စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှု သိသိသာသာ ကျဆင်းသွားတဲ့အပြင်စစ်ကောင်စီရဲ့ ထိန်းသိမ်းမှုတွေကြောင့် ဒီရေတော ဧရိယာတွေလဲ တိုးလာတယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တကယ့် လက်တွေ့မှာတော့ စစ်ကောင်စီ အာဏာသိမ်းပြီး သုံးနှစ်အတွင်း သစ်တောပြုန်းတီးမှု ဧက ၂၁ သန်းကျော် ရှိခဲ့ပြီး ဒီသစ်တောပြုန်းတီးမှုတွေရဲ့ ၃၀% ခန့်က သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ သစ်တောများလေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီး (GLAD) က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။
စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပြင် သဘာဝကပ်ဘေး အန္တရာယ်တွေ ကျရောက်လာအောင်ပါ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ့ အရေး ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR