• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စည်းနဲ့ကမ်းနဲ့ ဖြတ်သန်းရင် ပန်းပန်နိုင်တဲ့ အနေအထားရောက်သွားမယ်

by ယုဖြူဟန်
23 February 2025
in အင်တာဗျူး
A A
စည်းနဲ့ကမ်းနဲ့ ဖြတ်သန်းရင် ပန်းပန်နိုင်တဲ့ အနေအထားရောက်သွားမယ်

ဖေဖော်ဝါရီ ၁၇ ရက်က ထိုင်းရဲချုပ်မှ ရဲတပ်ဖွဲ့အား အများပြည်သူလုံခြုံရေးနှင့် စည်းမျဉ်စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်သူများကို သင့်လျော်သောဥပဒေဖြင့် အရေးယူရန် ညွှန်ကြား ထားသည် (ဧရာဝတီ)

2.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းရဲချုပ် Kitrat Panphet မှ နိုင်ငံအတွင်းရှိ နိုင်ငံခြားသားများ၏ အပြုအမူများ စောင့်ကြည့်ကြပ်မတ်ရန် ဖေဖော်ဝါရီ ၁၇ ရက်က အရေးပေါ်အမိန့် ထုတ်ပြန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူလုံခြုံရေးနှင့် စည်းမျဉ်း စည်းကမ်း များကို ဦးစားပေးဆောင်ရွက်ရန်၊ ဖောက်ဖျက်ကျူးလွန်သူများကို သင့်လျော်သောဥပဒေဖြင့် အရေးယူရန် ညွှန်ကြား ထားသည်။

ထိုအမိန့်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံတဝှမ်းရှိ စားသောက်ဆိုင်နှင့် ဈေးဆိုင်များကို ဝင်ရောက်စစ်ဆေးခြင်း၊ နယ်စပ် ပေါက်များအားစစ်ဆေးခြင်း၊ မြို့တွင်းကင်းလှည့်ခြင်းများ ပိုမိုပြုလုပ်လျှက် ရှိရာ ထိုအခြေအနေများနှင့် ပတ်သက်၍ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကို ဧရာဝတီ က ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ထိုင်းရဲချုပ်ရဲ့ နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့ အရေးပေါ်အမိန့် ထုတ်ပြန်လိုက်တာက မြန်မာတွေ ရွေ့ပြောင်းနေထိုင်သူ အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ။

ဖြေ ။ ။ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထိုင်းရဲချုပ်ကနေ ၇၇ ခရိုင်က လဝကရဲ၊ နယ်ခြားစောင့်ရဲ၊ မြို့စောင့်ရဲ၊ စည်ပင်ရဲ၊ ယာဉ်ထိန်းရဲ ရဲအားလုံးကို ထိုင်းဥပဒေနဲ့အညီ မနေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးဖို့ တပ်လှန့်သတိပေး လိုက်တာဖြစ်တယ်။

အမိန့်ထုတ်ပြန်ချက်မှာ အများပြည်သူအပန်းဖြေရာ လမ်းဘေးပလက်ဖောင်းတွေမှာ ပတ်ဝန်းကျင် စိတ်အနှောင့် အယှက်ဖြစ်အောင် ဆူပူသောင်းကျန်းတာတို့၊ နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်ဆောင် တာတို့၊ ထိုင်းဥပဒေနဲ့အညီ မနေထိုင်တာတွေကို အရေးယူမယ်ဆိုတော့ အဲဒါနဲ့ ပြောင်းပြန်နေထိုင်ကြဖို့ ထိုင်းရောက် မြန်မာတွေမှာ တာဝန်ရှိတယ်ဆိုတာကို အထူးပြောဖို့မလိုဘူးထင်တယ်။

မေး ။ ။ လတ်တလော ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေး ဘယ်အခြေအနေရှိနေလဲ

ဖြေ ။ ။ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ထိုင်းနယ်စပ်ကို ရောက် လာတယ်။ စစ်ဘက်၊ နယ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေကို ပြောတယ်။ မကြာခင် ကျားဖြန့်နှိမ်နင်းရေး ၆ လ စီမံချက်စမယ်။ ထိုင်းနယ်စပ် ၁၄ ခရိုင်၊ မြို့နယ်ပေါင်း ၅၁ မြို့နယ်ပါမယ်။ ကျားဖြန့်နှိမ်နင်းရေးစီမံချက်မှာ လုပ်ငန်းစဉ် ၄ ခု ပါတယ်။

နံပါတ် ၁ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေး၊ နံပါတ် ၂ လူကုန်ကူးမှုနှိမ်နင်းရေး၊ နံပါတ် ၃ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနှိမ်နင်းရေး၊ နံပါတ် ၄ ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုများ လျော့နည်းကျဆင်းပပျောက်ရေး။ အဲဒီလုပ်ငန်း စဉ်တွေကို ၆ လ သတ်မှတ်ပြီးလုပ်မယ်။

ဒီလုပ်ငန်းစဉ်တွေ လုပ်တဲ့နေရာမှာ တက်ကြွစွာမပါဝင်တာတို့၊ လာဘ်စားတာတို့၊ အကျင့်ပျက်တာတို့ စတဲ့ အရာရှိ တွေရော၊ တပ်သားတွေကိုရော ထိထိရောက်ရောက် အရေးယူမယ်တို့ကို အထူးသတိပေး ပြောဆိုတာနဲ့အညီ ၂၀၂၅ ဇန်နဝါရီ တလထဲမှာ မဲဆောက်၊ ဖုတ်ဖရ၊ မယ့်လမတ် ရဲစခန်းတွေက မြို့နယ်မှူးတွေ ရာထူးချပြီးတော့ နယ်ပြောင်းရ တယ်။

နောက်တခုက တာ့ခ်ခရိုင်မှာရှိတဲ့ ရဲစစ်ဆေးရေးဌာနချုပ်က ဒုရဲချုပ်တယောက် စစ်ဆေးခံနေရတယ်။ ကျားဖြန့် နှိမ်နင်း ရေးစီမံချက်မှာ ထိထိရောက်ရောက် မပါဝင်တာတို့၊ အကျင့်ပျက်ခြစားနေတဲ့ အရာရှိတပ်သား ဝန်ထမ်းတွေကိုတောင် နယ်ပြောင်း ရာထူးချ ခေါ်ယူစစ်ဆေးနေတဲ့ အနေအထားမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာတွေပဲ ဖြစ်ဖြစ်၊ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ဘဝနဲ့ နေထိုင်ဖြတ်သန်းနေရတဲ့ အလုပ်သမားနဲ့ နောက် ရောက်လာတဲ့ CDM၊ စစ်ဘေးရှောင်တွေပဲဖြစ်ဖြစ်ပေါ့ ထိုင်းရဲ့ နိုင်ငံခြားသား အလုပ်သမား ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်တွေက ဆိုဖွယ်မရှိပါဘူး။

မေး ။ ။ လက်ရှိမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေရယ်၊ ကျားဖြန့် နှိမ်နင်းရေးတွေနဲ့ အခြေအနေက ရှုပ်ထွေးနေတယ်လို့ ပြောလို့မလား။

ဖြေ ။ ။ ထိုင်းရဲချုပ်ရဲ့ ကျားဖြန့်နှိမ်နင်းရေး ၆ လထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် နှိမ်နင်းရေးနဲ့ လူကုန်ကူးမှု နှိမ် နင်းရေး ပါနေတာဆိုတော့ လူတွေအစုလိုက်အပြုံလိုက်ဆို လူကုန်ကူးတယ်။ လူတယောက်ချင်းဖြစ်စေ၊ အစုလိုက် အပြုံ လိုက်ဖြစ်စေ နယ်စပ်မှာပဲ မိမိ၊ ထိုင်းနယ်မြေထဲမှာပဲ မိမိ လူကုန်ကူးမှုနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ရာဇဝတ်ဥပဒေနှစ်ခုက တည်ဆဲဖြစ်တဲ့အတွက် ဘယ်ရွှေ့ပြောင်း လုပ်သားကိုမဆို ပိဿာလေးနဲ့ဘေးပစ် လုပ်လိုက်လို့ရပါတယ်။

မေး ။ ။ ဒီနှစ်အတွင်း မြန်မာတွေ ဖမ်းဆီးခံရတဲ့အရေအတွက် ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ ။ ။ ဒီ ၂၀၂၅ ဖေဖော်ရီလအတွင်းထိကို ၁,၀၀၀ ကျော်သွားပြီ။ သတင်းတွေရဲ့ ဖော်ပြချက်အရ လိုက်ပေါင်းထား တာ။ အများစုက ထိုင်းနယ်စပ် ကရင်နဲ့ မွန်နယ်စပ်တို့မှာ ကန်ချနဘူရီရယ်၊ စံခလဘူရီရယ်၊ စိုင်ရို့မြို့နယ်ရယ် အများ ဆုံးဝင်တာ။ နောက်တခုက မဲဆောက်၊ မြဝတီအများဆုံးပေါ့။ တခြားထိုင်းနဲ့တနင်္သာတိုင်းနယ်စပ်ဖြစ်တဲ့ ရနောင်း၊ ချွန်ဖွန်၊ နောက်ပြီး ထိုင်းနဲ့ ရှမ်းပြည်နယ်နယ်စပ်ဖြစ်တဲ့ ချင်းရိုင်တို့ဘက်ကလည်း ဝင်ပါတယ်။ အများဆုံးကတော့ ကန်ချနဘူရီက ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး

မေး ။ ။ စစ်ကောင်စီရဲ့ အတင်းအကျပ် စစ်သားသစ်စုဆောင်းမှုတွေ၊ ပေါ်တာဆွဲဖမ်းဆီးခံရမှုကြောင့် ထိုင်းနိုင်ငံ ဘက်ကို အများအပြားဝင်လာကြတဲ့ အပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေက မူလက ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေကိုပဲ စစ်သားစုဆောင်း တာ အခုဆို အပတ်စဉ် ၁၀ ထိ ရှိသွားပြီ။ အခု အမျိုးသမီး စစ်မှုထမ်းအပတ်စဉ်(၁)အတွက် စာရင်းကောက်နေ တယ် ဆိုတာနဲ့ပဲ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုကြီးက မျက်ကလူးဆန်ပြာဖြစ်ပြီး ဘယ်ကိုပြေးရမလဲ အရင်ဆုံး စဉ်းစား တော့ အိမ်နီးချင်းထိုင်းပေါ့။

ကုန်းလမ်း၊ ရေလမ်း ပြေးနိုင်တဲ့ မြဝတီ- မဲဆောက် လမ်း ကြောင်း၊ ပြီးတော့ကုန်းလမ်းကြောင်းဖြစ်တဲ့ ကန်ချနဘူရီ လမ်းကြောင်းကို ရွေးချယ်ကြတယ်ဆိုတာက ပွဲစားတွေရဲ့ ဆော်ဩမှုတခုထဲကြောင့် မဟုတ်ပါဘူး။ ကာယကံရှင်တွေ ကိုယ်တိုင်ကိုကလည်း အိမ်နီးချင်းနိုင်ငံတွေကို စစ်မှုမထမ်း လိုတဲ့အတွက် ကိုယ့်ရဲ့စားဝတ်နေရေး အသက်မွေးဝမ်း ကြောင်းလည်းဖြေရှင်း၊ ပြီးတော့ စစ်မှုထမ်းဥပဒေကိုလည်း ရှောင်ရှားလာကြတာပါ။ တိုတိုနဲ့လိုရင်းပြောရရင် အပိုမပါတဲ့ အသက်တချောင်းအတွက် ကြိုးတန်းလမ်းလျှောက် စွန့်စားခဲ့ကြတာပါ။

သို့သော်လည်း ထိုင်းဘက်ရောက်တော့ အစုလိုက်အပြုံလိုက် အဖမ်းခံရ၊ ပြီးတော့ မြန်မာနိုင်ငံ ပြန်ပို့ဆိုတော့ ထိုင်း အာဏာပိုင်တွေကလည်း အခမဲ့စစ်သားစုဆောင်းပေးသလိုဖြစ်တော့ စိတ်မသက်မသာဖြစ်တဲ့ ခံစားချက်တွေကို တရိပ်ရိပ်နဲ့ ပေါ်ပေါက်စေပါတယ်။

မေး ။ ။ ဟိုတုန်းကတည်းက ရှိခဲ့တဲ့ AAC အလုပ်သမား ကူညီကယ်ဆယ်ရေးရုံးကိုလည်း ပြီးခဲ့တဲ့ရက်က ထိုင်း အစိုးရက ပိတ်ခိုင်းခဲ့တယ်။ အရင်ကရော ဒီလိုဖြစ်စဉ်မျိုး ရှိခဲ့ဖူးလား။

ဖြေ ။ ။ AAC အလုပ်သမားစောင့်ရှောက်ရေးဂေဟာက များသောအားဖြင့် MoU လုပ်သားတွေများပါတယ်။ မြန်မာ နိုင်ငံကနေ တရားဝင်လာကြတာတွေရော၊ တရားမဝင်လာကြတာတွေရောနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အထောက် အထား ရှိရှိမရှိရှိ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းလုပ်သားပြဋ္ဌာန်းချက်တွေမှာ တရားမဝင်သောလူသားဆိုတာ မရှိဘူးတဲ့။ အခုတော့ ခြွင်းချက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေအမျိုးမျိုးအစုံစုံတို့ဟာ တရားမဝင်တဲ့လူသားတွေ ရှိတယ်ဆိုတာကို ရေပေါ်မှာအရုပ်ရေးလိုက်ပြီလို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ နောက်တခုက ဒီလိုအရေးပေါ်အမိန့် ထုတ်ပြန်လိုက်တဲ့အပေါ် ထိုင်းအမျိုးသားရေးဝါဒီတွေ အနေနဲ့ ဘယ်လို တွေ လှုပ်ရှားလာနိုင်လဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ မဲဆောက်မှာ လူငယ် ၁၂၀ ဆန္ဒပြရာကစတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သား တွေ ထွက်သွား၊ ဒီတရားမဝင်တွေက မွေးလာတဲ့ကလေးတွေကို ဘာစာရွက်စာတမ်းမှ ပေးစရာမလိုဘူး။ ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ်ပြုစရာမလိုဘူး။ အဲဒီတရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ တည်ထောင်ထားတဲ့ စာသင်ကျောင်းတွေ ကိုလည်း ဖမ်းဆီးပစ်ရမယ်၊ အရေးယူရမယ်ဆိုတဲ့ အချက်အလက်တွေပါတဲ့စာ ထွက်လာတယ်။ ပြီးတော့ ၁၁ လပိုင်းမှာ ဘန်ကောက်မှာ လူအယောက် ၃၀၊ ၁၂ လပိုင်းမှာ ဘန်ကောက်မြန်မာသံရုံးရှေ့မှာ လူအယောက် ၁၀၀ လောက်ရှိတယ် ဆန္ဒပြကြတာပါပဲ။

အဲဒီတော့ ပြီးခဲ့တဲ့ ၂၀၂၄ ကအထိ ထိုင်းနဲ့ မြန်မာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့သမျှ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားတန်ဖိုးကို အလေးထားခဲ့သမျှဟာ အနည်းစုသော ထိုင်းမျိုးချစ်၊ ထိုင်းမဘသတွေရဲ့ အမြင်မကြည်လင်မှုတွေနဲ့ မလေးစားမောင်းထုတ်အားတွေ ရှိလာပြီဆိုတော့၊ မိမိတို့ကို ကန့်ကွက်မယ့်၊ ဆန့်ကျင်မယ့်၊ မောင်းထုတ်မယ့်လူတွေ ရှိလာပြီဆိုတော့ အစစအရာရာသတိထားကြတော့။ အခုဆိုရင် ထိုင်းမျိုးချစ်တွေကိုလည်း သတိထားရတော့မယ် ဆိုတာ ကို အကြီးကြီးသတိပေးလိုက်ပါပြီ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
95
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
55
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136

မေး ။ ။ ထိုင်းနိုင်ငံမှာ နှစ် ၂၀ ကျော်ကြာ နေထိုင်နေသူတဦးအနေနဲ့ အခုကြုံတွေ့ရတဲ့အခြေအနေကို ဘယ်လိုများ သုံးသပ်ချင်ပါလဲ။

ဖြေ ။ ။ အခုအခြေအနေက ကျားကိုလည်းကြောက်ရ၊ ကျားချေးထဲကလောက်ကိုလည်း ကြောက်ရဆိုတဲ့ အကြောက်တရား အမျိုးမျိုးအစုံစုံ ဖြစ်နေတဲ့ကာလပါ။ အရင့်အရင်တုန်းကတော့ ကျားလောက်ပဲကြောက်ရတာ။ အခုကတော့ အကြောက်ကြီးကြောက်နေရတဲ့အတွက် သူတို့ကို ဂျိုကိုင်ပြီးတော့သာ တောင်းပန်ချင်ပါတယ်။

မေး ။ ။ အခုလိုမျိုး အကျပ်အတည်း ဖြစ်နေတဲ့ကာလတခုမှာ ထိုင်းရောက်မြန်မာတွေကိုရော ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတာရှိပါတယ်။ ဧည့်သည်က ဧည့်သည်လိုနေထိုင်ကြဖို့၊ အိမ်ရှင်တွေကို တုပပြီး ဟန်ဆောင်ပြီးတော့ မနေကြဖို့။ နောက်ပြီး ထိုင်းနိုင်ငံသားတွေရဲ့ သဘာဝက ဆူဆူညံညံမကြိုက်ဘူး။ လူတွေရဲ့ အသံဆူတာပဲဖြစ်ဖြစ်၊ ကက်ဆက်တွေ၊ တီဗွီတွေ လူသုံးကုန်အမျိုးမျိုးက ဆူညံသံတွေမကြိုက်ဘူး။ အဲဒီတော့ အေးအေးဆေးဆေးလေးနဲ့ နေထိုင်ဖြတ်သန်းကြဖို့။ ၂၀၂၄ က ထိုင်းမျိုးချစ်မဘသတွေ မပေါ်ခင်ကအထိ အများစုသော ထိုင်းနိုင်ငံသားတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားတန်ဖိုးကိုလည်း ချစ်မြတ်နိုးတယ်။

မြန်မာရွှေ့ပြောင်း လုပ်သားတွေ ရှိနေခြင်းအားဖြင့် သူတို့စီးပွားဖြစ်ထွန်းတယ်။ သူတို့အရင့်အရင်က မရှိခဲ့ဖူးတဲ့ စည်းစိမ် ချမ်းသာတွေ လည်း ခံစားရတယ်ဆိုတာ အလေးထားတယ်၊ တန်ဖိုးထားတယ်။ သို့သော် ၂၀၂၄ ကစပြီး ထိုင်းမျိုးချစ် မဘသ တွေပေါ် လာတော့ အရင်တုန်းကနေခဲ့ရတာက ချောင်ကျပ်ဖြစ်ပါတယ်။ ချောင်မလိုလိုနဲ့ အကျပ်ခံရတာတွေ အများကြီးရှိပါတယ်။ အနိုင်ကျင့်ခံရတာတွေ၊ ငွေတောင်းခံရတာတွေ၊ လူ့အခွင့် အရေး မပြည့်တာတွေ၊ အခုကာလကတော့ ကျပ်ချောင်ပါတယ်။ ကျပ်ထားလိုက်ပါပြီ။

အဲဒီကျပ်ထားတဲ့ထဲကနေ ဘယ်လိုချောင်အောင်နေမလဲဆိုတာကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်ကြမယ်။ စည်းကမ်းရှိရှိ ဖြတ်သန်းကြ မယ်။ တယောက်နဲ့တယောက် အဆက်အသွယ်မပြတ်နဲ့ အမှုအခင်းမဖြစ်စေဘဲ လူကြီးသူမတွေရဲ့စကားကို နားထောင် ပြီး စည်းနဲ့ကမ်းနဲ့ ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ် တိုးတိုးတိတ်တိတ်လေး စည်းကမ်းတကျလေး ဖြတ်သန်းမယ်ဆိုရင် တစုံတရာပန်းပန်နိုင်တဲ့ အနေအထားလေးတွေ တဖြည်းဖြည်းရောက်ရှိသွားပါမယ်။

You may also like these stories:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

ထိုင်းနိုင်ငံရှိ AAC ရွှေ့ပြောင်းအလုပ်သမားရုံး ချိပ်ပိတ်ခံရ

စစ်ခေါင်းဆောင်တောင်းဆိုမှု ရွှေ့ပြောင်းလုပ်သားတွေအပေါ် သက်ရောက်နိုင်လား (ရုပ်/သံ)

Your Thoughts …
Tags: JACBAကျားဖြန့်တရားမဝင်ထိုင်းရွှေ့ပြောင်းလုပ်သားအမျိုးသားရေးဝါဒီဦးမိုးကြိုး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

by စွယ်တော်
17 June 2025
15.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ သူ့အာဏာတည်မြဲရေးအတွက် စစ်ရှုံးနေသည့် တပ်မှူးအဆင့်ဆင့်ကို အပြစ်ရှာပြီး စတေးနေဦးမည်သာ ဖြစ်သည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

Next Post
Meta AI က ဦးနှောက်ရဲ့ အတွေးတွေကို ၈၀ ရာခိုင်နှုန်း မှန်အောင် ဖတ်ပေးနိုင်ပြီတဲ့

Meta AI က ဦးနှောက်ရဲ့ အတွေးတွေကို ၈၀ ရာခိုင်နှုန်း မှန်အောင် ဖတ်ပေးနိုင်ပြီတဲ့

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved