မြန်မာ့နွေဦးတော်လှန်ရေးထဲက ဂျန်ဇီလူငယ်တွေရဲ့ဘဝကို နိုင်ငံတကာကသိအောင် ပြောပြချင်လို့ Zoomers ရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့တာလို့ ရုပ်ရှင်ဖန်တီးသူဒါရိုက်တာ Dylan Chow ပြောပါတယ်။
ဒီဇာတ်ကားဟာ မြန်မာလူငယ် ဇာတ်ကောင် ၇ ယောက်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Dialog Film Festival မှာ Best War Film ဆု၊ Singapore Independent Film Fair မှာ Narrative Feature Winner ဆု၊ Dubai International Cine Carnival မှာ International Narrative Feature ဆုတွေအပါအဝင် ဆုပေါင်း ၁၁ ဆုထိ ရရှိထားတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီကားကို အမေရိကန်ပြည်ထောင်စု၊ မလေးရှား၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် နိုင်ငံတွေမှာ ပြသခဲ့ပြီး ရရှိတဲ့အကျိုးအမြတ်တွေကို မြန်မာနိုင်ငံထဲကို ပေးပို့ကူညီနိုင်ခဲ့တယ်လို့လည်း ဒါရိုက်တာ Dylan Chowက ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy