• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)

by ဉာဏ်သစ်
24 November 2024
in ဆောင်းပါး
A A
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)
6.6k
VIEWS
Share on FacebookShare on Twitter

ယခင်အပတ်မှ အဆက်

နိုင်ငံခြားသားများလည်း ပစ်မှတ် ဖြစ်ကြရသည်။

အတိုက်အခံ အုပ်စုများ၊ အစိုးရကို ဝေဖန်သူများနှင့် အဆက်အသွယ် ရှိနေသည့် သံတမန်များမှာ နောက်ယောင် အလိုက်ခံရသည်။ အသွားအလာကို မှတ်တမ်း အတင်ခံရသည်။

သူတို့ ပြောသည့် စကားများကို အသံ အဖမ်းခံရတတ်သည်။ နိုင်ငံခြား ဘာသာသင် ကျောင်းသားများပင်လျှင် အနီးကပ် စောင့်အကြည့် ခံရတတ်သည်။

ရန်ကုန်၊ မန္တလေး စစ်တွေ စသည့် နေရာများရှိ သံရုံးများက ငှားရမ်းထားသည့် ဒေသခံ ရုံးဝန်ထမ်းများက အလုပ်ရှင် အကြောင်းကို ပြန်သတင်းပေးရသည်။

သို့မဟုတ်ပါက ယင်းတို့၏ မိသားစုများအား လက်တုံ့ပြန်မည်ကို ကြောက်ရသည်။

အိမ်အကူ များသည်လည်း တခုခု ထူးပါက ကကလှမ်း သို့မဟုတ် အက်စ်ဘီ (SB) သို့ တင်ပြရန် တာဝန်ရှိသည်။

မြန်မာနိုင်ငံသို့ ဗြောင်ဖြစ်စေ၊ ကမ္ဘာလှည့် ဟန်ဆောင်ကာ ဖြစ်စေ ရောက်လာသည့် သတင်းသမားများမှာ နောက်ယောင် အလိုက်ခံရသည်။

ယင်းတို့၏ အဆက်အသွယ်များလည်း အခြိမ်းအခြောက် ခံရတတ်သည်။

အစိုးရ၏ “သူလျှိုများ” (တကယ် သို့မဟုတ် စိတ်ကူး) ကို မည်သို့ ရှောင်တိမ်းခဲ့သည်ဟု ဖော်ပြလျှင် ထိုသတင်းမှာ ဖတ်၍ ကောင်းသည်။

စာပေပညာရှင်များ၊ ကမ္ဘာလှည့်များလည်း သူတို့ ပြောသလောက် မဟုတ်သည့်တိုင် စောင့်ကြည့်ခံရတတ်သည်။

ထိုအချိန်ပိုင်း အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသား တိုင်းပင် ထောက်လှမ်းရေးသမားများ နောက်ယောင် အလိုက်ခံရသည်။

ဟိုတယ် ခန်းများထဲရှိ သူတို့၏ အိတ်များကို ရှောင်မလွတ်သည့် “အမ်အိုင်” များက ရှာကြသည် ဆိုသည့် ပုံပြင်များကို အိမ်ပြန် လက်ဆောင် ယူသွားကြသည်မှာ ထုံးစံလိုလို ဖြစ်နေ၏။

အမည်နက် စာရင်း (နာမည်ပျက် စာရင်း) အသွင်းခံရသည်မှာ အချို့သူများ အဖို့ ကြွားစရာ ရလိုက်သလို ဖြစ်နေသည်။

တခါတရံ နိုင်ငံခြား အကဲခတ်များသည် စစ်အစိုးရ စောင့်ကြည့်ရေး စနစ်၏ သဘာဝနှင့် ပမာဏနှင့် ဆိုင်သည့် အတွင်းရေးများကို မြင်လိုက်ရတတ်သည်။

၈၈ အရေးအခင်း နောက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များက မြန်မာနိုင်ငံအား “သစ္စာဖောက် ပုဆိန်ရိုးများ” နှင့် “ပြည်ပမှ အားပေးသူများ” ၏ ဘေးမှ ကယ်တင်လိုက်ကြောင်း ကမ္ဘာကို ပြသလိုသဖြင့် စာအုပ်များကို ထုတ်ဝေခဲ့သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
166
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384

ထိုစာအုပ်များက တနည်းနည်းဖြင့် အတော်ပင် “ဖော်” ခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင်လည်း သတင်းစာ ရှင်းလင်းပွဲ တခုတွင် (ဦး) ခင်ညွန့်က အချို့ ပုဂ္ဂိုလ်များနှင့် အမည်မဖော်လိုသည့် အင်အားကြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံတွင် “အကြမ်းဖက်မှုကို အားပေး အားမြှောက် ပြုနေကြောင်း” အသေးစိတ် ဖော်ပြခဲ့သည်။

ယင်းတွင် ထောက်လှမ်းရေး ရင်းမြစ်များနှင့် နည်းနာများကိုလည်း အရိပ်အမြွက် မြင်လိုက်ရသည်။

၂၀၀၂ ခုနှစ်တွင် ရန်ကုန် အမေရိကန် သံရုံးအား မြန်မာ့ ထောက်လှမ်းရေးက နိုင်ငံတကာ အစ္စလမ် အကြမ်းဖက် အုပ်စုများနှင့် ရိုဟင်ဂျာများ၏ ဆက်သွယ်မှုနှင့် သက်ဆိုင်သည့် သတင်း တခုကို ပေးခဲ့ရာ ပေးရသည့် နိုင်ငံရေး ရည်ရွယ်ချက်မှာ သိသာသော်လည်း ယင်းတို့၏ တာဝန်များ၊ စွမ်းဆောင်ရည်များကိုလည်း ရှင်းလင်း ပြသရာ ရောက်သွားသည်။

၂၀၀၃ ခုနှစ်တွင် အင်းစိန် ထောင်၌ နိုင်ငံရေး အကျဉ်းသားများကို သီးသန့် လာတွေ့သည့် ကုလသမဂ္ဂ အရာရှိ တဦး ထိုင်သည့် စားပွဲ အောက်တွင် မိုက်ကရိုဖုန်း တလုံးကို တွေ့ရသည်။

၂၀၀၄ ခုနှစ်တွင် ရန်ကုန်ရှိ သံရုံးနှင့် စစ်သံရုံးတို့၏ တယ်လီဖုန်း ကြိုးများကို ကြားဖြတ် နားထောင်သည်ဟု အင်ဒိုနီးရှား အစိုးရက ထိုစဉ်က အုပ်ချုပ် နေသည့် နအဖ (နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေး ကောင်စီ) သို့ စွပ်စွဲခဲ့သည်။

စစ်ထောက်လှမ်းရေးက နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး ထောင်ချခဲ့သည့် အင်းစိန် အကျဉ်းထောင် / ဧရာဝတီ

ဂန္ထဝင် သူလျှို ဝတ္ထု ကင်မ် တွင် “အမဲကောင်မှာ ကြီးလှသဖြင့် တကြိမ်လျှင် နည်းနည်းချင်းသာ မြင်ရ၏” ဟု ရုဒ်ယာ့ဒ် ကစ်ပလင်း (Rudyard Kipling) ရေးသားသလို ဖြစ်သည်။

ဤသို့လျှင် သဘောထား ကွဲလွဲသူများ၊ သောင်းကျန်းသူများ၊ သံတမန်များ၊ နိုင်ငံခြားသား လှုပ်ရှားသူများ၊ သတင်းသမား များနှင့် ယင်းတို့၏ ဒေသခံ အဆက်အသွယ်များတို့၏ သတင်းတို့ကို စုဆောင်းကာ အမှုတွဲများ ဖွင့်ထားရန် ကြိုးပမ်း ထားသည့် ဧရာမ အားထုတ်မှုကြီးကို အကဲခတ်များက အထွေထွေသော နည်းများဖြင့် ဖြိုးခနဲ ဖျပ်ခနဲ မြင်ခွင့် ရလိုက် ကြသည်။

ဤသို့ အားထုတ်တိုင်း ကကလှမ်း၏ စွမ်းဆောင်ရည်ကို တိုးတက်စေသည်ကား မဟုတ်ပေ။

ဥပမာ – ဂုစတပ်ဖ် ဟောက်တ်မင် (Gustaaf Houtman) က အောက်ပါ အတိုင်း ပြောခဲ့၏။

“ဤအကြောင်းကို လူသိများပါသည်။ အထူးသဖြင့် ၉၀ ပြည့်လွန် နှစ်များက အတွေ့အကြုံ မရှိသည့် ထောက်လှမ်းရေး ဝန်ထမ်းများက မိသားစု တော်စပ်ပုံကို ဖော်ထုတ်ရာတွင် အမှားကြီးမှားခဲ့ကြသည်။

သဘောထား ကွဲလွဲသူများနှင့် အရင်းအခြာ သို့မဟုတ် အဖျားအနား တော်စပ်သည့် မိသားစုဝင်များကို ဖိနှိပ်ရန် မူဝါဒ ချမှတ်ထားသောကြောင့် အမည်များကို ကြည့်ကာ မင်္သကာခြင်း၊ မှားယွင်း ဖမ်းဆီးခြင်း များစွာ ရှိခဲ့သည်။”

မြန်မာ့ ထောက်လှမ်းရေး စနစ်၏ အရွယ်အစား ကြီးမားရခြင်းမှာ မျိုးရိုးအမည်များကို မသုံးသည့် အပြင် အမည်များ ကိုလည်း အလွယ်တကူ ပြောင်းနိုင်သည့်၊ အမည်ဝှက်များ၊ အမည်ပြောင်များကိုလည်း သုံးနိုင်သည့် မြန်မာ လူထု တရပ်လုံးကို နောက်ယောင်ခံ လိုက်ရန် ခက်ခဲသည့် အတွက် ဖြစ်မည်ဟု ဟောက်တ်မင် က ခန့်မှန်းခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဘန်ကောက်ရှိ မြန်မာ့ ထောက်လှမ်းရေး သမားများက ပြုစုခဲ့သည့် နာမည်ပျက် စာရင်းဝင် ထိုင်း သတင်း သမား ၁၅ ဦးတွင် အမှားများ ပါရှိနေရာ အများစုမှာ အမည်နှင့် သက်ဆိုင်နေသဖြင့် စိတ်ဝင်စားဖွယ်ပင် ဖြစ်၏။

ဥပဒေ သဘောအရ ဆိုပါမူ ထောက်လှမ်းရေး အရာရှိများသည် ဖမ်းဆီးနိုင်ခွင့် မရှိပေ။ မသင်္ကာသည့် အမှုများကိုသာ စုံစမ်း စစ်ဆေးရန် ဖြစ်၏။

အစိုးရကလည်း စစ်ထောက်လှမ်းရေး အရာရှိများက လူထုကို ဖမ်းခြင်း၊ ထိန်းသိမ်းထားခြင်းမှာ စုံစမ်း စစ်ဆေးရေး လုပ်ထုံး လုပ်နည်း အရသာ ဖြစ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပေးခဲ့ပြီး ယင်းတို့ကသာ တရားဝင် ဖမ်းဆီးသည် ဟူသော လုပ်ဇာတ်ကို အမြဲပြောနေခဲ့သည်။

သို့သော်လည်း နိုင်ငံရေးနှင့် ဆိုင်သည့် ဖမ်းဆီးမှု အများစုကို စစ်ထောက်လှမ်းရေး (MI) ကသာ လုပ်ခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) က ဆိုသည်။

တိုက်ရိုက် ဖမ်းဆီးနိုင်ရန် ကကလှမ်းကို ဥပဒေအရ ခွင့်ပြုထားသည်မှာ ၁၉၈၃ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဥပဒေ ဖြစ်၏။

ထိုဥပဒေအရ ထောက်လှမ်းရေး မူဝါဒ ချမှတ်ရန်၊ လုပ်ငန်း ညှိနှိုင်းရန် ပင်မ အဖွဲ့အစည်းတခုကို ဖန်တီးခဲ့သည်။

နိုင်ငံရေးနှင့် ဆိုင်သည့် ဖမ်းဆီးမှုများကို အများဆုံး လုပ်ခဲ့သည့် နောက်တဖွဲ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အက်စ်ဘီ (SB) ဖြစ်သည်။

(ဦး) ခင်ညွန့် စီအိုင် ဖြစ်နေသည့် ၁၉၈၈ မှ ၂၀၀၄ ခုနှစ် ကြားတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး ဆိုင်ရာ စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီး ခံခဲ့ရသူ ၁၀၀၀၀ ခန့် ရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဆိုသည်။

ကုလသမဂ္ဂ၊ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) စသည့် နိုင်ငံတကာ အဖွဲ့အစည်းများက မှတ်တမ်း တင်ထားသလို အဖမ်းခံရသူ အများအပြားမှာ ညှဉ်းဆဲ ခံရပြီး ဟန်ပြ တရားရုံးများတွင် စစ်ဆေး စီရင်ခံရကာ နှစ်ရှည် ထောင်ဒဏ်ကို ဆိုးရွားလှသော အခြေအနေဖြင့် ကျခံရမြဲ ဖြစ်သည်။

အချို့မှာ ထောင်ထဲမှာပင် သေဆုံး သွားကြ၏။

ထောက်လှမ်းရေး အဖွဲ့များက သုံးသည့်၊ ရက်စက်သည့် နည်းလမ်းများ၊ အချို့ သဘောထား ကွဲလွဲသူများ “ပျောက်ဆုံးသွားခြင်း” ၊ ထင်ရှားသည့် အရေးအရာ လှုပ်ရှားသူများနှင့် လူမျိုးစု ခေါင်းဆောင်များ အကြောင်းရင်း မပေါ်ဘဲ သေဆုံးခြင်းများကြောင့် ကကလှမ်းသည် နိုင်ငံတော်၏ ရန်သူ ဆိုသူများကို သုတ်သင်နေသည်ဟု ပိုမို ယုံကြည် လာကြသည်။

သက်သေပြရန် ခဲယဉ်းသော်လည်း “ပစ်မှတ်ထားကာ သတ်ဖြတ်ခြင်း” များ ရှိခဲ့ကြောင်း အညွှန်းများလည်း ရှိခဲ့သည်။

ဥပမာ အားဖြင့် ၂၀၁၁ ခုနှစ်တွင် ယခင် ထောက်လှမ်းရေး အရာရှိတဦးက သူနှင့် ထိုစဉ်က သြစတြေးလျားတွင် နေထိုင် ခဲ့သည့် လုပ်ဖော်ကိုင်ဖက် များသည် ကကလှမ်း၏ “လက်မရွံ့ တပ်စိတ်” ဝင်များ ဖြစ်ခဲ့သည်ဟု ပြောသည်။

၁၉၈၈ ဒီမိုကရေစီ လိုလားသည့် ပုံကန်မှု နောက်ပိုင်းတွင် အစိုးရ ဆန့်ကျင်သူ အနည်းဆုံး ၂၄ ဦးကို သူကိုယ်တိုင် သတ်ခဲ့ပြီး အခြား ၁၅၀ သေရသည်မှာလည်း သူ့လက်ချက် မကင်းခဲ့ဟု သတင်းထောက်များကို ပြောပြသည်။

မြန်မာ သူလျှိုများသည် “ရန်ကုန် – ဆန့်ကျင်ရေး လှုပ်ရှားသူများ” ကို ထိုင်းနိုင်ငံ မဲဆောက် စသည့် နယ်စပ် မြို့များတွင် သတ်ကြသည်ဟု ထိုင်း ရဲတပ်ဖွဲ့က ၂၀၀၁ ခုနှစ်တွင် ပြောပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ထင်ရှားသည့် အဖွဲ့ဝင် ၂ ဦး တရုတ်နှင့် ထိုင်းတွင် လက်သည် မပေါ်ဘဲ သေဆုံးသွားသဖြင့်၊ အစိုးရသည် ဆန့်ကျင်သူများကို ရှင်းပစ်ပေးမည့် လုပ်ကြံသူများကို နိုင်ငံခြားသို့ ခရီးထွက်စဉ် ငှားခဲ့သည်ဟု ပြည်ပြေး အုပ်စုများက စွပ်စွဲခဲ့ကြသည်။

ထိုသတင်းမျိုးကို သေသေချာချာ စဉ်းစားဆင်ခြင်ရန် လိုမည်။ အချို့ ကိစ္စများမှာ အနက်ကောက် လွဲခြင်းလည်း ဖြစ်နိုင်၏။

ဥပမာ အားဖြင့် ၂၀၀၈ ခုနှစ်က မဲဆောက်တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒို မန်းရှာ အသတ် ခံရသည်မှာ ကကလှမ်း၏ လက်ချက်ထက် ကရင် အုပ်စုချင်း အားပြိုင်မှုကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ပြင် ဝေဖန်သူများကို ရှင်းပစ်ရန် နယ်စပ်နှင့် အလွန်ဝေးသည့် နေရာများသို့ လုပ်ကြံသူများကို စေလွှတ်ရန် စစ်အစိုးရတွင် ရင်းမြစ် သို့မဟုတ် ဆန္ဒ ရှိပုံမရပေ။

၁၉၉၄ ခုနှစ်တွင် ထိုစဉ်က အုပ်ချုပ်နေသည့် နဝတ သည် (ဦး) ခင်ညွန့်ကို အရာရှိချုပ် အဖြစ် ထားကာ မဟာဗျူဟာ လေ့လာရေးရုံး (OSS) ကို ဖန်တီးပေးလိုက်သည်။

တပ်မတော်၏ တရားဝင် ဖွဲ့စည်းပုံတွင် ပါသည့် “ညွှန်ကြားရေးမှူးရုံး” ၏ အထက်တွင် ဤရုံး ကို ဖန်တီးခြင်းသည် ၁၉၉၃ ခုနှစ်တွင် (ဦး) ခင်ညွန့် ဒု ဗိုလ်ချုပ်ကြီး (ကြယ်သုံးပွင့် အဆင့်) အဖြစ် ရာထူး တိုးခဲ့ခြင်းကို တရားဝင်အောင် လုပ်ခြင်းပင် ဖြစ်မည်။

၁၉၉၆ ခုနှစ်တွင် ဤရုံးမှ အထက်တန်း အရာရှိ တဦးက ဤရုံးကို ဖန်တီးရခြင်းမှာ ပြင်ပ ကမ္ဘာနှင့် အထိအတွေ့ များလာသည်ကို ကိုင်တွယ်နိုင်ရန် ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် လွှတ်မထားနိုင်ကြောင်း ပြောပြသည်။

တိကျသော ကြားနေ ဝါဒကို ကျင့်သုံးခဲ့သဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို အလွန်အမင်း ကန့်သတ်ခဲ့သည့် (ဦး) နေဝင်း ၏ လက်အောင်တွင် ယင်းဝန်ကြီးဌာနသည် သြဇာအာဏာ အတော်ပင် ဆုံးရှုံးခဲ့၏။

သို့သော် ၁၉၈၈ ခုနှစ်တွင် အာဏာ ယူလိုက်ပြီးနောက် နဝတ သည် ပြင်ပ လောကနှင့် ပို၍ ထိတွေ့ချင်လာသည်။ မကြာမတင်မှာပင် OSS က နိုင်ငံခြားရေး မူဝါဒကို ချမှတ်လာလေ၏။

ဥပမာ – ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည့် အာဆီယံသို့ မြန်မာနိုင်ငံ ဝင်ရောက်ရေး လှုပ်ရှားမှုမှာ OSS ၏ အစီအမံ ဟု လူအများက ယုံကြည်ကြသည်။

၂၀၀၁ ခုနှစ်တွင် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG) က “မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အတွက် OSS တွင် တိုက်ရိုက် တာဝန် ရှိသည်”ဟု စကားကျွံခဲ့သည်။ ။

ဆက်လက်ဖော်ပြပါမည်။

(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များနှင့် အာဏာ (ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)

You may also like these stories:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

Your Thoughts …
Tags: AIICGMINLDOSSကကလှမ်းကုလသမဂ္ဂခင်ညွန့်စစ်ထောက်လှမ်းရေး
ဉာဏ်သစ်

ဉာဏ်သစ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ကန်ပိုက်တီတိုက်ပွဲ၏ နောက်ကွယ်

ကန်ပိုက်တီတိုက်ပွဲ၏ နောက်ကွယ်

တိုင်းပြည်အတွက် ဂျန်ဇီတွေလုပ်ဆောင်နေတာ သိစေချင်တယ် (ရုပ်/သံ)

တိုင်းပြည်အတွက် ဂျန်ဇီတွေလုပ်ဆောင်နေတာ သိစေချင်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved