• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ

by ဧရာဝတီ
12 April 2022
in ဆောင်းပါး
A A
ဧပြီ ၇ရက်က ရှမ်းပြည်တောင်ပိုင်း တောင်ကြီး တပ်နယ်သို့ သွားရောက်ခဲ့သည့် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း / CINCDS

ဧပြီ ၇ရက်က ရှမ်းပြည်တောင်ပိုင်း တောင်ကြီး တပ်နယ်သို့ သွားရောက်ခဲ့သည့် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း / CINCDS

25.6k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်များ၏ လူထုဆန့်ကျင်ရေး လုပ်ဆောင်မှု အကျိုးဆက်က တပ်တွင်းစည်းလုံး မှုကို ပျက်ပြားစေခဲ့သဖြင့် ယင်းအခြေအကို ပိုမိုဆိုးမသွားစေရန် ၎င်းတို့ကိုယ်တိုင်နယ်မြေခံ တပ်ရင်းများသို့ ဆင်းကာ လိုက်လံစည်းရုံးနေရသည်မှာ ထင်ရှားသည်။

အဘယ်ကြောင့်ဆိုသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လာရှိုးမြို့ နှင့် ပြင်ဦးလွင်တပ်နယ်သို့ မကြာမီက သွားရောက်ခဲ့သလို ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒေသရှိ ဗထူးတပ်နယ်သို့ ရက်အတော်ကြာ သွားရောက် ကာ စည်းရုံးရေး ဆင်းနေရသည်ကို သူတို့၏ ဝါဒဖြန့်ချိရေး သတင်းဌာနများ ထုတ်ပြန်ချက်ကို ကြည့်လျှင် သိနိုင်ပေသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လားရှိုးခရီးစဉ်တွင် “အာဏာသိမ်းရခြင်းမှာ မဲမသမာမှုကြောင့်ဖြစ်ပြီး၊ ပါတီစုံ ဒီမို ကရေစီစနစ် ခိုင်မာရေးနှင့် တိုင်းပြည်သာယာရေး စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်နေသည်ကို တပ်မတော်သားတို့ အနေဖြင့် နားလည်သဘောပေါက်ဖို့ လိုသည်” ဆိုသော ဓာတ်ပြားဟောင်းကြီးကို ဖွင့်၍ လက်အောက်ခံတပ်များအား စည်းရုံးနေရသလို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း “တပ်မတော်သားများနှင့် မိသားစုဝင် အားလုံးသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် အေးအတူပူအမျှဖြင့် ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်”ဆိုကာ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းတွင် ဆိုပြန်သည်။

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဆိုလျှင် ဖေဖေါ်ဝါရီလအတွင်းကလည်း စစ်ရေး အထိနာနေသည့် ကယားပြည်နယ်ရှိ တပ်များကိုသွားရောက်ကာ စည်းရုံးရေးလုပ်ဆောင်ခဲ့ရသလို မတ်လအတွင်းတွင် တကြိမ် ဧပြီလအတွင်း တကြိမ် ရှမ်းပြည်တခွင် လှည့်လည်ကာ စည်းရုံးရေးဆင်းနေရသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၇၇နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့)တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် တပ်တွင်း စည်းလုံးညီညွတ်ရေး အလွန်အရေးကြီးကြောင်း၊ ပြည်ပ ကျူးကျော်သူများနှင့် ကိုယ်ကျိုးရှာနိုင်ငံရေး သမားများသည် တပ်မတော်ပြိုကွဲရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ရာ ဤသည်ကို ကြည့်ခြင်းအားဖြင့် တပ်တွင်းမည်သည့်အတိုင်းအတာအထိ အက်ကြောင်းထနေသည်ကို မြင်တွေ့နိုင်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
552
ဧပြီ ၄ရက် ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်နယ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား တွေ့ရသည့် (CINCDS)

ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ရှမ်းပြည်၊ အောင်ပန်းနှင့် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ မိုင်းမောခရီးစဉ်တွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များအား ပြောကြားသည်မိန့်ခွန်းမှာ စိတ်ဝင်စား ဖွယ်ဖြစ်ပြီး တပ်မတော်သားများအား လစာရိက္ခာ ၁ ဦးချင်း ရပိုင်ခွင့်များကိုလည်း ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ နောက်ဆံ မတင်းဘဲ တာဝန်ကျေပွန်စွာ ထမ်းနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်များမှာ အရေးကြီးကြောင်း၊ တပ်မတော်အနေနှင့် ရေပက် မဝင်သည့် ကျစ်လစ်ခိုင်မာသော စည်းလုံးမှုဖြင့် ကာကွယ်ရမည်ဖြစ် ကြောင်း ပါရှိသည်။

ထိုအချက်က တပ်တွင်း စည်းလုံးမှု ပြိုကွဲလာခြင်းသည် ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့်သာမက တပ်တွင်း အထက်အောက် မညီမျှမှုများ၊ ထိပ်ပိုင်းအရာရှိကြီးများ၏ ကိုယ်ကျိုးရှာမှုများကို မျက်စေ့ပွင့် နားပွင့်သိလာရသဖြင့် ပိုမိုများပြားလာသည့် မကျေနပ်မှုများကို အခြေခံနေကြောင်းမှာ ထင်ရှားသည်။

ထို့အတွက် စစ်ခေါင်းဆောင်များ၏ ပြောဆိုချက်များကို လေ့လာအကဲဖြတ်ခြင်းဖြင့် ပျက်ပြားနေသည့် တပ်တွင်း စည်းလုံး ညီညွတ်ရေးအား အာရုံစိုက်နေရသည်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ကြောင်း လူထုအာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် စစ်ဘက်အရာရှိများက ယူဆသည်။

CDM ဝင်လာမည့်စစ်သားများကို ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးလင်းထက်အောင်က စစ်ကောင်စီ၏ တပ်တွင်း စည်းလုံးညီညွတ်ရေးသည် ဝါးအစည်းပြေသကဲ့သို့ ဖြစ်လာနေကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “တပ်ဆိုတာက Chain of Command (အမိန့်ပေးစနစ်) နဲ့ သွားတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ အဆင့်ဆင့်သော အုပ် ချုပ်မှုစနစ်တွေက အောက်ခြေကို မထိရောက်တော့ဘူးလို့ တွေ့ရတယ်။ အမိန့်နာခံမှုတွေ အားနည်းလာတယ်ပေါ့။ ဒီကြားထဲမှာ အထက်ခေါင်းဆောင်တွေက ဘယ်လိုတွေပဲ လိုက်စည်းရုံးစည်းရုံး အောက်ခြေမှာ သူတို့ရဲ့ စည်းရုံးမှုတွေ ကို မယုံကြည်တော့တဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း အောက်ခြေတပ်တွေအထိ တိုင်းကနေ Staff Officer ဖြစ်တဲ့ G1 (စစ်ဦးစီး ပထမတန်း) အဆင့်တွေတောင် လိုက်စည်းရုံးနေရတဲ့ပုံစံတွေ တွေ့ရတယ်” ဟု ဆိုသည်။

ပြည်သူ့ရင်ခွင်အဖွဲ့ထံ ချိတ်ဆက်စာရင်းသွင်းလာသည့် အချက်အလက်များအရ လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ CDM ဝင်လာသည့် တပ်မတော်သား ၃၀၀၀ ကျော် ရှိနေကြောင်း၊ CDM ဝင်လာသူများထဲတွင် ဗိုလ်အဆင့်မှ ဒုဗိုလ်မှူး ကြီးအဆင့်ထိ အရာရှိ ၁၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

ဗိုလ်ကြီးလင်းထက်အောင်က “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ခုခံတော်လှန်စစ် ကြေညာတဲ့အချိန်မှာ ထွက်လာတဲ့သူတွေ တော်တော်လေးများတယ်။ အဲဒီနောက်ပိုင်း ဖေဖော်ဝါရီနဲ့ ဇန်နဝါရီလောက်မှာဆိုရင် နည်းနည်း လေး ပြန်လျော့သွားတယ်။ ဒါပေမဲ့ အခု မတ်လမှာတော့ ပြန်ပြီးတော့ များလာတယ်” ဟု ရှင်းပြသည်။

CDM ဝင်လာသည့် စစ်ဘက်အရာရှိတဦးဖြစ်သော ဗိုလ်ကြီးထက်မြက်ကလည်း စစ်ကောင်စီတပ်အတွင်း စည်းလုံးမှု ပြိုပျက်ရသည့်ကိစ္စမှာ အကြောင်းတရား ၂ ချက်အပေါ် အဓိကအခြေခံကြောင်း၊ စစ်ကောင်စီတပ်တွင်း တန်းတူညီမျှ မှုမရှိဘဲ အောက်ခြေတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ဆင်းရဲကျပ်တည်းလာမှု၊ စစ်ရေးရှုံးနိမ့်မှုဖိအားများကြောင့် စည်းလုံးမှုပြိုကွဲလာရခြင်း ဖြစ်ကြောင်း ထောက်ပြသည်။

၎င်းက “အခုနောက်ပိုင်း စစ်ဆင်ရေးကြောင့် အသက်ဆုံးရှုံးတာတွေ ပိုများလာတယ်။ အဲဒီလို အသက်ဆုံးရှုံးလာ ပေမယ့် ကျန်ခဲ့တဲ့မိသားစုတွေ လောက်လောက်လားလား ရှေ့ဆက်နိုင်ဖို့ တာဝန်ယူတာ မရှိဘူး။ ထောက်ပံ့တာ မရှိဘူး။ ဒါတွေကို မိသားစုတွေအနေနဲ့ မကျေနပ်ကြတော့ဘူး။ သူတို့လင်ယောက်ျားတွေရဲ့ အသက်တွေ အလကား စတေးမခံနိုင်တော့ဘူး။ ဒီလိုတွေဖြစ်လာတော့ ရှေ့တန်းကျတဲ့ တပ်ရင်းတွေမှာ စည်းလုံးမှုတွေ ပိုပြီးပြိုကွဲလာတယ်။ အမိန့်မနာခံတာတွေ၊ အာဏာဖီဆန်တာတွေ ရှိလာတယ်။ ရဲမေတွေက သူတို့ကိုယ်တိုင် သူတို့ယောက်ျားတွေကို ထွက်ပြေးဖို့၊ ဆေးရုံတက်ဖို့၊ သင်တန်းတက်ဖို့ တွန်းအားပေးနေတာတွေ ဖြစ်လာတယ်” ဟု ဆိုသည်။

ထိုသို့သော အချက်အလက်များကြောင့် စစ်ခေါင်းဆောင်များသည် တပ်မတော်သားများသာမက ၎င်းတို့၏ ဇနီးသည် များကိုပါ စည်းရုံးရေးလုပ်လာနေခြင်း ဖြစ်ကြောင်း ဗိုလ်ကြီးထက်မြက်က မှတ်ချက်ပြုသည်။

မကြာသေးသည့် မတ်လအတွင်းက လူမှုကွန်ရက်စာမျက်နှာပေါ် ပေါက်ကြားလာသည့် စစ်ကောင်စီ၏ ကြေးနန်းစာ တစောင်တွင်လည်း NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို နည်း မျိုးစုံဖြင့်စည်းရုံးပြီး တပ်တွင်းသတင်းများ အပြင်သို့ပို့စေခြင်း၊ စခန်းသို့လာရောက်တိုက်ခိုက်ပါက ပြန်မတိုက်ဘဲ လက် နက်ချအညံ့ခံစေခြင်းများ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ဧပြီ ၇ရက် ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းခရီးစဉ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နယ်မြေခံတပ်များနှင့် တွေ့နေစဉ် (CINCDS)

ထို့ကြောင့် တပ်ဖွဲ့ဝင်နှင့် မိသားစုများအတွင်း အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုမရှိစေရေး၊ တပ်တွင်းစည်းလုံးရေး ပျက်ပြားမှုမရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်စေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါ ကြေးနန်းစာတွင် ပါရှိသည်။

CDM ဗိုလ်ကြီးတဦးဖြစ်သူ ကပ္ပတိန်ဇီးရိုးကလည်း အဆိုပါကြေးနန်းစာမှာ အစစ်အမှန်ဖြစ်နိုင်ခြေရှိပြီး ရှေ့တန်း မဆုတ်တမ်း ခံစစ်စခန်းများတွင်ပါ လက်နက်ချထွက်ပြေးမှု ပိုမိုများပြားလာသဖြင့် စစ်ကောင်စီဘက်က အမိန့်စာထုတ် ကန့်သတ်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

၎င်းက “ဒီတပ်တွေက တိုင်းရင်းသားပြည်နယ်တွေမှာ လာတည်ထားတဲ့အတွက် အဲဒီမှာပဲ ဈေးဝယ်တယ်။ သူတို့တွေ မှာ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်။ တိုင်းရင်းသားတပ်တွေရဲ့ ပတ်လည်ဝန်းရံတာကို ခံရတဲ့အတွက် ဒီတပ်တွေအနေနဲ့ တိုင်းရင်းသားတွေသာ တကယ်တမ်းတိုက်မယ်ဆိုရင် သူတို့တွေ အသက်ရှင်စရာအကြောင်း မရှိဘူး။ စစ်ကူလာမယ်ဆိုလည်း လာတဲ့အချိန်မမီဘူး။ ဒါကြောင့် လာတိုက်မယ်ဆို ကြိုပြောပါ။ စခန်းကို စွန့်ခွာပြီး သူတို့လည်း တခါတည်းပြေးသွားမယ်ဆိုပြီး ညှိထားကြပါတယ်” ဟု ပြောသည်။

အမေရိကန်အခြေစိုက် လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်ကလည်း မြန်မာစစ်တပ်တွင် အာဏာ သိမ်းမှု မဖြစ်ခင်ကတည်းက စစ်တပ်ထဲမှ ထွက်ပြေးမှုများရှိနေပြီး အာဏာသိမ်းပြီးနောက်တွင် လူထု၏ အမုန်းတရား ကြောင့် CDM ဘက်ကို ကူးပြောင်းသူများလာခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှ စတင်ကာ မြန်မာနိုင်ငံအနှံ့ အပြားတွင် ခုခံဆန့်ကျင်သူများနှင့် တိုက်ပွဲများဆင်နွှဲနေရသဖြင့် စစ်ပန်းမှုဖြစ်နေပြီး ထိုသို့စစ်ပန်းမှုကြောင့် တိုက်ချင် ခိုက်ချင်စိတ် ကျဆင်းနေသည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

စစ်တပ်အတွင်း အထက်အောက် ခံစားခွင့်မမျှတမှု၊ အသက်အာမခံများကို မဖြစ်မနေဝယ်ခိုင်းပြီး အသက်အာမခံ ဝယ်ထားသည့် စစ်သားသေဆုံးပါကလည်း အဆိုပါစစ်သား၏ မိသားစုဝင်သည် အသက်အာမခံကြေးမရရှိမှု စသည့် အဂတိလိုက်စားမှုများသည် မြန်မာစစ်တပ်အတွင်း ရှိနေကြောင်း ၎င်းက ပြောပြသည်။

“စစ်တပ်မှာက အဂတိလိုက်စားမှုရယ်၊ အကြောက်တရားရယ်၊ မမျှတတာရယ် အားလုံးပေါင်းပြီး ခြုံပြီးကြည့်ရင် ဒီအဖွဲ့ ကြီးတခုက Professional စစ်တပ်လည်း မဟုတ်တော့ဘူး။ နောက်တခုက သူတို့ရဲ့ Performance၊ Effectiveness ကလည်း အများကြီး ဆုံးရှုံးတယ်။ ကျတယ်” ဟု ဒေါက်တာမီမီဝင်းဘတ်က မှတ်ချက်ပြုသည်။

စစ်ခေါင်းဆောင်များ၏ မိန့်ခွန်းများကို လေ့လာကြည့်ပါကလည်း စစ်တပ်အတွင်း ယိုင်နဲ့မှုများ ဖြစ်ပေါ်နေသည်ကို တွက်ဆနိုင်သလို စစ်သားအများစုသည် စစ်ကောင်စီဘက်က တင်းကျပ်ကန့်သတ်မှုများကြောင့် ရုပ်ခန္ဓာအရ CDM မလုပ်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာအရ CDM လုပ်သွားကြသဖြင့် စစ်တပ်အတွင်းမှ တော်လှန်ရေးအင်အားစုများ သို့ သတင်းအချက်အလက် ပေးနေသည့် ဖရဲသီးများရှိနေခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

၎င်းက “သူတို့ နှစ်ပေါင်းများစွာ စစ်တပ်ကို Professional မဖြစ်အောင် လုပ်ထားတယ်။ နှစ်ပေါင်းများစွာ Corruption (အဂတိလိုက်စားမှု) ရှိနေတာတွေကို မထိန်းဘူး။ ဒါတွေက သက်ရောက်နေတာ။ နောက်တခုက စစ်တပ်ထဲမှာ အသစ်တွေက Criminal (ရာဇဝတ်သား)တွေ၊ လူဆိုးတွေပေါ့။ လူဆိုးရှိတဲ့ စစ်တပ်ဆိုတာက ထိန်းသိမ်းရတာလွယ် တာ မဟုတ်ဘူး” ဟု မှတ်ချက်ပြုသည်။

ထို့ကြောင့် စစ်ခေါင်းဆောင်များ အနေဖြင့် တပ်တွင်းစည်းရုံးရေးကို အာရုံစိုက်လုပ်နေသော်လည်း အောင်မြင်နိုင်ခြေ နည်းသည်ဟု ဒေါက်တာမီမီဝင်းဘတ်က ဆိုသည်။ ။

You may also like these stories:

စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ

တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ=

တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို

လေးကေ့ကော် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦး အရှင် ဖမ်းမိ

Your Thoughts …
Tags: CDMPDFစစ်ကောင်စီစစ်ခေါင်းဆောင်တပ်တွင်းစည်းရုံးရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉  ခုနှစ်က ဝေမိုးနိုင် ပါဝင်သည့် ဒေါင်းမျိုးဆက် မုံရွာ သံချပ် အဖွဲ့ဝင်များ ဖျော်ဖြေနေကြစဉ်

စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်

AA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

အာဏာသိမ်းစစ်တပ်နှင့် AA တိုက်ပွဲဖြစ်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved