ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅) ကို တိုက်ခိုက် သိမ်းယူပြီးတဲ့နောက် အမ်းမြို့မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ထပ်မံ သိမ်းပိုက်ဖို့ အတွက် ထိုးစစ် အရှိန်မြင့် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ပြောပါတယ်။
အမ်းမြို့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီ တပ်သားတွေဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ထဲကို ဆုတ်ပြေးသွားခဲ့ပြီး AA က ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် မကြာခင်မှာ လက်နက်ချ အလင်းဝင် နိုင်တယ်လို့ စစ်ရေး လေ့လာ သုံးသပ်သူတွေက ပြောကြပါတယ်။
လက်ရှိချိန်မှာတော့ နပခ ဌာနချုပ်လက်အောက်က တပ်ရင်း တပ်မ ၁၈ ခုလုံး နဲ့၊ အမ်းမြို့မရဲစခန်း၊ စစ်ကောင်စီ ရဲ့ ရိက္ခာဂိုဒေါင်၊ ဆေးတပ်တွေ အပါအဝင် ကာကင်းတွေ အကုန်လုံးကို သိမ်းပိုက်ထားပြီး ဌာနချုပ် စခန်းတခုသာ ကျန်ရှိတော့တာပါ။
#မြန်မာ #ဧရာဝတီ #ရခိုင်ပြည်နယ် #အမ်း #မောင်တော #နပခ #နခခ၅ #AA













