• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖရဲသီးစစ်သားများက ဒီမိုကရေစီအင်အားစုများ အနိုင်ရရန် ကူညီနေ

by ဧရာဝတီ
23 December 2024
in ဆောင်းပါး
A A
ဖရဲသီးစစ်သားများက ဒီမိုကရေစီအင်အားစုများ အနိုင်ရရန် ကူညီနေ
2.3k
VIEWS
Share on FacebookShare on Twitter

တခါက ကြောက်စရာကောင်းသော မြန်မာစစ်တပ်သည် အတွင်းပိုင်းတွင် အက်ကွဲနေပြီး ဒီမိုကရေစီအင်အားစုအတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေနေသူ အများအပြား ရှိနေကြောင်း BBC က သိရသည်။

စစ်တပ်သည် မြန်မာပိုင်နက်၏ ၄ ပုံ ၁ ပုံကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်တော့ကြောင်း BBC World Service ၏ စုံစမ်းလေ့လာမှုက ဖော်ပြနေသည်။

စစ်ကောင်စီသည် အဓိက မြို့ကြီးများကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး “အလွန်အန္တရာယ်များဆဲ” ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက ပြောသည်။ သို့သော် စစ်ကောင်စီသည် လွန်ခဲ့သော ၁၂ လအတွင်း နယ်မြေ အကြီးအကျယ် ဆုံးရှုံးသည်။

စစ်သားသူလျှိုများကို အပြင်တွင် စိမ်းပြီး အတွင်းတွင်နီသော “ဖရဲသီးများ” ဟု ခေါ်ကြသည်။ ပြင်ပတွင် စစ်တပ်ကို သစ္စာခံသော်လည်း အနီရောင်သင်္ကေတဖြစ်သည့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေးအင်အားစုများအတွက် လျှို့ဝှက်စွာ အလုပ်လုပ်ပေးနေကြသည်။

စစ်သားသူလျှိုများကို အပြင်တွင် စိမ်းပြီး အတွင်းတွင်နီသော “ဖရဲသီးများ” ဟု ခေါ်ကြသည်။ ပြင်ပတွင် စစ်တပ်ကို သစ္စာခံသော်လည်း အနီရောင်သင်္ကေတဖြစ်သည့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေးအင်အားစုများအတွက် လျှို့ဝှက်စွာ အလုပ်လုပ်ပေးနေကြသည်။

သူ့ကို ဘက်ပြောင်းစေသည်မှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အခြေစိုက်သည့် ဗိုလ်မှူးတဦးက ပြောသည်။

“ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ အရပ်သားအလောင်းတွေ ကျနော် တွေ့တယ်။ ကျနော် မျက်ရည်ကျတယ်” ဟု ဗိုလ်မှူး ကျော် (အမည်လွှဲ) က ပြောသည်။ “ကိုယ့်ပြည်သူကို ကိုယ်ဘယ်လို ရက်စက်နိုင်ကြတာလဲ။ ကျနော်တို့က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပေမယ့် အခုကျတော့ ပြည်သူတွေကို သတ်နေတယ်။ ဒါဟာ စစ်တပ်တခု မဟုတ်တော့ဘူး။ အကြမ်းဖက်သမားအဖွဲ့တခုပဲ” ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင် ထိန်းချုပ်နယ်မြေများပြ မြေပုံ။ အစိမ်းရောင်-စစ်တပ်ထိန်းချုပ်နယ်မြေ။ အစိမ်းနုရောင် – နှစ်ဖက် အားပြိုင်နေသည့်နယ်မြေ။ အနီကြား-တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေ။ မီးခိုးရောင်-အချက်အလက်ရရန် ခက်ခဲသော သစ်တောဖုံးအုပ် နယ်မြေများ / BBC Research (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်အထိ လေ့လာချက်)

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကြောင့် အုံကြွမှုဖြစ်ပေါ်ပြီးနောက် လူ ၂ သောင်းကျော်ကို ဖမ်းဆီးထားပြီး ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရသည်ဟု ကုလသမဂ္ဂက ပြောသည်။

စစ်တပ်မှ ဘက်ပြောင်းရန် ဗိုလ်မှူး ကျော် ပထမတွင် စဉ်းစားသော်လည်း သူလျှိုလုပ်ခြင်းသည် “တော်လှန်ရေးကို အကောင်းဆုံး အကျိုးပြုခြင်း” ဖြစ်သည်ဟု ဇနီးသည်နှင့်အတူ ဆုံးဖြတ်လိုက်သည်။

လုံခြုံသည်ဟု သူယူဆသောအခါများတွင် စစ်သတင်းများကို အရပ်သားလက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ထံ ပေါက်ကြားအောင် လုပ်သည်။ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ရန် သို့မဟုတ် တိုက်ခိုက်ခံရခြင်းမှ ရှောင်ရှားရန် တော်လှန်ရေးအင်အားစုများက ထိုသတင်းများကို အသုံးပြုသည်။ ဗိုလ်မှူး ကျော်သည် PDF များ လက်နက်ဝယ်နိုင်ရန် သူ့လစာ၏ အချို့ကိုလည်း ထောက်ပံ့ပေးပို့သည်။

သူကဲ့သို့သော ဖရဲသီးများသည် တော်လှန်ရေးအင်အားစုများ ယခင်က မစဉ်းစားနိုင်လောက်သော အောင်မြင်မှုများ ရရှိအောင် ကူညီနေသည်။

ပဋိပက္ခ စတင်ပြီး လေးနှစ်နီးပါးကြာသောအခါ ယခုနှစ် နိုဝင်ဘာလလယ်အထိ ကျေးရွာအုပ်စု ၁၄,၀၀၀ ကျော်တွင် အာဏာချိန်ခွင်လျှာကို BBC သတင်းဌာနက အကဲဖြတ်ပြီး စစ်တပ်သည် မြန်မာပိုင်နက်၏ ၂၁ ရာခိုင်နှုန်းကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း တွေ့ရသည်။

ပဋိပက္ခ စတင်ပြီး လေးနှစ်နီးပါးကြာသောအခါ ယခုနှစ် နိုဝင်ဘာလလယ်အထိ ကျေးရွာအုပ်စု ၁၄,၀၀၀ ကျော်တွင် အာဏာချိန်ခွင်လျှာကို BBC သတင်းဌာနက အကဲဖြတ်ပြီး စစ်တပ်သည် မြန်မာပိုင်နက်၏ ၂၁ ရာခိုင်နှုန်းကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တော်လှန်ရေးအင်အားစုများသည် နိုင်ငံပိုင်နက်၏ ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း စုံစမ်းလေ့လာမှုက ဖော်ပြနေသည်။ ကျန်နေရာအများစုတွင် နှစ်ဖက် အားပြိုင်နေသည်။

ယခုအခါစစ်တပ်သည် ၁၉၆၂ ခုနှစ်တွင် ပထမအကြိမ် အာဏာသိမ်းပြီးနောက်ပိုင်း မည်သည့်အချိန်ထက်မဆို နယ်မြေထိန်းချုပ်မှု အနည်းဆုံးဖြစ်ကြောင်း အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခဒေသနှင့် ဖြစ်ရပ် အချက်အလက် စီမံကိန်း (Acled) အရ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် အရပ်သား ပြည်သူ့ကာကွယ်ရေးတပ်များ၏ ညှိနှိုင်းစစ်ဆင်ရေးများသည် စစ်တပ်ကို အခက်အခဲများ ဖြစ်စေသည်။

ယခုနှစ်အစောပိုင်းတွင် နယ်မြေအကြီးအကျယ် ဆုံးရှုံးပြီးနောက် သူ၏တပ်များသည် ဖိအားပေးခံနေရကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှားရှားပါးပါး ဝန်ခံသည်။

စစ်တပ်အတွင်းမှ ပေါက်ကြားလာသည့် ဖရဲသီး ထောက်လှမ်းရေးသတင်းများသည် ထိုသို့ ချိန်ခွင်လျှာ ပြောင်းစေရန် အထောက်အကူပြုသည်။ လွန်ခဲ့သော နှစ်နှစ်က တော်လှန်ရေးအင်အားစုသည် ကြီးထွားနေသော သူလျှိုကွန်ရက်ကို စီမံရန်နှင့် လူသစ်များကို စုဆောင်းရန် အထူးတပ်ဖွဲ့ ဖွဲ့ထားသည်။

ဦးဝင်းအောင် (အမည်လွှဲ) ကဲ့သို့သော သူလျှိုများသည် ဖရဲသီးသတင်းများကို စုဆောင်းပြီး အခွင့်သင့်သောအခါ အတည်ပြု၍ သက်ဆိုင်ရာဒေသများမှ တော်လှန်ရေးအင်အားစုများထံ ပေးပို့သည်။

သူသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုသို့ ဘက်ပြောင်းလာသည့် ထောက်လှမ်းရေးအရာရှိဟောင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ဖရဲသီးသစ်များကို အပတ်စဉ်ရနေပြီး လူသစ်စုဆောင်းရန် အင်တာနက် လူမှုကွန်ရက်မီဒီယာကို အဓိက အသုံးပြုကြောင်း ဦးဝင်းအောင်က ပြောသည်။

၎င်းတို့၏ သူလျှိုများတွင် အဆင့်နိမ့်စစ်သားများမှသည် အဆင့်မြင့်အရာရှိများအထိ ပါဝင်ကြောင်း၊ စစ်ကောင်စီအတွင်း “ဝန်ကြီးဌာနများမှသည် ကျေးရွာအကြီးအကဲများအထိ” ဖရဲသီးများ ရှိကြောင်းလည်း သိရသည်။

၎င်းတို့၏ သူလျှိုများတွင် အဆင့်နိမ့်စစ်သားများမှသည် အဆင့်မြင့်အရာရှိများအထိ ပါဝင်ကြောင်း၊ စစ်ကောင်စီအတွင်း “ဝန်ကြီးဌာနများမှသည် ကျေးရွာအကြီးအကဲများအထိ” ဖရဲသီးများ ရှိကြောင်းလည်း သိရသည်။

ဖရဲသီးကွန်ရက်ကို စီမံပေးသူ တဦးဖြစ်သည့် ထောက်လှမ်းရေးအရာရှိဟောင်း “ဦးဝင်းအောင်” (အမည်လွှဲ) / BBC

ထိုသူများသည် နှစ်ဖက်ချွန်များ မဖြစ်စေရေးအတွက် တင်းကျပ်သော စစ်ဆေးအတည်ပြုမှု ပြုလုပ်သည်ဟု ဆိုသည်။

သူလျှိုဖြစ်လာသည့် စေ့ဆော်မှုများသည်လည်း မတူညီကြပေ။ ဗိုလ်မှူး ကျော်သည် ဒေါသကြောင့် ဘက်ပြောင်းလာသော်လည်း ရေတပ်မှ တပ်ကြပ် မိုး ဆိုသူက သူ၏ ငယ်ရွယ်သော မိသားစု ဆက်လက် ရှင်သန်လိုသည့် ဆန္ဒကြောင့် ဘက်ပြောင်းလာခြင်း ဖြစ်သည်။

ထိုစဉ်က ကိုယ်ဝန်ဆောင်ထားရသော သူ့ဇနီးက စစ်တပ်သည် ရှုံးနိမ့်နေပြီး တိုက်ပွဲတွင် သူသေဆုံးနိုင်ကြောင်း ယုံကြည်သောကြောင့် ဘက်ပြောင်းရန် တွန်းအားပေးသည်။

ထို့နောက် သူသည် ဖရဲသီးတပ်ဖွဲ့သို့ လက်နက်အခြေအနေများနှင့် စစ်တပ်လှုပ်ရှားမှု သတင်းများ စတင်ပေါက်ကြားအောင် လုပ်ဆောင်သည်။

ထိုသို့သော ထောက်လှမ်းရေးသတင်းများသည် အရေးပါကြောင်း ဒီမိုကရေစီထောက်ခံသည့် တော်လှန်ရေးအဖွဲ့တဖွဲ့၏ ခေါင်းဆောင် ဒေဝက ပြောသည်။

သူ့တော်လှန်ရေးတပ်ဖွဲ့၏ အန္တိမရည်မှန်းချက်မှာ မြန်မာ၏ အကြီးဆုံးမြို့နှင့် သူ၏ဇာတိဖြစ်သော ရန်ကုန်ကို သိမ်းပိုက်ရန် ဖြစ်သည်။ သို့သော် ၎င်းတို့သည် ရှည်လျားသောခရီးကို ဆက်ရဦးမည်ဖြစ်သည်။

အရေးပါသော အခြေခံအဆောက်အဦနှင့် ဝင်ငွေရရှိနေသည့် အဓိက မြို့ပြဒေသအများစုကို စစ်တပ်က ထိန်းချုပ်ထားသည်။

“ရန်ကုန်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ဆိုတာ ပြောရလွယ်ပြီး လုပ်ရခက်တယ်။ ရန်သူက ဒီမြို့ကို လွယ်လွယ် လက်လျှော့မှာ မဟုတ်ဘူး” ဟု ဒေဝက ပြောသည်။

မြို့ကို မထိုးဖောက်နိုင်သောကြောင့် ဒေဝသည် ဖရဲသီးသတင်းကို သုံးပြီး ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်ရန် ရန်ကုန်မှ မြေအောက် ကလာပ်စည်းများကို တောတွင်းရှိ သူ၏စခန်းမှတဆင့် ညွှန်ကြားနေသည်။

မြို့ကို မထိုးဖောက်နိုင်သောကြောင့် ဒေဝသည် ဖရဲသီးသတင်းကို သုံးပြီး ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်ရန် ရန်ကုန်မှ မြေအောက် ကလာပ်စည်းများကို တောတွင်းရှိ သူ၏စခန်းမှတဆင့် ညွှန်ကြားနေသည်။

သြဂုတ်လအတွင်း သူ ထိုသို့ ညွှန်ကြားမှုတခု လုပ်သည်ကို စာရေးသူတို့ တွေ့ရသည်။ အသေးစိတ်များကို မပြောသော်လည်း ထိုတိုက်ခိုက်မှုသည် ဗိုလ်မှူးကြီးတဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

“အဲဒီကိစ္စကို ရန်သူရဲ့ လုံခြုံရေးစည်းထဲမှာ လုပ်ရမှာ။ ဂရုစိုက်ကြ။ ရန်သူက နေရာတိုင်းမှာ ရှုံးနေတယ်” ဟု မြေအောက် ကလာပ်စည်းသို့ ဒေဝက ပြောသည်။ စစ်တပ်သည် စိမ့်ဝင်ထိုးဖောက်သူများနှင့် သူလျှိုများကို အထူး သတိထားနေမည့်သဘောရှိကြောင်း သူကရှင်းပြသည်။

သူ့တပ်ဖွဲ့၏ အဓိက တိုက်ခိုက်မှုများသည် သတင်းရရှိမှုကြောင့်ဖြစ်ကြောင်း ဒေဝက ပြောသည်။ “ကျနော်တို့မှာ ဘာမှမရှိဘဲ စတင်ခဲ့ပြီး အခု ကျနော်တို့ အောင်မြင်မှုကို မြင်နိုင်ပါတယ်” ဟု ဒေဝက ပြောသည်။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းအတွက် တန်ဖိုး ပေးဆပ်ရမှုရှိသည်။ ဖရဲသီးများသည် နှစ်ဖက်လုံးကို ကြောက်လန့်နေရကြောင်း ရေတပ် တပ်ကြပ်မှ သူလျှိုဖြစ်လာသူ မိုးက ပြောသည်။

ရန်ကုန်တွင် တာဝန်ကျရာမှ တော်လှန်ရေး တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းခံရပြီးနောက် သူပေးသည့် ထောက်လှမ်းရေးသတင်းကြောင့် သူကိုယ်တိုင်လည်း တိုက်ခိုက်ခံရနိုင်သဖြင့် အကြောက်တရားနှင့် နေရကြောင်း ၎င်းကပြောသည်။

ယခုနှစ် မတ်လတွင် သူပါဝင်သည့် ကျောက်ဆူးချထားသော သင်္ဘော ဒုံးကျည်ဖြင့် ပစ်ခတ်ခံရသည်။ “ပြေးစရာနေရာ မရှိဘူး။ လှောင်အိမ်ထဲက ကြွက်တွေလို ဖြစ်နေတာ” ဟု တပ်ကြပ် မိုးက ပြောသည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်သား ခုနစ်ဦး သေဆုံးသည်။

“သူလျှိုတွေကို ကာကွယ်ပေးနိုင်ဖို့ ကျနော်တို့စွမ်းရည်က အရမ်း အကန့်အသတ်များတယ်။ သူတို့ဟာ ဖရဲသီးတွေလို့ လူသိရှင်ကြား ကျနော်တို့ ကြေညာလို့ မရဘူး။ စစ်ယာဉ်တန်းတွေကို မတိုက်ဖို့ ကျနော်တို့ တပ်တွေကို ရပ်အောင် မလုပ်နိုင်ဘူး”

“သူလျှိုတွေကို ကာကွယ်ပေးနိုင်ဖို့ ကျနော်တို့စွမ်းရည်က အရမ်း အကန့်အသတ်များတယ်” ဟု ဦးဝင်းအောင်က ဝန်ခံသည်။ “သူတို့ဟာ ဖရဲသီးတွေလို့ လူသိရှင်ကြား ကျနော်တို့ ကြေညာလို့ မရဘူး။ စစ်ယာဉ်တန်းတွေကို မတိုက်ဖို့ ကျနော်တို့ တပ်တွေကို ရပ်အောင် မလုပ်နိုင်ဘူး” ဟု ဆက်ပြောသည်။

မြန်မာပြည်တွင် ထိန်းချုပ်နယ်မြေများ ရာခိုင်နှုန်း။ အစိမ်းရောင်-စစ်တပ်ထိန်းချုပ်နယ်မြေ။ အစိမ်းနုရောင်-နှစ်ဖက် အားပြိုင်နေသည့်နယ်မြေ။ အနီကြား-တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေ။ မီးခိုးရောင်-အချက်အလက်ရရန် ခက်ခဲသော သစ်တောဖုံးအုပ် နယ်မြေများ / BBC Research (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ လေ့လာချက်)

ထိုအချက်ကို ဖရဲသီးများအား ရှင်းပြသောအခါ ၎င်းတို့သည် တွန့်ဆုတ်ခြင်း မရှိကြောင်း၊ အချို့ ဖရဲသီးများက “အဲဒီလိုအချိန်ရောက်လာရင် မတွေဝေနဲ့၊ ပစ်သာပစ်” ဟုပင်ပြောကြောင်း ဦးဝင်းအောင်က ပြောသည်။

သို့သော် သူလျှိုများအတွက် အန္တရာယ်မရှိတော့သည့် အချိန်များလည်း ရှိသည်။

တပ်ကြပ် မိုးကို အခြား အန္တရာယ်များသည့် ရှေ့တန်းသို့ စေလွှတ်သောအခါ သူ့ကို တော်လှန်ရေး ထိန်းချုပ်ဒေသသို့ ခိုးထုတ်ရန် ဖရဲသီးတပ်ဖွဲ့ကို အကြောင်းကြားလိုက်သည်။ ထိုသို့ ခိုးထုတ်ရန်အတွက် ၎င်းတို့သည် ဘုန်းကြီးကျောင်းများနှင့် လုံခြုံသောအိမ်များ၏ မြေအောက်ကွန်ရက်တခုကို အသုံးပြုကြသည်။

ညနက်ချိန်တွင် သူထွက်ခွာလာခဲ့သည်။ နောက်တနေ့ နံနက်တွင် တာဝန်ထမ်းဆောင်ရန် သူရောက်မလာသောအခါ စစ်သားများက သူ့အိမ်ကို လာရောက်ဝိုင်းသည်။ စစ်သားများက သူ့ဇနီး မချိုကို စစ်မေးသော်လည်း သူ့ဇနီးက မည်သည့်အကြောင်းကိုမှ မပြောပေ။

ထိုသို့ထွက်ပြေးလာပြီး ရက်အတန်ကြာသောအခါ ဒေဝ၏ စခန်းတခုသို့ တပ်ကြပ် မိုး ရောက်လာသည်။ ဒေဝက သူ့ကိုကျေးဇူးတင်ကြောင်း ဗီဒီယိုဖုန်းဖြင့် ပြောပြီး ယခုမည်သည့်အခန်းကဏ္ဍမှ ပါဝင်လိုသလဲဟု မေးသည်။ သူ၏ ငယ်ရွယ်သော မိသားစုကြောင့် ထိုးစစ်မဟုတ်သည့် တာဝန်သာ ယူချင်ကြောင်းနှင့် သူ၏ စစ်သင်တန်းအသိများကို မျှဝေမည်ဖြစ်ကြောင်း တပ်ကြပ် မိုးက ပြောသည်။

ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ တပ်ကြပ် မိုး ထိုင်းနိုင်ငံသို့ ရောက်သည်။ မချိုနှင့် ကလေးများလည်း အိမ်မှထွက်လာပြီး နောက်ဆုံးတွင် သူနှင့်ပြန်လည်ပေါင်းစည်းကာ ထိုင်းနိုင်ငံတွင် ဘဝသစ် စတင်ရန် မျှော်လင့်နေသည်။

စစ်တပ်သည် ဆုံးရှုံးသွားသော ပိုင်နက်များကို ပြန်လည်ရယူရန် အပြင်းအထန် ကြိုးစားပြီး အသေအကျေ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သည်။ တရုတ်နှင့် ရုရှားလုပ် ဂျက်တိုက်လေယာဉ်များဖြင့် စစ်တပ်သည် လေထဲတွင်သာ အသာစီးရတော့သည်။ တော်လှန်ရေးအင်အားစုသည် တစုတစည်းတည်း မဟုတ်ကြောင်း သိသောကြောင့် စစ်တပ်က ၎င်းတို့အကြား သဘောထားကွဲလွဲမှုများကို အသုံးချရန် ကြိုးစားသည်။

“စစ်ကောင်စီက ရှုံးလေလေ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု တိုးလာလေလေပဲ။ ပိုမိုဆိုးရွားလာတယ်။ သူတို့ နယ်မြေနဲ့ စစ်ရေးရှုံးရင် အသက်ဆုံးရှုံးမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်တယ်” ဟု ကုလသမဂ္ဂ အထူးအစီရင်ခံစာတွင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးစ်က ပြောသည်။

စစ်တပ်ကလည်း ဖရဲသီးများ ရှင်းလင်းရေး လုပ်ဆောင်နေသည်။

“အဲဒီလို ရှင်းလင်းရေးလုပ်တာကို ကျနော်ကြားတော့ ခဏရပ်ထားရတယ်” ဟု ဗိုလ်မှူး ကျော်က ပြောသည်။ မလိုလားအပ်သည့် အာရုံစိုက်ခြင်း မခံရစေရန် စစ်တပ်ကို အမာခံထောက်ခံသူအဖြစ်သာ ပြုမူဆောင်ရွက်ကြောင်း ပြောသည်။

သူထိတ်လန့်နေပြီး မည်မျှကြာကြာ ဖုံးကွယ်နေနိုင်မည်ကို မသိပေ။ အသက်အရွယ်ကြီးရင့်သော မိဘများအား စွန့်လွှတ်ရမည်ကို စိုးရိမ်သောကြောင့် ဘက်ပြောင်းခြင်းသည် သူ့အတွက် ရွေးချယ်စရာ မဟုတ်ဘဲ စစ်သူလျှိုအဖြစ်သာ ဆက်လက်နေပြီး တော်လှန်ရေး ပြီးဆုံးမည့်နေ့ကိုသာ မျှော်လင့်နေသည်။

သို့သော် သူထိတ်လန့်နေပြီး မည်မျှကြာကြာ ဖုံးကွယ်နေနိုင်မည်ကို မသိပေ။ အသက်အရွယ်ကြီးရင့်သော မိဘများအား စွန့်လွှတ်ရမည်ကို စိုးရိမ်သောကြောင့် ဘက်ပြောင်းခြင်းသည် သူ့အတွက် ရွေးချယ်စရာ မဟုတ်ဘဲ စစ်သူလျှိုအဖြစ်သာ ဆက်လက်နေပြီး တော်လှန်ရေး ပြီးဆုံးမည့်နေ့ကိုသာ မျှော်လင့်နေသည်။

ဖရဲသီး သတင်းပေးချက်များအရ စစ်တပ်ကို တိုက်ခိုက်ရန် အစီအစဉ်ဆွဲနေသည့် ဒေဝ / BBC

ထိုသို့သောနေ့ကို ရောက်သောအခါ ဗိုလ်မှူး ကျော်နှင့် တပ်ကြပ် မိုးကဲ့သို့ ဖရဲသီးများကို မေ့ထားမည်မဟုတ်ကြောင်း ဦးဝင်းအောင်က ကတိပြုသည်။

“သူတို့ကို ဂုဏ်ပြုပြီး သူတို့ဘဝမှာ သူတို့ ဆက်လုပ်ချင်တာကို ရွေးချယ်ခွင့်ပေးမယ်” ဟု ၎င်းက ပြောသည်။

ဆက်သွယ်မေးမြန်းရန် BBC ၏တောင်းဆိုမှုကို စစ်တပ်က မတုံ့ပြန်ပေ။

အချက်အလက်များနှင့်ပတ်သက်၍

-BBC က တာဝန်ပေးအပ်ထားသည့် သုတေသီများသည် စစ်တပ်ထိန်းချုပ်မှုအဆင့်ကို အကဲဖြတ်ရန်အတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ကျေးရွာအုပ်စု ၁၄,၀၀၀ ကျော်မှ တခုစီရှိ သတင်းရင်းမြစ်အမျိုးမျိုးကို မေးခွန်းများမေးသည်။

-ကျေးရွာအုပ်စုအမည်များနှင့် နယ်နိမိတ်များကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (MIMU) ထံမှ ရယူသည်။

-ကိစ္စတိုင်းတွင် သုတေသနအဖွဲ့များသည် ပညာရှင်များ၊ ပရဟိတလုပ်သားများ၊ သတင်းသမားများနှင့် ဒေသခံများ စသည့် စစ်တပ် သို့မဟုတ် အတိုက်အခံနှင့် တရားဝင် ပတ်သက်မှု မရှိသည့် သတင်းရင်းမြစ်အနည်းဆုံး တခုကို မေးမြန်းသည်။

-ကျေးရွာအုပ်စုတခုအတွက် ကွဲလွဲသော အချက်အလက်များကို သတင်းရင်းမြစ်များက ပေးသောအခါ မည်သည့်ဘက်နှင့်မှ မပတ်သက်သည့် ရင်းမြစ်ကို ဦးစားပေးပြီး မီဒီယာသတင်းနှင့် ပြန်လည် ချိန်ညှိသည်။

ထိုတုံ့ပြန်ဖြေကြားမှုများကို ထိန်းချုပ်မှု အမျိုးအစား သုံးမျိုးခွဲသည်။

စစ်တပ်ထိန်းချုပ်နယ်မြေ။ ။ စစ်တပ်တည်ရှိ လှုပ်ရှားသောဒေသ ဖြစ်သည်။ စစ်တပ်က ဒေသအုပ်ချုပ်ရေးကို လည်ပတ်မှု သို့မဟုတ် အများပြည်သူဝန်ဆောင်မှု အချို့ပေးပြီး ထိုလုပ်ငန်းများ သာမန်အတိုင်း လည်ပတ်နေသည်။

အားပြိုင်နေသောနယ်မြေ။ ။ ထိုဒေသတွင် စစ်တပ်ရှိသော်လည်း ထိရောက်သော ထိန်းချုပ်မှု အကန့်အသတ် ရှိသည်။ ထိုနေရာများတွင် အထွေထွေအုပ်ချုပ်ရေးနှင့် အများပြည်သူ ဝန်ဆောင်မှုများသည် အပြည့်အဝ မလည်ပတ်တော့သည့်နေရာ သို့မဟုတ် စစ်တပ်သည် ဒေသဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ခွဲဝေအုပ်ချုပ်ရသည့် နေရာများ ဖြစ်သည်။ ထိုနေရာများတွင် အတိုက်အခံအင်အားစုများသည် ဝင်ထွက်နိုင်ပြီး တဖက်နှင့်တဖက် တိုက်ပွဲငယ်များ ဖြစ်နေသည်။

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတပ်များ ထိန်းချုပ်နယ်မြေ။ ။ အများအားဖြင့် စစ်တပ်မရှိဘဲ မြေပြင်စစ်ဆင်ရေး မလုပ်နိုင်သည်မှာ သုံးလနှင့်အထက်ကြာသော နေရာများဖြစ်သည်။ အရပ်ဘက် ဝန်ဆောင်မှုများကို တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတပ်မတော်များ သို့မဟုတ် အရပ်သားအစိုးရတရပ်က ပေးပြီး ထိုသို့လုပ်ခြင်းကို တော်လှန်ရေးတပ်များက ထောက်ကူမှု ရှိနိုင်သည်။

နိုင်ငံ၏ အချို့အစိတ်အပိုင်းများသည် သစ်တောများဖြစ်ပြီး ကျေးရွာအုပ်စုအဖြစ် မယူဆပေ။ ထိုသစ်တောများတွင် မတူညီသည့် စီမံအုပ်ချုပ်ရေးစနစ်များရှိပြီး အဓိကအားဖြင့် သယံဇာတ ထုတ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်သည်။ BBC သည် တိကျရှင်းလင်းစွာ ဖွင့်ဆိုထားသည့် အုပ်ချုပ်ရေးစနစ်ရှိသော ဒေသများကို အာရုံစိုက်လေ့လာရန် ရွေးချယ်ခဲ့သည်။

(BBC ပါ Rebecca Henschke, ကိုကိုအောင်၊ Jack Aung နှင့် Data Journalism Team တို့၏ Soldier-spies in Myanmar help pro-democracy rebels make crucial gains ကို ဘာသာပြန်သည်။ ဤဆောင်းပါးကို Becky Dale, Muskeen Liddar, Phil Leake, Callum Thomson, Pilar Tomas, Charlotte Attwood နှင့် Kelvin Brown တို့က ကူညီသည်။ နည်းစနစ်ပိုင်းကို လန်ဒန် ကွင်းမေရီတက္ကသိုလ်မှ ပါမောက္ခ လီ ဂျုန်းစ်က အကူအညီပေးသည်။)

You may also like these stories:

ဖရဲသီးစစ်တပ်နဲ့ စိုးရိမ်ရေမှတ် (ရုပ်/သံ)

ဖရဲသီးလို လူစား အများကြီး

မမေ့သင့်သည့် ဖရဲသီးနှင့် Non-CDM များ

“တပ်ကစစ်ပန်းနေပြီ၊ တပ်ထဲမှာရှိနေတဲ့ ဖရဲသီးတွေကလည်း အရေးကြီးတယ်” (ရုပ်/သံ)

ဖရဲသီး

ဖရဲသီး

Your Thoughts …
Tags: MIMUPDFUNDPကုလသမဂ္ဂစစ်ကောင်စီစစ်အာဏာသိမ်းမှုညှိနှိုင်းစစ်ဆင်ရေးတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနယ်မြေထိန်းချုပ်မှုပြည်သူ့ကာကွယ်ရေးတပ်ဖရဲသီးဘက်ပြောင်းမှုလေကြောင်းတိုက်ခိုက်မှုသူလျှိုအကြမ်းဖက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှု ဗြိတိန်တွင် မြင့်တက်လာ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှု ဗြိတိန်တွင် မြင့်တက်လာ

ပြည်တွင်းစစ်အတွင်း “သောသီတောအူး” ဌာနေလူမျိုးစုများဥယျာဉ်သစ် ဖွင့်လှစ်

ပြည်တွင်းစစ်အတွင်း "သောသီတောအူး" ဌာနေလူမျိုးစုများဥယျာဉ်သစ် ဖွင့်လှစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved