မြန်မာနိုင်ငံက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အကြား လူငယ် ၄၀ ရာခိုင်နှုန်းဟာ အခွင့်အရေး ရရင် တိုင်းပြည်က ထွက်ခွာပြီး ပြည်ပနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်လိုကြတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ “ဌာနေဝေးမျိုးဆက်သစ်” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ ကျဆင်းလာတဲ့ စီးပွားရေးအခြေအနေ၊ပြည်တွင်းစစ် နဲ့ စစ်မှုထမ်းဥပဒေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်ပြည်ပကို ထွက်ခွာ ချင်နေတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မတည်ငြိမ်မှု၊ ပဋိပက္ခတွေကြောင့် ရာနဲ့ချီတဲ့ လူငယ်တွေဟာ နေ့စဥ်နိုင်ငံထဲကနေတရားဝင်နည်းလမ်းနဲ့ရော၊ တရားမဝင်နည်းလမ်းနဲ့ပါ ထွက်ခွါဖို့ ကြိုးပမ်းနေကြတာပါ။ အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ လူငယ်အရေအတွက် ၃ သိန်းကနေ ၅ သိန်းအထိ ပြည်ပနိုင်ငံတွေကို ထွက်ခွါသွားကြပြီလို့လည်းအစီရင်ခံစာက ဖော်ပြပါတယ်။
#မြန်မာ #ဧရာဝတီ #လူငယ် #၁၈နှစ် #၃၅နှစ် #ပြည်ပ #UNDP #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













