မြန်မာတွင် ဆက်လက် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အတွင်း ကရင်နှင့် အခြားလူမျိုးစု လူမှုအသိုက်အဝန်းများသည် ကရင်ပြည်နယ်မြောက်ပိုင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဒေသ “သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ်” ကို တရားဝင် ဖွင့်လှစ်လိုက်သည်။ ထိုဥယျာဉ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပသည်။
ထိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဒေသသစ်သည် ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မြေနှင့်သယံဇာတများကို ကိုယ်စားပြုမှု ခိုင်မာစေသည့် လုပ်ရပ်ဖြစ်သည်ဟု စီစဉ်သူများက ပြောသည်။
“ဒီဥယျာဉ်ကို ထူထောင်ခြင်းဟာ ကျနော်တို့ရဲ့ ထုံးတမ်းစဉ်လာဥပဒေတွေ၊ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုတွေနဲ့ မျိုးဆက်ပေါင်းများစွာ စောင့်ရှောက်ထားတဲ့ မြေနဲ့သယံဇာတတွေနဲ့ ပတ်သက်တဲ့ ကျနော်တို့ အခွင့်အရေးတွေကို ကြေညာခြင်းဖြစ်တယ်” ဟု ထိုဥယျာဉ်ထူထောင်သည့်ကော်မတီ တည်ထောင်သူတဦးနှင့် တောအူးခရိုင် အတွင်းရေးမှူး စောသောတူထူးက ပြောသည်။
၅၇၅,၄၅၀ ဟက်တာ (၁,၄၂၁,၉၆၇ ဧက) ကျယ်ပြီး ကျေးရွာပေါင်း ၃၁၈ ရွာ ပါဝင်သော ထိုဥယျာဉ်တွင် ဘိုးဘွားပိုင်မြေ ၂၈ ခု၊ လူမှုအသိုက်အဝန်းသစ်တော လေးခု၊ ရေဝေရေလဲဒေသ ခုနစ်ခု၊ ဘေးမဲ့တော ခြောက်ခုနှင့် သဘာဝသားရိုင်းတိရိစ္ဆာန် ဘေးမဲ့တော တခု ပါဝင်သည်။
ထိုဥယျာဉ်သည် ကရင်တိုင်းရင်းသား ဦးဆောင်သော အလားတူအရွယ်အစားရှိ ဆုရကာကွယ်ရေးဒေသဖြစ်သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ မြောက်ဘက်တွင် တည်ရှိပြီး အာရှ-ပစိဖိတ်တွင် ဇီဝမျိုးကွဲမျိုးစုံ အစုံလင်ဆုံး ဒေသများအနက်တခု ဖြစ်သည်။
ထိုဥယျာဉ်သည် ကရင်တိုင်းရင်းသား ဦးဆောင်သော အလားတူအရွယ်အစားရှိ ဆုရကာကွယ်ရေးဒေသဖြစ်သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ မြောက်ဘက်တွင် တည်ရှိပြီး အာရှ-ပစိဖိတ်တွင် ဇီဝမျိုးကွဲမျိုးစုံ အစုံလင်ဆုံး ဒေသများအနက်တခု ဖြစ်သည်။
ထိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဒေသကို ထူထောင်ရန် ၂၀၁၇ ခုနှစ်က စတင်ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဥယျာဉ်ကော်မတီ တည်ထောင်သူများဖြစ်သည့် စောမာဘူထူးနှင့် စောသောတူထူးက Mongabay သတင်းဌာနသို့ ပြောသည်။
ထိုဥယျာဉ်ကို လူမှုအသိုက်အဝန်းများ၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) လူထုအခြေပြုအဖွဲ့အစည်းနှင့် ကရင်လွတ်လပ်ရေးတိုက်ပွဲဝင်နေသည့်ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သစ်တောနှင့်စိုက်ပျိုးရေးဌာနတို့ပူးပေါင်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့များမှ ကိုယ်စားလှယ်များသည် ဥယျာဉ်စီမံခန့်ခွဲရေးကော်မတီတွင် ပါဝင်သည်။
ဥယျာဉ်ထူထောင်ရာတွင် ကရင်၊ ပအိုဝ်းနှင့် ရှမ်းအပါအဝင် လူမျိုးစုပြည်သူများ ပါဝင်သည်။
၁၉၄၉ ခုနှစ်မှ စတင်ပြီး KNU သည် နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နယ်မြေထိန်းချုပ်ရေးအတွက် မြန်မာအစိုးရနှင့် ပဋိပက္ခဖြစ်ပွားနေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းနှင့် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း KNU ၏ လက်နက်ကိုင်အဖွဲ့အစည်းနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်လာပြီး ကရင်လူမှုအသိုက်အဝန်းများတွင် လူသေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများလည်း ဖြစ်စေသည်။
ထိုဥယျာဉ်တည်ရှိသည့် တောင်ငူ (သောအူး) ခရိုင်သည် KNU အုပ်ချုပ်ရေးခရိုင် ခုနစ်ခုအနက် တခုဖြစ်ပြီး လူမျိုးစု ကွဲပြားစုံလင်မှု အများဆုံးဒေသများအနက် တခုဖြစ်သည်။ ကညောဝါ (ကရင်ဖြူ) နှင့် ကေးဘ ကရင်လူမျိုးစုကွဲများ အပါအဝင် ကရင်လူမျိုးစုကွဲ ခြောက်ခုသည် တောင်ပေါ်ဒေသများတွင် နေထိုင်ကြပြီး ကျန်လူမျိုးစုများသည် မြေနိမ့်ဒေသတွင် နေထိုင်ကြသည်။ ပအိုဝ်းနှင့် ရှမ်းလူမျိုးစုများ အပါအဝင် လူမျိုးစုများသည် ဥယျာဉ်ထူထောင်ရာတွင် ပါဝင်ကြောင်း KESAN ၏ မြေယာနှင့်သစ်တော ဒါရိုက်တာလည်းဖြစ်သော စောမာဘူထူးက ပြောသည်။
ရည်မှန်းချက်မှာ ကွဲပြားစုံလင်သည့် လူမှုအသိုက်အဝန်းများအနေဖြင့် ၎င်းတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် မြေယာနှင့်ပိုင်နက်ကို ကာကွယ်ရေးကို အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒါ့အပြင် ဒီဥယျာဉ်ထူထောင်ခြင်းဟာ သူတို့ရဲ့အသိပညာနဲ့ ယဉ်ကျေးမှုကို ပြန်လည်ရှင်သန်စေပြီး အနာဂတ်မျိုးဆက်တွေအတွက် ဇီဝမျိုးစုံမျိုးကွဲစုံလင်မှုနဲ့ သယံဇာတထိန်းသိမ်းဖို့လည်း ခိုင်ခိုင်မာမာ ရည်ရွယ်တယ်။ ကော်မတီ ခေါင်းဆောင်တွေအနေနဲ့ ဒီလုပ်ငန်းဟာ ခရိုင်လူမှုအသိုက်အဝန်းက ပြည်သူတွေ စုပေါင်းခေါင်းဆောင်မှုရဲ့ ရလဒ်ဖြစ်စေချင်တယ်” ဟု စောမာဘူထူးက Mongabay သို့ ပြောသည်။
“ဒါ့အပြင် ဒီဥယျာဉ်ထူထောင်ခြင်းဟာ သူတို့ရဲ့အသိပညာနဲ့ ယဉ်ကျေးမှုကို ပြန်လည်ရှင်သန်စေပြီး အနာဂတ်မျိုးဆက်တွေအတွက် ဇီဝမျိုးစုံမျိုးကွဲစုံလင်မှုနဲ့ သယံဇာတထိန်းသိမ်းဖို့လည်း ခိုင်ခိုင်မာမာ ရည်ရွယ်တယ်။ ကော်မတီ ခေါင်းဆောင်တွေအနေနဲ့ ဒီလုပ်ငန်းဟာ ခရိုင်လူမှုအသိုက်အဝန်းက ပြည်သူတွေ စုပေါင်းခေါင်းဆောင်မှုရဲ့ ရလဒ်ဖြစ်စေချင်တယ်” ဟု စောမာဘူထူးက Mongabay သို့ ပြောသည်။
မှတ်ချက်ပေးရန် မြန်မာစစ်ကောင်စီကို Mongabay က တောင်းဆိုသော်လည်း ယခုဆောင်းပါး ရေးသားချိန်အထိ အကြောင်းမပြန်ပေ။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခိုင်မာစေမည့် ပဋိညာဉ်
ဥယျာဉ်ထူထောင်ခြင်းနှင့်အတူ လူမှုအသိုက်အဝန်းများသည် သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ်၏ ပဋိညာဉ်ကိုလည်း အတည်ပြုကြသည်။ ထိုပဋိညာဉ်တွင် ဓလေ့ထုံးတမ်းဥပဒေများနှင့် အာဏာဗဟိုချုပ်ကိုင်မှု လျှော့ချရန်၊ ၎င်းတို့၏ မြေနှင့်ပိုင်နက်အပေါ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးအတွက် လူမှုအသိုက်အဝန်းများ၏ အခွင့်အရေး ခိုင်မာစေရန် လူမှုအသိုက်အဝန်းများက ဖွင့်ဆိုသည့် လမ်းညွှန်များနှင့် အုပ်ချုပ်ရေးစနစ်များ ပါဝင်သည်။
ထိုပဋိညာဉ်သည် သားရိုင်းတိရစ္ဆာန်များအတွက် ကာကွယ်ထားသည့် မြေနေရာများနှင့် ရေဝေရေလဲ ထိန်းသိမ်းရေးများအတွက် မြေခွဲဝေပေးထားသည်။ ငါဖမ်းခြင်း ကန့်သတ်ထားသည့်ရေကန်များ၊ ကာကွယ်ပေးထားသည့် ရှားပါးသစ်တောများ၊ အလှည့်ကျ လယ်ယာစိုက်ပျိုးရေး၊ ဒူးရင်း၊ ဖာလာနှင့် မင်းဂွတ်စိုက်ပျိုးရေးအတွက် သတ်မှတ်ထားသည့်နေရာများလည်း ပါဝင်သည်။
KNU အောက်မှ ကော်သူလေးသစ်တောဌာန (KFD) မှ လက်နက်မကိုင်သော တောခေါင်းများသည် ထိုပိုင်နက်များတွင် ကင်းလှည့်ပြီး မြေယာနှင့် ပြည်သူများလုံခြုံရေးကို ကာကွယ်မည်ဖြစ်ကြောင်း စောမာဘူထူးက ပြောသည်။ သို့သော် ဥယျာဉ်ခေါင်းဆောင်များသည် ၎င်းတို့၏အခွင့်အရေး၊ ပိုင်ဆိုင်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လူမှုအသိုက်အဝန်းက ချမှတ်သည့် ပဋိညာဉ်အရ လေးစားကာကွယ်စေလိုကြောင်း ၎င်းကပြောသည်။
“အကြံပေးအဖွဲ့နဲ့အတူ KNU, လူထုအခြေပြုအဖွဲ့စည်းတွေနဲ့ ဌာနေလူမှုအသိုက်အဝန်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ အဓိကအုပ်စု သုံးခုဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးထိန်းသိမ်းဖို့ တက်ကြွစွာ အတူတကွ လုပ်ဆောင်မယ်လို့ ဥယျာဉ်အုပ်ချုပ်ရေးဖွဲ့စည်းပုံမှာ ဖော်ပြထားတယ်။ ရည်ရွယ်ချက်က ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာအဆင့်အထိ အာဏာကို ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ အာဏာခွဲဝေရေး အားပေးဖို့ဖြစ်တယ်” ဟုလည်း ၎င်းကရှင်းပြသည်။
၅,၄၀၀ စတုရန်းကီလိုမီတာ (၂,၀၈၄ စတုရန်းမိုင်) ရှိ စဉ်ဆက်မပြတ် ဂေဟစနစ်ကို ထိန်းသိမ်းခြင်းအတွက် Equator Prize 2020 ရရှိခဲ့သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို အကျိုးပြုရေး ယခုဥယျာဉ်သစ်ကို ထူထောင်ရန် ရည်ရွယ်သည်ဟု Mongabay သို့ သတင်းရင်မြစ်များက ပြောသည်။
သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ်သစ်၏ တောင်ဘက်နားတွင် တည်ရှိသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် ကျားများ၊ သင်းခွေချပ်များနှင့် ကျားသစ်များ ကျက်စားရာနေရာဖြစ်သည်ဟု ဖော်ပြကြသည်။ KNU ဦးဆောင်သော သစ်တောဌာနအုပ်ချုပ်မှုအောက်မှ ရပ်ရွာအသိုက်အဝန်း တောခေါင်းများအဖွဲ့သည် ထိုငြိမ်းချမ်းရေးဥယျာဉ်တွင် ကင်းလှည့်သည်။
KESAN က ဖြန့်ချိသည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ပဋိညာဉ်နှင့် ပတ်သက်သည့် ရှင်းလင်းချက်အရ ထိုဥယျာဉ်ကို သတ္တုတူးဖော်ခြင်းနှင့် ဆည်များအစား အခြားနည်းလမ်းအဖြစ် “စစ်မှန်သည့် ကောင်းမွန်သော အုပ်ချုပ်ရေးဆိုသည်ကို ပြသရန်နှင့် အထက်မှအောက်သို့လာသည့် စစ်ပုံစံ တိုးတက်မှုကို အစားထိုးသည့် ပြည်သူဗဟိုပြု အခြားနည်းလမ်းတခုပေးရန်” ၂၀၁၈ ခုနှစ်တွင် ထူထောင်ခဲ့သည်ဟု သိရသည်။
နိုင်ငံတွင်းရှိ သယံဇာတများ အားလုံးကို အစိုးရပိုင်ကြောင်း ဖော်ပြသည့်ဥပဒေများကို ဗဟိုအစိုးရက ၁၉၄၈ ခုနှစ်မှ စတင်ကျင့်သုံးပြီး ကရင်လူမှုအသိုက်အဝန်းများ အပါအဝင် အရပ်သားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လှုပ်ရှားမှုဖြစ်စေသည်။
KNU ၏ လက်နက်ကိုင်တပ်နှင့် စစ်အုပ်စုအကြား ဆယ်စုနှစ်များစွာကြာသည့် လက်နက်ကိုင်ပဋိပက္ခအကြားတွင် ကရင်လူမှုအသိုက်အဝန်းများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် လုပ်ရပ်များနှင့် ဆည်များကဲ့သို့သော အတိုင်းအတာကြီးမားသည့် တည်ဆောက်ခြင်းကို ဆန့်ကျင်သည့် လုပ်ရပ်များအဖြစ် ကရင်လူမှုအသိုက်အဝန်းများသည် ကရင်ပြည်နယ်တခုလုံးမှ မြေများကို ထိန်းသိမ်းပြီး မြေပုံရေးဆွဲထားသည်။
သို့သော် KNU က ကျေးရွာသားအချို့၏ မြေများကို ရွှေတူးဖော်ရေးလုပ်ကွက်များအဖြစ် ချထားပေးလိုက်သောကြောင့် ၎င်းတို့မြေများကို ဆုံးရှုံးကြသည်။
“အစားအသောက်ကနေ ဆေးဝါးအထိ ကျနော်တို့ လိုအပ်တဲ့အရာရာကို ကျနော်တို့ရဲ့ တောတွေနဲ့ သဘာဝသယံဇာတကနေ ရတယ်။ ဒါကြောင့် အနာဂတ်မျိုးဆက်အတွက် ထိန်းသိမ်းဖို့သာမက ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်မှာ ဖော်ပြထားတဲ့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး သတ်မှတ်ချက်တွေ ပြည့်မီရေးကို အကျိုးပြုဖို့ပါ သစ်တောတွေနဲ့ သယံဇာတတွေကို ထိန်းသိမ်းဖို့အခွင့်အရေးနဲ့ ပိုင်ဆိုင်မှုရချင်တယ်” ဟု စောသောတူထူးက ပြောသည်။
ကရင်လူမှုအသိုက်အဝန်းများသည် သစ်ပင်များကို အထွတ်အမြတ်ထားရေး ယုံကြည်ခြင်းနှင့် သစ်ပင်မျိုးစိတ်များ ထိန်းသိမ်းသည့် အခမ်းအနားများ ကျင်းပခြင်းကဲ့သို့သော သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို အထောက်အကူပြုသည့် ယဉ်ကျေးမှုများနှင့် လူနေမှုပုံစံများကို ကျင့်သုံးသည်မှာ မျိုးဆက်ပေါင်းများစွာ ကြာပြီဖြစ်သည်။
“ကလေးတယောက် မွေးတဲ့အခါ သူ့ချက်ကြိုးကို ဝါးဘူးထဲမှာထည့်ပြီး အသီးသီးတဲ့အပင်မှာ ချိတ်ဆွဲထားလေ့ရှိပြီး အဲဒီသစ်ပင်ကို မခုတ်ရဘူးလို့ ကန့်သတ်တယ်” ဟု KESAN မှ ကရင်သုတေသီ ဆူနီတာ ကွန်တာက ပြောသည်။
“ကလေးတယောက် မွေးတဲ့အခါ သူ့ချက်ကြိုးကို ဝါးဘူးထဲမှာထည့်ပြီး အသီးသီးတဲ့အပင်မှာ ချိတ်ဆွဲထားလေ့ရှိပြီး အဲဒီသစ်ပင်ကို မခုတ်ရဘူးလို့ ကန့်သတ်တယ်” ဟု KESAN မှ ကရင်သုတေသီ ဆူနီတာ ကွန်တာက ပြောသည်။
အလားတူစွာပင် အောက်ချင်းငှက်၊ ကျား၊ ကြံ့နှင့် အခြားမျိုးစိတ်များကို ကံကောင်းသည့် အတိတ်နိမိတ်အဖြစ် လူမှုအသိုက်အဝန်းများမှလူများ ယူဆကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ယခုဥယျာဉ်သစ်တွင် သစ်တောများနှင့် သားရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ ပါဝင်သောကြောင့် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်းကို ကန့်သတ်သည့် ထုံးတမ်းစဉ်လာဥပဒေအများအရ ၎င်းတို့ကို စီမံခန့်ခွဲရန် လူမှုအသိုက်အဝန်းက ရည်ရွယ်သည်။
“ကရင်တိုင်းရင်းသားတွေက မျက်ကွင်းညို မျောက်လွှဲကျော်ကို သူတို့ဘိုးဘေးလို့ မြင်ကြတယ်။ ဒါကြောင့် အဲဒီမျိုးစိတ်ကို ကရင်ဦးဆောင်တဲ့ ကာကွယ်ဒေသတွေမှာ လုံးဝ ကာကွယ်ထားတယ်” ဟု စောသောတူထူးက ပြောသည်။
ဥယျာဉ်တည်ထောင်ရန် အစီအစဉ်ချခြင်း
နောက်ထပ် ဥယျာဉ်တခုဖြစ်သော သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ် တည်ထောင်ရေးကို ဆယ်စုနှစ်တခုနီးပါး ကြံစည်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တောအူးခရိုင်မှ KNU ခေါင်းဆောင်တဦးသည် ထိုဥယျာဉ်တည်ထောင်ရန် ရည်မှန်းပြီး နောက်တနှစ်ကြာသောအခါ လူမှုအသိုက်အဝန်းမှ ပြည်သူများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ကျင်းပပြီး ဥယျာဉ်ထိန်းသိမ်းခြင်း၊ စိန်ခေါ်မှုများနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများကို လေ့လာသည်။
ဥယျာဉ်ကော်မတီသည် ထိုဒေသများကို ဇုန်များ စတင်ခွဲပြီး ပဋိညာဉ်တွင် ထည့်သွင်းမည့် လူမှုအသိုက်အဝန်း လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ကာ ဥယျာဉ် တရားဝင်ထူထောင်ရေးအတွက် ပဋိညာဉ် ညှိနှိုင်းမှုများ ပြုလုပ်သည်။
ပဋိညာဉ်မှလမ်းညွှန်များကို ပုံဖော်ခြင်း၊ ပြန်လည်ထိန်းသိမ်းရေး စီမံကိန်းများကို လေ့လာစောင့်ကြည့်ခြင်းနှင့် အချက်အလက်အခြေခံသော သတင်းအချက်အလက်များ ပေးခြင်းတို့တွင် အမျိုးသမီးများသည် အဓိကအခန်းမှ ပါဝင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ပဋိညာဉ်မှ သတင်းအချက်အလက် အားလုံးကို ခရိုင်အတွင်း ကျေးရွာ ၁၈ ရွာအထိ ကျယ်ပြန့်သည့် လူမှုအသိုက်အဝန်း၏ ဆွေးနွေးမှုနှင့် ဆန္ဒခံယူမှုဖြင့် ပြုစုသည်ဟု စောသောတူထူးက ပြောသည်။
“ဒါဟာ အထက်ကနေအောက်ကို လာတာမဟုတ်ဘဲ လူမှုအသိုက်အဝန်းက ပြည်သူတွေ ကိုယ်တိုင်ဆုံးဖြတ်ဖို့၊ ရွေးချယ်ဖို့ အခွင့်အာဏာပေးရေး ပဋိညာဉ်ကို ပြုစုရာမှာ ကျနော်တို့ကော်မတီက အောက်ကနေ အထက်သွားတဲ့နည်းလမ်း ကျင့်သုံးတယ်” ဟု Mongabay သို့ ၎င်းကပြောသည်။
သုတေသီ ကွန်တာ၏အဆိုအရ ပဋိညာဉ်တွင် ဓလေ့ထုံးတမ်းဥပဒေများနှင့် လမ်းညွှန်များကို ကာကွယ်ရာတွင် အမျိုးသမီးများ တန်းတူပါဝင်ကြောင်း သိရသည်။ အမျိုးသမီးများသုတေသနအဖွဲ့သည် ပဋိညာဉ်၏ လမ်းညွှန်များကို ပုံဖော်ခြင်း၊ ပြန်လည်ထူထောင်ရေး စီမံကိန်းများကို လေ့လာစောင့်ကြည့်ခြင်းနှင့် အချက်အလက်အခြေခံသည့် သတင်းအချက်အလက်များပေးခြင်းတို့တွင် အရေးပါသောအခန်းမှ ပါဝင်ကြောင်း ၎င်းကပြောသည်။
သုတေသီ ကွန်တာ၏အဆိုအရ ပဋိညာဉ်တွင် ဓလေ့ထုံးတမ်းဥပဒေများနှင့် လမ်းညွှန်များကို ကာကွယ်ရာတွင် အမျိုးသမီးများ တန်းတူပါဝင်ကြောင်း သိရသည်။ အမျိုးသမီးများသုတေသနအဖွဲ့သည် ပဋိညာဉ်၏ လမ်းညွှန်များကို ပုံဖော်ခြင်း၊ ပြန်လည်ထူထောင်ရေး စီမံကိန်းများကို လေ့လာစောင့်ကြည့်ခြင်းနှင့် အချက်အလက်အခြေခံသည့် သတင်းအချက်အလက်များပေးခြင်းတို့တွင် အရေးပါသောအခန်းမှ ပါဝင်ကြောင်း ၎င်းကပြောသည်။
ထိုသို့အရေပါခြင်းမှာ အမျိုးသမီးများသည် ထူးခြားသောအမြင်များကို ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ယူဆောင်လာပြီး အသိပညာပိုင်ဆိုင်သူများအဖြစ် အရေးပါသောအခန်းမှ ပါဝင်ပြီး ယဉ်ကျေးမှုအလေ့အထများ၊ ဂေဟဆိုင်ရာ အသိပညာနှင့် ရေရှည်တည်တံ့သော ရင်းမြစ်စီမံမှု သေနင်္ဂဗျူဟာများကို လက်ဆင့်ကမ်းပေးကြသည်ဟု ၎င်းကပြောသည်။
ဥပမာ အမျိုးသမီးများသည် ဒေသန္တရမျိုးစိတ်များနှင့် ဂေဟစနစ်များကို သေချာစွာ နားလည်ခြင်း၊ အကာအကွယ်ပေးရမည့် ဂေဟဆိုင်ရာနှင့် ယဉ်ကျေးမှုဓလေ့ဆိုင်ရာ အထူးမျိုးစိတ်များ ခွဲခြားသတ်မှတ်ခြင်း၊ ဦးဆောင်သုတေသနနှင့် စောင့်ကြည့်လေ့လာမှုများ ရှိကြသည်။
လူမှုအသိုက်အဝန်းများသည် အကြမ်းဖက်မှုနွံနစ်နေသောကြောင့် ကော်မတီနှင့် လူမှုအသိုက်အဝန်းမှ ပြည်သူများသည် ရှေးနှစ်ပေါင်းများစွာကတည်းက ကာကွယ်ထားသော ရင်းမြစ်များကို စောင့်ရှောက်ရာတွင် ငြိမ်းချမ်းသောနည်းလမ်းကို ကျင့်သုံးလိုကြောင်း စောမာဘူထူးက ပြောသည်။
“ဒီဥယျာဉ်ကို ထူထောင်ခြင်းဟာ ဒီတိုက်ခိုက်မှုတွေနဲ့ ပဋိပက္ခတွေကို ရင်ဆိုင်ရာမှာ ကျနော်တို့ရဲ့ ငြိမ်းချမ်းသော တော်လှန်မှုဖြစ်တယ်” ဟု ၎င်းကပြောသည်။
(Mongabay ပါ Sonam Lama Hyolmo ၏ Communities launch new Thawthi Taw-Oo Indigenous Park amid Myanmar civil war ကို ဘာသာပြန်သည်။)
You may also like these stories:
လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်
ဌာနေတိုင်းရင်းသားများ၏ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်
မျိုးသုဉ်းလုသစ်ခွတွေကိုရှာဖွေခဲ့ကြတဲ့ ကရင်အမျိုးသမီးများ
စစ်ကောင်စီ သဘာဝပတ်ဝန်းကျင်ကိုပါ ဖျက်ဆီးနေ ( ရုပ်/သံ )
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်
သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း