ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် အရှေ့တောင်အာရှသည် အရေးပါသော လမ်းဆုံလမ်းခွသို့ ရောက်နေပြီး ဒေသအနာဂတ်ကို နက်ရှိုင်းသော ထိခိုက်လွယ်မှုများက ခြိမ်းခြောက်နေသည်။ ကမ္ဘာ့အန္တရာယ် ကျရောက်နိုင်ခြေ အညွှန်းကိန်း ၂၀၂၄ အရ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားသည် တကမ္ဘာလုံးတွင် အများဆုံး နိုင်ငံများဖြစ်ပြီး မြန်မာသည် ဆဋ္ဌမနေရာတွင် ရောက်နေသည်။
ကမ္ဘာ့ ရာသီဥတုဘေးအန္တရာယ် ကျရောက်နိုင်ခြေ အညွှန်းကိန်းအရ မြန်မာသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နာဂစ်မုန်တိုင်းနှင့် ဆိုးရွားသော ရေလွှမ်းမိုးမှုများ အပါအဝင် အလွန်ပြင်းထန်သော ရာသီဥတု အခြေအနေများကို ရင်ဆိုင်ရသောကြောင့် ဒုတိယနေရာတွင် ရှိနေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်နှင့် ပေါင်းစပ်လိုက်သောအခါ မြန်မာသည် လွန်စွာ ပိုမိုပြင်းထန်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှု ရိုက်ခတ်ချက်အတွက် အသင့်ဖြစ်မနေဘဲ အန္တရာယ်များလွန်းနေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်နှင့် ပေါင်းစပ်လိုက်သောအခါ မြန်မာသည် လွန်စွာ ပိုမိုပြင်းထန်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှု ရိုက်ခတ်ချက်အတွက် အသင့်ဖြစ်မနေဘဲ အန္တရာယ်များလွန်းနေသည်။ ထိုင်းနိုင်ငံသည်လည်း ထိုအခြေအနေမှ မကင်းလွတ်နိုင်ဘဲ အထက်ပါအညွှန်းကိန်းတွင် အဆင့် ၈ နေရာတွင် ရှိနေပြီး အိမ်နီးချင်း မြန်မာမှ အန္တရာယ်များ မပါဝင်လျှင်ပင် သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ခြေကို ပြသနေသည်။
ရာသီဥတုပြောင်းလဲမှု အန္တရာယ်များ၊ ရပ်တန့်နေသော အမျိုးသားတုံ့ပြန်ဆောင်ရွက်မှုနှင့် ဒေသအလိုက် အရေးယူဆောင်ရွက်မှု
ယာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်သည့် မကြာသေးမီက ပျက်စီးဆုံးရှုံးမှုများသည် အရေးပေါ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြတ်ပြတ်သားသား သတိပေးချက်ဖြစ်သည်။ မြန်မာတွင် မြေပြိုခြင်းနှင့် ရုတ်တရက် ရေလွှမ်းမိုးခြင်းကြောင့် လူအနည်းဆုံး ၄၄၄ ဦးသေဆုံးပြီး ကျေးရွာနှင့် အခြေခံအဆောက်အအုံများစွာ ပျက်စီးသောကြောင့် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာအကူအညီ တောင်းရသည်။
တချိန်တည်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှ မယ်ဆိုင်တွင် မြန်မာနိုင်ငံမှ စိုင်မြစ်၊ ကော့မြစ်နှင့် သံလွင်မြစ်များမှ စတင်သည့် ရေလွှမ်းမိုးမှုသည် တမြို့လုံးကို ရွှံ့ရေဖုံးလွှမ်းစေပြီး နောက်ပိုင်းတွင် သိပ်သည်းသော ရွှံ့နွံများ တင်ကျန်နေရစ်ကာ လပေါင်းများစွာ မကြာလျှင်ပင် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူ ရှင်းလင်းရမည် ဖြစ်သည်။
ထိုသို့သော ကပ်ဆိုးများသည် အစပင်ဖြစ်သေးကြောင်း ရာသီဥတုပြောင်းလဲမှု အချက်အလက်များက ပြသနေသောကြောင့် မြန်မာမှ မည်သည့်ရာသီဥတု ရိုက်ခတ်မှုမဆိုသည် ထိုင်းနိုင်ငံသို့ ပိုမို ရိုက်ခတ်လာမည်ဖြစ်ကြောင်း ပြသနေသည်။ “မြန်မာမှ သက်ရောက်မှု” ကို ကိုင်တွယ်ဖြေရှင်းရေး ပါဝင်သော ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ရေး၊ လျှော့ချရေးအတွက် ထိုင်းနိုင်ငံတွင် စနစ်ကျသော အစီအစဉ် မရှိပါက နယ်စပ်တလျှောက်မှ ထိုင်းနိုင်ငံသားများအတွက် နောက်ထပ် အပျက်အစီးနှင့် အန္တရာယ်များ လိုက်ပါလာဖွယ်ရှိသည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကရင်ပြည်နယ်သည် ထိုင်း-မြန်မာ နယ်စပ်ဒေသများအတွက် အလားအလာရှိသော ရာသီဥတု ရိုက်ခတ်မှု၊ ထိုင်းနိုင်ငံက အထောက်အကူပြုနိုင်သည့် ဒေသဆိုင်ရာ ရာသီဥတု အရေးယူဆောင်ရွက်မှု စီမံကိန်းများနှင့် သေနင်္ဂဗျူဟာကျသည် စီမံရေးအမြင်မှ စဉ်းစားသုံးသပ်ရမည့် အချက်များကို သရုပ်ဖော်ပြနေသည်။
၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း (UNFCCC) သို့ စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ထပ်တူနီးပါးတူညီသည့် မြန်မာရာသီဥတုပြောင်းလဲမှု သေနင်္ဂဗျူဟာများကို သီးခြားစီ တင်သွင်းပြီး ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ရေးနှင့် လျှော့ချရေးအတွက် နိုင်ငံ၏ ထည့်ဝင်အကျိုးပြုမှုများကို အခြေခံအားဖြင့် ဖော်ပြသည်။
ထိုစီမံချက်သည် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာသည် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သည့် နိုင်ငံဖြစ်ရေးအတွက် ရည်မှန်းသော်လည်း ထိုစီမံချက်ကို လူမှုအသိုက်အဝန်းများနှင့် ညှိနှိုင်းမှုမရှိဘဲ စစ်အာဏာသိမ်းမှု မတိုင်မီက ရေးဆွဲခဲ့ခြင်း ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)/NUG အစိုးရနှင့် NLD အစိုးရကို ဖြုတ်ချခဲ့သည့် စစ်ကောင်စီတို့၏ အထက်မှအောက်သို့ သွားသည် ချဉ်းကပ်ပုံကို ဖော်ပြနေသည်။
အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် ပြည်သူကို တိုက်ခိုက်သည့် ၎င်းတို့၏ စစ်ပွဲအတွက် စရိတ်ရရန် နိုင်ငံ၏ သယံဇာတများကို ခိုးယူသည်။ စစ်ကောင်စီသည် အသုံးဝင်သည့် ရာသီဥတုပြောင်းလဲမှု အရေးယူဆောင်ရွက်ချက်ကို အကောင်အထည်ဖော်လိုစိတ် ရှိလျှင်ပင် အကောင်းအထည်ဖော်နိုင်စွမ်း မရှိပေ။
အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် ပြည်သူကို တိုက်ခိုက်သည့် ၎င်းတို့၏ စစ်ပွဲအတွက် စရိတ်ရရန် နိုင်ငံ၏ သယံဇာတများကို ခိုးယူသည်။ စစ်ကောင်စီသည် အသုံးဝင်သည့် ရာသီဥတုပြောင်းလဲမှု အရေးယူဆောင်ရွက်ချက်ကို အကောင်အထည်ဖော်လိုစိတ် ရှိလျှင်ပင် အကောင်းအထည်ဖော်နိုင်စွမ်း မရှိပေ။
ဥပမာအားဖြင့်ဆိုပါက သဘာဝဘေးအန္တရာယ် လျှော့ချရေးမူဝါဒများ အသုံးပြုရေးဆိုင်ရာ တစုတစည်းတည်းသော မြန်မာပလက်ဖောင်း (MUDRA – မုဒြာ) သည် နိုင်ငံတဝန်း ကျယ်ပြန့်သည့် ဘေးအန္တရာယ်ပေါင်းစုံနှင့် ဖြစ်နိုင်ခြေရှိသော သဘာဝဘေးအန္တရာယ်များ အကဲဖြတ်စနစ်ဖြစ်ပြီး မြန်မာအစိုးရက အခြား နည်းပညာအေဂျင်စီများနှင့် ပူးပေါင်းပြီး ကနေဒါနိုင်ငံမှ ငွေကြေးအကူအညီဖြင့် ၂၀၁၉ ခုနှစ်တွင် ထူထောင်ထားသည်။ သို့သော် ယခုဆောင်းပါးရေးသားချိန်တွင် MUDRA သည် မကြည့်ရှုနိုင်တော့ဘဲ ထိုအသုံးဝင်ဖွယ်ရှိသည့် စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ပြသနေသည်။
တချိန်တည်းတွင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် သယံဇာတများကို စီမံရာတွင် ဦးဆောင်နေပြီး ရာသီဥတုအရေးယူဆောင်ရွက်ရေး သေနင်္ဂဗျူဟာများ ချမှတ်နေသည်။ လွတ်လပ်သော ကရင်ပြည်နယ်ဖြစ်သည့် ကော်သူလေးနှင့် အခြားနေရာများမှ ဒေသခံ သက်ဆိုင်သူများသည် ၎င်းတို့၏ သီးခြား ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ နေထိုင်ရေး၊ လျှော့ချရေး စီမံချက်များ ဖော်ထုတ်နေကြသည်။ ထိုစီမံချက်များသည် ဌာနေပြည်သူများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် ရေရှည်တည်တံ့သော ရာသီဥတုပြောင်းလဲမှု သေနင်္ဂဗျူဟာများကို အကျိုးပြုမှုများအား မှတ်တမ်းတင် အသိအမှတ်ပြုသည်။
ထိုင်းနယ်စပ်အနီး ဒေသအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဒေသများတွင် အများစုတည်ရှိသော မြန်မာ့သစ်တောများသည် အရှေ့တောင်အာရှ ပင်မကုန်းမြေတွင် အကောင်းဆုံးဖြစ်သည်။ ထူးထူးခြားခြား ကောင်းမွန်သည့် ဥပမာတခုမှာ ကရင်ပြည်နယ်မြောက်ပိုင်း ကုန်းမြင့်ဒေသမှ ၅,၅၀၀ စတုရန်းကီလိုမီတာရှိသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဒေသ သံလွင်ငြိမ်ချမ်းရေးဥယျာဉ် (SPP) ဖြစ်ပြီး ထိုဥယျာဉ်မှ သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲများစုံလင်မှု ထိန်းသိမ်းရေးမှ ထိုင်းနိုင်ငံသည် သွယ်ဝိုက်အကျိုးခံစားရသည်။
တည်ငြိမ်မှု ထိန်းသိမ်းခြင်းနှင့် ကာကွယ်ထားသော ဒေသများ၊ လူမှုအသိုက်အဝန်းသစ်တောများနှင့်ဌာနနေတိုင်းရင်းသားများ၏ မြေများ ပါဝင်သည့် ဂေဟဗေဒစနစ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းအတွက် သံလွင်ငြိမ်ချမ်းရေးဥယျာဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အီကွေတာဆုကို ချီးမြှင့်သည်။
၎င်းတို့၏ ဝက်ဘ်ဆိုက်အရ သံလွင်ငြိမ်ချမ်းရေးဥယျာဉ်သည် ဒေသခံဌာနေ လှုမှုအသိုက်အဝန်းများက ရိုးရာအစဉ်အလာ အလေ့အထများကို ပြန်လည်အသက်သွင်းရန်၊ ၎င်းတို့၏ အခွင့်အရေးများ ခိုင်မာစေရေးနှင့် သဘာဝသယံဇာတများကို စီမံရေးအတွက် ဒေသခံဌာနေလူမှုအသိုက်အဝန်းများကို လုပ်ပိုင်ခွင့်ပေးသော လူမှုအသိုက်အဝန်း ဦးဆောင်သည့် အစီအစဉ်တခုဖြစ်သည်။ ကရင်လူမှုအသိုက်အဝန်းများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူလေး သစ်တောဌာနတို့ အားထုတ်မှုများကို ချိန်ညှိရန်အတွက် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းထားသည်။
ရာသီဥတု ရိုက်ခတ်မှုနှင့် အရေးယူဆောင်ရွက်ရန် လိုအပ်ချက်
လာမည့် ကော်သူလေး ရာသီဥတုပြောင်းလဲမှု စစ်တမ်းတွင် KNU ခရိုင် ခုနစ်ခုလုံးမှ အချက်အလက်များ ပါဝင်ပြီး ၎င်းတို့အနက် ခရိုင် လေးခုသည် ထိုင်းနိုင်ငံနှင့် ကပ်လျက်တည်ရှိသည်။ ထိုစစ်တမ်းမှ တွေ့ရှိချက်များသည် ဆန္ဒစွဲများနှင့် ပတ်သက်နေသော်လည်း စိုးရိမ်ပူပန်စရာကောင်းသည့် ကောက်ချက်ကို ဖော်ပြနေသည်။ ရာသီဥတုပြောင်းလဲမှုသည် ကရင်လူမှုအသိုက်အဝန်းများ၏ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကြောင်းများအပေါ် အကြီးအကျယ် သက်ရောက်နေပြီ ဖြစ်သည်ဆိုသည့် ကောက်ချက်ဖြစ်သည်။
မိုးရာသီ စတင်ချိန်သည် နောက်ကျလာပြီး ပိုမိုခန့်မှန်းရ ခက်လာသည်။ ယခုအခါ မိုးသည် ပိုမိုပြင်းထန်လာပြီး ကျယ်ပြန့်သည့် ရုတ်တရက် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများသို့ ဦးတည်စေသလို ထိုအခြေအနေသည် လယ်သမားများအတွက် စိုက်ပျိုးချိန်ဖြစ်သော ခြောက်သွေ့ရာသီတွင်ပင် မိုးရွာသောကြောင့် လယ်ယာစိုက်ပျိုးရေးကို အပြင်းအထန် ထိခိုက်စေသည်။ မိုးရာသီနှောင်းပိုင်းတွင် ရေလွှမ်းမိုးသည် ရိတ်သိမ်းရမည့် သီးနှံအားလုံးကို ရေမြောသွားစေနိုင်သည်။
မိုးရာသီ စတင်ချိန်သည် နောက်ကျလာပြီး ပိုမိုခန့်မှန်းရ ခက်လာသည်။ ယခုအခါ မိုးသည် ပိုမိုပြင်းထန်လာပြီး ကျယ်ပြန့်သည့် ရုတ်တရက် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများသို့ ဦးတည်စေသလို ထိုအခြေအနေသည် လယ်သမားများအတွက် စိုက်ပျိုးချိန်ဖြစ်သော ခြောက်သွေ့ရာသီတွင်ပင် မိုးရွာသောကြောင့် လယ်ယာစိုက်ပျိုးရေးကို အပြင်းအထန် ထိခိုက်စေသည်။ မိုးရာသီနှောင်းပိုင်းတွင် ရေလွှမ်းမိုးသည် ရိတ်သိမ်းရမည့် သီးနှံအားလုံးကို ရေမြောသွားစေနိုင်သည်။
ပြည်တွင်းနေရပ်စွန့်ခွာသူ ကရင်ပြည်သူများကော်မတီ (CIDKP) ၏ အဆိုအရ ကရင်ပြည်နယ်မှ ကျေးရွာပေါင်း ၄၁၁ နေရာ၊ အိမ်ထောင်စု ၄၉,၉၄၁ ခု သို့မဟုတ် လူ ၂၅၉,၃၉၇ ဦးကို ယာဂီမုန်တိုင်းက ထိခိုက်စေသည်။ ယာဂီတိုင်ဖွန်းမုန်တိုင်းသည် စပါးခင်းများ၊ အစားအစာသိုလှောင်ရုံများနှင့် ရေအရင်းအမြစ်များကို အပြင်းအထန် ပျက်စီးစေသည်။ ထိုမုန်တိုင်းသည် ကျွဲ နွား၊ ကြက် ဘဲနှင့် ပြည်သူများကိုလည်း သေဆုံးမှုဖြစ်စေသည်။
အပူပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးအပေါ် ကျယ်ပြန့်သော သက်ရောက်မှု၏ ရှင်းလင်းသော အခြေအနေကို မသိရသော်လည်း အများအားဖြင့် ဆိုးကျိုးဖြစ်စေပုံရသည်။ စိုက်ပျိုးရေးကို ထိခိုက်စေသည့် ပိုးမွှားများ ပိုမိုများပြားလာပြီး ထိုအချက်သည် အပူချိန်တိုးလာခြင်းနှင့် အပြန်အလှန် ဆက်စပ်နေနိုင်သည်။ အချို့ရွာများတွင် မိုးနှင့်အပူချိန် ပြောင်းလဲမှုသည် သောက်ရေ၊ ချိုးရေ ရရှိမှုကို ထိခိုက်စေသည်။
ရာသီဥတုပုံစံများ ပြောင်းလဲခြင်းသည်လည်း ဒေသခံလူမှုအသိုက်အဝန်းများ၏ ဘဝသာယာစိုပြေရေးနှင့် အစားအစာဖြန့်ချိရေး ကွင်းဆက်ကိုလည်း ရေရှည်သက်ရောက်မှုများ ရှိလာသည်။ ၎င်းတို့၏ သဘောကျစရာ ကောင်းသည့် ခံနိုင်ရည်နှင့် ရေရှည် တောတွင်းနေထိုင်မှု ရာစုနှစ်နှင့်ချီ ရှိသော်လည်း ဌာနေ လူမှုအသိုက်အဝန်းများသည် ထိုဘက်စုံ စိန်ခေါ်မှုသစ်များကို ကိုင်တွယ်ဖြေရှင်းရန် ဘဏ္ဍာရေးနှင့် နည်းပညာရင်းမြစ် အကန့်အသတ်ရှိသည်။
ရာသီဥတုပြောင်းလဲမှု၏ ထိုစိန်ခေါ်မှုများကို ကိုင်တွယ်ရန် မြန်မာမှ ပဋိပက္ခထိခိုက်ဒေသများတွင် အကူအညီ ပိုမိုလိုအပ်သည်။ အာဆီယံ အထူးမိုးလေဝသဌာန (ASMC) မှ ရရှိသည့် မြန်မာနိုင်ငံမှ မိုးရေချိန် တိုင်းတာရေးစခန်းများကို လေ့လာသောအခါ တိုင်းရင်းသားထိန်းချုပ်ဒေသများတွင် အလွန်နည်းကြောင်း တွေ့ရသောကြောင့် ဒေသဆိုင်ရာအစီအစဉ်အရပင် နည်းပညာအထောက်အကူ ရရှိမှု မညီမျှကြောင်း ပြသနေသည်။ ကဏ္ဍအများအပြားတွင် မြန်မာသည် ဖွံ့ဖြိုးပြီးနိုင်ငံများက မေ့လျော့နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။
မြန်မာ့အကျပ်အတည်းများ၏ ထိုင်းတွင် သက်ရောက်မှုနှင့် အခွင့်အလမ်းများ
မြန်မာကို အမျိုးမျိုးသော နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်သော အကျပ်အတည်းများ ဝိုင်းရံနေသည်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နိုင်ငံတဝန်းမှ လူ ၃ သန်းကျော်သည် မြန်မာစစ်တပ်နှင့် လက်ဝေခံတပ်များ ကျူးလွန်သည့် တိုက်ခိုက်မှုများနှင့် တုန်လှုပ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထွက်ပြေးနေရသည်။
သတင်းအနည်းငယ်တွင်သာ ကိုးကားဖော်ပြသော်လည်း လက်ရှိ လက်နက်ကိုင်ပဋိပက္ခသည် လယ်သမားများ၏ ရေသွင်းစိုက် စပါးခင်းများ၊ အခြား အခြေခံလုပ်ငန်းခွင်များကို ထိန်းသိမ်းခြင်းနှင့် ပြန်လည် ထူထောင်ရေး မလုပ်နိုင်ရန် တားဆီးသောကြောင့် ဒေသဆိုင်ရာ လူသားလုံခြုံမှုနှင့် အသက်မွေးဝမ်းကြောင်းများကို အကြီးအကျယ် ထိခိုက်စေသည်။ စစ်ပွဲကလည်း ခရီးသွားလာခြင်းနှင့် ဈေးကွက်ရရှိရေးကို အပြင်းအထန် ထိခိုက်စေပြီး လယ်သမားများသည် ၎င်းတို့ဝမ်းစာ လိုအပ်ချက်ထက် ကျော်လွန်စိုက်ပျိုးရန် စိတ်အားထက်သန်မှု နည်းစေသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းအထိ ကျယ်ပြန့်သည့် သံလွင်မြစ်အောက်ပိုင်း မြစ်ဝှမ်းဒေသ အဆင့် ၃ ဆင့် ရာသီဥတုစက်ဝန်းကို တွေ့ကြုံနေရသောကြောင့် ထိုင်းနိုင်ငံအတွက် ပေးဆပ်ရမည့် အရင်းအနှီး လွန်စွာမြင့်မားသည်။
အပူချိန်တိုးလာသောအခါ တောမီးလောင်ခြင်း ပိုမို များပြားကျယ်ပြန့်လာပြီး ငြှိမ်းသတ်ရန်လည်း ပိုမိုခက်ခဲလာသည်။ တောမီးလောင်ရာမှ ထွက်လာသည့် မီးခိုးများသည် ရာသီအလိုက် ရိုးပြတ်မီးရှို့ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ လေထုအရည်အသွေးကို ပိုမိုဆိုးရွားစေသည်။ အောက်ပိုင်း သံလွင်မြစ်ဝှမ်းဒေသတွင် အဆိပ်အတောက်ဖြစ်စေသော မီးခိုးမြူများ ကာလရှည်ကြာစွာ ရစ်ဝိုင်းနေသည်။
အပူချိန်တိုးလာသောအခါ တောမီးလောင်ခြင်း ပိုမို များပြားကျယ်ပြန့်လာပြီး ငြှိမ်းသတ်ရန်လည်း ပိုမိုခက်ခဲလာသည်။ တောမီးလောင်ရာမှ ထွက်လာသည့် မီးခိုးများသည် ရာသီအလိုက် ရိုးပြတ်မီးရှို့ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ လေထုအရည်အသွေးကို ပိုမိုဆိုးရွားစေသည်။ အောက်ပိုင်း သံလွင်မြစ်ဝှမ်းဒေသတွင် အဆိပ်အတောက်ဖြစ်စေသော မီးခိုးမြူများ ကာလရှည်ကြာစွာ ရစ်ဝိုင်းနေသည်။
နှစ်အစောပိုင်းက ရာသီဥတုဒဏ်ခံရပြီး ပူလောင်သောမြေသည် ခြောက်သွေ့ပြီး ပွလာကာ မိုးရာသီတွင် ရေအပြည်အဝ စုပ်ယူနိုင်သည့် စွမ်းရည်ကို အကန့်အသတ် ဖြစ်စေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်များမှ ပြည်သူများနှင့် ၎င်းတို့၏ အိမ်နီးချင်းနယ်စပ် တဖက်မှ မြန်မာပြည်သူများသည် တနှစ်လျှင် သုံးလကြာ PM 2.5 အဆိပ်အတောက် မီးခိုးမြူများကြောင့် အသက်ရှူကျပ်ပြီးနောက် နှစ်စဉ် ရေလွှမ်းမိုးမှုတွင် ရေနစ်မည်ဖြစ်သည်။
မြန်မာမှ သက်ရောက်မှုများ ကူးစက်လာခြင်းကို ဖြေရှင်းမည့် ကျယ်ပြန့်သော ရာသီဥတုပြောင်းလဲမှု လျှော့ချရေး စီမံချက် မရှိပါက ထိုင်းနိုင်ငံသည် ပြင်းထန်သော သဘာဝပတ်ဝန်းကျင်နှင့် လူသားချင်းစာနာမှု စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုအန္တရာယ်ကို လျှော့ချရန်အတွက် ထိုင်းအစိုးရသည် နယ်စပ်တလျှောက်တွင် ဝန်ဆောင်မှုပေးခြင်းနှင့် အုပ်ချုပ်ရေးတွင် အရေးပါသောအခန်းမှ ပါဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အပါအဝင် မြန်မာမှ တိုင်းရင်းသားအုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှာဖွေရမည် ဖြစ်သည်။ နိုင်ငံတဝန်းမှ EAO အများအပြားတွင် အနည်းဆုံး တဒါဇင်သည် စီမံအုပ်ချုပ်ရေးနှင့် အများပြည်သူ ဝန်ဆောင်မှုပေးရေး ယန္တရားနှင့်တကွ ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်ထားသည်။
ဥပမာအားဖြင့် KNU သစ်တောနှင့် စိုက်ပျိုးရေးဌာနသည် လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) နှင့် ဒေသခံ လူမှုအသိုက်အဝန်းများနှင့်အတူ အားလုံးအကျုံးဝင်ပြီး တိုးတက်သော သစ်တောနှင့်မြေယာ မူဝါဒများကို ချမှတ်ထားသည်။
မွန်၊ ကရင်နီ၊ တအာင်း၊ ကချင်နှင့် ချင်းပြည်နယ်များအပါအဝင် အခြား လူမှုအသိုက်အဝန်း အများအပြားတွင်လည်း အလားတူ အစီအစဉ်များကို အကောင်အထည်ဖော်နေကြသည်။ ဒေသအုပ်ချုပ်ရေး အာဏာပိုင်များ၊ လူမှုအသိုက်အဝန်းများ၊ CSO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ထိုင်းနှင့် အခြား နိုင်ငံတကာမိတ်ဖက်များသည် ရေလွှမ်းမိုးမှုနှင့် ရာသီအလိုက် မီးခိုးမြူများဖြစ်စေသည့် အကြောင်းရင်းများ လျှော့ချရန် သစ်တောစီမံခန့်ခွဲမှု အကောင်းဆုံး အလေ့အထများကို ပံ့ပိုးနိုင်ကာ လူမှုအသိုက်အဝန်းများက ၎င်းတို့၏ အမွေအနှစ်များ ထိန်းသိမ်းရာတွင် ကူညီနိုင်သည်။
ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုသည် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သည်။ စစ်ကောင်စီသည် ထိုင်းနှင့်ထိစပ်နေသည့် နယ်မြေများ အပါအဝင် နိုင်ငံ၏ကြီးမားသော အစိတ်အပိုင်းများကို အလျင်အမြန် ဆုံးရှုံးနေပြီး ဝေးကွာပြီး ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ရာသီဥတုကိစ္စ အရေးယူ ဆောင်ရွက်ရန်သာမက ဝန်ဆောင်မှုများကိုပင် မပေးနိုင်တော့ပေ။
ထို့ပြင် စစ်ကောင်စီသည် သဘာဝ ပတ်ဝန်းကျင်ကို ခိုးယူဖျက်ဆီးရန်နှင့် အရပ်သားလူမှုအသိုက်အဝန်းများကို တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည်။ ထို့ကြောင့် စစ်ကောင်စီကို ဒေသခံလူမှုအသိုက်အဝန်းများအကြား ယုံကြည်မှုကင်းမဲ့နေပြီး နယ်စပ်တလျှောက်တွင် ထိုင်းအတွက် မသင့်လျော်သည့်မိတ်ဖက် ဖြစ်နေသည်။
KNU နှင့် ကရင်နီပြည် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ (IEC) ကဲ့သို့ နယ်စပ်တလျှောက်မှ တရားဝင် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အောက်ခြေ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ပံ့ပိုးခြင်းဖြင့် ထိုင်းနိုင်ငံသည် EAO ထိန်းချုပ်ဒေသများ ရေလွှမ်းမိုးမှုနှင့် တောမီး ကြိုတင်သတိပေးရေး စနစ်များ ကူညီထူထောင်ပေးနိုင်သည်။
KNU နှင့် ကရင်နီပြည် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ (IEC) ကဲ့သို့ နယ်စပ်တလျှောက်မှ တရားဝင် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အောက်ခြေ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ပံ့ပိုးခြင်းဖြင့် ထိုင်းနိုင်ငံသည် EAO ထိန်းချုပ်ဒေသများ ရေလွှမ်းမိုးမှုနှင့် တောမီး ကြိုတင်သတိပေးရေး စနစ်များ ကူညီထူထောင်ပေးနိုင်သည်။
ထိုစနစ်များသည် နယ်စပ်မြို့များတွင် ပုံမှန်မဟုတ်သည့် ရေတက်ခြင်းနှင့် ရေလွှမ်းမိုးမှု သို့မဟုတ် တောမီးအန္တရာယ်ကို ကြိုတင်သတိပေးမည် ဖြစ်သည်။ နယ်စပ်တလျှောက် EAO အုပ်ချုပ်ရေးများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးခြင်းသည် နေရပ်စွန့်ခွာရသူများ စီးဝင်မှုကိုလည်း လျှော့ချနိုင်ပြီး ထိုင်းနိုင်ငံအတွက် နောက်ဆက်တွဲ ဖြစ်လာသည့် ကူးစက်ရောဂါကဲ့သို့ လူသားလုံခြုံရေးပြဿနာများကို လျှော့ချနိုင်မည်ဖြစ်သည်။
နယ်စပ်ဒေသ လူမှုအသိုက်အဝန်းများ၏ အသက်မွေးဝမ်းကြောင်းများကို ပိုမိုတောင့်တင်းစေရန် တိုးတက်ကောင်းမွန်ပြီး ဒေသအလိုက် နယ်စပ်ကုန်သွယ်ရေး အချိတ်အဆက်များကိုလည်း အားပေးသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဒေသခံ ထိုင်းလူမှုအသိုက်အဝန်းများကိုသာမက နယ်စပ်တဖက်မှ လူမှုအသိုက်အဝန်းများအတွက်လည်း အကျိုးကျေးဇူးများ ရှိစေမည်ဖြစ်သည်။
ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာမှုနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းများအတွက် အထောက်အကူမရှိဘဲ နယ်စပ်တဖက်မှ အရပ်သားများသည် မြန်မာမှ ရာသီဥတု ပိုမိုမတည်ငြိမ်မှုအကြားတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးရန်မှအပ အခြားရွေးစရာ မရှိတော့သလောက်ပင် ဖြစ်သည်။
လွန်ခဲ့သောလအထိ KNU ခရိုင် ခုနစ်ခုတွင် ကရင်ပြည်တွင်းနေရပ်စွန့်ခွာ ၁ သန်းကျော်သာရှိကြောင်း ကရင်ပြည်တွင်းနေရပ်စွန့်ခွာ ပြည်သူများကော်မတီ၏ အဆိုအရ သိရသည်။ ထိုသူများအနက် များပြားလှသော အများစုသည် ၎င်းတို့ဇာတိမြေတွင်သာ နေထိုင်ရန် ဆုံးဖြတ်ထားကြသော်လည်း ၎င်းတို့အနက် ၁ ရာခိုင်နှုန်း မဖြစ်မနေ ထွက်ပြေးပြီး နယ်စပ်ဖြတ်ကျော်ရပါက ထိုင်းနိုင်ငံသည် လက်ရှိတွင်ပင် မနိုင်မနင်းဖြစ်နေသည့် ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည် စီမံရေး၊ အကာအကွယ်ပေးရေး စနစ်တွင် နောက်ထပ် ဒုက္ခသည် ၁ သောင်း လက်ခံရမည် ဖြစ်သည်။
အရှေ့တောင်အာရှမှ ရာသီဥတုအကျပ်အတည်းသည် ကျိုးကြောင်း ညီညွတ်ပြီး စုစည်းညီညွတ်သည့် တုံ့ပြန်မှု လိုအပ်သည်။ မြန်မာမှ လက်တွေ့အာဏာပိုင်များနှင့် ထိုင်းနိုင်ငံ၏ အစီအစဉ်ရှိရှိ ထိတွေ့ဆက်ဆံခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို အတူတကွ ခံနိုင်ရည်ရှိရေးအတွက် အခြေခံများကို ချမှတ်ပေးနိုင်သည်။ နယ်စပ်ကုန်သွယ်ရေး ခိုင်မာစေခြင်းနှင့် ကျန်းမာရေး၊ ပညာရေးနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းများကဲ့သို့ အဓိက ဝန်ဆောင်မှုများကို မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံတို့သည် သဘာဝပတ်ဝန်းကျင် မတည်ငြိမ်မှု၏ ခြိမ်းခြောက်မှု ပိုမိုခံနေရသည့် ဒေသတွင် တည်ငြိမ်မှုကို အားပေးနိုင်သည်။
ယခုအချိန်သည် လက်တွေ့ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု ဆက်လက် ပြင်းထန်လာနေသောကြောင့် မိမိတို့သည် ပြဿနာများ အပြန်အလှန် ဆက်စပ်မှုကို အသိအမှတ်ပြုရန်နှင့် ရေရှည်တည်တံ့သော ဖြေရှင်းမှုများအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
ယခုအချိန်သည် လက်တွေ့ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု ဆက်လက် ပြင်းထန်လာနေသောကြောင့် မိမိတို့သည် ပြဿနာများ အပြန်အလှန် ဆက်စပ်မှုကို အသိအမှတ်ပြုရန်နှင့် ရေရှည်တည်တံ့သော ဖြေရှင်းမှုများအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Surachanee Sriyai နှင့် Ashley South တို့၏ Thailand Should Support Locally Led Climate Action in Myanmar ကို ဘာသာပြန်သည်။ ဒေါက်တာ ဆူရာချနီး ဆရီယိုင်သည် စင်ကာပူရှိ ISEAS – Yusof Ishak Institute မှ မီဒီယာ၊ နည်းပညာနှင့် လူမှုအစီအစဉ်မှ ဧည့်သုတေသီဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် RCSD ၏ ရေရှည် လူသားချင်းစာနာမှု စီမံရေးနှင့် နေရပ်စွန့်ခွာ တိုင်းရင်းသား လူမှုအဖွဲ့အစည်းစင်တာ (SHADE) ၏ ခေတ္တ ဒါရိုက်တာ ဖြစ်သည်။ အက်ရှ်လေဆောက်သ်သည် လွတ်လပ်သော သုတေသီနှင့် ချင်းမိုင်တက္ကသိုလ်တွင် မြန်မာနှင့် အရှေ့တောင်အာရှ၏ နိုင်ငံရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာများကို အထူးပြု လေ့လာနေသူ ဖြစ်သည်။)
You may also like these stories:
သဘာဝတရား၏ ဒေါသနှင့် ကျဆုံးနေသော မြန်မာ့စစ်အုပ်ချုပ်ရေး
သဘာဝဘေးနဲ့ စစ်ဒဏ်ကြား ခါးစည်းခံရတဲ့ အညာတောင်သူတွေဘဝ
လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်
မြို့ပြ စီမံကိန်းများ သဘာဝဘေး ထည့်သွင်း စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် ပြော
ထိုင်း မီးခိုးမြူပြဿနာအတွက် မြန်မာတိုင်းရင်းသား တပ်များတွင် အဖြေရှိနိုင်
ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်