• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၏ ငြိမ်းချမ်းရေးဆု ဒေါက်တာစင်သီယာမောင် ရရှိ

by ဇာနည်မာန်
29 November 2018
in Women & Gender
A A
ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့မှ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် / ကျော်ခ / ဧရာဝတီ

ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့မှ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် / ကျော်ခ / ဧရာဝတီ

6.6k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် နယ်စပ်အလွန်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မယ်တော်ဆေးခန်း၏ မီးရှူးတန်ဆောင်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တောက်ပထွန်းလင်းခဲ့သော မေတ္တာရှင် ဒေါက်တာ စင်သီယာမောင်သည် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပဋိပက္ခဒေသများမှ အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်မြှင့်တင်ရေး လုပ်ဆောင်သူများကို ဂုဏ်ပြုသော ယခုနှစ်အတွက် ပေးအပ်သည့် N-Peace Awards ငြိမ်းချမ်းရေးဆု ရရှိသူများတွင် ပါဝင်သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်သောကြေညာချက်အရ ဒေါက်တာစင်သီယာမောင်သည် အမျိုးသမီးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကင်းမဲ့သော ပဋိပက္ခဒေသတွင် မိခင်များအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးသော လုပ်ငန်းများကို အသိအမှတ်ပြုသောကြောင့် ဆုပေးအပ်ခြင်းဖြစ်ကြောင်း UNDP က ဖော်ပြထားသည်။

ဒေါက်တာ စင်သီယာမောင်သည် မြန်မာနိုင်ငံတွင် ၁၉၈၈ ဒီမိုကရေစီ အုံကြွမှု အပြီး နောက်ပိုင်းမှ စတင်ပြီး ထိုင်းနိုင်ငံ တက်ခ် ခရိုင် မဲဆောက်မြို့စွန်တွင် မယ်တော်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုဆေးခန်းတွင် နယ်စပ်သို့ရောက်လာကြသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားများကို စတင်ကုသရာမှ ကျောင်းသားဆေးခန်းဟု စတင်လူသိများလာပြီး နောက်ပိုင်းတွင် ရွှေ့ပြောင်းလုပ်သားများနှင့် မြန်မာနိုင်ငံမှ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသော တိုင်းရင်းသားများ၊ အထူးသဖြင့် ကရင်ပြည်နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည်။

“ထိခိုက်လွယ်သော သို့မဟုတ် ပဋိပက္ခ အခြေအနေများတွင် အရေးပေါ် မိခင်လောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသော စနစ်ဖေါ်ထုတ်သည့် သူ၏လုပ်ဆောင်မှုများအတွက် ဒေါက်တာ စင်သီယာမောင်ကို ဂုဏ်ပြုသည်။ အထူးသဖြင့် အမျိုးသမီးများသည် ကျန်းမာရေးဝန်ဆောင်မှု ကင်းမဲ့သောကြောင့် ထိခိုက်ရသောကြောင့် သူ၏ အရေးပါသော ဆောင်ရွက်ချက်များသည် သိန်းနှင့်ချီသော ပြည်သူများအတွက် မယုံကြည်နိုင်လောက်သည့် သက်ရောက်မှုများ ဖြစ်စေခဲ့သည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

ဒေါက်တာ စင်သီယာမောင်သည် အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နိပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာ အပါအဝင် ဒေသတွင်း နိုင်ငံများစွာမှ ယခုနှစ် ဆုများအတွက် အဆိုပြုခံရသူ ၅၆ ဦးအနက် တဦးဖြစ်သည်။

အွန်လိုင်းမှ မဲပေးရွေးချယ်မှုအရ ဆုရသူ ၁၀ ဦးကို ရွေးချယ်သည်။ အခြားဆုရရှိသူ ၉ ဦးတွင် အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နိပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ပါကစ္စတန်မှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည်။ ဆုရရှိသူများအားလုံးသည် ငြိမ်းချမ်းရေးတည်ဆောက်မှု သို့မဟုတ် အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကြမ်းဖက်မှု အဆုံးသတ်ရေး အားထုတ်သူများဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

N-Peace Award များကို အထူးသဖြင့် အာဖဂန်နစ္စတန်၊ မြန်မာ၊ အင်ဒိုနီးရှား၊ နိပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာတို့တွင် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပဋိပက္ခ ဖြေရှင်းရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအတွက် ၂၀၁၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

“ယခုနှစ်ဆုရသူများသည် ပဋိပက္ခအတွင်းနှင့် ပဋိပက္ခလွန် ကာလများအတွင်း လိင်တန်းတူမှု မညီမျှခြင်း အထူးသဖြင့် လိင် အကြမ်းဖက်မှုနှင့် တရားမျှတမှု၊ ဝန်ဆောင်မှု အကူအညီနှင့် သတင်းချက်အလက် ရရှိနိုင်မှုတို့နှင့် ပတ်သက်သော ရှုခင်းကို ပြောင်းလဲရာတွင် ၎င်းတို့၏ အားထုတ်မှုမှာ မှတ်သားဖွယ်ရာဖြစ်သည်ဟု UNDP ၏ ဒေသဆိုင်ရာနှင့် ဘန်ကောက် အခြေပြုလုပ်ငန်းများ ဒုတိယ အကြီးအကဲကပြောကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့ကြေညာချက်တွင် ကိုးကားဖေါ်ပြသည်။

နိမ့်ကျသော အခြေအနေမှ စတင်ခဲ့သော ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းသည် စေတနာ့ဝန်ထမ်း ၂၀၀ ခန့်အပါအဝင် ဝန်ထမ်း ၇၀၀ ဖြင့် အကြီးအကျယ် တိုးတက်ခဲ့ပြီး နေ့စဉ် လူနာပေါင်းများစွာကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်။ သူ၏ လူနာအများစုမှာ မြေမြှုပ်မိုင်း ထိသူများ၊ HIV ပိုးနှင့် ရှင်သန်နေရသူများ၊ မိခင်လောင်းများနှင့် အရေးပေါ် ကုသမှုလိုနေသော မိခင်များဖြစ်သည်။

ထိုဆေးခန်းသည် တနေ့လျှင် လူနာ ၄၂၀ ဦးကို ကုသနေပြီး တနှစ်လျှင် လူ တသိန်း တသောင်းကျော်ကို ကုသပေးနေသည်။ ထိုသူများအနက် ၁၀ ရာခိုင်နှုန်းမှာ အတွင်းလူနာများဖြစ်သည်ဟု ထိုဆေးခန်း၏ အင်တာနက် စာမျက်နှာအရ သိရသည်။ ထိုဆေးခန်းသည် နိုင်ငံတကာ အစိုးရများနှင့် ဖေါင်ဒေးရှင်းများမှ အကူအညီများ ရနေသော်လည်း ဆေးခန်းအတွက် အကူအညီအများစုမှာ တသီးပုဂ္ဂလ ပုဂ္ဂိုလ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ လာသည်။ သို့သော် မကြာသေးမီနှစ်များ အတွင်းကဆိုလျှင် ထိုဆေးခန်းသည် လိုအပ်သော ရန်ပုံငွေရရန်ပင် အခက်အခဲရှိခဲ့သည်ဟု ဆိုသည်။

ဒေါက်တာ စင်သီယာမောင်၏ လူသားချင်းစာနာမှု လုပ်ငန်းများသည် မာသာထရီဆာနှင့်ပင် ယှဉ်နှိုင်းပြောစရာ ဖြစ်ပြီး သူသည် ၂၀၀၂ ခုနှစ်အတွက် Ramon Magsaysay Awardဆု၊ ၂၀၀၈ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ Catalonia International Prize ဆု၊ ၂၀၁၃ ခုနှစ် Sydney Peace Prize ဆုနှင့် Roux Award ဆုတို့ကို ယခုနှစ် စက်တင်ဘာလတွင် ရရှိခဲ့သည်။

Your Thoughts …
Tags: N-PeaceUNDPငြိမ်းချမ်းရေးဆုဒေါက်တာစင်သီယာမောင်
ဇာနည်မာန်

ဇာနည်မာန်

ဧရာဝတီ

Similar Picks:

ဝန်ထမ်းလစာ ၃ သောင်း တိုးခြင်းကြောင့် ဂယက်ထ

ဝန်ထမ်းလစာ ၃ သောင်း တိုးခြင်းကြောင့် ဂယက်ထ

by ဧရာဝတီ
1 August 2024
6.3k

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ စစ်ကောင်စီသည် ထိုနောက်ထပ်ခွင့်ပြုငွေပေးရန် သြဂုတ်လမှ စတင်ပြီး လစဉ် ကျပ်ငွေ ၄၅၀ ဘီလီယံ သုံးစွဲရမည်ဟု သိရသည်။

ဖရဲသီးစစ်သားများက ဒီမိုကရေစီအင်အားစုများ အနိုင်ရရန် ကူညီနေ

ဖရဲသီးစစ်သားများက ဒီမိုကရေစီအင်အားစုများ အနိုင်ရရန် ကူညီနေ

by ဧရာဝတီ
23 December 2024
2.3k

စစ်တပ်သည် မြန်မာပိုင်နက်၏ ၄ ပုံ ၁ ပုံကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်တော့ကြောင်း BBC World Service ၏ စုံစမ်းလေ့လာမှုက ဖော်ပြနေသည်။

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

by ဇုန်းရိန်
3 November 2025
1.6k

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ပါဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများသည် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းအသုံးပြုလာကြောင်း သတင်းတွင် ဖတ်ရသည်။

လူငယ်မဲ့ မြန်မာနိုင်ငံ

လူငယ်မဲ့ မြန်မာနိုင်ငံ

by မျိုးပြည့်
23 August 2025
1.5k

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်သည့် ဖရိုဖရဲအခြေအနေသည် မြန်မာတွင် လူငယ်များ ဆုံးရှုံးစေသည်။

စစ်ခေါင်းဆောင်က ပညာသင်ဖို့ပြောသော်လည်း စာသင်ကျောင်းများ ဗုံးကြဲခံနေရ

စစ်ခေါင်းဆောင်က ပညာသင်ဖို့ပြောသော်လည်း စာသင်ကျောင်းများ ဗုံးကြဲခံနေရ

by ဧရာဝတီ
19 October 2025
215

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၂၄ နှစ်ကြား လူငယ် ငါးသန်းကျော်သည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပဋိပက္ခနှင့် စီပွားရေးအခက်အခဲများကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က အောက်တိုဘာလ ၆ ရက်တွင်...

မြန်မာ လူငယ် ၁၀ ဦးမှာ ၄ ဦးက ပြည်ပထွက်ချင်နေ (ရုပ်/သံ)

မြန်မာ လူငယ် ၁၀ ဦးမှာ ၄ ဦးက ပြည်ပထွက်ချင်နေ (ရုပ်/သံ)

by ဧရာဝတီ
14 August 2025
145

မြန်မာနိုင်ငံက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အကြား လူငယ် ၄၀ ရာခိုင်နှုန်းဟာ အခွင့်အရေး ရရင် တိုင်းပြည်က ထွက်ခွာပြီး ပြည်ပနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်လိုကြတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ “ဌာနေဝေးမျိုးဆက်သစ်” ဆိုတဲ့...

Next Post
ဒေါက်တာသက်ထွေးသည် Strong Flowers တွင် လိင်ပညာရေး သင်ကြားပေးနေသည်မှာ ၂၀၁၆ ခုနှစ် ကတည်းကပင် ဖြစ်သည် / Strong Flowers

လိင်ပညာပေး အတားအဆီးများကို ချိုးဖျက်သူ မွတ်စလင် အမျိုးသမီး ဆရာဝန်

ကမ္ဘာကျော် အဆိုတော် Taylor Swift

၂၀၁၈ ခုနှစ်အတွင်း Twitter မှာ "လွှမ်းမိုးနိုင်မှုအရှိဆုံး ပုဂ္ဂိုလ်" ဖြစ်လာတဲ့ Taylor Swift

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved