Trend

ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး ထိုင်းရိုးရာ အနှိပ်ပညာသင်ကျောင်းများ

ထိုင်းနိုင်ငံဟာ အနှိပ်သည်ကောင်းကောင်းတွေကို မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ မာဆတ် လုပ်ငန်းဟာ ထိုင်းနိုင်ငံအတွက် စီးပွားရေးလုပ်ငန်း တခုဖြစ်ပြီး၊ ရှက်စရာကောင်းတဲ့ လုပ်ငန်း မဟုတ်ပါဘူး။ အများစုက မာဆတ်ပညာနဲ့ ပတ်သက်တဲ့ ကျောင်းကောင်းကောင်းတွေကို တက်ချင်ကြပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး ထိုင်းရိုးရာ အနှိပ်ပညာသင်ကျောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Wat Po ထိုင်းရိုးရာ မာဆတ်သင်တန်းကျောင်း

ထိုင်းရိုးရာ မာဆတ်ကျောင်းတွေထဲ ဘန်ကောက်မြို့မှာရှိတဲ့ Wat Po ကျောင်းက အကောင်းဆုံးပါ။ အခုဆိုရင် Wat Po ထိုင်းရိုးရာ မာဆတ်ကျောင်းက လူသိများလာခဲ့ပါပြီ။ Wat Po ကျောင်းမှာ ထိုင်းရိုးရာ အနှိပ်ပညာနဲ့ ပတ်သက်ရင် အခြေခံကစပြီး သင်ကြားပေးလေ့ ရှိပါတယ်။

(၂) ITM နိုင်ငံတကာ မာဆတ်ပညာ လေ့ကျင့်ရေးကျောင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ ITM (International Training Massage School) ဟာ ထိုင်းနိုင်ငံမှာ ဒုတိယ နာမည်အကြီးဆုံး ကျောင်းပါ။ အခုဆိုရင် ITM နိုင်ငံတကာ မာဆတ်ပညာ လေ့ကျင့်ရေးကျောင်းမှာ ကျောင်းသား ထောင်ပေါင်းများစွာ ရှိနေပါပြီ။ အဲဒီကျောင်းမှာဆိုရင်တော့ ခန္ဓာကိုယ် ပြုစုကုသနည်းနဲ့အတူ ဆရာတွေရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

(၃) TMC ထိုင်းရိုးရာ မာဆတ်သင်တန်းကျောင်း

TMC ကလည်း ချင်းမိုင်မြို့မှာရှိပြီး ထိုင်းနိုင်ငံမှာတော့ တတိယအကောင်းဆုံး ကျောင်း ဖြစ်ပါတယ်။ ITM ကျောင်းလိုပဲ TMC ကျောင်းကလည်း ထိုင်းရိုးရာ မာဆတ်ပညာကို ဆရာတွေနဲ့အတူ စနစ်တကျ သင်ကြားပေးနေတဲ့ကျောင်းပါ။

(၄) Sunshine မာဆတ်သင်တန်းကျောင်း

တကယ်တော့ Sunshine မာဆတ်သင်တန်းကျောင်းက ၂၀၀၄ ခုနှစ်လောက်ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ မျက်နှာသစ်ကျောင်းဖြစ်ပြီး ချင်းမိုင်မြို့မှာပဲ ရှိပါတယ်။ အဲဒီကျောင်းမှာဆိုရင် ထိုင်းယောဂ မာဆတ်ပညာတွေကို သင်ကြားပေးပြီး အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပလေ့ ရှိပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာတော့ အနောက်တိုင်း ဆရာတွေရော၊ ထိုင်းဆရာတွေပါ ပါဝင်လေ့ ရှိပါတယ်။ အဲဒီကျောင်းဟာ ၁၀ နှစ်အတွင်းမှာပဲ တိုးတက်လာခဲ့ပြီး Website တွေမှာပါ ခိုင်မာတဲ့ ဈေးကွက်ကို ရရှိထားပါတယ်။

(၅) Pichest Boontumme ထိုင်းရိုးရာ မာဆတ်သင်တန်းကျောင်း

Pichest Boontumme ထိုင်းရိုးရာ မာဆတ်သင်တန်းကျောင်းကတော့ Hang Dong မြို့မှာရှိပါ တယ်။ သင်ကြားပေးသူကတော့ Ajarn Pichest Boontumme ဆိုသူဖြစ်ပြီး သူဟာ ထိုင်းရိုးရာ မာဆတ်ပညာမှာ ဆရာ တဆူပါပဲ။ အနောက်နိုင်ငံသားများ အပါအဝင် ကျောင်းသားအများစုဟာ ထိုင်းမာဆတ်ပညာနဲ့ ပတ်သက်ရင် သူ့လွှမ်းမိုးမှုကို အများဆုံး ခံကြရပါတယ်။ ကျောင်းခွဲပေါင်းများစွာလည်း ဖွင့်လှစ်ထားပါတယ်။ အဲဒီကျောင်းတွေကတော့ Pichest & Phawat ထိုင်းမာဆတ် လေ့ကျင့်ရေးကျောင်း၊ Boonthumme ထိုင်းမာဆတ်ကျောင်း ချင်းမိုင် စတာတွေပဲ ဖြစ်ပါတယ်။

Ref. traditionalbodywork

You may also like these stories:

ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ထိုင်းရိုးရာ အနှိပ်လုပ်ငန်း

ထိုင်းနိုင်ငံမှာ အနှိပ်ခံရင်း အနားယူကြမလား

Loading