• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ရုပ်သံ Photo Essay

တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်

by ဟိန်းထက်
31 August 2020
in Photo Essay
A A
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
10.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ မြိတ်နှင့် တနင်္သာရီမြို့များကြားမှ ကရင်ကျေးရွာများ၏ ပတ်ဝန်းကျင်ရှိ သစ်တောများထဲတွင် သင်းခွေချပ်များသည် လွန်ခဲ့သော ၁၅ နှစ်ကကဲ့သို့ ကံမကောင်းကြတော့ပါ။

ယခင်ကဆိုလျှင် တနင်္သာရီ အမျိုးသားဥယျာဉ်အနီးအနားမှ ရွာသားများသည် တောတွင်းသို့ သွားရောက်သည့်အခါ လူတွေ့ သွားသည့်အချိန် ဘောလုံးတလုံးလို ခွေပစ်လိုက်သော ရှက်တတ်သည့် ထို တောရိုင်းတိရိစ္ဆာန် သတ္တဝါများနှင့် ကြုံရခြင်းက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ များသောအားဖြင့် ကျေးရွာသားများက သူတို့ လျစ်လျူရှု ထားခဲ့ကြသော်လည်း တခါတရံတွင်မူ သူတို့ အဖမ်းခံရသည်။ ထမင်းစားပွဲတွင် အဆုံးသတ်ကြရသည်။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

“တကယ်လို့ ကျနော်တို့ နေလို့ သိပ်မကောင်းဘူးဆိုရင် သင်းခွေချပ်သား ဆန်ပြုတ်သောက်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက နေမြန်မြန် ပြန်ကောင်းဖို့ အထောက်အကူ ဖြစ်တယ်” ဟု ရွာသားတဦးက ပြန်ပြောပြသည်။

သူတို့၏ အသက်အန္တရာယ်အတွက် ရံဖန်ရံခါ ကြုံရသော ထိုကဲ့သို့ ခြိမ်းခြောက်မှု မျိုးမှလွဲ၍ အကြေးခွံများနှင့် ဖုံးနေသည့် ထိုတိရိစာ္ဆန်များသည် မျိုးစုံသော ဇီဝ မျိုးကွဲများကြောင့် ထင်ရှားသည့် စိမ်းလန်းစိုပြေသော တနင်္သာရီတောင်ကုန်းများတွင် ဘေးကင်းလုံခြုံမှု ရှိခဲ့သည်။ သို့သော် ယခု ထိုသို့ မဟုတ်တော့ပါ။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

ကွမ်းနှင့် ဆီအုန်းစိုက်ပျိုးခြင်းဖြင့် အစဉ်အလာအရ အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသော ရွာသူရွာသားများက သင်းခွေချပ်များသည် တရားမဝင် ကုန်သွယ်မှုမှ တဆင့် ငွေကြေး အမြောက်အမြား ရရှိနိုင်ကြောင်း နားလည်သဘောပေါက်လာကြ ခြင်းက သူတို့ကို ကမာ္ဘတလွှားမှာ ဖြစ်နေသကဲ့သို့ပင် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ကြုံလာစေခဲ့ပြီ။

National Geographic မဂ္ဂဇင်း၏ အဆိုအရ သင်းခွေချပ်များသည် ကမာ္ဘပေါ်တွင် တရားမဝင် ကုန်ကူးမှု အများဆုံးခံရသည့် တောရိုင်းတိရိစ္ဆာန်ဖြစ်သည်ဟု ယုံကြည်ရသည်။

နှစ်စဉ်သောင်းနှင့် ချီသော သင်းခွေချပ်များ အဖမ်းခံနေကြရသည်။ တရုတ် တိုင်းရင်းဆေးအတွက် အသုံးပြုသော အကြေးခွံများနှင့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံမှ ကြွယ်ဝချမ်းသာသူများကြား အလွန်လူကြိုက်များသည့် နူးညံ့သော သူတို့၏ အသားအတွက် သတ်ဖြတ်ခြင်း ခံနေကြရသည်။

တနင်္သာရီတိုင်းတွင် သင်းခွေချပ်များကို ဖမ်းပြီး ယခုလို ပီနန်အိတ်ထဲ ထည့်ကာ ဝယ်လက်ဆီ ပို့သည်/ဟိန်းထက်/ဧရာဝတီ

ဤဖြစ်စဉ်က တနင်္သာရီတိုင်း အပါအဝင် မြန်မာနိုင်ငံမှ သင်းခွေချပ်များ မျိုးသုဉ်းရမည့် အန္တရာယ်တခုကို ဖော်ပြနေသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ထမင်းစားပွဲများနှင့် တိုင်းရင်းဆေးဆိုင်များအတွက် သူတို့ကို အကြီးအကျယ် အမဲလိုက် ဖမ်းဆီးနေကြသည်။

မြန်မာနိုင်ငံတွင် ဆန်ဒါသင်းခွေချပ် (မလေးသင်းခွေချပ်ဟုလည်း ခေါ်သည်) နှင့် တရုတ် သင်းခွေချပ်တို့ ပေါများသည်။ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များအဖြစ် ယူဆခြင်းခံရသောကြောင့် အစိုးရက သူတို့ကို “ အကာအကွယ် ပေးထားသော တောရိုင်းတိရိစာ္ဆန်များ” အဖြစ် သတ်မှတ်ထားသည်။ ထိုသတ္တဝါများအား သတ်ဖြတ်၊ အမဲလိုက်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် စုဆောင်းခြင်း ပြုလုပ်သည့် မည်သူမဆို ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့သော ဇီဝမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ် အထိ ကျခံရနိုင်သည်။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

ဥပဒေအရ အကာအကွယ် ပေးခြင်းက အလုပ်ဖြစ်ပါသလား။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကျေးရွာ ၉ ရွာသို့ သွားရောက်ခဲ့သည့် ဧရာဝတီ၏ ခရီးစဉ်အတွင်း သင်းခွေချပ်များအား အကာအကွယ်ပေးရေးက အလွန်ပင် မေးခွန်းထုတ်ဖွယ်ရာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

ဝေးလံခေါင်သီသော ကျေးရွာများသို့ သွားရောက်စဉ် ဆန်ဒါ သင်းခွေချပ်များ အမဲလိုက်ခံနေရကြောင်း ဧရာဝတီက တွေ့ခဲ့ရသည်။ အဆိုပါ တိရိစာ္ဆန် အများစုကို ဆင်ခွန်(Singkhon) နယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ မှောင်ခိုတင်သွင်းကြသည်။ ထိုင်းနိုင်ငံမှ တဆင့် ထိုသတ္တဝါများကို အခြားနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

ဥပဒေ နှင့် ပတ်သက်၍ မေးမြန်း ကြည့်သည့်အခါ တိရိစာ္ဆန်များ ရောင်းဝယ်ခြင်းနှင့် စုဆောင်းခြင်းက တရားမဝင်ကြောင်း ရွာသားအများစုက အနည်းငယ်မျှသာ သတိထားမိကြပြီး ပြစ်ဒဏ်နှင့် ပတ်သက်၍လည်း မသိကြပါ။ အစိုးရက အရေးယူ အပြစ်ပေးမည်ကို စိုးရိမ်သဖြင့် သူတို့၏ ရွာနာမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုရန် ရွာသားများက ဧရာဝတီကို တောင်းဆိုခဲ့ကြသည်။

တနင်္သာရီတိုင်းတွင် သင်းခွေချပ်များကို ဖမ်းပြီး ယခုလို ပီနန်အိတ်ထဲ ထည့်ကာ ဝယ်လက်ဆီ ပို့သည်/ဟိန်းထက်/ဧရာဝတီ

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက် အထိ သူတို့ဆီက ငွေရှာနိုင်မယ်ဆိုတာ ကျနော်တို့ မသိခဲ့ဘူး” ဟု အမည်မဖော်လိုသူ ရွာသားတဦးက ပြောသည်။ တပိဿာ (၁.၆ ကီလိုဂရမ်) အလေးချိန်ရှိသည့် သင်းခွေချပ်တကောင်က သူ့အတွက် ကျပ်ငွေ ၈၀၀၀၀ မှ ၉၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၀ မှ ၆၇ ခန့် အတွင်း) ဝင်ငွေရနိုင်သည်ဟု သူက ထပ်ပြောသည်။ လက်လုပ်လက်စားများအတွက် အခြားအလုပ်များထက် ပို၍ များပြားသော ပမာဏ ဖြစ်သည်။

ကျေးသားတဦး၏အဆိုအရ တရားမဝင် ဝယ်ယူသောနေရာများက တနင်္သာရီမြို့မှ ကားဖြင့် ၄ နာရီမှ ၅ နာရီခန့် မောင်းရသည့် ဆင်ခွန်(Singkhon ) နယ်စပ်ဂိတ် အနီးရှိ မြန်မာဘက်ခြမ်း နယ်စပ်မြို့ဖြစ်သော မောဒေါင်(Mawdaung ) တွင် ရှိပြီး ထိုနေရာများတွင် သင်းခွေချပ် အရှင်များ သို့မဟုတ် အကြေးခွံများကို ရောင်းချနိုင်သည်။ ထိုဆိုင်များတွင် သင်းခွေချပ်များကို စုစုပေါင်း အလေးချိန် ၁၀၀ ကီလိုဂရမ် ရသည် အထိ ထိန်းသိမ်းထားပြီး ဖုန်းခေါ်လိုက်သည့်အခါ ထိုင်းနိုင်ငံဘက်မှ ဝယ်သူတဦး ရောက်လာပြီး ၎င်းတို့ကို ယူဆောင်သွားသည်။

တနင်္သာရီတိုင်းရှိ ရွာတရွာတွင် ပုံးထဲ ဖမ်းထည့်ထားသော သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

ပုံမှန်အားဖြင့် မုဆိုးများက သင်းခွေချပ်များကို ၁၀ ကောင်မပြည့်မှီ အိမ်တွင် ထိန်းသိမ်းထားလေ့ရှိသည်။ ထို့နောက် ၎င်းတို့ကို ပီနန်အိတ်များဖြင့် မော်တော်ဆိုင်ကယ်ပေါ်တွင် တင်၍ မောဒေါင်သို့ ပို့ ပေးသည်။

ကျေးရွာများသို့ သွားရောက်စဉ် ဖမ်းမိထားသော သင်းခွေချပ်အချို့ကို အိမ်များတွင် ပလတ်စတစ်ပုံးများဖြင့် အလွယ်တကူပင် ထည့်ထားလေ့ရှိပြီး အချို့က ခြံထဲတွင် လျှောက်သွားခွင့် ပေးထားသည်ကို ဧရာဝတီက တွေ့ရှိခဲ့ရပါသည်။ ထိုင်းနိုင်ငံတွင် COVID-19 ကြောင့် ဝယ်လက်မရှိဘဲ ဖြစ်နေသောကြောင့် အချို့ ဆိုင်များက ဝယ်ယူရန် တွန့်ဆုတ်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ကံမကောင်းသော သင်းခွေချပ်များမှာ အခြားနေရာများရှိ အခြားဝယ်ယူရေးစင်တာများသို့ ရောက်ရှိ သွားခဲ့ကြသည်။

အမဲလိုက်သည့် အခါ ပုံမှန်အားဖြင့် တနှစ်လျှင် ၁၀ ကောင်မျှ ရရှိနိုင်သည်ဟု ရွာသားတဦး က ဧရာဝတီသို့ ပြောသည်။

“ကျနော် ဖမ်းမိဖူးသမျှထဲမှာ အကြီးဆုံးက အလေးချိန် ၃ ပိဿာ ၄ ပိဿာ (၆.၄ ကီလိုဂရမ်ခန့်) လောက် ရှိတယ်” ဟု သူ က ပြန်ပြောပြသည်။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

သင်းခွေချပ်များသည် များသောအားဖြင့် ညအချိန်တွင် လှုပ်ရှားလေ့ရှိပြီး ပုံမှန်အားဖြင့် သူတို့ကို ခွေးများ၏ အကူအညီဖြင့် အမဲလိုက်ကြသည်။

သင်းခွေချပ်များ နေ့ခင်းဘက်တွင် ပုန်းအောင်းနေကြကြောင်း ရွာသားတဦးက ရှင်းပြသည်။ သို့သော်လည်း ခွေးများက သူတို့ကို အနံ့ခံနိုင်သည်။ သင်းခွေချပ် ပုန်းအောင်းနေသော နေရာတွင် ဟောင်သံပြုကြသည်။

“ ကျနော်တို့ လုပ်ရမှာက အဲဒီနေရာကို ပိုက်စိတ်တိုက် ရှာဖို့ပဲ” ဟု သူက ဆိုသည်။

RelatedPosts

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

27 December 2025
350
၂၀၁၄ ခုနှစ်က မြစ်ဆုံတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ လှုပ်ရှားမှု  / KDNG

မြစ်ဆုံစီမံကိန်း လူထုဆန္ဒသာ အဓိကဟု KIO ပြော

20 December 2025
766
လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

14 December 2025
113

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hein Htet ၏ Protections Fail to Stop Pangolin Trafficking in Myanmar’s Deep South ကို ဘာသာပြန်သည်။)

ဧရာဝတီ လင်းပိုင်များကို မသတ်ဖြတ်ကြဖို့ အနုပညာရှင်များ တိုက်တွန်း

တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး ကြော်ငြာတွေကို Facebook ဖယ်ရှား

မျှစ်ချိုးသူများနှင့်အတူ တောလည်ထွက်ခြင်း

Your Thoughts …
Tags: တနင်္သာရီတရားမဝင်တောရိုင်းတိရိစ္ဆာန်မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်သင်းခွေချပ်
ဟိန်းထက်

ဟိန်းထက်

Similar Picks:

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

by ဧရာဝတီ
8 August 2024
6.2k

အမှုနှင့် ဆက်စပ်နေသောနေရာများကို လိုက်လံစစ်ဆေးရာ မြန်မာနိုင်ငံသား ၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်းနှင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးမှာ ကျောင်းသားများဖြစ်ကြကြောင်း

စည်းနဲ့ကမ်းနဲ့ ဖြတ်သန်းရင် ပန်းပန်နိုင်တဲ့ အနေအထားရောက်သွားမယ်

စည်းနဲ့ကမ်းနဲ့ ဖြတ်သန်းရင် ပန်းပန်နိုင်တဲ့ အနေအထားရောက်သွားမယ်

by ယုဖြူဟန်
23 February 2025
2.5k

ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းလုပ်သားပြဋ္ဌာန်းချက်တွေမှာ တရားမဝင်သောလူသားဆိုတာ မရှိဘူးတဲ့။ အခုတော့ ခြွင်းချက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေအမျိုးမျိုးအစုံစုံတို့ဟာ တရားမဝင်တဲ့လူသားတွေ ရှိတယ်ဆိုတာကို ရေပေါ်မှာအရုပ်ရေးလိုက်ပြီလို့ပဲ ပြောချင်ပါတယ်။

တနင်္သာရီနှင့် ရခိုင်မှ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားသူများ ထောက်ခံစာလို

တနင်္သာရီနှင့် ရခိုင်မှ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားသူများ ထောက်ခံစာလို

by ဧရာဝတီ
12 February 2024
2.1k

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့များမှ ရန်ကုန်သို့ လေကြောင်းဖြင့် သွားမည့် ခရီးသည်များ သည် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ပါရမည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသည့်သူများ၊ ကျောင်းတက်နေ သည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ခွင့်ပြုချက် ရရှိထားသည့် ဌာနဆိုင်ရာ...

မလေးရှားတွင် ခရစ္စမတ်ပွဲကျင်းပစဉ် အထောက်အထားမရှိ မြန်မာများ ဖမ်းဆီးခံရ

မလေးရှားတွင် ခရစ္စမတ်ပွဲကျင်းပစဉ် အထောက်အထားမရှိ မြန်မာများ ဖမ်းဆီးခံရ

by The Irrawaddy
17 December 2024
1.6k

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၅၅ ယောက်နှင့် အမျိုးသမီး ၁၄ ယောက်တို့ ပါဝင်ပြီး ၎င်းတို့မှာ အသက် ၂၀ နှင့် ၄၆ နှစ်ကြားအရွယ်များ ဖြစ်ကာ Nilai မြို့တဝိုက်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် တချို့မှာ ကွာလာလမ်ပူ၊...

ထားဝယ်မြို့

ထားဝယ်မြို့

by ဧရာဝတီ
4 May 2025
1.1k

နာမည်ကျော် မောင်းမကန် ကမ်းခြေ စခန်းဟာ ထားဝယ်မြို့ အနောက်မြောက်ဘက်ရှိ ပင်လယ် ကမ်းခြေမှာ တည်ရှိပါတယ်…မောင်းမကန် ကမ်းခြေဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးနဲ့ အဖြောင့်တန်းဆုံး ကမ်းခြေ ဖြစ်ပါတယ်…

တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်

တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်

by ဧရာဝတီ
6 September 2023
977

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အဝင်အထွက် လမ်း၊ တံတားများတွင် ည ၈ နာရီမှ နံနက် ၄ နာရီထိ လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က စက်တင်ဘာလဆန်းပိုင်းမှစပြီး ပိတ်ပင်တားမြစ်မှုများ ပြုလုပ်လာကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

Next Post
အဆိုတော် လေဒီဂါဂါ

MTV ဆုပေးပွဲမှာ Mask တွေ ဖက်ရှင်ကျကျ ဝတ်ဆင်ခဲ့တဲ့ လေဒီဂါဂါ

အစိုးရ အခွန်လွတ်ဆိုင်တွေကနေ ဆေးရွက်ကြီးနဲ့ ဆေးလိပ်ဝယ်ယူခွင့်ကို ဘူတန်အစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။

ကိုဗစ်ကာလအတွင်း ဘူတန်နိုင်ငံမှာ ဆေးလိပ်သောက်ခွင့်ပြန်ပြု

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved