• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်နှင့် KNU ဖာပွန်တိုက်ပွဲ ဘယ်လို ဖြစ်ခဲ့သလဲ

by ဇင်လင်းထက်
4 December 2020
in သတင်း
A A
ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်ပွဲတွင် တွေ့ရသည့် KNLA စစ်သားတဦး  /  ထက်ဝေ / ဧရာဝတီ

ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်ပွဲတွင် တွေ့ရသည့် KNLA စစ်သားတဦး / ထက်ဝေ / ဧရာဝတီ

17.8k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဘက်တပ်များက အတည်ပြုကြသည်။ 

သို့သော်လည်း အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က KNU က လာပစ်သဖြင့် ပြန်လှန်ပစ်ခတ်ရကြောင်း ပြောဆိုသလို KNU ဘက်ကလည်း တပ်မတော်ဘက်က အကြောင်းမကြားဘဲ တပ်လှုပ်ရှားမှုဆောင်ရွက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ရသည်ဟု ဆိုသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ အကြား ဖာပွန်မြို့နယ်တွင် ဒီဇင်ဘာ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်း က “၁ ရက် နေ့က မဲဝိုင်ဘက်မှာ KNU တပ်မဟာ ၅ က တပ်ရင်း ၁၀၂ လို့သိထားတယ်။ စခန်းနားလေးမှာ စခန်းနဲ့ မီတာ ၃၀၀၀ လောက်ပဲ ဝေးတယ် အဲဒီနားလေးမှာ။ တိုက်မိုင်းတလုံး လာထောင်ထားတာ ရှိတယ်။ အဲဒီတိုက်မိုင်းထိမိပြီးတော့ စစ်သည်တချို့ ဒဏ်ရာရတာရှိတယ်” ဟု ပြောကြားသည်။

ထို့နောက် ယင်းနေ့ ညနေပိုင်းမှာပင် KNU ဘက်က တပ်သား ၃ ဦးခန့်သည် တပ်မတော်လုံခြုံရေးစခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “၂ ရက်နေ့မှာတော့ အဲလိုတွေ ဖြစ်ထားလို့ စခန်းပတ်ဝန်းကျင်မှာ လုံခြုံရေးလှည့်လည်ဆောင်ရွက်တယ်။ အဲဒီမှာ တပ်မဟာ (၅) က KNU ၅ ယောက်လောက်က မိုင်းခွဲတယ်။ လက်နက်ငယ်နဲ့ ပစ်ခတ်တယ်။ ဒီဘက်က ပြန်ပစ်တယ်။ အဲဒီမှာတော့ ထိခိုက်မှုမရှိဘူး။ ဖြစ်စဉ်ကတော့ ညနေပိုင်းလောက်ဖြစ်တယ်” ဟု ပြောသည်။

KNU ဘက်ကမူ ဖာပွန် (မူတြော်) ခရိုင်၊ ဒွဲလုံမြို့အနီးတွင် တိုက်ပွဲ တကြိမ်သာ ဖြစ်ပွားခဲ့သည်ဟု ဆိုပြီး ဒီဇင်ဘာ ၁ ရက် နံနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဒွဲလုံမြို့အနီးရှိ ဝါသိုးလော နှင့် ထီးကေလော ကျေးရွာအကြားတွင် KNU တပ်မဟာ (၅)လက်အောက်ခံ KNLA တပ်ရင်း (၁၀၂) တပ်ဖွဲ့ဝင်များနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် – ၃၃၉ ခြေမြန်တပ်ရင်းမှ စစ်သည်များအကြား မိနစ်အနည်းငယ်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း KNU ဖာပွန်ခရိုင်ရုံး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒိုးက ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်၏ အမှတ် – ၃၃၉ ခြေမြန်တပ်ရင်းသည် နေ့ဘက်တွင်သာမက ညဘက်၌ပါ တပ်လှုပ်ရှားမှုများ ပိုမိုများပြားလာနေကြောင်း ၎င်းက ရှင်းပြသည်။

တပ်လှုပ်ရှားမှုများ ဆောင်ရွက်မည်ဆိုပါက KNU ထံအကြောင်းအကြားရန် KNU တပ်ရင်း ၁၀၂ က သတင်းစကားပါးထား သော်လည်း တပ်မတော်ဘက်က ပြန်လည် တုံ့ပြန်မှုမရှိခဲ့ကြောင်း ဗိုလ်မှူး စောကလယ်ဒိုးက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ဗိုလ်မှူးစောကလယ်ဒိုးက “ပြန်ပြီးတော့ အကြောင်းကြားတာလည်း မရှိဘူး။ သူတို့ဘက်က ဆက်လက်လှုပ်ရှားနေတယ်။ အဲဒါနဲ့ အကြောင်းမကြားတဲ့ အပေါ်မှာ ၁၀၂ ကနေပြီးတော့ မနက်သူတို့ ထသွားတဲ့အချိန်မှာ ဟိုဘက်က တပ်မတော်ဘက်က ခမရ ၃၃၉ ကနေပြီးတော့ အောက်စခန်းကနေပြီးတော့ အပေါ်စခန်းကို တက်လာတဲ့အချိန်မှာ အချိတ်အဆက်မရှိတဲ့အပေါ်မှာ ဆုံကြပြီးတော့ သူတို့ပစ်ခတ်မှုတွေ ဖြစ်တယ်လို့ ရှေ့တန်းကနေ သတင်းပို့ထားပါတယ်” ဟု ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ အကြောင်းမကြားဘဲ တပ်လှုပ်ရှားသဖြင့် နှစ်ဖက်ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ရသည်ဆိုသည့် အချက်သည် မှန်ကန်မှုမရှိဟု မှတ်ချက်ပေးသည်။

၎င်းက “မဟုတ်ပါဘူး။ အဲဒီမှာ မဲဝိုင်စခန်းဆိုတာရှိတယ်။ တပ်က နေတာ ကြာပြီ လွန်ခဲ့တဲ့  ၄၊ ၅ နှစ်လောက်ကတည်းက နေတာ။ သူတို့ကတော့ အထက်ကို ဘယ်လို တင်သလဲတော့ မသိဘူး။ အဲဒီမှာ မဲဝိုင် လုံခြုံရေးစခန်းဆိုတာရှိတယ်။ အဲဒီမှာ သူတို့က လာပစ်ခတ်တာပေါ့” ဟု ပြောသည်။

KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုး ထားသည့် လက်နက်ကိုင်အဖွဲ့လည်းဖြစ်သည်။ တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသူအချို့ကမူ KNU အဖွဲ့အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကွဲပြားသည့် အမြင်များရှိနေသောကြောင့် တိုက်ပွဲဖြစ်ရခြင်းလောဟု ခန့်မှန်းပြောဆိုကြသည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်က KNU တပ်မဟာ ၇ နယ်မြေကို ဖြတ်သန်းကာ အာရှအဝေးပြေးလမ်းမဖောက် လုပ်မှုရှိခဲ့ပြီး ယင်းလမ်းဖောက်လုပ်မှုနှင့် ပတ်သက်၍ KNU တပ်မဟာ (၇) နှင့် တပ်မတော်တို့အကြားတိုက်ပွဲ ဖြစ်ပွားမှုမရှိခဲ့ဟု နိုင်ငံရေးလေ့လာသူအချို့က ပြောဆိုသည်။

ထူးခြားသည်မှာ အဆိုပါလမ်း ဖောက်လုပ်သည့် ကာလသည် အစိုးရက KNU အပေါ်ကြေညာထားသော မတရားအသင်းအဖြစ်ကြေညာထားမှု မရုတ်သိမ်းရသေးသည့်အချိန်ဖြစ်ပြီး ၊ ကြေညာချက် မရုတ်သိမ်းရသေးသော်လည်း တိုက်ပွဲမဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ ဖာပွန်မှာ လမ်းဖောက်မယ့်ကိစ္စက အဆင်မပြေဘူးပေါ့။ အဓိကတော့ ကျနော်တို့နားလည်တာကတော့ Stakeholders တွေရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ချဉ်းကပ်မှု၊ ယုံကြည်မှုပေါ့။ အဲဒါကြောင့်များဖြစ်သလားပေါ့” ဟုနိုင်ငံရေးလေ့လာသူတဦးက ခန့်မှန်းသုံးသပ်သည်။

KNU စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ သတင်းနှင့် ပြန်ကြားရေး ဌာနခွဲက ၂၀၂၀ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ ယခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃ ရက်အထိ တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား ထိတွေ့တိုက်ပွဲ ပေါင်း (၈၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇွန်လမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြီးသည့် နိုဝင်ဘာလ အကုန်အထိ တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား ၄ လတာကာလအတွင်း တိုက်ပွဲဖြစ်ပွားသံ မကြားခဲ့ရ ပေ။ ဒီဇင်ဘာလ ၁ ရက်တွင်မှ တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။ 

ထို့အတူ ဒီဇင်ဘာလ ၁ ရက်နေ့မှာပင် KNU ၏ စစ်ဖက်ဆိုင်ရာအဖွဲ့ဖြစ်သည့် KNLA ဗဟိုစစ်ဦးစီးဌာနချုပ်က တပ်မတော်အ နေဖြင့် ကျေးရွာအတွင်း ယခင် ကတည်းက စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် စခန်းများကို ၂၀၂၀ ခုနှစ်အကုန် တွင် အပြီးအပိုင်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

မြန်မာ့တပ်မတော်အနေနှင့် တောင်းဆိုချက်များကို လိုက်နာမှုမရှိဘဲ ရှေ့ဆက်ချိုးဖောက်ပါက နောက်ဆက်တွဲဖြစ်လာနိုင်သည့် ပြဿနာများသည် အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုင်ရာ ပျက်ကွက်မှုသာဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

KNLA အနေနှင့် အမျိုးသားနှင့် နယ်မြေလုံခြုံရေးကိစ္စများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက်တွင်ရေးသားထားသည်။ အဆိုပါ ကြေညာချက်ထုတ်သည့်နေ့မှာပင် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်ဖြစ်ရာ တိုက်ပွဲနှင့် ကြေညာချက်သည် သမရိုးကျ တိုက်ဆိုင်မှု ဟုတ်ပါ၏လောဟု နိုင်ရေးလေ့လာသူအချို့က မေးခွန်းထုတ်ကြသည်လည်းရှိသည်။

အချို့ကလည်း လာမည့်မတ်လတွင် KNU အဖွဲ့၏ ညီလာခံခေါ်ယူမှု ဖြစ်လာနိုင်ချေရှိပြီး ယင်းညီလာခံတွင် KNU ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဖြစ်နိုင်သည့်အတွက် KNU အဖွဲ့ အတွင်း အုပ်စုအားပြိုင်မှုများကြောင့် တိုက်ပွဲဖော်သည်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

မည်သို့ပင်ဖြစ်စေ တိုက်ပွဲများ ရပ်တန့်ရေးဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်ဖက်တင်းမာမှုများ လျှော့ချရန် တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ ယုံကြည်မှုတည်ဆောက်ခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူအချို့က တိုက်တွန်းပြောဆိုကြသည်။

Your Thoughts …
Tags: KNUတပ်မတော်တိုက်ပွဲ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

Next Post
မန္တလေးခရိုင် Stay at Home  မလိုက်နာပါက ဒဏ်ငွေအပြင် လူမှုရေးပြစ်ဒဏ်နှင့် အရေးယူမည် (ရုပ်/သံ)

မန္တလေးခရိုင် Stay at Home မလိုက်နာပါက ဒဏ်ငွေအပြင် လူမှုရေးပြစ်ဒဏ်နှင့် အရေးယူမည် (ရုပ်/သံ)

၂၀၁၈ ခုနှစ် မြန်မာပြည်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည် သားအမိ / Getty Images

ဒုက္ခသည်များအား ကျွန်းပေါ်သို့ ဘင်္ဂလားဒေ့ရှ် စ ရွှေ့ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved