆၀၀ ကျော်ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ဒီအရေအတွက်ဟာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၄၀၀ ကျော်ထဲမှာ သေဆုံးခဲ့ကြရတာလို့ NUG ရဲ့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းတွေနဲ့ စစ်ရှောင်စခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးနယ်မြေက ကလေးငယ်တွေဟာ စိတ်ဒဏ်ရာပါ ရနေကြတယ်လို့မြေပြင်မှာ ရှိနေသူတွေက ပြန်ပြောပြကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













