• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မမေ့သင့်သည့် ဖရဲသီးနှင့် Non-CDM များ

by အဲဟိန်း
14 May 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ရန်ကုန်မီးရထားဝန်ထမ်းများ  / ဧရာဝတီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ရန်ကုန်မီးရထားဝန်ထမ်းများ / ဧရာဝတီ

19.3k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာသိမ်း စစ်ကောင်စီ အတွင်းစည်းမှ ပေါက်ကြားလာနေသော လျှို့ဝှက် ညွှန်ကြားချက်၊ သတင်းအချက်အလက်များအတွက် ဖရဲသီးနှင့် Non-CDM များ၏ ပါဝင်ကူညီမှုကို လျစ်လျူမရှုသင့်ပါ။

ဖရဲသီးဆိုသည်မှာ ကာလဗန်းစကားဖြစ်ပြီး အပြင်က ‘စိမ်း’ သော်လည်း အတွင်းက ‘နီ’ သည်ဆိုသည်ကို သိကြပြီး ဖြစ်ပါသည်။ အစိမ်းသည် စစ်တပ်နှင့် ၎င်းတို့၏ မိတ်ဖက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ကိုယ်စားပြုပြီး အနီသည် ဒီမိုကရေစီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပါသည်။ ယင်းတို့ထဲတွင် ဘယ်ဘက်ကိုမျှ မပါဘဲ အာဏာသိမ်းမှုကို ဆန့်ကျင်သူများလည်း ရှိကြပါသည်။

ဖရဲသီးနှင့် Non-CDM တချို့တို့ စစ်ကောင်စီနှင့် အနှောင်အဖွဲ့ ဖြစ်နေရခြင်း၊ ရုန်းထွက်ရန် ခက်ခဲခြင်းမှာ အခြေအနေ ရှုပ်ထွေးပါသည်။

ဖရဲသီးနှင့် Non-CDM တချို့တို့ စစ်ကောင်စီနှင့် အနှောင်အဖွဲ့ ဖြစ်နေရခြင်း၊ ရုန်းထွက်ရန် ခက်ခဲခြင်းမှာ အခြေအနေ ရှုပ်ထွေးပါသည်။

အလွယ်ဆုံး ဥပမာ ပေးရလျှင် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ချင်သည့်တိုင် မိသားစုမှာ စစ်တပ်လိုင်းခန်းအတွင်း ရှိနေခြင်း၊ ဆွေမျိုးသားချင်းများ ထိခိုက်မည်စိုးရိမ်ခြင်း စသည်များ ဖြစ်သည်။

Non-CDM များတွင်လည်း အလားတူပင် ဖြစ်သည်။ အာဏာသိမ်းမှုအစတွင် CDM လုပ်ခဲ့သော်လည်း လအတန်ကြာတွင် စစ်ကောင်စီလက်အောက် အလုပ်ပြန်ဝင်သူများလည်း ရှိခဲ့သည်။

အဓိက ပြဿနာမှာ CDM လုပ်လိုက်သဖြင့် စားဝတ်နေရေး ခက်ခဲခြင်း၊ ဆရာဝန်များမှသည် ကျောင်းဆရာမှအထိ ပုဂ္ဂလိက အလုပ်များတွင် အလုပ်မခန့်ရန် စစ်ကောင်စီက ဖိအားပေးခြင်း၊ မိဘ ဆွေမျိုးသားချင်းများကို ဒုက္ခပေးမည်ကို စိုးရိမ်ခြင်း၊ ဇနီးကို ဖမ်းဆီးရန် မတွေ့ပါက ခင်ပွန်းကို ဖမ်း၊ ခင်ပွန်းကို ဖမ်းရန် မတွေ့ပါက ဇနီး သာမက ယောက္ခမနှင့် လူမမယ်အရွယ် ကလေးများကိုပါ ဖမ်းဆီး ချုပ်နှောင်သည်ကို ကိုယ်တွေ့ဖြစ်ပါသည်။

သို့နှင့်ပင် ဖရဲသီးများ ဖြစ်လာကြရပြီး အန္တရာယ်လည်း များသည့် အခြေအနေ ဖြစ်ပါသည်။

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ စစ်ရေး ခရီးစဉ်မှသည် စစ်ကောင်စီ ဌာနတွင်း ‘လျှို့ဝှက်’ ညွှန်ကြားစာများ ပေါက်ကြားနေခြင်းမှာ ဖရဲသီးများနှင့် Non-CDM အချို့၏ တော်လှန်ရေး ကူညီစောင်မမှု ဖြစ်သည်မှာ သံသယရှိစရာ မလိုပါ။

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ စစ်ရေး ခရီးစဉ်မှသည် စစ်ကောင်စီ ဌာနတွင်း ‘လျှို့ဝှက်’ ညွှန်ကြားစာများ ပေါက်ကြားနေခြင်းမှာ ဖရဲသီးများနှင့် Non-CDM အချို့၏ တော်လှန်ရေး ကူညီစောင်မမှု ဖြစ်သည်မှာ သံသယရှိစရာ မလိုပါ။

ဒေသခံ ခုခံတော်လှန်ရေး တပ်ဖွဲ့ PDF များက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြားဖြတ် တိုက်ခိုက်နိုင်မှုများ၏ နောက်ကွယ်တွင်လည်း တပ်တွင်းသတင်းပေးမှုများ ရှိသောကြောင့်ဟု ယူဆနိုင်ပါသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
410
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k

ယင်းသို့ တပ်တွင်း သတင်းပေါက်ကြားမှုများမှာ အသစ်အဆန်း မဟုတ်ပါ။ ရွှေဝါရောင် တော်လှန်ရေး ကာလ၊ အင်တာနက် ဘလော့ဂ် ခေတ်စားချိန်တွင်လည်း စစ်တပ်၏ လေတပ်မှ အသေးစိတ်သတင်းပေါက်ကြားမှုများ ရှိခဲ့ဖူးပါသည်။ အရေးယူခံရသည့် အရာရှိများလည်း ရှိခဲ့ဖူးသည်။

၂၀၂၁ မတ်၊ ဧပြီလအတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေးကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်း (ဓာတ်ပုံ-MFM/Facebook)

တိုက်ခိုက်ရေးတပ်ဟု ဂုဏ်ယူကြသော တပ်မ (၇၇) ကဲ့သို့သော တပ်များတွင်ပင် စိတ်ဓာတ်ပျက်ပြားကာ ထွက်ပြေးသူများစွာ ရှိပါသည်။ ထွက်ပြေးလွတ်မြောက်သွားပြီး ခုခံရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ပြန်တိုက်နေသည့် တပ်မ (၇၇) မှ တပ်သားတဦး ပြောကြားချက်အရဆိုလျှင် သူသည် ပထမတကြိမ် တပ်ပြေးစဉ်က ပြန်လည်ဖမ်းမိသော်လည်း စစ်ခုံရုံး အတင်မခံရ၊ စစ်အချုပ်ထောင် မရောက်ရသည်မှာ တပ်လူအင်အား နည်းသောကြောင့်ဖြစ်ပြီး နောက်တကြိမ် ကင်းအစောင့် ကျချိန်တွင် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ပြောပါသည်။

တကြိမ်တွင် ပရဟိတ ကူညီရေးအဖြစ် စစ်ဆေးရုံတရုံ (အမည် မဖော်ပြလိုပါ) သို့ သွားရောက်ခဲ့ရပါသည်။ ကျနော်တို့သည် တဖက်တွင် ပိုးလိုးပက်လက် ဖြစ်နေသော ကိုဗစ်နိုင်တင်း ကူးစက်သူများဘက်သို့ မသွားရဟုဆိုသဖြင့် ကားရပ်ရန်လုပ်ထားသည့် အမိုးကလေးအောက်တွင် ဝင်ထိုင်နေကြပါသည်။

ဆေးရုံ ခွဲစိတ်ခန်းဝတ်စုံ ဝတ်ထားသည့် စစ်တပ် ဆေးဆရာဝန်က ထိုနားတွင် ဆေးလိပ် လာသောက်ပါသည်။ ကျနော်တို့ တဦးနှင့်တဦး မသိကြပါ။ သို့သော် ထိုစစ်တပ် ဆေးဆရာဝန် (ဗိုလ်ကြီး သို့မဟုတ် ဗိုလ်မှူး ဖြစ်မည်ထင်ပါသည်) က “ထွက်စာတင်ထားတာ ခုထိလည်း ထွက်မရဘူး၊ စိတ်ညစ်တယ်” ဟု ငြီးတွားပါသည်။ အပစ်အခတ် အဖမ်းအဆီးများ များသောကြောင့် သူ့စကားကို ကျနော်နှင့်အတူ ပါလာသူ သုံးဦးစလုံး စကား မထောက်ရဲပါ။ စစ်ဆေးရုံအထဲမှာရော အပြင်မှာပါ သေနတ်များနှင့် စစ်သားများ ရှိနေပါသည်။

လွတ်မြောက်ရာသို့ ထွက်ပြေးရန် ခက်ခဲသူ၊ မိအိုဖအိုကဲ့သို့သော စောင့်ရှောက်ရန် ရှိနေသူ၊ ဆွေမျိုးသားချင်းများထဲတွင် မိမိကြောင့် ဒုက္ခရောက်နိုင်သူများ ရှိနေသူ စသည်ဖြင့် မချစ်သော်လည်း အောင့်ကာနမ်းပြီးလျှင် စစ်ကောင်စီထံမှ လခရလည်း အမြတ်ဟု ပြန်လုပ်နေရသူများကိုလည်း မေးမြန်းသိရှိရပါသည်။

Non-CDM အဖြစ် အလုပ်ပြန်လည် ဝင်ရောက်သူ အချို့ကိုလည်း ပြစ်တင် ဝေဖန်ကြသူများကို တွေ့ရပါသည်။ လွတ်မြောက်ရာသို့ ထွက်ပြေးရန် ခက်ခဲသူ၊ မိအိုဖအိုကဲ့သို့သော စောင့်ရှောက်ရန် ရှိနေသူ၊ ဆွေမျိုးသားချင်းများထဲတွင် မိမိကြောင့် ဒုက္ခရောက်နိုင်သူများ ရှိနေသူ စသည်ဖြင့် မချစ်သော်လည်း အောင့်ကာနမ်းပြီးလျှင် စစ်ကောင်စီထံမှ လခရလည်း အမြတ်ဟု ပြန်လုပ်နေရသူများကိုလည်း မေးမြန်းသိရှိရပါသည်။ အတွင်းစည်းမှ ရုံးစာများကို တဖက်လှည့်ဖြင့် အပြင် ထုတ်ကြပါသည်။

မင်းအောင်လှိုင်၏ စစ်ကောင်စီ လက်အောက်တွင် အလုပ်မလုပ်လိုသော်လည်း ထောက်ထားငဲ့ညှာရမည့် အကြောင်းများကြောင့် ဖရဲသီးနှင့် Non-CDM တချို့ ရှိနေကြသည်ကို အထက်ဖော်ပြပါ အကြောင်းများကို ထောက်လျှင် သိနိုင်ပါသည်။

ပြင်ပမှ လှုပ်ရှားနေသည့် အဖွဲ့အစည်းများသည်လည်း ယင်းအချက်ကို မသိမဟုတ်၊ သိရှိကြပါသည်။ ဆက်စပ်လှုပ်ရှားနေကြောင်း သိရသော်လည်း အသေးစိတ် ပြောကြားရန် အချိန်မတန်သေးပါ။ အချို့အဆင့်မှာ ပညာသည် တပ်ရင်းများမှ အရာရှိများအပါအဝင် အရေးကြီးဌာနမှ ဗိုလ်မှူးကြီးများပင် ပါဝင်သည်ဟု သိရှိထားပါသည်။

အချုပ်အားဖြင့် ဖရဲသီးဆိုတာ ဘာတွေလဲ၊ Non-CDM တွေကို မဝေဖန်တော့ဘူးလားဟု ပြောနေကြသူများ အနေဖြင့် စစ်ကောင်စီ သေနတ်မိုးထားသည့် ရှုပ်ထွေးလှသော အခြေအနေတွင် အများစုမှာ ပျော်မနေဟူသော အချက် ဖြစ်ပါသည်။

You may also like these stories:

အာဏာသိမ်း စစ်ခေါင်းဆောင် အရူးမီးဝိုင်း ဖြစ်တော့မည်

တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ

စစ်အုပ်စုအတွင်း အက်ကြောင်းများ ပေါ်လာနေသည်

မန္တလေး ပုဂ္ဂလိကဆေးခန်းများမှ ဆရာဝန်၊ လူနာ အချက်အလက်များ စစ်ကောင်စီ တောင်းယူ

CDM လှုပ်ရှားမှုများကြောင့် မီးရထားပြေးဆွဲမှု ပုံမှန်မလည်ပတ်နိုင်

Your Thoughts …
Tags: NLDNon CDMPDFUSDPကိုဗစ်နိုင်တင်းစစ်ကောင်စီတပ်မ ၇၇ဖရဲသီးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အဲဟိန်း

အဲဟိန်း

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့်  ပိုပို အင်းစိန်ထောင်ထဲ ရောက်ရှိနေတာ အချိန် တနှစ်ကျော် ကြာသွားပါပြီ

လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ရဲတိုက်

ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved