• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း

by ငြိမ်းငြိမ်း
5 December 2020
in အင်တာဗျူး
A A
၂၀၂၀ ခုနှစ်အတွက် ဂိုးလ်မင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုရှင် ကရင်တိုင်းရင်းသား စောပေါစိန်ထွား / Goldman Environmental Prize

၂၀၂၀ ခုနှစ်အတွက် ဂိုးလ်မင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုရှင် ကရင်တိုင်းရင်းသား စောပေါစိန်ထွား / Goldman Environmental Prize

5.2k
VIEWS
Share on FacebookShare on Twitter

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ကရင်တိုင်းရင်းသား စောပေါလ်စိန်ထွားသည် ၂၀၂၀ ခုနှစ်အတွက် Goldman (ရွှေလူသား) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုကို လက်ခံရရှိခဲ့သည်။ ထိုဆုသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် အရေးထား ကြိုးပမ်းဆောင်ရွက်သူများအား အသိအမှတ်ပြုသော ဆုတခုဖြစ်သည်။

စောပေါလ်စိန်ထွားသည် အမေရိကန်အခြေစိုက် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ဖေါင်ဒေးရှင်း ၏ ၂၀၂၀ ခုနှစ်အတွက် သဘာဝပတ်ဝန်းကျင် သူရဲကောင်း ၆ ဦးအနက် တဦးဖြစ်သည်။ ထိုဖေါင်းဒေးရှင်းသည် သဘာဝပတ်ဝန်းကျင် သူရဲကောင်းဆုကို ၁၉၈၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်နှင့် ကရင်ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ကြိုးစားရင်း အသက် ၄၇ နှစ်ရှိပြီ ဖြစ်သော စောပေါလ်စိန်ထွားသည် မြေဧက သန်းပေါင်း ၁.၃၅ ဧက (၅၄၆၃၂၅ ဟက်တာ) ကျယ်သော ဌာနေတိုင်းရင်းသားများ၏ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တွင် ဦးဆောင်တည်ထောင်ခဲ့သည်။ ထိုဥယျာဉ်သည် သံလွင်မြစ်ဝှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ထူးခြားသော ရပ်ရွာအသိုင်းအဝန်းအခြေပြု စုပေါင်းထိန်းသိမ်းသည့် နည်းကို အခြေခံထားသည်။

သံလွင်မြစ်ဝှမ်းဒေသသည် အဓိကကျသော ဇီဝမျိုးစုံ မျိုးကွဲများရှိရာဇုန်ဖြစ်ပြီး ကရင်ဌာနေ တိုင်းရင်းသားများ၏ ဇာတိမြေဖြစ်သည်။ ကရင်တိုင်းရင်းသားတို့သည် ၎င်းမြေတွင် ၎င်းတို့ စီမံပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို တောင်းဆိုနေခဲ့ကြသူများ ဖြစ်သည်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ဒေသ မူတြော် (ဖာပွန်) ခရိုင်တွင် တည်ရှိသည့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါသော အောင်ပွဲတခုဟု တင်စားသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ကျေးရွာအုပ်စု ၂၆ ခုမှ ရွာပေါင်း ၃၈၀ ရှိပြီး လူဦးရေ ၆၀၀၀၀ ကျော်ရှိသည်။ ဒေသခံများသည် ၎င်းတို့ဒေသ သဘာဝပတ်ဝန်းကျင် အရာမယွင်း ဆက်လက်တည်ရှိရေးအတွက် အကျိုးပြုနေကြသည်။

စောပေါလ်စိန်ထွားကိုယ်တိုင်သည် သံလွင် ငြိမ်းချမ်းရေးဥယျာဉ်ဒေသအတွင်းမှ ဒေသခံတဦး ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မနားမနေ လှုပ်ရှား ဆော်သြနေသူဖြစ်သည်။ ဒေသခံများသည်သာ ၎င်းတို့၏ ရပ်ရွာလူမှုအသိုင်းအဝန်းအတွက် အမှန်တကယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်သူများဖြစ်သည် ဟုလည်း ၎င်းက ယုံကြည်သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ကျေးရွာအုပ်စု ၂၆ ခုမှ ရွာပေါင်း ၃၈၀ ရှိပြီး လူဦးရေ ၆၀၀၀၀ ကျော်ရှိသည်။ ဒေသခံများသည် ၎င်းတို့ဒေသ သဘာဝပတ်ဝန်းကျင် အရာမယွင်း ဆက်လက်တည်ရှိရေးအတွက် အကျိုးပြုနေကြသည်။

သူသည် ကရင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ရက် (KESAN) ကို ၂၀၀၁ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့ပြီး ထိုအချိန်ကတည်းက ဆယ်စုနှစ်ပေါင်းများစွာကြာ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးပြဿနာများကို ကုစားရန် ကြိုးစားသူ ဖြစ်သည်။ သံလွင်မြစ်ပေါ်ရှိ ဟက်ကြီး မဟာရေလှောင်တမံ စီမံကိန်း ကဲ့သို့သော သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသည့် စက်မှု စီမံကိန်းများကို ဆန့်ကျင်ခဲ့သည်။

“ကျနော်တို့ရဲ့ ရုန်းကန်မှုတိုက်ပွဲ ပြီးဆုံးဖို့ဆိုတာ အဝေးကြီးလိုသေးတယ်။ ကျနော်တို့အနေနဲ့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ကျနော်တို့ ကရင်တွေရဲ့ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှု တည်တံ့ရေးနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စွာ ပူးတွဲနေထိုင်ရေး ရည်မှန်းချက်တွေကို ပြသနေတဲ့ နေရာတခုအဖြစ် ဆက်လက်ထိန်းသိမ်းရမယ်” ဟု အင်္ဂါနေ့ နံနက်က ဗီဒီယို ကွန်ဖရင့်မှ ကျင်းပသည့် ဆုပေးပွဲအတွင်း စောပေါလ်စိန်တွားက ပြောခဲ့သည်။ “ ဒီဆုဟာ နိုင်ငံတကာနဲ့ ပြည်တွင်းထောက်ခံမှု ဆက်လက်ရဖို့နဲ့ သံလွင်ငြိမ်းချမ်းရေးဥယာဉ်ကို တည်တံ့စေဖို့ အထောက်အကူပြုတဲ့ ခြေလှမ်းတခုဖြစ်ပါတယ်“ ဟုလည်း ဆိုသည်။

ဆုပေးပွဲအခမ်းအနားအပြီးတွင် သူ၏အောင်မြင်မှုနှင့် ရှေ့လုပ်ငန်းအစီအစဉ်များကို သိရှိရန် ဧရာဝတီ သတင်းဌာနက စောပေါလ်စိန်ထွားကို ဆက်သွယ်မေးမြန်းခဲ့သည်။

မေး။ လွန်ခဲ့တဲ့ နှစ်နှစ်က သံလွင်ငြိမ်းချမ်းရေးဥယာဉ်ကို စခဲ့ကတည်းက ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။ ဘယ်လိုကျော်ဖြတ်ခဲ့လဲ။

ဖြေ။ ဒီစိန်ခေါ်မှုတွေက အမြဲတမ်းရှိနေတယ်။ ကျနော်တို့ ကရင်နယ်မြေဒေသတော်တော်များများက အထူးသဖြင့် ပြည်တွင်းစစ်ဒဏ်ကို ကျနော်တို့ ခံရတယ်။ အခြားအကြီးစားဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (mega-development project) တွေဖြစ်တဲ့ သံလွင်မြစ်ပေါ်က ရေကာတာ တည်ဆောက်ရေးတို့၊ အခြား စီးပွားရေးလုပ်ငန်းတွေရဲ့ စိန်ခေါ်မှုတွေ ရှိတယ်။ အကျိုးဆက်က ဒီ ဌာနေကရင် တိုင်းရင်းသားတွေ နေထိုင်တဲ့နေရာမှာ တော်တော်များများက ဒီသဘာဝသယံဇာတကြွယ်ဝတဲ့ နေရာ။ နောက် ကရင်တိုင်းရင်းသား ဓလေ့ထုံးထမ်းအတိုင်း နေတဲ့နေရာက သိပ်မရှိတော့ဘူး။

အဲဒါ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဒေသမှာ ရှိတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်းတွေ ကောင်းကောင်း ရှိတဲ့နေရာမို့ ဒီလိုမျိုး ထိန်းသိမ်းကာကွယ်ဖို့ ဒီ လူနဲ့သဘာဝပတ်ဝန်းကျင်ကို ဘယ်လို သဟဇာတ ရှိအောင်နေထိုင်နိုင်ဖို့ လုပ်မလဲဆိုတာ အဓိကထားပြီးတော့ ဒီသံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို တည်ထောင်တာ။ တည်ဆောက်တာပေါ့။

အဲဒါ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဒေသမှာ ရှိတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်းတွေ ကောင်းကောင်း ရှိတဲ့နေရာမို့ ဒီလိုမျိုး ထိန်းသိမ်းကာကွယ်ဖို့ ဒီ လူနဲ့သဘာဝပတ်ဝန်းကျင်ကို ဘယ်လို သဟဇာတ ရှိအောင်နေထိုင်နိုင်ဖို့ လုပ်မလဲဆိုတာ အဓိကထားပြီးတော့ ဒီသံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို တည်ထောင်တာ။ တည်ဆောက်တာပေါ့။

မေး။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တည်ဆောက်ဖို့ ဘယ်လို စတင်ဖြစ်ခဲ့တာလဲ။

ဖြေ။ ကျနော်တို့ရဲ့သံလွင်မြစ်ဒေသဟာ ကရင်ဌာနေတိုင်းရင်းသားတွေရဲ့ ဒေသဖြစ်တယ်။ ကျနော်တို့မှာ များပြားတဲ့ သားရိုင်းတိရစာ္ဆန်နဲ့ ဇီဝမျိုးစုံ မျိုးကွဲစုံလင်တဲ့ ကြွယ်ဝတဲ့ သဘာ၀ ပတ်ဝန်းကျင် ရှိတယ်။ ဒီဒေသကို ကျနော်တို့ရဲ့ ကရင်တိုင်းရင်းသားတွေ နှစ်ထောင်ချီနေလာပြီး ထိန်းသိမ်းခဲ့တယ်။ ဒီနယ်မြေကို ကျနော်တို့ ကရင်တမျိုးတည်းအတွက်လည်း မဟုတ်ဘူး။ မြန်မာနိုင်ငံ တနိုင်ငံလုံးအတွက် ဖြစ်စေ၊ တကမာ္ဘလုံးအတွက်ဖြစ်စေ အရေးကြီးတဲ့နေရာလို့ မှတ်ယူတယ်။ အခုကျနော်တို့တတွေဟာ ရာသီဥတုပြောင်းလဲမှုဆိုတဲ့ ကမ္ဘာတဝှမ်း ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီ။ ဒီဒေသကို ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးတယ်။ ဒါကြောင့် ဒီဒေသကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို ကျနော်တို့ စဉ်းစားခဲ့ကြတယ်။

ဒီ အစိုးရလုပ်တဲ့ protected areas (ထိန်းသိမ်းရေးနယ်မြေ) ကို ပြန်လေ့လာတော့ ကျနော်တို့ဒေသကို အဲလိုအတိုင်း လိုက်လုပ်လို့လည်း မဖြစ်ဘူး။ အစိုးရလုပ်တဲ့နည်းက လူနဲ့ သဘာ၀ ပတ်ဝန်းကျင်ကို သီးခြားခွဲနေရတာ။ ဘာပြဿနာတွေ့လဲဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးတွေ့တယ်။ ဌာနေတိုင်းရင်းသားတွေကလည်း တောထဲကို ထွက်ပြေးရတယ်။ အဲဒီလိုမျိုး ကျနော်တို့ မလိုချင်ဘူး။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ သာသွီးဒါရွာတွင် ကရင်နှစ်သစ်ကူး ကျင်းပရာ ရိုးရာတူရိယာတခုအား စောပေါစိန်ထွား စမ်းတီးကြည့်နေစဉ်/ Brennan O’Connor / The Goldman Environmental Prize

ကျနော်တို့ ဘယ်လိုနည်းနဲ့လုပ်သလဲဆိုတော့ ဌာနေတိုင်းရင်းသားတွေရဲ့ လူနေမှုပုံစံ နဲ့ သူတို့ရဲ့ ဓလေ့ထုံးတမ်းကိုယူပြီး ထိန်းသိမ်းမှုတွေ လုပ်တာ။ ကျနော်တို့ ချဉ်းကပ်မှုက မတူဘူး။ လူနဲ့ သဘာဝက သဟဇာတ ဖြစ်စွာ ယှဉ်တွဲနေထိုင်နိုင်တယ်ဆိုတာ ကျနော်တို့ရဲ့ အယူအဆ ပေါ့။ ထိန်းသိမ်းမှု လုပ်တဲ့အထဲမှာ ကရင်နဲ့ သဘာ၀ ပတ်ဝန်းကျင် ဆက်နွယ်မှု ကို အဓိက ထားတယ်။ အဲဒီလို ခိုင်မာတဲ့ ဆက်စပ်မှု မထားဘူး မလုပ်ဘူးဆိုရင် ကျနော်တို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာပဲ။ အဲဒါကြောင့် အဲဒီ ချဉ်းကပ်မှုကနေ ကျနော်တို့ စတင်ခဲ့တာ။

ဒေသခံတွေက ဒီ ဥယျာဉ်ထဲမှာပဲ ရှိနေပြီး ဒီနယ်မြေကို ပြန်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ ပြီးတော့ သံလွင်ဥယျာဉ်ထဲမှာရှိတဲ့မြေကို အမျိုးအစားတွေ ပြန်ခွဲတယ်။ ဇုန်တွေ (zoning) ပြန်လုပ်တယ်။ ဘယ်နေရာမှာက ရေဝေရေလဲနယ်မြေ၊ ဘယ်နေရာက တောရိုင်းတိရိစ္ဆာန်နေတဲ့နယ်မြေ၊ ဘယ်နေရာမှာ တောင်ယာလုပ်ရသလဲ၊ ဘယ်နေရာမှာဘာတွေမလုပ်ရ ဆိုပြီး အဲဒီလိုမျိုး ကျနော်တို့ ဓလေ့ထုံးတမ်းအရ မြေပုံဆွဲပြီး နယ်မြေသတ်မှတ်တယ်။ အဲဒီလို စနစ်တကျ ပြန်ပြီးတော့ စီမံခန့်ခွဲတယ်။

မေး။ ဒီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဖို့ ဘယ်အရာက စေ့ဆော်ခဲ့တာလဲ။

ဖြေ။ ကျနော် ငယ်ငယ်က ကြီးပြင်းတဲ့ရွာက တောထဲမှာ။ ဒီ သံလွင်မြစ်နားမှာပါပဲ။ ကျနော်တို့က အမြဲတမ်း သစ်တောနဲ့ ဆက်နွယ်မှုရှိတယ်။ ဒီသံလွင်မြစ်ထဲမှာပဲ ကျနော်တို့ ရေချိုးတယ်။ ရေသောက်တယ်။ ကစားတယ်။ လှေစီးတယ်။ ၁၉၈၈-၈၉ မှာသစ်ထုတ်ရေးလုပ်ငန်း အတွက် အစိုးရက ထိုင်းကုမဏီကို ပေးလုပ်တယ်။ အဲဒီမှာ ကျနော်တို့ သစ်တောတွေ အများကြီး ပြုန်းတီးတယ်။ နောက် တနှစ် နှစ်နှစ်ကြာတော့ သံလွင်မြစ်မှာ ရေကြီးတယ်။ မြေပါပြိုလာတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို အဲဒီအချိန်မှာ ကြုံတွေ့ခဲ့ရတယ်။

အရင်တုန်းကတော့ ကျနော်တို့က ဒီလိုတွေ မကြုံဖူးတော့ မဖြစ်သေးတော့ သစ်တောကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ နားမလည်ခဲ့ဘူး။ သစ်တောတွေ ခုတ်တာတွေ မဖြစ်သင့်ဘူး။ သစ်ခုတ်တာက ကျနော်တို့ ဓလေ့ထုံးတမ်းနဲ့လည်း မကိုက်ညီဘူး။

အရင်တုန်းကတော့ ကျနော်တို့က ဒီလိုတွေ မကြုံဖူးတော့ မဖြစ်သေးတော့ သစ်တောကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ နားမလည်ခဲ့ဘူး။ သစ်တောတွေ ခုတ်တာတွေ မဖြစ်သင့်ဘူး။ သစ်ခုတ်တာက ကျနော်တို့ ဓလေ့ထုံးတမ်းနဲ့လည်း မကိုက်ညီဘူး။

နောက် ၁၉၉၅-၉၆ မှာ သံလွင်မြစ် ရေကာတာ စီမံကိန်း ပေါ်လာရော။ ဒီရေကာတာ မလာခင်ကလည်း ကျနော်တို့ နေတဲ့ဒေသမှာ အစိုးရတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်နဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တယ်။ ကျနော်တို့ ထွက်ပြေးရတယ်။ နောက်တော့ ရေကာတာက လာတော့မယ်။ ဆိုတော့ ကျနော်တို့ နေစရာ မရှိတော့ဘူးလေ။

အဲဒီအပေါ်စိုးရိမ်မှု ရှိတော့ ဒီအတွက် တခုခုလုပ်ဖို့ ကျနော်နဲ့သူငယ်ချင်းတွေ တိုင်ပင်တယ်။ ပေါင်းပြီး အသိပညာပေးတွေ သင်တန်းတွေလုပ်တယ်။ နောက် သုတေသနတွေလုပ်တယ်။ သုတေသနလုပ်တဲ့အခါ ကျနော်တို့ တွေ့ရှိရချက်က ကျနော်တို့ကရင်လူမျိုးက ဒီသဘာ၀ ပတ်ဝန်းကျင်ကို သိပ်ချစ်တယ်။ ပြီးတော့ ထိန်းသိမ်းတယ်။ ဂရုစိုက်တယ်ပေါ့။ ပြီးတော့ ကျနော်တို့ ကြုံတွေ့ရတဲ့ပြဿနာက အများကြီးရှိတယ်။ သူတို့က အရှုံးမပေးဘူး။ သူတို့မှာလည်း ဓလေ့ထုံးတမ်းအရ အဖြေရှာကြတယ်။ ဆက်လုပ်မယ်။ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ လုပ်မယ်ပေါ့။

အဲဒီကနေ ကျနော်တို့ စိတ်ခွန်အား ရလာတယ်။ ကျနော်တို့ကလည်း ဒေသခံ ပြည်သူလူထုနဲ့ပေါင်းလုပ်ရင် ရမယ်ဆိုတာ ယုံကြည်လို့ ၂၀၀၁ ကတည်းက KESAN ကို တည်ထောင်တယ်။ ပြီးတော့ ပရိုဂရမ်တွေ စရေးဆွဲပြီး လုပ်တော့တာ။

မေး။ ဒီမြေဧက သန်းပေါင်း ၁.၃၅ သန်း (စတုရန်းကီလိုမီတာ ၅၄၀၀ ကျော်) ကို ထိန်သိမ်းဖို့ ဒေသခံတွေက ဘယ်လိုပူးပေါင်းပါဝင်လဲ။

ဖြေ။ ဒေသခံပြည်သူတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကို အဓိက အကျိုးပြုသူတွေ ဖြစ်ပါတယ်။ ကျနော်တို့မှာ ဒေသခံပြည်သူတွေနဲ့စုဖွဲ့ထားတဲ့ ကွန်ရက်တွေ၊ စီမံခန့်ခွဲရေး ကော်မတီတွေ ရှိတယ်။ ဒီငွေရေးကြေးရေးကိစ္စ သူတို့မလုပ်နိုင်တဲ့ အရာတွေမှာပဲ ကျနော်တို့က ရံပုံငွေ ကိုရှာတာ။ မြေနယ်နိမိတ် သတ်မှတ်တာတို့ အစည်းအဝေးကျင်းပတာတို့လို နည်းပညာပိုင်းကိစ္စတွေအတွက် ကျနော်တို့ ရန်ပုံငွေရှာတယ်။ အခုသဘာဝပတ်ဝန်းကျင်ဆုက ဂုဏ်ပြုတာပါသလို ဘဏ္ဍာရေးအထောက်အကူလည်း ပါတယ်။ ဒီဟာက ကျနော်တို့အတွက် အများကြီး အထောက်အကူဖြစ်တာပေါ့။

အခု ကျနော်တို့ ကြုံနေရတဲ့ ကမ္ဘာကပ်ရောဂါ (ကိုဗစ်-၁၉) ကာလမှာ အခက်အခဲတွေ အများကြီး ကြုံရတယ်။ နောင် အနာဂတ်မှာလည်း ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိသေးဘူး။ အလှူရှင်တွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအတွက် သူတို့ ဘယ်လောက် ကူညီထောက်ပံ့နိုင်မလဲဆိုတာ (မသေချာဘူး)။ အဲဒါကြောင့် ဒါ ရတဲ့ ဒီငွေရေးကြေးရေးက အထောက်အကူ အများကြီး ပြုနိုင်မယ်။

မေး။ ဂုဏ်သိက္ခာမြင့်မားတဲ့ သဘာဝပတ်ဝန်းကျင် သူရဲကောင်းဆုကို လက်ခံရရှိသူ တဦးအနေနဲ့ လူငယ်တွေ အပါအဝင် မြန်မာနိုင်ငံက အခြားသူတွေကို ဘယ်လိုသတင်းစကားများ ပါးလိုပါသလဲ။

ဖြေ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက အားလုံးရဲ့ တာဝန်ပဲ။ ကျနော်တို့ အလုပ်က ကြီးမားတဲ့အလုပ်ဖြစ်ဖြစ် သေးငယ်အလုပ်ဖြစ်ဖြစ် ဖြစ်ဖြစ် ကျနော်တို့တတ်နိုင်သမျှ လုပ်ဖို့လိုတယ်။ ကျနော်တို့ ဘယ်နေရာမှာပဲ နေနေပေါ့။ အဲဒါကို လုပ်ရမှာ။

ကျနော်တို့ကမ္ဘာကလည်း တခုပဲ ဖြစ်တယ်။ အခု ကမ္ဘာတဝှမ်း ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကျနော်တို့အားလုံး ဒုက္ခရောက်ရတယ်။ ကျနော်တို့တွေဟာ လူသားထုအတွက် ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့်ပဲ အဖြေကို ရှာရမယ်။

ကျနော်တို့ကမာ္ဘကလည်း တခုပဲ ဖြစ်တယ်။ အခု ကမ္ဘာတဝှမ်း ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကျနော်တို့အားလုံး ဒုက္ခရောက်ရတယ်။ ကျနော်တို့တွေဟာ လူသားထုအတွက် ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့်ပဲ အဖြေကို ရှာရမယ်။

အဲဒီအခါ အဖြေတွေရလိမ့်မယ်။ ပြီးတော့ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် ကလည်း ကျနော်တို့ရဲ့ အဖြေတခုပေါ့။ ကျနော်တို့အားလုံး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတရှိရှိ နေနိုင်ဖို့ အတွက် အတူတူ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းသစ် ရှာလိုသူတွေ မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတွေအပါအဝင် အခြားသူတွေကို ကျနော်အနေနဲ့ ဒီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့ အားပေးလိုပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ မူဝါဒတွေကို ပြောင်းလဲအောင် ကျနော်တို့ အတူတကွ လုပ်ဆောင်ရမယ်။

အထူးသဖြင့်တော့ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားထုတ်မှုတွေကို လက်ခံအသိအမှတ်ပြုရမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မြန်မာနိုင်ငံအတွက် ကောင်းမှာမဟုတ်ဘူး။

You may also like these stories:

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
35
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
24
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
159

မြန်မာ့သစ်တောအားလုံးကို ကုလသမဂ္ဂနှင့် ပူးပေါင်း မှတ်တမ်းတင်မည်

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

မိန်းမလှကျွန်းက မိကျောင်းနဲ့ လူ ပဋိပက္ခ

တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်

ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း

Your Thoughts …
Tags: ကရင်တိုင်းရင်းသားစောပေါစိန်ထွားသဘာဝပတ်ဝန်းကျင် သူရဲကောင်းသံလွင်ငြိမ်းချမ်းရေးဥယျာဉ်
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ပြည်တွင်းစစ်အတွင်း “သောသီတောအူး” ဌာနေလူမျိုးစုများဥယျာဉ်သစ် ဖွင့်လှစ်

ပြည်တွင်းစစ်အတွင်း “သောသီတောအူး” ဌာနေလူမျိုးစုများဥယျာဉ်သစ် ဖွင့်လှစ်

by Sonam Lama Hyolmo
23 December 2024
1.4k

ဥယျာဉ်ထူထောင်ခြင်းနှင့်အတူ လူမှုအသိုက်အဝန်းများသည် သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ်၏ ပဋိညာဉ်ကိုလည်း အတည်ပြုကြသည်။

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

by ငြိမ်းငြိမ်း
23 March 2024
493

သံလွင်မြစ်ဟာ လူတိုင်းအတွက်ဖြစ်တယ်။ လူတွေ ငါးလာဖမ်းနိုင်သလို ခရီးသွားလို့လည်း ရတယ်။

မြန်မာ့ဒေသအလိုက် ရာသီဥတုပြောင်းလဲမှု စီမံကိုင်တွယ်ရေး ထိုင်း ကူညီသင့်

မြန်မာ့ဒေသအလိုက် ရာသီဥတုပြောင်းလဲမှု စီမံကိုင်တွယ်ရေး ထိုင်း ကူညီသင့်

by Surachanee Sriyai နှင့် Ashley South
14 November 2024
332

ရာသီဥတုပြောင်းလဲမှု၏ ထိုစိန်ခေါ်မှုများကို ကိုင်တွယ်ရန် မြန်မာမှ ပဋိပက္ခထိခိုက်ဒေသများတွင် အကူအညီ ပိုမိုလိုအပ်သည်။

အရှေ့ခြမ်းရှိ ဒေါနတောင်တန်းကို မှုန်ပျပျ နောက်ခံထားထားသော စစ်တောင်းမြစ် / ဧရာဝတီ

စစ်တောင်းမြစ်တကြောက ကရင်တိုင်းရင်းသားများ

by Ashley South
6 June 2017
34.1k

စာရေးသူသည် သင်္ကြန်ပွဲတော် မတိုင်မီက ကရင်ကျေးရွာများ၊ ကရင်ပြည်နယ် အပိုင်းရှိ စစ်တောင်းမြစ်ရိုးရှိ မြို့ငယ်များမှ မိသားစုများ ဆွေမျိုးများနှင့် တပတ်တာမျှ အတူနေထိုင်ခဲ့သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းတခု ၂၀၂၁ ခုနှစ်၊ မတ်လက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခိုလှုံပုန်းရှောင်နေသူများ / KESAN

လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

by Carolyn Cowan
22 May 2023
5k

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို KNU ၏ သစ်တောဌာန၊ ဒေသခံ ကရင်လူမှုအသိုက်အဝန်းများနှင့် KESAN တို့က ပူးတွဲ စီမံသည်။

၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်တွင် KNLA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ် / ဧရာဝတီ

ကရင်ပြိုင်ဘက်အုပ်စုအချင်းချင်း တိုက်ခိုက်မှုရပ်ရန် တောင်းဆို

by ဧရာဝတီ
24 February 2023
5.6k

KTLA တပ်များက KNU စစ်သားတဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖမ်းဆီးပြီး ပြန်လွှတ်မပေးသောကြောင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Next Post
--

ကျောင်းသား လှုပ်ရှားမှုက ရန်ကုန်တက္ကသိုလ်နဲ့ ခွဲမရဘူး

ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ အရေအတွက်လည်း ဒီဇင်ဘာလဆန်းမှာ တဟုန်ထိုး မြင့်တက်လာပါတယ်။

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူပေါင်း ၆၅ သန်း ကျော်ပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved