အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေကြတဲ့သူတွေထဲမှာ အနုပညာရှင် မျိုးဆက်သစ် များစွာလည်း ပါဝင်နေကြပါတယ်။ မောင်းပြန်သေနတ်ကို ကိုင်ထားတဲ့ လူငယ်တွေရင်ထဲမှာလည်း အနုပညာ ဗီဇ ကိန်းအောင်းနေတာဖြစ်ပါတယ်။
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ လူငယ်တွေဟာ “တောတွင်းသူပုန်ယဉ်ကျေးမှုအနုပညာပြပွဲ” တခုကို ဒီဇင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ ပြပွဲမှာ ဓာတ်ပုံ၊ ပန်းချီ၊ ကဗျာနဲ့ ချည်ထိုးလက်မှု အနုပညာတွေကို ပြသခဲ့ကြသလို ကဗျာရွတ်ခြင်း၊ တေးသီချင်းတွေ သီဆိုခြင်းနဲ့ အက အလှတွေ ချပြခဲ့ကြပါတယ်။
#မြန်မာ #ဧရာဝတီ #တောတွင်းသူပုန်ယဉ်ကျေးမှုအနုပညာပြပွဲ #ကရင်နီ #ဒီးမော့ဆို













