• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူသေဆုံးမှုကြောင့် ထိုင်းတွင် ‘ဇက်ချိုးအနှိပ်ခံခြင်း’ ကို သတိပေး

by ဧရာဝတီ
11 December 2024
in သတင်း
A A
လူသေဆုံးမှုကြောင့် ထိုင်းတွင် ‘ဇက်ချိုးအနှိပ်ခံခြင်း’ ကို သတိပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဝပ်ပို ထိုင်းရိုးရာအနှိပ်သင်တန်းကျောင်းတွင် ဟောင်ကောင် သင်တန်းသားများကို ထိုင်းနည်းပြက သင်ပေးနေစဉ် / AFP

2.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံအနှိပ်ခန်းများသို့သွားရောက်ပြီးနောက် ထိုင်းတေးသံရှင်တဦးနှင့် စင်ကာပူ ကမ္ဘာလှည့်ခရီးသည်တဦး သေဆုံးသောကြောင့် လူအများအပြား တုန်လှုပ်သွားကြပြီး ဆရာဝန်များကလည်း သတိပေးချက်များ ထုတ်ပြန်ကြသည်။

အသက် ၂၀ အရွယ် ချာယဒါ ပရာအို-ဟွမ်သည် နိုင်ငံအရှေ့မြောက်ပိုင်း ဥဒုန်ဌာနီရှိ ဆေးရုံတရုံတွင် ဒီဇင်ဘာလ ၈ ရက်နေ့က ကွယ်လွန်သည်။ အောက်တိုဘာလနောက်ပိုင်းတွင် အနှိပ်ခန်း သုံးကြိမ်ဝင်ပြီးနောက် သူ၏ ကျန်းမာရေး ဆိုးရွားလာသည်ဟု ဆိုသည်။

သူသည် ပုခုံးနာကျင်မှုပျောက်ရန် အနှိပ်ခံခြင်းဖြစ်သည်ဟု Nation ရုပ်သံက ဖော်ပြသည်။

ပထမအကြိမ် အနှိပ်ခံပြီး ရက်အနည်းငယ်အကြာတွင် သူသည် တကိုယ်လုံး ထုံထိုင်းနေကာ အိပ်ရာထဲတွင် လဲနေကြောင်း ထိုတေးသံရှင်က Facebook တွင် ရေးသားသည်။ သူ၏အခြေအနေသည် ဆက်လက် အနှိပ်ခံသော်လည်း တိုးတက်မလာဘဲ ပိုမိုဆိုးရွားလာသည်။

နိုဝင်ဘာလ ၆ ရက်နေ့က ရေးသားသောပို့စ်တွင် ချာယဒါက “ဇက်ချိုးအနှိပ်ခံရန်” အနှိပ်ခန်း နှစ်ဆက်ရှင်နှင့် “နှိပ်ရာတွင် လက်ပေါက်” သည့် နောက်ထပ် အနှိပ်ခန်းတခု ဝင်ခဲ့ကြောင်း ပြောသည်။

နောက် နှစ်ပတ်ကြာသောအခါ သူ မလှုပ်ရှားနိုင်တော့ဘဲ ညာဘက်လက်ကို မြောက်မရတော့ပေ။

“ကျမရဲ့အကြောင်းက အနှိပ်အရမ်းခံချင်သူတွေအတွက် သင်ခန်းစာ ဖြစ်စေချင်တယ်။ ကျမ ပြန်နာလန်ထရမယ်။ ကျမ အလုပ်လုပ်ချင်နေပြီ” ဟု ချာယဒါက ရေးခဲ့သည်။

ထိုတေးသံရှင်သည် သွေးထဲပိုးဝင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းကြောင်း သေဆုံးကြောင်း ဆေးရုံက ပြောသည်။

သူသေဆုံးခြင်းသည် အနှိပ်ကုထုံးကြောင့် သို့မဟုတ် ယခင်ရောဂါများကြောင့် ဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြည်နယ်အာဏာပိုင်များက သတင်းထောက်များကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြောသည်။ ထိုအနှိပ်ခန်းနှင့် အခြားအနှိပ်ခန်းများသည် စနစ်တကျ လိုင်စင်ဖြင့် လုပ်ကိုင်နေကြောင်း အာဏာပိုင်များက ပြောသည်။

သုံးကြိမ်အနှိပ်ခံပြီးနောက် ကွယ်လွန်သွားသည့် အသက် ၂၀ အရွယ် တေးသံရှင် ချာယဒါ ပရာအို-ဟွမ် / SCMP

အလားတူ အခြားဖြစ်ရပ်တခုတွင်လည်း စင်ကာပူ ကမ္ဘာလှည့်ခရီးသည်တဦးသည် ဖူးခက်မှ အနှိပ်ခန်းတွင် အနှိပ်ခံပြီးနောက် သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အသက် ၅၂ နှစ်အရွယ် လီမန်တပ်သည် ပါတွန်ကမ်းခြေမှ အနှိပ်ခန်းတခုတွင် ဆီလိမ်းနှိပ်နယ်ပေးမှု ၄၅ မိနစ် အနှိပ်ခံပြီး မကြာမီ သေဆုံးသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

လီမန်တပ်သည် အနှိပ်ခံစဉ် အိပ်ပျော်သွားပြီး အချိန်အနည်းငယ် ကြာသောအခါ ကျန်းမာရေးဖောက်သည့် လက္ခဏာများ ပြသလာသည်ဟု ပါတွန် ရဲအကြီးအကဲ ချလန်ချိုင် ဟန်ဆာဝက်ဒ်က ပြောသည်။

သူနှင့်အတူ ခရီးသွားနေသည့် ဇနီးက သူသေဆုံးရသည့် အကြောင်းရင်းကို အတိအကျ သိရှိရန် သေမှုသေခင်း စစ်ဆေးခြင်းကို ခွင့်မပြုခဲ့ပေ။ ဇနီးသည်က သူ၏အလောင်းကို ပြန်လည် သယ်ဆောင်သွားကြောင်း အထက်ပါ ရဲအကြီးအကဲက ပြောသည်။

သူသည် အနှိပ်မခံမီက မူးနေကြောင်းနှင့် သူသည် အထိုင်များသော လူနေမှုပုံစံ ရှိသောကြောင့် မည်သည့် မသမာမှု သံသယမဖြစ်ကြောင်း သူ၏ဇနီးက ရဲတပ်ဖွဲ့သို့ပြောသည်ဟု မစ္စတာ ဟန်ဆာဝက်ဒ်က ပြောသည်။

အထက်ပါ သေဆုံးမှုများသည် အနှိပ်ခံခြင်းကြောင့် ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရပေ။ မည်သို့ဖြစ်စေ ထိုသေဆုံးမှုများသည် ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်သည့် ထိုင်းနိုင်ငံကို ရိုက်ခတ်စေပြီး အနှိပ်ခန်းများတွင်သုံးသည့် နည်းလမ်းအချို့နှင့်ပတ်သက်၍ ကျွမ်းကျင်သူများက သတိပေးသည်။

ဇက်ကျောလှည့် အနှိပ်ခံခြင်း သို့မဟုတ် ခါးကျောရိုး အနှိပ်ခံခြင်းသည် သွက်ချာပါဒလေငန်း ဖြစ်စေနိုင်ကြောင်း ရန်ဆစ်တက္ကသိုလ်၊ အရှေ့တိုင်း ဆေးပညာကောလိပ် အကြံပေး ပါမောက္ခ ဒေါက်တာ သီရာဗတ် ဟီမာချူဒါက သတိပေးသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
826
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

လုပ်ပုံလုပ်နည်းမှားပါက ဦးနှောက်၊ အထူးသဖြင့် အနောက်ပိုင်းသို့ပေးပို့သည့် သွေးကြောနံရံများအတွက် အန္တရာယ်များပြီး ဦးနှောက်တစ်သျှူး အလုပ်မလုပ်‌တော့ခြင်း၊ ကြွက်သား မလှုပ်နိုင်ခြင်းနှင့် သွက်ချာပါဒလိုက်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

အဝလွန်သူများနှင့် သွေးတိုးရှိသူများသည် လေဖြတ်အန္တရာယ် ပိုမိုရင်ဆိုင်ရသည်။

“ခေါင်းကို လိမ်ချိုးတဲ့ ရုတ်တရက် လှည့်တဲ့အားကြောင့် အန္တရာယ် ပိုများလာတယ်။ အဲဒီလို အကြိမ်ကြိမ် အကြာကြီးလုပ်ရင် အာရုံကြောအတွက်သာမက ဂုတ်က သွေးကြောတွေအတွက်လည်း ပြဿနာဖြစ်စေတယ်” ဟု ဒေါက်တာ သီရာဗတ်က ပြောသည်။

ကိုးကား ။ ။ MSN သတင်း Death of singer, 20, sparks warnings against ‘neck-twisting’ massages in Thailand

You may also like these stories:

အတုယူသင့်တဲ့ ထိုင်းရိုးရာ မာဆတ်နဲ့ ခရီးသွားလုပ်ငန်း

ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး ထိုင်းရိုးရာ အနှိပ်ပညာသင်ကျောင်းများ

Your Thoughts …
Tags: ကမ္ဘာလှည့်ခရီးသည်ကျန်းမာရေးစင်ကာပူထိုင်းအနှိပ်ခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
တောတွင်းသူပုန် ယဉ်ကျေးမှုအနုပညာပြပွဲ (ရုပ်/သံ)

တောတွင်းသူပုန် ယဉ်ကျေးမှုအနုပညာပြပွဲ (ရုပ်/သံ)

လုပ်သား ၅ သောင်းကျော် ငွေပြန်ပို့ မပို့ အေဂျင်စီများကို စစ်မည်

လုပ်သား ၅ သောင်းကျော် ငွေပြန်ပို့ မပို့ အေဂျင်စီများကို စစ်မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved