• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ပဋိပက္ခအတွင်း ရခိုင်နှင့် ချင်းတွင် အိမ်ပေါင်း ၂ ထောင်ကျော် မီးရှို့ခံခဲ့ရ

by ခိုင်ရိုးလ
5 December 2020
in သတင်း
A A
မီးရှို့ခံလိုက်ရသည့် ဘုရားပေါင်းကျေးရွာ မြင်ကွင်း / အမ်းသားကြီး

မီးရှို့ခံလိုက်ရသည့် ဘုရားပေါင်းကျေးရွာ မြင်ကွင်း / အမ်းသားကြီး

5.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ စစ်ပွဲ ပဋိပက္ခကြားတွင် ဒေသခံပြည်သူများ၏ ကျေးရွာ ၄၈ ရွာ မီးရှို့ခံခဲ့ရပြီး နေအိမ်ပေါင်း ၂၀၀၅ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း နေအိမ်များ ပျက်စီးဆုံးရှုံးမှုကို စာရင်းကောက်ယူနေသည့် အရပ်ဘက်အဖွဲ့အစည်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် နှစ်ဘက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အများဆုံးတွေ့ရပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂ နှစ်တာအတွင်း တိုက်ပွဲဖြစ်စဉ်နှင့် ဆက်စပ်ပြီး မီးရှို့ခံရသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ဒီစာရင်းတွေက တိုက်ပွဲဖြစ်စကတည်းက ကျနော်တို့ စာရင်းပြုစုထားတာ။ နေအိမ် မီးလောင်မှုတွေ များလာတာက ၂၀၂၀ နှစ် အလယ်ပိုင်း တိုက်ပွဲပြင်းထန်ဆုံးအချိန်တွေမှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ မီးလောင်ဆုံးရှုံးသွားသည့် ကျေးရွာတို့မှာ ကျောက်တော်မြို့နယ်တွင် ၁၄ ရွာ၊ ရသေ့တောင်မြို့နယ်တွင် ၉ ရွာ၊ ဘူးသီးတောင်မှာ ၈ ရွာအပြင် တခြား မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ အမ်း၊ ကျောက်ဖြူနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့တွင်လည်း ကျေးရွာ ၁ ရွာ ၂ ရွာနှင့် နေအိမ် အနည်းငယ်အပါဝင် စုစုပေါင်း ၄၈ ရွာ အထိ ရှိနေကြောင်း REC စာရင်းအရသိရသည်။

ဖြစ်စဉ်အတွင်း ယင်းကျေးရွာများတွင် AA တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း အကာကွယ်ယူပြီး တိုက်ခိုက်ခြင်းဆိုသည့် အပေါ်တွင် အခြေခံပြီး ရှင်းလင်းရာတွင် မီးလောင်ဆုံးရှုံးခြင်းဖြစ်ကြောင်း ဦးဇော်ဇော်ထွန်းက ပြောသည်။

ထို့သို့ မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်များအတွက် အစိုးရမှ နေအိမ်အမျိုးအစားအလိုက် ကျပ်ငွေ ၁ သိန်းမှ ၃ သိန်းအထိ ထောက်ပံ့ပေးမှုများရှိနေသလို လက်ရှိတွင် ဒေသတည်ငြိမ်နေသည့် ကျေးရွာများမှ နေအိမ်များကို ပြည်လည် တည်ဆောက်ပေးရန်အတွက် အစိုးရမှ စီစဉ်နေမှုတို့လည်း ရှိလာနေသည် ကိုတွေ့ရသည်။

ယင်းအထဲမှ မီးရှို့ခံရမှုဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့နယ် တောင်ပေါက်နှင့် ဘုရားပေါင်းကျေးရွာ အတွင်းမှ နေအိမ် ၁၇၀ အနက် နေအိမ် ၄၀ ကို အစိုးရမှ အိမ်တလုံးအတွက် ကျပ်သိန်း ၅၀ ကုန်ကျခံကာ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “ကျောက်တော်မှာ မီးလောင်ဆုံးရှုံးသွားတဲ့ ရွာ ၂ ရွာက အိမ်ခြေ ၁၇၀ ရှိတယ်။ အဲဒါကို ပထမအဆင့်အနေနဲ့ အိမ်ခြေ ၄၀ ဆောက်ဖို့အတွက် တင်ဒါပြီးပြီဆိုတော့ ဆောက်ဖို့ လုပ်နေပြီ။ အဲဒီ အိမ်တွေကို ဘယ်နေရာမှာ ဆောက်မယ်ဆိုတာကတော့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်နေတယ်” ဟု ဧရာဝတီသို့ပြောသည်။

နေအိမ်များ ပြန်လည် ဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့တွင် ကုမ္ပဏီများမှ ကောက်ခံရရှိထားသော အခွန် ရန်ပုံငွေမှ သုံးစွဲသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် နေအိမ်တို့ကိုလည်း နောက်ထပ် ဆက်လက် ဆောက်ပေးသွားရန် စီစဉ်နေကြောင်း ဝန်ကြီးဦးဝင်းမြင့်က ရှင်းပြသည်။

ကျောက်တော်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက “အဲဒီ ကိစ္စကတော့ သူတို့ နေခဲ့တဲ့ရွာမှာပဲ ဆောက်လုပ်ပေးမှာ။ အဲဒါကို ရွာတွေမှာပဲ ပထမ၊ ဒုတတိယ ဦးစားပေး အစီအစဉ်အရ လျာတားထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက စားရင်းတွေ ကောက်ယူနေတယ်” ဟု ပြောသည်။

လက်ရှိတွင် မီးလောင်ဆုံးရှုံးခဲ့ရသည့် နေအိမ်ပိုင်ရှင်များအတွက် ကျပ်သိန်း ၅၀ တန် နေအိမ်များ ဆောက်လုပ်ပေးမှုကို အကောင်းမြင်သော်လည်း နောက်ထပ် ရွာသားများ အလုပ်အကိုင်ပြန်လည် လုပ်ကိုင်နိုင်ဖို့ ထပ်မံအကူအညီများပေးရန် လိုအပ်နေသေးကြောင်း ထောက်ပြမှုများရှိနေသည်။

ဦးဇော်ဇာ်ထွန်းက “အခု အစိုးရက မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်တလုံးကို သိန်း ၅၀ နဲ့ အသစ် ပြန်လည်ဆောက်ပေးဖို့ ဆိုတာကိုတော့ သူတို့ရဲ့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာကို ပြတာလေ။ အကောင်းဘက်က ကြည့်ရင် အစိုးရဘက်က ဒီလောက်ပဲ လုပ်ပေးနိုင်တဲ့ သဘော။ သူတို့မှာ မူလလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့၊ ပြန်လည် လုပ်ကိုင်စားသောက်ဖို့ ရတဲ့အထိ ကူညီပေးသင့်တယ်” ဟု ဆိုသည်။

လက်ရှိတွင် ယင်းကျေးရွာသားများမှာ နေအိမ် မီးလောင်သွားသည့်နေရာတွင် ယာယီတဲထိုးပြီး နေကြကာ အခက်ခဲမျိုးစုံ နှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိတွင် ဘုရားပေါင်းကျေးရွာသို့ မြို့နယ် ထွေအုပ်ရုံးမှ တာဝန်ရှိသူတို့က လာရောက်ကာ နေအိမ်ဆောက်လုပ်ပေးမည့် အကြောင်းကိုရှင်းပြပြီး နေအိမ်မဲ့သူတို့အား ကျေးရွာ ၁ ရွာမှ နေအိမ် ၂၀ စီကို ဆောက်လုပ်ပေးမည့်ဟု အကြောင်းကြားလာသည်ဟု ဒေသခံများထံမှ သိရသည်။

ဘုရားပေါင်းကျေးရွာမှ နေအိမ်မီးလောင်ဆုံးရှုံးသွားသူ ဦးသာလှက “ကျနော်တို့မှာ ဘာမှ မရှိတော့ဘူး။ စုဆောင်းမိသမျှ အကုန်ပါသွားတာ။ ဆုံးရှုံးမှုတွေအများကြီးပါ။ ဒါကတော့ အဆိုးထဲက အကောင်းလို့ ပြောရမှာပဲ။ နေစရာမရှိတဲ့ အထဲမှာ အမိုးအကာလေးရလာမှာဆိုတော့ ဘာမှ မပြောလိုတော့ပါဘူး” ဟု ဆိုသည်။

ထိုနည်းတူ ကျောက်တော်နှင့် တခြားမြို့နယ်တွင် မီးရှို့ခံလိုက်ရသည့် တခြားကျေးရွာမှ နေအိမ်များအတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ပေးရန်လည်း ဒေသံများက လိုအပ်လားနေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ည ၈ နာရီဝန်းကျင်တွင် ဘုရားပေါင်းကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းအား AA က မိုင်းခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်း အနီးအနားကို ရှင်းလင်းရာမှ ရွာမီးလောင်သွားခြင်း ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
60
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
73

ထိုမီးလောင်မှု ဖြစ်စဉ်တွင် ဘုရားပေါင်းကျေး ရွာမှ နေအိမ် ၁၁၀ နှင့် တောင်ပေါက် ကျေးရွာမှာ နေအိမ် ၇၄ ဆောင် စုစုပေါင်း ၁၈၄ ဆောင် မီးလောင် ဆုံးရှုံးသွားခဲ့ ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။ ထိုဖြစ်စဉ်အတွင်း တပ်မတော်က ပစ်ခတ်မှုကြောင့် ဘုရားပေါင်း ကျေး ရွာမှ ဒေသခံ၂ ဦးလည်း သေဆုံးသွားခဲ့သည်။

သို့သော်လည်း တပ်မတော်ကတော့ ရက္ခိုင် စစ်တပ် (AA) အဖွဲ့က မီးရှို့သွားခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကုန်ကတည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော် အချိန်ထိ ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ အရပ်သား သေသုံးသူ ဒဏ်ရာရသူတို့လည်း ပို၍ များပြားလာနေသည်။

ယင်းသို့ တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများ ကျေးရွာများ မီးရှို့ခံရမှု၊ သံသယဖြင့် နှစ်ဖက်တပ်များ၏ ဖမ်းဆီး ထိန်းသိမ်းခံရမှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တို့တွင် စစ်ဘေးဒုက္ခသည် ၂ သိန်းခန့် ရှိနေကြောင်း (REC) ၏ စာရင်းအရ သိရသည်။

You may also like these stories:

တပ်မတော်နှင့် KNU ဖာပွန်တိုက်ပွဲ ဘယ်လို ဖြစ်ခဲ့သလဲ

ရခိုင်စစ်ပွဲ ဂျပန် ကြားဝင်လို့ အဆင်ပြေမလား

တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို

Your Thoughts …
Tags: AAတပ်မတော်ရခိုင်ပြည်နယ်
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
ရွှေ့ပြောင်းလုပ်သားများ တရားဝင်ငွေလွဲနိုင်တော့မည် (ရုပ်/သံ)

ရွှေ့ပြောင်းလုပ်သားများ တရားဝင်ငွေလွဲနိုင်တော့မည် (ရုပ်/သံ)

နိုင်ငံတကာ အာကာသစခန်းမှာ သကြားမုန်လာပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။

နိုင်ငံတကာ အာကာသစခန်းမှာ မုန်လာပင် စမ်းသပ် စိုက်ပျိုးမှု အောင်မြင်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved