• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Meta AI က ဦးနှောက်ရဲ့ အတွေးတွေကို ၈၀ ရာခိုင်နှုန်း မှန်အောင် ဖတ်ပေးနိုင်ပြီတဲ့

by ဧရာဝတီ
23 February 2025
in သတင်း
A A
Meta AI က ဦးနှောက်ရဲ့ အတွေးတွေကို ၈၀ ရာခိုင်နှုန်း မှန်အောင် ဖတ်ပေးနိုင်ပြီတဲ့

Meta AI က ဦးနှောက်ရဲ့ အတွေး ဖတ်ခြင်း စမ်းသပ်မှု တခု / Meta

1.6k
VIEWS
Share on FacebookShare on Twitter

Facebook မိခင်ကုမ္ပဏီ Meta က ဦးနှောက်က ထွက်လာတဲ့ Signal တွေကို ဖမ်းယူပြီး AI ကို စာသားအဖြစ် ပြောင်းလဲ ခိုင်းရာမှာ ၈၀ ရာခိုင်နှုန်းအထိ မှန်ကန်ခဲ့တယ်လို့ သူတို့ရဲ့ Blog မှာ ရေးသားပါတယ်။

ပါဝင်သူ ၃၅ ဦးကို စာရေးသားခိုင်းပြီး စာရေးသားစဉ် ထွက်လာတဲ့ Brain signals တွေကို ဖမ်းယူကာ လေ့ကျင့်ထားတဲ့ AI (ဉာဏ်ရည်တု) ကို စာသားအဖြစ် ပြန်လည် ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။

ဦးနှောက်ရဲ့ Signal တွေကို ဖမ်းယူတဲ့နေရာမှာ MEG (Magnetoencephalography) နဲ့ EEG (Electroencephalography) စက်နှစ်မျိုးကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

MEG ဆိုတာ ဦးနှောက်ရဲ့လျှပ်စစ်လှိုင်းတွေက ထွက်လာတဲ့ သံလိုက်လှိုင်းတွေကို ဖမ်းယူတာဖြစ်ပြီး EEG ကတော့ လျှပ်စစ်လှိုင်းတွေကို တိုက်ရိုက် ဖမ်းယူတာ ဖြစ်ပါတယ်။

နှစ်ခုလုံးက ဦးနှောက်ထဲကို ဖောက်ထွင်းစရာ မလိုတဲ့ နည်းလမ်းတွေဖြစ်ပြီး MEG က ဖမ်းယူရရှိတဲ့ Signal တွေကို ၈၀ ရာခိုင်နှုန်း EEG ထက် နှစ်ဆလောက် ပိုမိုမှန်ကန်စွာ AI က ဘာသာပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု လေ့လာမှုဟာ စကားမပြောနိုင်တဲ့ လူတွေ အတွက် အခြားသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ ဦးနှောက်ထဲကို ဘာမှထည့်စရာ မလိုတဲ့ နည်းလမ်းအတွက် လမ်းကြောင်းအသစ် ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် ဒီနည်းလမ်းကို လက်တွေ့မှာ အသုံးပြုနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲလို့ Meta က ပြောပါတယ်။

စိန်ခေါ်မှုအနေနဲ့ ပထမတခုက ဘာသာပြန်တဲ့ စွမ်းဆောင်ရည်က ပြည့်စုံတဲ့အဆင့်ကို မရောက်သေးတာ ဖြစ်ပြီး ဒုတိယ တခုက ပိုမိုလက်တွေ့ကျဖို့ ဖြစ်တယ်လို့ Meta က ဆိုပါတယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

၈၀ ရာခိုင်နှုန်းထိ မှန်ကန်အောင် ဘာသာပြန်ပေးနိုင်တဲ့ လှိုင်းတွေကို ဖမ်းယူတဲ့ MEG စက်တွေဟာ ပြင်ပ သံလိုက် လှိုင်းတွေ မဝင်ရောက်နိုင်အောင် အထူး ပြုလုပ်ထားတဲ့ Magnetically Shielded Room(MSR) အခန်းတွေထဲမှာ ရှိနေရမှာ ဖြစ်ပြီး တည်ငြိမ်နေဖို့လည်း လိုတာ ဖြစ်ပါတယ်။

အတွေးတွေကို ရှုပ်ထွေးတဲ့ အနုစိတ် လှုပ်ရှားမှုတွေ အဖြစ် ဦးနှောက်က ဘယ်လိုပြောင်းလဲသလဲ ဆိုတာကို လေ့လာဖို့ ပါဝင်သူတွေ စာကြောင်း ရိုက်နေစဉ် ဖမ်းယူရရှိတဲ့ MEG signals တွေကို ဘာသာပြန်ဖို့ AI ကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ Meta က ဆိုပါတယ်။

တစက္ကန့်တိုင်းမှာ အကြိမ်ပေါင်း ၁၀၀၀ လောက် ဦးနှောက်ရဲ့လှိုင်းတွေကို ရယူပြီး အတွေးတွေက စကားလုံးတွေ၊ ဝဏ္ဏတွေ နဲ့ စာလုံး တလုံးချင်းစီ အဖြစ် ပြောင်းလဲသွားတဲ့ အချိန် အတိအကျကို မှတ်သားနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

ဦးနှောက်ဟာ ပုံရိပ်တွေကနေ ဝါကျ တကြောင်းရဲ့ အဓိပ္ပာယ်၊ အဲ့ဒီကနေ Keyboard ပေါ်မှာ လက်ချောင်းတွေ ရွေ့လျား တာလို ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေထိ အဆင့်ဆင့် ပြောင်းလဲသွားတယ် ဆိုတဲ့ ဖော်ပြချက် အစဉ်လိုက်ကို ထုတ်လွှတ်တယ် ဆိုတာ လေ့လာမှုက သက်သေပြနိုင်ခဲ့ကြောင်း Meta က ပြောပါတယ်။

ကျနော်တို့ရဲ့ ရလဒ်ဟာ ဦးနှောက်က မှတ်သားစရာတွေကို အချိန်တခုထိ မှတ်သားထားစဉ်မှာပဲ ပုံဖော်မှုတွေကို ပြတ်တောက် မသွားအောင် ပြုလုပ်ပေးတဲ့ “ပြောင်းလဲနေတဲ့ အာရုံကြော ကုဒ်တခု (a Dynamic neural code)” ဆိုတဲ့ အာရုံကြော ယန္တရားကို အသုံးပြုတယ် ဆိုတာကိုလည်း ပြနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

အခုလို လူတွေရဲ့ ဦးနှောက်ထဲက အတွေးတွေကို စာသားတွေ အဖြစ် ပြောင်းနိုင်ဖို့ AI ကို အသုံးပြုတာဟာ Meta က ပထမဆုံးတော့ မဟုတ်ပါဘူး။

အရင်ကလည်း သိပ္ပံပညာရှင်တွေဟာ GPT-1 model ကို အသုံးပြုပြီး ဦးနှောက်ကို ဖတ်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။

နားထဲမှာ ကြားနေရတဲ့ အသံကို ဦးနှောက်ကနေ တဆင့် AI က ပုံဖော်ဖို့ ကြိုးစားခဲ့ကြတာပါ။

အတိအကျတော့ မဟုတ်ပေမယ့် တူညီတဲ့ အဓိပ္ပာယ်ပါတဲ့ စာကြောင်းတွေကို ထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သက်တမ်း နုနယ်သေးပေမယ့် အချိန်တိုအတွင်း တိုးတက်မှု များစွာ ရှိလာတဲ့ AI နည်းပညာကို လူသားအကျိုးပြု နယ်ပယ်တွေမှာ အသုံးချနိုင်ဖို့ နည်းပညာ ကုမ္ပဏီကြီးတွေက အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။

စိတ်ကို ဖတ်နိုင်ဖို့ဟာလည်း တခု အပါအဝင်ဖြစ်ပြီး AI နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ စကားမပြောနိုင်တဲ့ သူတွေ အတွက် လက်ရှိထက် ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်နိုင်စွမ်းတွေ ရောက်ရှိလာနိုင်မှုကို မျှော်လင့်လို့ ရနေပါပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref : Meta, AFP

Your Thoughts …
Tags: AIMetaစာသားဉာဏ်ရည်တုဘာသာပြန်အတွေးဦးနှောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

by Angshuman Choudhury
21 October 2023
6.9k

စစ်အာဏာသိမ်းပြီးနောက်တွင် NCA ကို ဆက်လက် ထောက်ခံခြင်းဖြင့် အိန္ဒိယသည် မြေပြင် ပကတိအခြေအနေများကို လေ့လာရန် ပျက်ကွက်နေသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)

by ဉာဏ်သစ်
24 November 2024
6.6k

အချို့ သဘောထား ကွဲလွဲသူများ “ပျောက်ဆုံးသွားခြင်း” ၊ ထင်ရှားသည့် အရေးအရာ လှုပ်ရှားသူများနှင့် လူမျိုးစု ခေါင်းဆောင်များ အကြောင်းရင်းမပေါ်ဘဲ သေဆုံးခြင်းများကြောင့် ကကလှမ်းသည် နိုင်ငံတော်၏ ရန်သူ ဆိုသူ များကို သုတ်သင်နေသည်ဟု…

Next Post
အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

ပင်လယ်ဓားပြ လမ်းဓားပြ

ပင်လယ်ဓားပြ လမ်းဓားပြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved