• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျောင်းသား လှုပ်ရှားမှုက ရန်ကုန်တက္ကသိုလ်နဲ့ ခွဲမရဘူး

by သဇင်လှိုင်
5 December 2020
in အင်တာဗျူး
A A
--

--

4.8k
VIEWS
Share on FacebookShare on Twitter

၁၉၂၀ ပြည့်နှစ်က စတင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန် တက္ကသိုလ်မှာ ယခု ၂၀၂၀ ဒီဇင်ဘာ ၁ ရက်တွင် နှစ်ပေါင်း ၁၀၀ ပြည့် ခဲ့ပြီ ဖြစ်သည်။ စတင် ဖွင့်လှစ်စဉ်ကတည်းက ဒွန်တွဲ ပါလာသည်မှာ ကျောင်းသား သပိတ်များနှင့် ကျောင်းသား လှုပ်ရှားမှု များပင် ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေး အုတ်မြစ်သည်ပင် ကျောင်းသား လှုပ်ရှားမှုများမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ရန်ကုန် တက္ကသိုလ်ကို ကိုလိုနီနယ်ချဲ့ အစိုးရ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကာ၊ ၎င်းတို့ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်တက္က သိုလ်အက်ဥပဒေသည် တိုင်းရင်းသား ပြည်သူအများစု တက္ကသိုလ်ပညာ ဆက်လက် သင်ယူခွင့်မရစေရန် ကန့်သတ်ချုပ် ခြယ်ထားသည့်အတွက် ကျောင်းသားများက တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန်နှင့် ပညာရေးစနစ် ပြုပြင်ရေး တောင်းဆိုချက်များ မလိုက်လျောမချင်း ကျောင်းပြန်မတက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုသို့တက္ကသိုလ် ကျောင်းသားများနှင့် ပြည်သူများ၏ ပြင်းထန်သော အမျိုးသားရေး စိတ်ဓာတ်ကြောင့် တက္ကသိုလ် အက် ဥပဒေကို ပြင်ဆင်ပေးခဲ့ရသည်။ထို့ကြောင့် ပထမကျောင်းသား သပိတ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းတွင် အရေးပါခဲ့သော သမိုင်းကြောင်းတခု ဖြစ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်သည်လည်း အောင်မြေသဖွယ် ဖြစ်ခဲ့ရသည်။

မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်လုံးနှင့် ကျောင်းသား လှုပ်ရှားမှုများသည် ခွဲခြားမရအောင် ဖြစ်ခဲ့သည်။ ရန်ကုန် တက္က သိုလ် ရာပြည့်ပွဲနှင့် ဆက်စပ်လာသည့် ကျောင်းသားလှုပ်ရှားမှု ရာပြည့်ပွဲကာလတွင် ထိုသို့သော ကျောင်းသား လှုပ်ရှား မှုသမိုင်းကို နောင်လာနောင်သားများကို လက်ဆင့်ကမ်းရန်လည်း လိုအပ်ရာ အစဉ်အဆက် ကျောင်းသား လှုပ်ရှားမှုများ တွင် ပါဝင်လာသည့် ကျောင်းသားဟောင်းများကို ဧရာဝတီ မီဒီယာမှ မေးမြန်းထားသည် များကို စုစည်း ဖော်ပြလိုက်ပါသည်။

အဆိုတော် မွန်းအောင်

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပွဲမှာ ကျနော် မြင်ရသလောက်က ရုပ်မြင်သံကြားမှာ သီချင်းအပုဒ် ၁၀၀ နဲ့ အပတ်စဉ် ဖျော်ဖြေရေးကို မြင်ရပါတယ်။ ရန်ကုန်တက္ကသိုလ်က ဒီထက် သမိုင်း ပိုကြီးပါတယ်။ အစဉ်အလာ ပိုကြီးပါတယ်။ နှစ် ၁၀၀ အတွင်းမှာ ကျောင်းသား လှုပ်ရှားမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးတင် မဟုတ်ပါဘူး။ ပညာရှင်တွေ အများကြီး မွေးထုတ်ပေးခဲ့ပါတယ်။ စာရေးဆရာ ဆရာကြီး မင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ လူထုဒေါ်အမာတို့ အလွန်ထင်ရှားတဲ့ ကျနော်တို့ကို ပညာတွေ ပေးခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေက ရန်ကုန်တက္ကသိုလ်ကနေ ပေါက်ဖွားလာတဲ့ အရင်တုန်းက ကျောင်းသူ၊ ကျောင်းသားတွေပါပဲ။ နိုင်ငံရေးအရဆိုရင်လည်း အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ နောက်မြန်မာ့ လွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ ဆိုရင်လည်း ရန်ကုန်တက္ကသိုလ်ကနေ မွေး ထုတ်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေပါ။

ကျနော့်အမြင်မှာတော့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ကို ပြောမယ်ဆိုရင် ဖျော်ဖြေရေး သီချင်းတွေ ဆိုတာတင် မကဘူး အများကြီး ပိုပြီးတော့ ကျယ်ပြန့်ပါတယ်။

ကျနော့်အမြင်မှာတော့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ကို ပြောမယ်ဆိုရင် ဖျော်ဖြေရေး သီချင်းတွေ ဆိုတာတင် မကဘူး အများကြီး ပိုပြီးတော့ ကျယ်ပြန့်ပါတယ်။

ဒီမိုကရေစီ အရေးကနေ ပေါက်ဖွားလာတဲ့ အထူးသဖြင့် NLD ပါတီမှာပါဝင်တဲ့ ခေါင်းဆောင်တွေ၊ NLD ပါတီဝင်တွေ တော်တော်များများကလည်း စစ်အစိုးရ လက်ထက်မှာ အကျဉ်းကျခံရတယ်၊ အမျိုး မျိုး နှိပ်စက်ခံရတယ်။ မျိုးစုံ ဖြတ်သန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ NLD အစိုးရလက်ထက်မှာ ဒါတွေကို ပွင့်ပွင့်လင်းလင်း ချပြသင့် တယ်၊ ပြောပြသင့်တယ်လို့ ထင်ပါတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်ပါတယ်။

စာရေးဆရာ မသီတာ (စမ်းချောင်း)

ရန်ကုန်တက္ကသိုလ်လို့ ပြောမယ်ဆိုရင် စပြီး တည်ကတည်းကိုက တက္ကသိုလ်အက်ဥပဒေကို တော်လှန်ခဲ့ရတာပေါ့။ တက္ကသိုလ်ကနေ မွေးထုတ်လိုက်တဲ့ သူတွေက ကိုယ့်နိုင်ငံအကျိုးစီးပွား ဆိုတာထက် ဗျူရိုကရေစီ ယန္တရားအတွက် ဝန်ထမ်းဖြစ်ရုံပဲ။ သမိုင်းတလျှောက်လုံးမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက ဒီလိုပဲ ရုန်းကန်ခဲ့တယ်။ နိုင်ငံရေး ကိစ္စတွေမှာ ရှေ့တန်းကနေ ပါခဲ့တယ်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အခမ်းအနား ကျင်းပတဲ့ အခါမှာတော့ ဒီသမိုင်း တွေကို ပိုပြီးတော့ Highlight လုပ်စေချင်တာပေါ့။ ဒါပေမဲ့ ဘယ်သူတွေက စီစဉ်တင်ဆက်တယ်။ ဘယ်သူတွေက ဆုံးဖြတ် တယ်ဆိုတာတော့ မသဲကွဲဘူး။ စီစဉ်တင်ဆက်သူတွေ အဲဒီသီချင်းတွေ ရွေးချယ်တဲ့သူတွေမှာတော့ နိုင်ငံရေးအမြင်တွေ အားနည်းတယ် ဆိုတာပြတယ်။

နောက် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ဂုဏ်ကျေးဇူး ပုံရိပ်ကို ပြောတဲ့အခါမှာ ဖြတ်သန်းမှုတွေကို ကောင်းကောင်း သတိမပြု မိတဲ့သူ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အလေးမထားတဲ့လူ ဖြစ်နိုင်တယ်။ လျှော့တွက်တဲ့လူ ဖြစ်နိုင်တယ်။ မူလရည်ရွယ်ချက် မှာတော့ ဒီထက်မက ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ ရည်ရွယ်ထားပုံ ရတယ်။ ခုနက ပြောသလိုပဲ ရန်ကုန် တက္ကသိုလ် ရဲ့ အခန်းကဏ္ဍကို ဘယ်လောက်အထိ ဖော်ပြမလဲ၊ သူ့ရဲ့ ဘယ်အစိတ်အပိုင်း၊ သူ့ရဲ့ ဘယ်အနှစ်သာရကို လုပ်မလဲ ဆို တာတော့ မသဲကွဲခဲ့လို့ အခုလို ဖြစ်တယ်ပဲ မြင်ပါတယ်။

နှစ် ၁၀၀ ပြည့်မှတို့ ဘယ်နှနှစ်ပြည့်မှ တို့ရယ်လို့ မဟုတ်ဘဲနဲ့ ဒီတက္ကသိုလ်ရဲ့ ပုံရိပ်နဲ့ ဂုဏ်ကျေးဇူးကို လူထုအားလုံးကြားထဲ မှာ တကယ့် အစစ်အမှန်အတိုင်း ဖြစ်ဖို့ ဆိုရင်တော့ နှစ်တိုင်း အားထုတ်ဖို့ လိုတယ်လို့ ယူဆတယ်။ အချိန်တိုင်း အားထုတ် ဖို့ လိုမယ်၊ အချိန်တိုင်း သတိရှိကြဖို့ လိုမယ်။ စပြီး တည်လာတဲ့ သမိုင်းစဉ်တလျှောက်လုံးရဲ့ ဖြစ်ရပ်တွေကို မခြွင်းမချန်နဲ့ အသိအမှတ်ပြုဖို့ လိုမယ်။ ဂရုစိုက်ကြဖို့ လိုမယ်။

လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်

ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကိုပြောမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်း၊ ဖက်စစ်တော်လှန်ရေး သမိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေးပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေး သမိုင်း။ ဒီသမိုင်းတွေနဲ့ ရန်ကုန် တက္ကသိုလ်ရဲ့ သမိုင်းကို ခွဲပြီးတော့ ပြောလို့မရဘူးလို့ ယူဆပါတယ်။ ရန်ကုန်တက္ကသိုလ် စတင်မွေးဖွားလာစဉ်က တည်းက နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ မွေးဖွားခဲ့တာ ဖြစ်တယ်။

တက္ကသိုလ်က ထွက်တဲ့ ကျောင်းသားတွေက ဖက်ဆစ် တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါခဲ့တာ ဖြစ်တယ်။ တက္ကသိုလ် သမိုင်းကို ဖော်ပြတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အခုလို ရာပြည့်သဘင်တွေ ကျင်းပတဲ့ အခါမှာပဲ ဖြစ်ဖြစ် ဒီကျောင်းသားတွေရဲ့ နယ် ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ချန်လှပ်ထားဖို့တော့ ခက်ပါတယ်။ ဒါကြောင့် ကျောင်းသား လှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂ ဗကသများ အဖွဲ့ချုပ် လှုပ်ရှားမှုတွေကို အသေအချာ အထင်အရှား ဂုဏ်ပြုသင့်တယ်၊ အသေအချာ အထင်အရှား ဖော်ပြသင့်တယ်လို့ ယူဆပါတယ်။

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး

ရန်ကုန်တက္ကသိုလ် သမိုင်းကိုပြောရင် ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ချန်လှပ်ပြီးကို ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တက္ကသိုလ် စပြီး သန္ဓေတည်ကတည်းက အမျိုးသားရေး လှုပ်ရှားမှု လွတ်လပ်ရေးကြိုးပမ်းမှုရဲ့မျိုးစေ့က တခါတည်း ပါလာတယ်။ နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ် ကျောင်းသား ခေါင်းဆောင်တွေ ထဲကနေပြီးတော့ အမျိုး သား ခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင် အစရှိတဲ့ ခေတ်အဆက်ဆက်သော ခေါင်းဆောင်တွေ မွေးဖွားလာကြ တယ်။

ဒါကြောင့် ရာပြည့် အခမ်းအနား အထိမ်းအမှတ် တခုလုပ်တော့မယ်ဆိုရင် ရန်ကုန်တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု သမိုင်းမပါရင်တော့ ဆားမပါတဲ့ ဟင်းလိုပဲ အရသာမရှိ ဖြစ်မှာပဲလို့ မြင်ပါတယ်။

ဒါကြောင့် ရာပြည့် အခမ်းအနား အထိမ်းအမှတ် တခုလုပ်တော့မယ်ဆိုရင် ရန်ကုန်တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု သမိုင်းမပါရင်တော့ ဆားမပါတဲ့ ဟင်းလိုပဲ အရသာမရှိ ဖြစ်မှာပဲလို့ မြင်ပါတယ်။

ကျနော်တို့ကတော့ အရမ်း မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒီမိုကရေစီ အစိုးရ ရွေးကောက်ပွဲအနိုင်ရတာ အခု ဆိုရင် သက်တမ်း၂ ဆက် ဖြစ်လာပြီ။ အဲဒီ၂ ဆက်မှာ လူထုသမိုင်း၊ ကျောင်းသားသမိုင်းတွေကို ထင်ထင်ရှားရှား ပြန်ပြီး ဖော်ထုတ်တာမျိုးတွေ ဖြစ်စေချင်တယ်။ အထူးသဖြင့် တက္ကသိုလ်ရာပြည့်လို့ ပြောရင် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ထင်ထင်ရှားရှား ပြန်ပြီးတော့ ဖော်ထုတ်စေချင်တယ်။

နိုင်ငံတကာမှာ တော်လှန်ရေးဆိုတာက ဟိုတုန်းက လက်ဝဲနိုင်ငံရေး အားကောင်းတဲ့ အချိန်ဆိုတော့ အလုပ်သမား လူတန်းစား၊ လယ်သမား အစရှိတဲ့ တော်လှန်ရေးတွေ ရှိတယ်။ ကျနော်တို့နိုင်ငံမှာ ထူးခြားတာက လွတ်လပ်ရေးလှုပ်ရှားမှုကနေ အာဏာရှင် ဆန့်ကျင်ရေးအထိ အဆက်ဆက် လှုပ်ရှားမှုက ကျောင်းသားလှုပ်ရှားမှုက အခြေခံလို ဖြစ်နေတယ်။ ကျောင်းသားလှုပ်ရှားမှုက ပြည်သူတရပ်လုံးနဲ့ ပေါင်းစည်းသွားတဲ့အခါမှာ အောင်မြင်တဲ့ရလဒ်တွေ အပြောင်းအလဲတွေ ဖြစ်တယ်။

အဲဒီ သမိုင်းကြီးဟာ နိုင်ငံရဲ့ တကယ့်ကျောရိုးပဲ။ အဲဒါကို မှေးမှိန်ပြီးတော့ ဖျောက်ဖျက်ပြီးတော့ အခမ်းအနားတွေ အထိမ်း အမှတ်တွေ လုပ်နေမယ်ဆိုရင် နောက်မျိုးဆက်တွေအနေနဲ့ တကယ် တန်ဖိုးထားရမယ့် အရာတွေ ပျောက်ကွယ်သွားမယ် လို့ မြင်ပါတယ်။

ဗကသများ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုး

နှစ် ၁၀၀ အတွင်းမှာပဲ ဒီ ရန်ကုန်တက္ကသိုလ်က ကျောင်းသား သမဂ္ဂတွေ၊ တခြားကျောင်းက တက္ကသိုလ်ကျောင်းသားတွေ ရဲ့လှုပ်ရှားမှုတွေ ဘာတွေ လုပ်ခဲ့လဲဆိုတာ၊ ဘာတွေအတွက် ဘယ်သူတွေ ကြိုးစားခဲ့ကြမယ်၊ ဘယ်သူတွေ သေခဲ့ကြတယ် ၊ ဘယ်သူတွေ ထောင်ကျတန်းကျ ဖြစ်ခဲ့ကြတယ်ဆိုတာ မဖော်ထုတ်တာတော့ ကျနော်တို့ အနေနဲ့ စိတ်မကောင်းဘူးပေါ့။ ပေးဆပ်ခဲ့ရတဲ့သူတွေ သွေးမြေကျခဲ့ရတဲ့သူတွေ အတွက် လျစ်လျူရှုတာလို့ မြင်ပါတယ်။

သမိုင်းဆိုတာကို ပြန်ကျင်းပမယ်ဆိုရင် ဖြစ်ခဲ့တဲ့ ကိစ္စတွေကို တန်းတူ ထည့်ပေးရမှာပေါ့။ ဒီပွဲလုပ်တာကို ကျနော်တို့ အနေ နဲ့ ဘာမှပြောစရာ မရှိပါဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ နှစ် ၁၀၀ ပြည့်ပွဲ ဖြစ်တယ်။ ဒါပေမဲ့ ဒီပွဲနဲ့ အတူပဲ တခြား တိုးတက်အောင် လုပ်ရမယ့် စီမံကိန်းတွေ လုပ်ဖို့ရှိ၊ မရှိကို သိချင်ပါတယ်။ မြန်မာပြည်က ပညာရေးစနစ်က အရမ်းကို နောက်ကျနေ ပါတယ်။ တအားကြီးလည်း ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ ပညာရေး စနစ်ကိုရော နှစ် ၁၀၀ ပြည့်ပွဲနဲ့အတူ မြှင့်တင်ဖို့ အစီအစဉ် ရှိ မရှိ ကိုလည်း ကျနော်တို့ သိချင်ပါတယ်။

ရှေ့နေကြီး ဦးသိန်းသန်းဦး

ရန်ကုန်တက္ကသိုလ် စထောင်ကတည်းက နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွေနဲ့ စခဲ့တယ်။ တက္ကသိုလ်က သပိတ်တိုက်ပွဲတွေ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲတွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ တွေ၊ ဒီမိုကရေစီ ပညာရေး တိုက်ပွဲတွေနဲ့ ထုံမွှန်းထားတဲ့ တက္ကသိုလ်ကြီး ဖြစ်တာကို သာမာန်အားဖြင့် သစ်ပုပ်ပင်တို့ ကံ့ကော်တောတို့ ခုံတန်းလျားလေးတွေပဲ မဟုတ်ဘဲနဲ့ တက္ကသိုလ်ရဲ့ တကယ့် အသက်ဝိဉာဉ်က ဘာလဲဆိုတာကို ပြောဖို့ လိုတယ်။ ပြောစေချင်တာပေါ့။ အဲဒီအခန်းကဏ္ဍတွေ ပါဖို့ လိုတယ်။ သူတို့အခက်အခဲတွေ ရှိနိုင်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် ၁၀၀ ပြည့်ကျင်းပတဲ့ အခါမှာ သာမန်အားဖြင့် ကျောင်းသားလှုပ်ရှားမှုတွေကို ဖြတ်ခနဲပြလို့ မရဘူး။ အနိမ့်ဆုံးအဆင့် ဗိုလ်အောင်ကျော် ကျောက်တိုင်မှာ မီးထွန်းပြထားတာ အခမ်းအနား လုပ်ပြထားတာ ကျနော်တို့ မတွေ့ရဘူး။ 7 July ကို MRTV ရုပ်သံက လွှင့်သွားတာတောင် ကျေးဇူးတင်ရတဲ့ သဘောပေါ့။

MRTV က လွှင့်သားတဲ့ထဲမှာတော့ ၁၉၆၂ ကျောင်းသား အရေးတော်ပုံကြီး၊ ၇၄၊ ၇၅၊ ၇၆ သပိတ်တွေနဲ့ ပတ်သက်တာတော့ သူတို့ တတ်နိုင်သလောက်တော့ ထိန်းထိန်းသိမ်းသိမ်း တင်ပြသွားတာတော့ တွေ့ပါတယ်။ ဒါပေမယ့် အဲဒီလောက်နဲ့ မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇင်ဘာ ၁ ရက်က ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်တာ နှစ် ၁၀၀ ပြည့် တဲ့နှစ် ဖြစ်သလို ဒီဇင်ဘာ ၅ ရက်မှာ ပထမဆုံး ကျောင်းသားသပိတ် ၁၉၂၀ သပိတ်ကြီး။ ဒါ သိပ်အရေးကြီးပါတယ်။ အဲဒါကို အထူး အထိမ်းအမှတ်ပြုရမယ်။

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် ၁၀၀ ပြည့်ကျင်းပတဲ့ အခါမှာ သာမန်အားဖြင့် ကျောင်းသားလှုပ်ရှားမှုတွေကို ဖြတ်ခနဲပြလို့ မရဘူး။ အနိမ့်ဆုံးအဆင့် ဗိုလ်အောင်ကျော် ကျောက်တိုင်မှာ မီးထွန်းပြထားတာ အခမ်းအနား လုပ်ပြထားတာ ကျနော်တို့ မတွေ့ရဘူး။ 7 July ကို MRTV ရုပ်သံက လွှင့်သွားတာတောင် ကျေးဇူးတင်ရတဲ့ သဘောပေါ့။

တိုင်းပြည်ကြီးက စစ်အာဏာရှင် စနစ်အောက်မှာ ၁၉၆၂ ကတည်းက ကျရောက်ခဲ့ပြီးတော့ အခုလည်း မလွတ်ကင်းသေးဘူး။ ဌာနဆိုင်ရာတို့ တက္ကသိုလ်တို့ အသီးသီးမှာ တကယ့် နေရာတွေမှာ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေက ကျန်နေသေးတယ်။ အဲဒီလူတွေကို ကျော်လုပ်ဖို့ ခက်နေတယ်လို့ ကျနော် ထင်တယ်။ နောက်တဖက်ကလည်း ရင်ကြားစေ့ရေး ဆိုတာကို စဉ်းစားသလား မသိပါဘူး။ ဒါဟာ ရင်ကြားစေ့ရေးနဲ့ မသက်ဆိုင်ဘူး။

၁၉၇၄ ကျောင်းသားဟောင်း ဦးထွန်းအောင်ကျော်

ကျောင်းသားသမဂ္ဂနဲ့ တက္ကသိုလ်ကျောင်း ဆိုတာက ဆက်စပ်မှု ရှိတယ်။ ကျောင်းသား သမဂ္ဂတွေကသာ တက္ကသိုလ်ရဲ့ ဂုဏ်ပုဒ်ကို ဖော်ဆောင်နိုင်တယ်။ မှားယွင်းတဲ့စနစ်ကို ထောက်ပြပြီးတော့ ကောင်းမွန်တဲ့ စနစ်ကြီးဖြစ်လာအောင် တောင်း ဆိုနိုင်တာက ကျောင်းသား သမဂ္ဂတွေပဲ ရှိတယ်။ အဲဒီလို ကျောင်းသားသမဂ္ဂတွေကို ချန်လှပ်ပြီးတော့ ကျန်တဲ့ Activities တွေပဲပြတယ်။ အပေါ်ယံလေးပေါ့။

နိုင်ငံရေး မပါဘဲနဲ့ အဲဒီလို လုပ်သွားတာမျိုးက အရုပ်ဆိုးတယ်။ မဖြစ်သင့်ဘူးပေါ့။ ကိုလို နီစနစ်ကို တိုက်ခိုက်ခဲ့တုန်းက ကျောင်းသားခေါင်းဆောင်တွေ သခင်အောင်ဆန်းတို့ သခင်နုတို့ ပါဝင်ခဲ့တဲ့ သမိုင်းတွေ အားလုံးဟာ နောင်လာနောင်သားတွေလည်း သိသင့်တယ်။ သမိုင်းတွေ ချန်လှပ်ထားတယ် ဆို တာတော့ အင်မတန် ဝမ်းနည်း ဖို့ ကောင်းပါတယ်။ မဖြစ်သင့်ပါဘူး။

ပေါ်လစီ ကိုင်တဲ့လူတွေ တော်တော်များများက တိုက်ပွဲထဲမှာ မပါတဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ အများကြီး ပါနေတဲ့အတွက် တကယ်တမ်း ထိပ်တိုက်လုပ်ရမယ့် ကိစ္စမျိုးတွေမှာ တပ်က ငြိုငြင်ရင် ငြင်ပါစေ ငါတို့ သမိုင်းမှန်ကို တင်ပြရမယ် ဆိုတဲ့စိတ် ထက် ငါတို့ကို ငြိုငြင်သွားမလား၊ အလုပ်ပြုတ်သွားမလား ဆိုတဲ့ စိတ်နဲ့ ကိုယ်ကျိုးကြည့်နေတဲ့ လူတွေက များတဲ့အတွက် ဒီလိုကိစ္စတွေ မပါတာလို့ ဒီလိုပဲမြင်ပါတယ်။

ဝမ်းနည်းတာထက် စာရင် ကြေကွဲပြီးတော့ နာကြည်းမိတာပေါ့။ ကျောင်းသား ဟောင်းတွေရဲ့ စိတ်ဓာတ်က မဟုတ်မခံ၊ မတရားတဲ့ ကိစ္စတွေ တရားမျှတမှု မရှိတဲ့ လုပ်ဆောင်ချက်တွေကို ဆန့်ကျင်ခဲ့ကြတာ။

၁၉၇၄ခုနှစ် ကျောင်းသားဟောင်း ပဒိုစောကွယ်ထူးဝင်း

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
342
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
144
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k

နှစ် ၁၀၀ ပြည့်နှစ်မှာ တက္ကသိုလ်ရဲ့ သမိုင်းကြောင်း၊ ဖြစ်စဉ်တွေကို ပြန်လည် ဖော်ပြဖို့ကောင်းတာပေါ့။ အထူးသဖြင့် ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းနဲ့ တက္ကသိုလ်ရဲ့ သမိုင်းဟာ ဆက်စပ်မှုရှိတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ လွတ်လပ်ရေး မရခင်ကတည်းက ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက တက္ကသိုလ်ကစ ဆောင်ရွက်ခဲ့တာ ရှိတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ စစ်အာဏာရှင် စတင်တဲ့အချိန်ကစပြီး ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု သို့ မဟုတ်ရင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲဝင်မှုတွေ တက္ကသိုလ်ကျောင်းကပဲ စတင်ခဲ့တယ်။

ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့ အချိန်မှာကျ တော့ ကျောင်းသားတွေ တော်တော်များများ အသက်ဆုံးရှုံးခဲ့ရတယ်။

ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့ အချိန်မှာကျ တော့ ကျောင်းသားတွေ တော်တော်များများ အသက်ဆုံးရှုံးခဲ့ရတယ်။

ကျနော်တို့ တက္ကသိုလ်တက်တဲ့ ဦးသန့် အရေး အခင်းလိုမှာလည်း ကျောင်းသား အရေးအခင်းတွေက တနိုင်ငံလုံး မဟုတ်ပေမယ့် ရန်ကုန်အတိုင်းအတာမှာတော့ ဆန့်ကျင်မှုတွေ ပေါ်လာခဲ့တယ်။ နောက်ဆုံးကျတော့ ကျနော်တို့နိုင်ငံရဲ့ ၁၉၈၈ ခုနှစ် ဒီနိုင်ငံရဲ့ အပြောင်းအလဲက ၈၈ ကျောင်းသားကစလာတဲ့ လှုပ်ရှားမှုလို့ လည်း ပြောလို့ရတယ်။

ဆိုတဲ့သဘောက ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုက ကျောင်းသားတွေရဲ့၊ ဒီတက္ကသိုလ်ရဲ့ အခန်းကဏ္ဍကို ထည့်သွင်း ဖော်ပြဖို့ လိုတယ်။ ဒါ ဘယ်သူ့မှ မထိခိုက်ဘူး။ ဒီသမိုင်းအမှန်ကို ဖော်ပြခြင်းအားဖြင့် နောင်လာ၊ နောင်သား လူငယ်တွေ လည်း သိရှိသွားမှာ ဖြစ်ပါတယ်။ သူတို့ဟာလည်း နိုင်ငံရဲ့ တာဝန်ကို ကျောင်းပြီးတဲ့အချိန်မှာ ထမ်းဆောင်ရမှာ ဖြစ်တဲ့အ တွက် သိရှိနားလည်ဖို့ လိုမှာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း ပဒိုစောသမိန်ထွန်း

ကျနော်တို့ ဗမာပြည်ရဲ့ အနေ အထားဟာ ခေတ်တခုကို ကူးပြောင်းဖို့ဆိုရင် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက အဓိကကျတဲ့ ပုံမျိုးဖြစ်တယ်။ အဲဒီလှုပ်ရှားမှုက တောက်လျှောက်ဖြစ်လာတဲ့ သဘောပေါ့။

ရာပြည့်ပွဲ လုပ်တာကတော့ ကောင်းတာပေါ့။ သူရဲ့တက္ကသိုလ်ကြီးရဲ့ ဂုဏ်ရှိန်ကိုး။ ကျောင်းသားတွေကတော့ အောင်သွား တဲ့သူလည်းရှိ၊ မအောင်တဲ့သူလည်းရှိ၊ တောခိုတဲ့သူလည်းရှိ၊ အစိုးရထဲလည်းရှိ၊ တပ်မတော်လည်းရှိ၊ စုံတာပေါ့။ ဒါသူတို့ရဲ့ ခံယူချက်နဲ့ သူတို့သွားကြတာ။

အခုရာပြည့်လုပ်တာနဲ့ ပတ်သက်ရင် သူတို့က လုပ်ရင် သူတို့ပုံစံပဲ သွား မယ်လေ။ ကျနော်တို့ လုပ်ရင် ကျနော်တို့ပုံစံပေါ့။

အခုသူတို့ဖော်ပြနေတာက သမိုင်းမမှန်ဘူးလို့ပဲ ကျနော်ပြောချင်တယ်။ သမိုင်းမှန်ဖော်ထုတ်ဖို့က အရေးကြီးတယ်။ ကိုယ် နာနာ၊ ကိုယ်ကောင်းခဲ့တာ လုပ်လုပ်၊ မကောင်းခဲ့တာ လုပ်လုပ် ရဲရဲတင်းတင်းနဲ့ ပြည်သူကို ဖော်ပြဖို့ တင်ပြဖို့က အရေးကြီး တယ်။ ပြဿနာက အကုန်လုံးဖြေရှင်းလို့ရတယ်။ ငါလုပ်ခဲ့တာလေးက ဒါလေးတကွက်မှားနေတယ်။ ဒါလေး ထိန်ချန်ထား လိုက်မယ်ဆိုရင် ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး။

၂၀၀၇ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုကျော်ကိုကို

လက်ရှိ အစိုးရအနေနဲ့ တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို ချန်လှပ်ထားပြီးတော့ ရန်ကုန် တက္ကသိုလ် သမိုင်းကွက်ကွက်ကလေးကိုပဲ တင်ဆက်ပြသတာကို တွေ့ရတဲ့အတွက် ဒီအပေါ်မှာ ကျနော်တို့ ဘဝင်မကျဘူး။ မချင့်မရဲ ဖြစ်ရတယ်။

NLD ပါတီ ၁၉၈၉၊ ၉၀ မှာ ပေါ်ပေါက်လာတာ ကျောင်းသားလှုပ်ရှားမှုကြောင့်ပဲ ပေါ်ပေါက်လာတာ။ ဒီကျောင်းသား တွေ စခဲ့တဲ့ အရေးအခင်းတွေ ဗိုလ်နေဝင်း မဆလခေတ် အာဏာရှင် စနစ်ကို ဖြုတ်ချဖို့ ဒီမိုကရေစီ လှိုင်းလုံးကြီးတွေ နောက်မှာ လိုက်ပါ စီးမျောပြီးတော့ ဒီပါတီ ဆိုတာ ပေါ်ပေါက်လာတာ။

NLD ပါတီ ၁၉၈၉၊ ၉၀ မှာ ပေါ်ပေါက်လာတာ ကျောင်းသားလှုပ်ရှားမှုကြောင့်ပဲ ပေါ်ပေါက်လာတာ။ ဒီကျောင်းသား တွေ စခဲ့တဲ့ အရေးအခင်းတွေ ဗိုလ်နေဝင်း မဆလခေတ် အာဏာရှင် စနစ်ကို ဖြုတ်ချဖို့ ဒီမိုကရေစီ လှိုင်းလုံးကြီးတွေ နောက်မှာ လိုက်ပါ စီးမျောပြီးတော့ ဒီပါတီ ဆိုတာ ပေါ်ပေါက်လာတာ။

ဘယ်လောက်တောင်မှ ဒီမိုကရေစီလှိုင်းကို စီးလဲ ဆိုရင် ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်းအလံ ကိုတောင်မှ နိုင်ငံရေး ပါတီရဲ့အလံအဖြစ် ကူးပြောင်းတဲ့အထိ ကျောင်းသား တွေရဲ့ အရှိန်အဝါက ကြီးမားခဲ့တယ်။

ကျောင်းသားသမဂ္ဂရဲ့ လွှမ်းမိုးမှုက ဒီနေ့ အစိုးရဖြစ်နေတဲ့ နိုင်ငံရေးပါတီအပေါ်မှာ ရှိတယ်။ ဒါပေမယ့် အဲဒီ နိုင်ငံရေးပါတီ အာဏာရလာတဲ့ အခါမှာ ကျောင်းသားလှုပ်ရှားမှုတွေကို မေ့လျော့တာမျိုး မဟုတ် ဘဲနဲ့ တမင်တကာကို ချန်လှပ် ဖုံးဖိနေတယ်လို့ မြင်တယ်။ တချိန်တုန်းက ကျောင်းသားအပေါ် အမှီပြုပြီးတော့ ပေါ်ပေါက် လာတာက ဒီကနေ့ နိုင်ငံရေးမှာ စိတ်ပညာရှုထောင့်အရ ပြောမယ်ဆိုရင် ဒါ အငုံ့စိတ် တမျိုးပဲလို့ မြင်တယ်။

၂၀၁၅ ကျောင်းသား ခေါင်းဆောင်ဟောင်း မဖြိုးဖြိုးအောင်

နိုင်ငံရေး သမိုင်းဆိုတဲ့ နေရာမှာ ကိုလိုနီခေတ်ကျောင်းသား လှုပ်ရှားမှုတွေ အပါအဝင် နောက်ပိုင်း မျိုးဆက် အသီးသီးရဲ့ ကျောင်းသားလှုပ်ရှားမှုက ရန်ကုန်တက္ကသိုလ်ကြီးနဲ့ ခွဲမရဘူး။

ဒီသမိုင်းတွေကို နိုင်ငံရေး ကြိုးပမ်းမှု၊ နိုင်ငံရေး ရပ်တည်ချက်ရဲ့ အထင်ကရ တခုအဖြစ်နဲ့ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ သိပ်မျာများစားစား မတွေ့ရဘူးပေါ့။ ကျောင်းသားလှုပ်ရှားမှုကို ဇောင်းပေးတဲ့ အစီအစဉ်တွေ၊ ဆွေးနွေးမှုတွေကို သိပ်များများစားစား မတွေ့ရတာက ဝမ်းနည်းစရာ အရမ်းကောင်းတယ်။ ရာပြည့်အခမ်းအနားမှာ ကျောင်းသား လှုပ်ရှား မှုတွေက အတိုင်းအတာ တခုအထိ ဘေးဖယ်ထားခြင်း ခံရတယ်လို့ ထင်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပေါ်ကနေ ပေါ်ပေါက်လာတဲ့ အစိုးရလက်ထက်မှာ မျှော်မှန်းသလောက် မတွေ့ရဘူးလို့တော့ မြင်ရတယ်။ အရင်တုန်းက ပြောနေကြသလို အမျိုးသားရင်ကြားစေ့ရေး သဘောတရား အရ အတိတ်ကိစ္စတွေကို သိပ်မပြော ဘူးဆိုတဲ့ အမြင်မျိုးကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။

ဒါပေမယ့်လည်း သမိုင်းဆိုတာ မေ့ပျောက်လို့ မရဘူး။ ဒီသမိုင်း တွေကို ထုတ်ဖော်တာက မကောင်းတာ မဟုတ်ဘူး။ ပိုကောင်းတဲ့ တိုင်းပြည်တခု၊ ဒီမိုကရေစီ အမြစ်တွယ်လာဖို့အတွက် ဒီသမိုင်းတွေကနေ ဖော်ထုတ်ဖို့ လိုတယ်လို့ မြင်ပါတယ်။

You may also like these stories:

အနှစ် ၁၀၀ ပြည့်တဲ့ ခွပ်ဒေါင်း

ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့ပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားနေ့

Your Thoughts …
Tags: ကျောင်းသားလှုပ်ရှားမှုရန်ကုန်တက္ကသိုလ်ရာပြည့်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

by ဧရာဝတီ
28 February 2024
12.7k

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်နှင့် တောင်ငူတို့တွင် UTCs များရှိကြောင်း စစ်ကောင်စီ၏ ကြေးမုံသတင်းစာက ဖော်ပြသည်။

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

by ဧရာဝတီ
8 February 2024
8.7k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ကောင်စီသည် နိုင်ငံဘဏ္ဍာငွေ အများအပြားကို စစ်စရိတ်အတွက် သုံးနေသည်။

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

by Shafquat Rabbee
15 August 2024
2.1k

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားက ဟာစီနာကို ဖြုတ်ချခြင်းသည် ဒုတိယ လွတ်လပ်ရေး ရခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။

တက္ကသိုလ်သမဂ္ဂ အဆောက်အအုံရဲ့ ပထမနေ့ရက်များ

တက္ကသိုလ်သမဂ္ဂ အဆောက်အအုံရဲ့ ပထမနေ့ရက်များ

by မောင်ဘိုး
7 July 2025
831

“ငွေချည်ထိုး ခွပ်ဒေါင်းရုပ်အလံကြီး ချိတ်ဆွဲထားတဲ့ သမဂ္ဂအစည်းအဝေးခန်းမကြီးဟာ ဓာတ်မီး၊ ပန်ကာတွေနဲ့ တဖိတ်ဖိတ်တောက်အောင် ခမ်းနားလှပြီး အာရှနိုင်ငံတွေရဲ့ သမဂ္ဂ အဆောက် အဦတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ကြောင်း” စနေနဂါးနီဂျာနယ်က မှတ်ချက်ပြုထားပါတယ်

မြန်မာစစ်ဗိုလ်များကို ပုစွန်ဦးနှောက်နှင့်ဟု ပြောလျှင်လွန်အံ့မထင်ပါ

ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ

by ခင်မမ
22 February 2023
26.2k

ဖြစ်ချင်တာက ထိုင်းစစ်ဗိုလ်တွေလို၊ လုပ်နေတာက ကင်မ်ဂျုံးအွန်း လုပ်ပေါက်နှင့်၊ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လို့ လုပ်နေမှန်းမသိ။

Next Post
ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ အရေအတွက်လည်း ဒီဇင်ဘာလဆန်းမှာ တဟုန်ထိုး မြင့်တက်လာပါတယ်။

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူပေါင်း ၆၅ သန်း ကျော်ပြီ

မီးရှို့ခံလိုက်ရသည့် ဘုရားပေါင်းကျေးရွာ မြင်ကွင်း / အမ်းသားကြီး

စစ်ပဋိပက္ခအတွင်း ရခိုင်နှင့် ချင်းတွင် အိမ်ပေါင်း ၂ ထောင်ကျော် မီးရှို့ခံခဲ့ရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved