• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

by ဧရာဝတီ
23 December 2024
in သတင်းတို
A A
ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

မြဝတီမြို့မှနေ၍ အမှတ် ၁ ချစ်ကြည်ရေးတံတားကို ဖြတ်ကာ ထိုင်းဘက်ခြမ်းသို့ သွားရောက်မည့် စစ်ရှောင်များ(ကိုဇော်ဦး မြဝတီ facebook မှ ကူးယူဖော်ပြသည်။

1.3k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေရာ တာ့ခ်ပြည်နယ်ထဲ၌ ကူးစက်သူများ တွေ့ရှိရသဖြင့် ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် အရေးပေါ် စီမံဆောင်ရွက်ရေးစင်တာ (EOC) တခု ဖွင့်လှစ်လိုက်ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်ထိ စာရင်းများအရ တာ့ခ်ခရိုင်တွင် ကာလဝမ်းရောဂါပိုးတွေ့သူ လူနာ ၂ ဦး အတည်ပြု သိရှိထားရကြောင်း သိရသည်။

အဝေးရောက် ဧရာဝတီအသင်းအဖွဲ့မှ ကိုဖိုးသင်္ကြန်က “ဒီလိုအခြေအနေမျိုးမှာ စိုးရိမ်ရမှာက ရွှေ့ပြောင်းလုပ်သားတွေပဲ။ စိုက်ပျိုးရေးလုပ်သားတွေ၊ တောင်ယာလုပ်သားတွေပေါ့။ သူတို့ကျတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာနည်းတယ်။ သူတို့တွေကို ဦးတည်ပြီး အသိပညာပေးရမှာတော့ရှိတယ်” ဟု ပြောသည်။

မြဝတီ၊ ရွှေက္ကိုလ်ရှိ တရုတ်နိုင်ငံသားများ ကာလဝမ်းရောဂါ ဖြစ်ပွားနေခြင်းကြောင့် လူနာတချို့ကို တာ့ခ်ခရိုင်မှ မယ်လမ၊ မဲဆောက်ဆေးရုံများသို့ ပို့၍ကုသနေရကြောင်း၊ ကူးစက်မှုပျံ့ပွားမည်ကို စိုးရိမ်သဖြင့် ထိုင်းနယ်စပ် တောလမ်းမှတဆင့် လူနာများ ဝင်ရောက်လာမည်ကို ထိုင်းအာဏာပိုင်များက ကြပ်မတ်စစ်ဆေးနေကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၌ ဖော်ပြထားသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
135
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.2k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
889

လက်ရှိ ထိုင်းဘက်ခြမ်းတွင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသဖြင့် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်းနှင့် ထိုင်းဘက်သို့ ကူးလာသည့် မြန်မာနိုင်ငံသားများနှင့် အနီးကပ်ထိတွေ့ခြင်းများ မပြုလုပ်ရန် တာ့ခ်ခရိုင်၊ မယ်လမမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုထားကြောင်းလည်း သိရသည်။

ကိုဖိုးသင်္ကြန်က “မြန်မာဘက်အခြမ်းနဲ့ ထိုင်းဘက်အခြမ်း ကွာဟချက်က အစားအသောက်သန့်ရှင်းမှု၊ ရေသန့်ရှင်းမှု အပိုင်းတွေက ကွာတယ်။ ထိုင်းဘက်မှာ ရေပေးဝေမှုကောင်းတော့ အရမ်းကြီးမစိုးရိမ်ရဘူး။ ကျနော်တို့က ဒီမှာလည်း တချို့စက်ရုံအလုပ်ရုံတွေ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ စိုက်ပျိုးရေးခြံတွေမှာဆိုရင် ရေကိုဖြစ်သလို သုံးတာတွေ ရှိနေတော့ အသိပညာပေးတာတွေ လုပ်နေကြတာပေါ့။ အထူးသဖြင့် မဲဆောက်ဆေးရုံကြီးရဲ့ သတင်းစကားတွေကို ထိုင်းမဲဆောက်ရပ်ကွက်ရုံးတွေက ပြန်ပြီးဖြန့်ဝေနေတာရှိတယ်။ ရွာတွေမှာလည်း သက်ဆိုင်ရာ ရွာလူကြီးတွေက ကြေညာပေးနေတာတွေ ရှိပါတယ်” ဟု ပြောသည်။

ကာလဝမ်းရောဂါတမျိုးကြောင့် မြန်မာဘက်၌ သေဆုံးခြင်းများရှိနေပြီး လူ ၃၀၀ ထက်မနည်း ကူးစက်နေကြောင်း၊ ရွှေကုက္ကိုလ်မြို့သစ်ကို ထိန်းချုပ်ထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ကလည်း ဝမ်းရောဂါအရေးပေါ် သတိပေးချက် ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

တာ့ခ်ခရိုင်ထဲရှိ မယ်လမနှင့် မဲဆောက်မြို့နယ်များတွင် စက်ရုံများ၌ ရွှေ့ပြောင်းအလုပ်သမားများစွာရှိပြီး အဆိုပါ မြို့နယ်များမှာ ရွှေကုက္ကိုလ်နှင့် နီးခြင်းကြောင့် ကူးစက်နိုင်ခြေများသည့်အတွက် သောက်သုံးရေနှင့် တကိုယ်ရည် သန့်ရှင်းရေး အပါအဝင် စားသောက်ဆိုင်များနှင့် ရောင်းချသူများကို စိစစ်ကြီးကြပ်ခြင်းအပြင် ကာလဝမ်းရောဂါပိုး အမြန်စမ်းသပ်ကုသရန် ဆေးဝါးပစ္စည်းများ ပြင်ဆင်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

You may also like these stories:

လူသေဆုံးမှုကြောင့် ထိုင်းတွင် “ဇက်ချိုးအနှိပ်ခံခြင်း” ကို သတိပေး

သြစတြေးလျမှ ပျောက်ဆုံးနေသော ဗိုင်းရပ်စ်နမူနာများအကြောင်း သိကောင်းစရာ

Your Thoughts …
Tags: တရုတ်နိုင်ငံသားတာ့ခ်ပြည်နယ်ထိုင်းအာဏာပိုင်ရွှေကုက္ကိုလ်ဝမ်းရောဂါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

BGF နှင့် ကရင်တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်

BGF နှင့် ကရင်တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်

by စောလွင်
27 April 2024
14.1k

စစ်ကောင်စီက မြဝတီကို ပြန်မသိမ်းနိုင်သည့်အခြေအနေနှင့် တဖက်တွင် KNU အနေဖြင့်လည်း ကရင် အချင်းချင်း စစ်ရေးပဋိပက္ခဖြစ်မည်ကို လက်ရှောင်ထားသည့် အခြေအနေတို့၌ အမျိုးသားရေးထက် စီးပွားရေးကို သာကြည့်သည့် ဗိုလ်မှူးကြီးစောချစ်သူအနေဖြင့် စီးပွားလုပ်ကိုင်ခွင့်များ ပိုမိုရရှိမည့် BGF အဖြစ်သာ ဆက်သွား...

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

by ဧရာဝတီ
5 September 2023
7.9k

ရှီကျီကျန့်နှင့် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူတို့ အကျိုးအမြတ်ခွဲဝေခံစားသည့် ရွှေကုက္ကိုလ်စီမံကိန်းသည် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ရာဇဝတ်မှုများဖြင့် နာမည်ဆိုးကျော်ကြားလျက်ရှိသည်။

မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး

မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး

by စောလွင်
4 May 2024
6.9k

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း၌ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် အွန်လိုင်းလောင်း ကစားလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအားလုံး သတ်မှတ်ကာလအတွင်း ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်လိုက်သည်။

Next Post
ချင်းတောင်ပိုင်းမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီ (ရုပ်/သံ)

ချင်းတောင်ပိုင်းမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီ (ရုပ်/သံ)

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved