• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

by Carolyn Cowan
22 May 2023
in ဆောင်းပါး
A A
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းတခု ၂၀၂၁ ခုနှစ်၊ မတ်လက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခိုလှုံပုန်းရှောင်နေသူများ / KESAN

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းတခု ၂၀၂၁ ခုနှစ်၊ မတ်လက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခိုလှုံပုန်းရှောင်နေသူများ / KESAN

5k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကျွန်းတော၊ ဝါးတောများ၏ သဘာဝအသံများဖြစ်သည့် ငှက်အော်သံ၊ ဖားအော်သံ၊ သမင်ချေသံများသည် ကြဲချသော ဗုံးသံများအကြားတွင် ပျောက်ကွယ်သွားသည်။ နောက် ရက်သတ္တပတ်များတွင်လည်း ဗုံးများသည် “သံလွင်ငြိမ်းချမ်းရေးဥယျာဉ်” ၏ အချက်အခြာ သစ်တောများ ကျေးရွာများအပေါ် ဆက်လက်ကျရောက်နေပြီး ကျောင်းများ၊ ဆေးရုံများနှင့် လယ်ယာများကို ဖျက်ဆီးနေသည်။ ထိုငြိမ်းချမ်းရေးဥယျာဉ်သည် ဆုရ ကရင်ပြည်နယ်မှ လူမှုအသိုက်အဝန်းဦးဆောင်သည့် အစီအစဉ်ဖြစ်သည်။

အရပ်သားအစိုးရကို အာဏာမှ ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းသည့် စစ်ကောင်စီက ကျူးလွန်‌သော အသေအပျောက်များသည့် လေကြောင်းတိုက်ခိုက်မှုများသည် ထိုင်းနယ်စပ်အနီး ပြည်တွင်း စစ်ဘေးရှောင်စခန်းများတွင် လုံခြုံမှုအတွက် ခိုလှုံနေသည့် ဒုက္ခသည် ထောင်ပေါင်းများစွာ အပါအဝင် သောင်းပေါင်းများစွာသော ကျေးရွာသားများကို ထိခိုက်စေသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့သို့ ရောက်သောအခါ စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ပြီးဖြစ်ပြီး လူအနည်းဆုံး ၁၉ ဦး သေဆုံးစေကာ အခြားသူ အနည်းဆုံး ၂၇ ဦး ဒဏ်ရာရစေသလို ထောင်ပေါင်းများစွာသောကျေးရွာများကို ဘေးကင်းလုံခြုံသောနေရာရှာစေခဲ့ကြောင်း ICCA Consortium ၏ အဆိုအရ သိရသည်။ ICCA Consortium သည် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံလူမှုအသိုက်အဝန်းများက ထိန်းသိမ်းစောင့်ရှောက်ထားသည့် နယ်မြေများကို အသိအမှတ်ပြု ထောက်ခံသော ကမ္ဘာ့အဖွဲ့အစည်းဖြစ်သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တွင် လူမှုအသိုက်အဝန်းပိုင် သစ်တောများ ထူထောင်ရေး၊ ငါးထိန်းသိမ်းရေးဇုန်များ အကောင်အထည်ဖော်ရေးနှင့် ဌာနေတိုင်းရင်းသားပိုင်မြေ (Kaw) များ နယ်နိမိတ်သတ်မှတ်ရေး အပါအဝင် လူမှုအသိုက်အဝန်းက မောင်းနှင်သည့် ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများ ပါဝင်သည် / KESAN

ကရင်ပြည်နယ် သံလွင်မြစ် အနောက်ဘက်ခြမ်းမှ အရာမယွင်းသေးသော ကျွန်းတောအများအပြားပါဝင်ပြီး ၅,၄၈၅,၀၀၀ ဟက်တာ (ဧက ၁ ဒသမ ၄ သန်း) ကျယ်ပြန့်သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် (SPP) ကို ၎င်းတို့ငြိမ်းချမ်းရေး ရည်မှန်းချက်များနှင့် တိုးတက်မှုများ၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အားထုတ်မှုများ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ယဉ်ကျေးမှုထိန်းသိမ်းမှုများအတွက် နိုင်ငံတကာက စစ်အာဏာမသိမ်းမီ လအနည်းငယ်ကပင် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် မြန်မာ၏ အိမ်နီးချင်းဒေသများတွင်ပါ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းရှိသော မြန်မာဌာနေတိုင်းရင်းသားများနှင့် ဒေသခံလူမှုအသိုက်အဝန်းများ (IPLCs) က ၎င်းတို့ ထိန်းသိမ်းမှုအောက်ရှိ ရိုးရာအစဉ်အလာ မြေများနှင့် သစ်တောများကို ကာကွယ်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို မည်သို့လျှော့ချနိုင်သည်ကို ပြသသည့် ဥပမာတခုအဖြစ် ဒေသတွင်း စိတ်အားတက်ကြွမှုကို ဖြစ်စေခဲ့သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင် ဖိအားများမှ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ဂေဟစနစ်ကို ကာကွယ်ရန် ဒေသခံ လူမှုအသိုက်အဝန်း ဦးဆောင်သည့် အားထုတ်မှုများမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြင်းထန်သော ပိုင်နက်ဆိုင်ရာ တိုက်ပွဲများကြောင့် အဟန့်အတားနှင့် ရင်ဆိုင်နေရသည်။ ထိုငြိမ်းချမ်းရေးဥယျာဉ်အတွင်း အစိတ်အပိုင်းအများအပြားတွင် သယံဇာတရင်းမြစ်ထုတ်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ခြိမ်းခြောက်မှုများအား လေ့လာစောင့်ကြည့်ခြင်းက လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် လုပ်ကိုင်ရန် မဖြစ်နိုင်တော့ဘဲ ပိုမိုများပြားလာသော နေရပ်စွန့်ခွာရသူများသည် ဆက်လက်ရှင်သန်ရေးအတွက် သစ်တောသယံဇာတများကို ပိုမို မှီခိုလာရသည်။

သဘာဝ သားရိုင်းဘေးမဲ့ဒေသနှင့် ဇီဝမျိုးကွဲမျိုးစုံ အချက်အလက်များ ကောက်ယူခြင်းသည် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းတခုဖြစ်သည် / KESAN

“သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ထိုကဲ့သို့ အပြစ်မဲ့အရပ်သားများကို စက်ဆုတ်စရာကောင်းသော တိုက်ခိုက်မှုများသည် ဌာနေတိုင်းရင်းသားများ၏ ကိုယ်တိုင်ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းရေးအခွင့်အရေးကို ထိပါး တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ရေးသိမ်းပိုက်မှု အမှောင်တိုက်သည် ထိုဒေသပေါ် ဖုံးနေသည်” ဟု ICCA Consortium ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလက အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အစိတ်အပိုင်းအများအပြားသည် အကြမ်းဖက်ပဋိပက္ခအတွင်း နက်ရှိုင်းစွာကျရောက်နေသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာပြီဖြစ်သည်။ ကရင်ပြည်နယ်တွင် ကရင်တိုင်းရင်းသားများ၏ အဓိက နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သည် ၎င်းတို့ ပိုင်နက်ဒေသများတွင် နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပိုင်နက်ထိန်းချုပ်ခွင့်ရရေး စစ်ကောင်စီ၊ စစ်ကောင်စီနောက်လိုက်တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအထိ အရပ်သားတပိုင်းအစိုးရ၏ တိုတောင်းသော ကာလသည် KNU နှင့် ဗဟိုအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန် အခွင့်အလမ်းပေးခဲ့သည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ထိုဆွေးနွေးပွဲများသည် အထွတ်အထိပ်ရောက်လာပြီး သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ယခင်စစ်အုပ်ချုပ်ရေး အဆက်ဆက်တွင်ဖြစ်ခဲ့သော မြေလုယူခြင်းနှင့် ဒေသခံပြည်သူများကို တိုင်ပင်ဆွေးနွေးမှု မရှိခြင်းတို့ကို တွန်းလှန်ရန် သံလွင်မြစ်ဝှမ်းတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းမှတဆင့် ငြိမ်းချမ်းရေး တည်ဆောက်သော နည်းလမ်းအဖြစ် ထူထောင်ခဲ့သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ် / Google Satellite: KESAN

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၂၁ ခုနှစ်က လေကြောင်းတိုက်ခိုက်မှုသည် ထိုဒေသတွင် မကြာသေးမီက ပေါ်ပေါက်လာသည့် တိုက်ခိုက်မှုဖြစ်သည်။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အစီအစဉ်တွင် လုပ်ကိုင်နေသည့် ဌာနေတိုင်းရင်းသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတဦးသည် ၂၀၁၈ ခုနှစ်တွင် စစ်တပ်က ပစ်ခတ်သောကြောင့် သေဆုံးကြောင်း သတင်းများက ဖော်ပြကြသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ဆုံးဖြတ်ထားသည့် မြန်မာနှင့်ထိုင်းမှ လူမှုအခြေပြုအဖွဲ့အစည်းများ ကွန်ရက်ဖြစ်သော ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ၏ အဆိုအရ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနောက်ပိုင်း ကရင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်က အမြောက်များဖြင့် ပစ်ခတ်ခြင်းသည် နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

၂၀၂၁ ခုနှစ်က လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ကြေညာချက်တစောင်တွင် KPSN က မြန်မာစစ်တပ်သည် ကရင်ပိုင်နက်များတွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကို မည်သည့်အခါကမှ အားပေးခြင်း မရှိကြောင်း ဖော်ပြထားသည်။ ငြိမ်းချမ်းရေးကို အားပေးမည့်အစား စစ်ကောင်စီသည် ၎င်းတို့စစ်စခန်းများ၊ လမ်းများကို အင်အားဖြည့်နေပြီး ကရင်ဦးဆောင်သောအုပ်စုများ ထိန်းချုပ်ထားသည့် ဒေသများတွင် နယ်ပယ်ချဲ့ထွင်နေသည်။

၂၀၂၁ ခုနှစ်က တိုက်ခိုက်မှုများအပြင် ၂၀၂၃ ခုနှစ်၊ မတ်လနှောင်းပိုင်းက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အနီး နယ်စပ်စခန်းတခုတွင် အရှိန်မြင့်မားလာသော တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီက လက်စားချေပြီး အမြောက်များဖြင့် ပစ်ခတ်မှု ပိုမိုများပြားလာကြောင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ် စီမံခန့်ခွဲရေးတွင် ပါဝင်နေသော အဖွဲ့အစည်းတခုဖြစ်သည့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN) အမှုဆောင်ဒါရိုက်တာ ပေါလ်စိန်ထွားက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
38
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
59

၂၀၂၃ ခုနှစ်၊ မတ်လတွင် ဗုံးကြဲသောနေရာသည် လူ ၃,၀၀၀ ခန့် ခိုလှုံနေသည့် အဓိက ပြည်တွင်းနေရပ်စွန့်ခွာစခန်းနှင့် ကီလိုမီတာအနည်းငယ်သာ ဝေးသည်ဟု ပေါလ်စိန်ထွားက ပြောသည်။ “ညဘက်မှာ လာတိုက်မှာစိုးရိမ်လို့ ပြည်သူတွေက အိမ်မှာ မနေရဲကြဘူး” ဟု ၎င်းက Mongabay သို့ ပြောသည်။ “တောထဲမှာနေတာက ပိုလုံခြုံတယ်လို့ သူတို့ထင်နေကြတာ။ ကျနော်တို့ပိုင်နက် ငြိမ်းချမ်းရေးဥယျာဉ်ထဲမှာ နိုင်ငံရေးအရ နေရပ်စွန့်ခွာသူ ထောင်ပေါင်းများစွာရှိနေတာဟာ ကျနော်တို့အတွက် အရမ်း တာဝန်ကြီးတယ်” ဟုလည်း ပြောသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းတခု ၂၀၂၁ ခုနှစ်၊ မတ်လက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခိုလှုံပုန်းရှောင်နေသူများ / KESAN

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် သတ်ဖြတ်ခံရသည့် အရပ်သားအရေအတွက် ၃,၄၀၀ ကျော်ရှိကြောင်း ထိခိုက်သေဆုံးမှုများနှင့် ဖမ်းဆီးမှုများကို အနီးကပ်စောင့်ကြည့်နေသည့် နိုင်ငံရေး အကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။ စစ်ကောင်စီသည် လူပေါင်း ၂၁,၅၀၀ ကိုလည်း ဖမ်းဆီးထားပြီး အကြမ်းဖက်ပဋိပက္ခများကြောင့် လူပေါင်း ၁ သန်းကျော်သည် နေအိမ်များကို စွန့်ခွာထွက်ပြေးနေပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ မတည်ငြိမ်တော့သော ဌာနေတိုင်းရင်းသား ဒေသများမှဖြစ်သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

ကမ္ဘာတွင်ရှိသည့် များပြားလှသော အခြားဥပမာများနည်းတူ ငြိမ်းချမ်းရေးဥယျာဉ်များသည် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းကို အားပေးရန်အတွက် ဇီဝမျိုးစုံမျိုးကွဲဇုန်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ကြိုးစားသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းတခု ၂၀၂၁ ခုနှစ်၊ မတ်လက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခိုလှုံပုန်းရှောင်နေသူများ / KESAN

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ပြီး လူမှုအသိုက်အဝန်းပိုင် သစ်တောများ ထူထောင်ရေး၊ ငါးထိန်းသိမ်းရေးဇုန်များ အကောင်အထည်ဖော်ရေးနှင့် ဌာနေတိုင်းရင်းသားပိုင်မြေ (Kaw) များ နယ်နိမိတ်သတ်မှတ်ရေး အပါအဝင် လူမှုအသိုက်အဝန်းက မောင်းနှင်သည့် ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများဖြင့် အထွတ်အထိပ် ရောက်ခဲ့သည်။

ပြည်တွင်းစစ်ဒဏ် နှစ်ပေါင်း ၇၀ ကျော်ကြာသောဒေသများတွင် တည်ရှိသောကြောင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို KNU ၏ သစ်တောဌာန၊ ဒေသခံ ကရင်လူမှုအသိုက်အဝန်းများနှင့် KESAN တို့က ပူးတွဲ စီမံသည်။ ထိုဒေသတွင် ကျေးရွားပေါင်း ၃၅၀၊ လူမှုအသိုက်အဝန်းပိုင်သစ်တောပေါင်း ၂၇ ခုနှင့် သဘာဝ သားရိုင်းဘေးမဲ့ဒေသ သုံးခုပါဝင်သည်။ ထိုသဘာဝ သားရိုင်းဘေးမဲ့ဒေသများကို သဘာဝနှင့် လိုက်လျောညီထွေနေထိုင်ရေး ဗဟိုပြုသော ဌာနေတိုင်းရင်းသား ကရင်အလေ့အထများဖြင့် စီမံသည်။ ငြိမ်းချမ်းရေး၊ ဂေဟဗေဒ သဟဇာတဖြစ်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ယဉ်ကျေးမှု ဆက်လက်ရှင်သန်ရေးတို့သည် ငြိမ်းချမ်းရေးဥယျာဉ်လှုပ်ရှားမှု၏ ဗဟိုချက်ဖြစ်သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် ဒေသတွင်း နောက်ဆုံးလက်ကျန် အရာမယွင်းသေးသော မုတ်သုံတောအချို့ တည်ရှိသော နေရာဖြစ်ပြီး ထိုနေရာတွင် ကျားသစ်များပေါက်ဖွားမှု တိုးတက်နေကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ ငြိမ်းချမ်းရေးဥယျာဉ်ပိုင်နက်အတွင်း နေထိုင်သည့် အခြားမျိုးစိတ်များတွင် ကျားများ၊ သင်းခွေချပ်များ၊ သစ်တက်ကျား (ခေါ်) အင်းကျားများ၊ မျောက်မောင်းမများနှင့် ဝက်ဝံမျိုးကွဲများစွာ ပါဝင်သည်။ ထို့ပြင် သံလွင်မြစ်သည် အာရှတွင် လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံးသောမြစ်ဖြစ်ပြီး ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ဖြတ်သန်းစီးဆင်းနေသည်။

သစ်တက်ကျား (ခေါ်) အင်းကျား (Neofelis nebulosa) သည် ထိခိုက်လွယ်သည့် ရှားပါးမျိုးစိတ်ဖြစ်သည် / Spencer right via Wikimedia Commons

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ အောက်ခြေလူတန်းစား လူမှုအသိုက်အဝန်းဦးဆောင်သည့် ထိန်းသိမ်းကာကွယ်ရေး အားထုတ်မှုများသည် မကြာသေးမီ နှစ်များအတွင်း နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိလာပြီး 2020 Equator Prize နှင့် 2020 Goldman Environmental Prize for Asia တို့ကို ရရှိခဲ့သည်။

စိန်ခေါ်မှုသစ် များပြား

အာဏာသိမ်းလွန် အခြေအနေများက မြန်မာတွင် အန္တရာယ်ရှိသော သယံဇာတထုတ်ယူမှုလုပ်ငန်းများ ပျံ့နှံ့မှုကို လွယ်ကူစေသည့် ပြီးပြည့်စုံသောမုန်တိုင်း ဖြစ်စေသည်ဟု Global Witness မှ ဝါရင့် သယံဇာတ စီမံခန့်ခွဲရေးလှုပ်ရှားသူ ဟန်နာ ဟန်းစတောင်းက Mongabay သို့ ပြောသည်။ “စီမံအုပ်ချုပ်မှု လုံးဝမရှိတော့ဘူး။ တာဝန်ခံမှုလည်း မရှိတော့ဘူး။ စည်းမျဉ်းစည်းကမ်း ထိန်းကြောင်းစရာ အခြေအနေလည်း မရှိတော့ဘူး” ဟုလည်း ၎င်းကပြောသည်။

ပဋိပက္ခကြောင့် ထိခိုက်သော ဒေသအများအပြားသည် အာဏာသိမ်းပြီးနောက် ဥပဒေမဲ့ဒေသများပင် ဖြစ်လာပြီး စည်းမဲ့ကမ်းမဲ့ သဘာဝသယံဇာတ ထုတ်ယူမှုအများအပြားပင် ဖြစ်လာရန် လမ်းဖွင့်ပေးကြောင်း ၎င်းကပြောသည်။ စစ်ကောင်စီသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကပါ ၎င်းတို့၏ ပဋိပက္ခများကို ငွေကြေးထောက်ပံ့ရန် သတ္တုတူးဖော်ရေးနှင့် သစ်တောကဏ္ဍကို ငွေရှာရန် သုံးလာကြောင်းလည်း ပြောသည်။

သင်းခွေချပ်တကောင်။ သင်းခွေချပ်၊ ဝက်ဝံနှင့် ဖြူကောင်များသည် တိုင်းရင်းဆေးဖော်စပ်ရန်အတွက် အမဲလိုက်ခံနေရသည် / Frendi Apen Irawan via Wikimedia Commons

“ဒါကြောင့် လူမှုအသိုက်အဝန်းတွေဟာ ကြားညပ်နေပြီး တရားမျှတမှုနဲ့တာဝန်ခံမှုရှာဖို့ ကြိုးစားစရာ ဘယ်လို အရပ်သားအစိုးရဆီကိုမှ ပြန်မရောက်နိုင်တော့ဘူး။ ဒါကြောင့် ဒေသခံ လူမှုအသိုက်အဝန်းတွေက အရမ်းပြင်းထန်ခက်ခဲတဲ့ အခြေအနေမှာ လုပ်ဆောင်နေရတယ်” ဟုလည်း ဟန်နာ ဟန်းစတောင်းက ပြောသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခြိမ်းခြောက်ခြင်းသည် လူမှုအသိုက်အဝန်းများနှင့် ဒုက္ခသည်များ၏ ဘဝကို မရေမရာဖြစ်စေကြောင်း ပေါလ်စိန်ထွားက ပြောသည်။ လူအများအပြားသည် မြို့များနှင့်ကျေးရွာများတွင် ပစ်မှတ်ထားတိုက်ခိုက်ခံရမည်စိုးသောကြောင့် သစ်တောများအတွင်း သွားရောက်နေထိုင်ကြသည်။ နိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးဥယျာဉ်မှ လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်လာသည့် အန္တရာယ်များကြောင့် ပုံမှန်အားဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စည်းကမ်းထိန်းကြောင်းခြင်း ပြုလုပ်သည့် လူမှုအသိုက်အဝန်း သစ်တောထိန်းသိမ်းသူများ လုပ်ငန်းများ ရပ်ဆိုင်းရသည်။

အကြောက်တရားကြောင့် သစ်တောများအတွင်း နေထိုင်ရသောဒုက္ခသည်များသည် မိသားစုများကို ကျွေးမွေးရန် လိုအပ်ချက်အရ သီးနှံစိုက်ပျိုးရန်နှင့် နေအိမ်များဆောက်လုပ်ရန် သစ်နှင့်ဝါးများ ရရှိရေးအတွက် သစ်တောများကို ရှင်းလင်းပြီး နေရပ်ပြန်ရေး အန္တရာယ်ကင်းသောအချိန်ကို စောင့်ရသည်။ “ထောင်ပေါင်းများစွာသော ပြည်သူများဟာ သစ်တောများအတွင်း ပျံ့နှံ့နေထိုင်ရပြီး သူတို့အတွက် ရင်းမြစ် ဘယ်လောက် လိုအပ်တယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်” ဟု ပေါလ်စိန်ထွားက ပြောသည်။

စစ်အာဏာသိမ်းမှုနှင့် ကပ်ရောဂါဒဏ်ကြောင့် စီးပွားရေးအသက်မွေးရန် ကြိုးစားနေသည့် ဌာနေတိုင်းရင်းသား လူမှုအသိုက်အဝန်းများက ရွှေတွင်းတူးခြင်းသည် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ပျံ့နှံ့နေသည်။ ရွှေတွင်းတူးခြင်းသည် အထူးစိုးရိမ်စရာဖြစ်ပြီး ထိုလုပ်ငန်းသည် စည်းကမ်းကန့်သတ်ချက် မရှိသောကြောင့် မြစ်ကြမ်းပြင်များနှင့် ရေအရည်အသွေးကို စောင့်ကြည့်ရန်ခက်ခဲကြောင်း ပေါလ်စိန်ထွားက ပြောသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ပေါလ်စိန်ထွား ဦးဆောင်သော လူမှုအသိုက်အဝန်း သစ်တောထိန်းသိမ်းသူများ သင်တန်း / KESAN

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တွင် လွတ်လပ်စွာ စီးဆင်းနေသည့် သံလွင်မြစ်ကို ပိတ်ဆို့ကာ ရေအားလျှပ်စစ်ထုတ်လုပ်ရန် အဆိုပြုထားသော ဟတ်ကြီးဆည်နေရာကိုပါ ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားသည်။ ထိုသို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြေရှိသည့် စီမံကိန်းကြီးများကို လတ်တလော ဆိုင်းငံ့ထားသော်လည်း အချိန်မရွေး ပြန်လည်စတင်နိုင်သောကြောင့် နိုးနိုးကြားကြား စောင့်ကြည့်ရန်လိုကြောင်း ပေါလ်စိန်ထွားက ပြောသည်။

“ပဋိပက္ခ ဆက်ဖြစ်နေသမျှ ကာလပတ်လုံး ရင်းနှီးမြှုပ်နှံသူတွေဘက်က ဒီနေရာကို ဘယ်သူမှ လာမှာမဟုတ်ဘူးဆိုတာ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် စစ်ကောင်စီက စွမ်းအင်စီမံကိန်းတွေနဲ့ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားပေးနေတယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခြေအနေ ပိုမိုသင့်တော်လာရင် သူတို့က လျှို့ဝှက် အလျင်အမြန်လှုပ်ရှားနိုင်လို့ ဘာတွေဖြစ်နေတယ်ဆိုတာကို ကျနော်တို့ ဆက်လက်စောင့်ကြည့်ဖို့ လိုတယ်” ဟု ၎င်းကဆက်ပြောသည်။

ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆက်လုပ်နေ

အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖိအားမြင့်မားနေခြင်းတို့ကြောင့် စိန်ခေါ်မှုများရှိသော်လည်း မြန်မာတနိုင်ငံလုံးမှ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံလူမှု အသိုက်အဝန်းများ (IPLCs) သည် ၎င်းတို့၏ သစ်တောများနှင့် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ရေးကို စောင့်ရှောက်ရန် ဆက်လက်ရုန်းကန်နေကြသည်။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် ယခုကဲ့သို့သော ပဋိပက္ခကာလတွင် ခွန်အားနှင့် ခံနိုင်ရည်များ၏ ရင်းမြစ်ဖြစ်ကြောင်း ပေါလ်စိန်ထွားက ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီးဆည်ကို ဆန့်ကျင်ဆန္ဒပြနေသည့် နိုင်ငံတကာမြစ်ချောင်းအဖွဲ့နှင့်ကရင်တိုင်းရင်းသားများ / International Rivers via Flickr

“ပြည်သူတွေက အရမ်းရဲရင့်ပြီး ရိုးရာအစဉ်အလာ အခမ်းအနားတွေ ကျင်းပဖို့ လာရောက်နေဆဲ ဖြစ်ပြီး လေကြောင်းက ခြိမ်းခြောက်မှုတွေ ရှိနေတာတောင် သွေးစည်းခိုင်မာမှုကို ပြသနေကြတယ်။ ပြည်သူတွေက မျှော်လင့်ချက်ကို အာရုံစိုက်ပြီး ကျနော်တို့ အိပ်မက်ကို လွတ်လပ်မှုအတွက်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် ကျနော်တို့ရဲ့မျှော်လင့်ချက်ကို စစ်တပ်က သတ်လို့မရဘူးဆိုတဲ့ သတင်းစကားကို ကျနော်တို့ လှုပ်ရှားမှုတွေကတဆင့် ပေးပို့လိုတယ်။ အဲဒီမျှော်လင့်ချက်က နိုင်ငံရေးစနစ်အတွက်သာမက ကျနော်တို့ သစ်တောတွေကို ကာကွယ်ဖို့၊ ကျနော်တို့မြေနဲ့ ကျနော်တို့ ဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်ဖို့ပါ ဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စိန်ခေါ်မှုများရှိသော်လည်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ လူမှုအသိုက်အဝန်းများသည် ထိခိုက်လွယ်သော လူ့အဖွဲ့အစည်း အဖွဲ့ဝင်များနှင့် သစ်တောဂေဟဗေဒစနစ်ကို ကာကွယ်ရန် ယခင်ထက် “ပိုမို စိတ်ပိုင်းဖြတ်ထားကြောင်း” KESAN ၏ မြေနှင့်သစ်တော အစီအစဉ်အကြံပေး ကပ်စပါ ပယ်လ်မန်နိုက Mongabay သို့ ပြောသည်။

“အာဏာသိမ်းလိုက်တာက ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အဆုံးသတ်မသွားစေဘူး။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်က ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း အများစုကို လူမှုအသိုက်အဝန်းရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ အစိတ်အပိုင်းအဖြစ် ဆက်လက်လုပ်ကိုင်နေတယ်။ အဲဒီ နေ့စဉ်လုပ်ငန်းဆောင်တာတွေက သဘာဝကို လေးစားမှု နက်နက်ရှိုင်းရှိုင်းရှိတဲ့ ဌာနေတိုင်းရင်းသား အစဉ်အလာကို လိုက်နာတယ်” ဟုလည်း ၎င်းကပြောသည်။

ပိုင်နက်ကို ကျောက်တုံးများဖြင့် နယ်နိမိတ်မှတ်သားသည့် ကရင်ရိုးရာအစဉ်အလာ / KESAN

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျေးရွာသစ် ရှစ်ရွာသည် ၎င်းတို့၏ မြေများကို ပေးအပ်လာသောကြောင့် ဥယျာဉ်၏ အရွယ်အစားသည် မကြာသေးမီက ကျယ်ပြန့်လာကြောင်း ပယ်လ်မန်နိုက ပြောသည်။

ဥယျာဉ်တခုလုံးတွင် သားရိုင်းတိရစ္ဆာန်များကို အကာအကွယ်ပေးသည့် လမ်းညွှန်များနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံများကို အားပေးရန်၊ လူမှုအသိုက်အဝန်း သစ်တောအခွင့်အရေးများ တောင့်တင်းကြံ့ခိုင်စေရန်နှင့် ဥယျာဉ်အတွင်း ထိခိုက်စေသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၏ ခြိမ်းခြောက်မှု လျှော့ချရန် တိုးတက်ရေးမူဝါဒကို ပြန်လည်သုံးသပ်ခြင်းတွင်လည်း ခရီးရောက်မှုများ ရှိလာကြောင်း ၎င်းကပြောသည်။ ထို့ပြင် ဒေသခံကျေးရွာများသို့ ယဉ်ကျေးမှုအသိပညာ ဖြန့်ဝေရန် ရည်ရွယ်သည့် ကရင်ဘာသာစကား သင်ရိုးတခုကိုလည်း မကြာမီ စတင်တော့မည်ဖြစ်သည်။

လွန်ခဲ့သော ဧပြီလက လူအနည်းဆုံး ၁၀၀ သေဆုံးစေသည့် တိုက်ခိုက်မှုကဲ့သို့သော စစ်ကောင်စီက အရပ်သားပစ်မှတ်များအား အသေအကြေပစ်မှတ်ထားခြင်းကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စစ်ရာဇဝတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချသည်။ စစ်တပ်၏ စစ်လေယာဉ်များ ကောင်းကင် မတက်နိုင်ရေး လေယာဉ်ဆီပိတ်ဆို့ရန် နိုင်ငံတကာအားထုတ်မှုများ ပိုမိုလိုအပ်ကြောင်းလည်း ဟန်းစတောင်းက Mongabay သို့ ပြောသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ရပ်ရွာစပါးသိုလှောင်ရေးအတွက် စပါးရိတ်သိမ်းကြသူများ / KESAN

နိုင်ငံတကာအသိုက်အဝန်းသည် လူမှုအသိုက်အဝန်း ဦးဆောင်သည့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို ပိုမို အသိအမှတ်ပြုအားပေးရန် ပိုမို လုပ်ဆောင်နိုင်သည်ဟုလည်း ၎င်းကပြောသည်။ “အလုပ်ဖြစ်တဲ့ အစိုးရမရှိတဲ့အချိန်မှာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်လို ရှေ့တန်းရောက် အောက်ခြေအစီအစဉ်တွေ အရမ်းအရေးပါလာတယ်” ဟုလည်း ဟန်းစတောင်းက ပြောသည်။ “မြန်မာက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက အထောက်အကူပေးနိုင်တဲ့၊ ပေးသင့်တဲ့နေရာက အဲဒီလို လူမှုအသိုက်အဝန်းတွေ၊ အောက်ခြေလူတန်းစား ဦးဆောင်တဲ့ အစီအစဉ်တွေကို ဘဏ္ဍာရေး ထောက်ပံ့မှုကို အာရုံစိုက်ဖို့ပဲဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။

(Mongabay ပါ Carolyn Cowan ၏ Award-winning, Indigenous peace park dragged into fierce conflict in Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်တပ်က ရွာများကို ဗုံးကြဲ၍ ကရင်စစ်ရှောင်များ တောတောင်များတွင် တိမ်းရှောင်နေရ

လေကြောင်း တိုက်ခိုက်မှု ကရင်ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း

ဌာနေတိုင်းရင်းသားများ၏ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်

မျိုးသုဉ်းလုသစ်ခွတွေကိုရှာဖွေခဲ့ကြတဲ့ ကရင်အမျိုးသမီးများ

အသတ်ခံခဲ့ရသည့် ကရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူအတွက် အောက်မေ့ဖွယ်ဝတ်ပြုပွဲ

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်

Your Thoughts …
Tags: IDPsKESANKNLAKNUKPSNNCAကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်ကရင်ပြည်နယ်ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဂေဟစနစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲစစ်ဘေးရှောင်စခန်းဇီဝမျိုးစုံမျိုးကွဲဌာနေတိုင်းရင်းသားတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံပြည်တွင်းနေရပ်စွန့်ခွာသူများယဉ်ကျေးမှုအမွေအနှစ်ရာသီဥတုပြောင်းလဲမှုရွှေတွင်းတူးခြင်းလက်နက်ကိုင်ပဋိပက္ခလေကြောင်းတိုက်ခိုက်မှုသစ်တောသယံဇာတသတ္တုတူးဖော်ရေးသဘာဝ သားရိုင်းဘေးမဲ့ဒေသသဘာဝပတ်ဝန်းကျင်သံလွင်ငြိမ်းချမ်းရေးဥယျာဉ်
Carolyn Cowan

Carolyn Cowan

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

Next Post
ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်/The Nation

ထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဘက် ထိုင်းအထက်လွှတ်တော်အမတ်ကို စွဲချက်ပြန်တင်

ဒေသခံတဦး Facebook တွင် တင်ထားသော ဓာတ်ပုံများ၌ ရသေ့တောင်မြို့နယ် ကမ်းခြေတလျှောက်မှ ကျွဲနွားအလောင်းများကို တွေ့ရသည်။

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved