• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အနှစ် ၁၀၀ ပြည့်တဲ့ ခွပ်ဒေါင်း

by အောင်ဒင်
1 December 2020
in ဆောင်းပါး
A A
၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ချီတက်ကြသော ကျောင်းသားများကို မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း မြင်ရစဉ် / ဧရာဝတီ

၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ချီတက်ကြသော ကျောင်းသားများကို မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း မြင်ရစဉ် / ဧရာဝတီ

9.8k
VIEWS
Share on FacebookShare on Twitter

(၁)

၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ၁၁ ဦးက ဦးဆောင်ပြီး ဗြိတိသျှကိုလိုနီအစိုးရရဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ (Rangoon University Act 1920) ကို သပိတ်မှောက် ဆန့်ကျင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ “ပထမ ကျောင်းသားသပိတ်” လို့ ထင်ရှားပြီး မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုများရဲ့ အစနိဒါန်းဖြစ်ခဲ့ပါတယ်။ ဒီနှစ်၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုကြီး အနှစ် ၁၀၀ ပြည့်ပါပြီ။

ပထမကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်စာ/ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ

(၂)

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလဆိုတာ ဒီနေ့ခေတ်လို လူဖန်တီးလို့ ဖြစ်ရတဲ့ ရာသီဥတုဖောက်ပြန်မှုတွေ မရှိသေးတဲ့ အချိန်ကာလမို့ အင်မတန်အေးချမ်းတဲ့ ဆောင်းရာသီဖြစ်ပါလိမ့်မယ်။ နှင်းတွေလည်း ထူထူထဲထဲကျနေမှာပါ။

ကျောင်းသားကြီးများလို့ သမိုင်းစာအုပ်တွေမှာ ရေးသားကြပေမယ့် အဲဒီအချိန်မှာ ဒီကျောင်းသားကြီးတွေအားလုံး အသက် ၂၀ ဝန်းကျင်ပဲ ရှိကြပါသေးတယ်။

အဲဒီနှင်းတွေကြားထဲ ဒီဇင်ဘာလ ၃ ရက်နေ့၊ မနက် ၁၁ နာရီမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး ၁၁ ဦး တို့ဟာ ရွှေတိဂုံစေတီတော်၊ အနောက်တောင်ထောင့် (စနေထောင့်) က ဗောဓိညောင်ပင်ကြီးရှေ့မှာ လျှို့ဝှက်စွာ တွေ့ဆုံပြီး ဗြိတိသျှကိုလိုနီအစိုးရက ပြဋ္ဌာန်းထားတဲ့ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်မယ့်နည်းလမ်းများကို ရှာဖွေဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲက ၈ နာရီလောက်တောင် ကြာမြင့်ခဲ့ပြီး ည ၇ နာရီလောက်မှပဲ သပိတ်မှောက်ဆန္ဒပြဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကနေ ကျောင်းသားကြီး ၁၁ ဦးပါဝင်တဲ့ သပိတ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ကျောင်းသားကြီးများလို့ သမိုင်းစာအုပ်တွေမှာ ရေးသားကြပေမယ့် အဲဒီအချိန်မှာ ဒီကျောင်းသားကြီးတွေအားလုံး အသက် ၂၀ ဝန်းကျင်ပဲ ရှိကြပါသေးတယ်။

အဲဒီ သပိတ်ကော်မတီက ဦးဆောင်ပြီး နောက်ထပ်အစည်းအဝေးတစ်ခုကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ ယုဒသန်ဂျပ်ဆင်ကောလိပ်က ကျောင်းသားတွေပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီး ထပ်မံဆွေးနွေးကြပါတယ်။ အဲဒီမှာ ဗြိတိသျှအစိုးရထံ တောင်းဆိုချက်တွေ အရင်တင်သွင်းပြီး တောင်းဆိုချက်တွေ မရမှ ဆန္ဒပြဖို့ ကျောင်းသားအချို့က ဆွေးနွေးကြပြီး အများစုကတော့ ဆန္ဒပြရင်းနဲ့ပဲ တောင်းဆိုဖို့ သဘောထားရှိကြပါတယ်။

စာရေးဆရာ ကဗျာဆရာ ကိုအောင်ဝေးရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း စာတမ်းမျက်နှာဖုံး

ဒီလိုနဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျောင်းသားကျောင်းသူတွေ ထပ်မံဆွေးနွေးပြီး အဲဒီနေ့က စလို့ ဗြိတိသျှအစိုးရရဲ့ ကိုလိုနီပညာရေးစနစ်ကို သပိတ်မှောတ်ဆန္ဒပြဖို့ ဆုံးဖြတ်ချက်ချပြီး ကျောင်းသားများရဲ့ သပိတ်စခန်းကို ရွှေတိဂုံစေတီတော် ကုန်းတော်ခြေရင်း ဗဟန်း၊ ကြားတောရကျောင်းဝင်းထဲက ဇရပ်တွေမှာ ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာလိုတော့ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ပါ။

(၃)

အဲဒီလို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) ကနေ စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ကျောင်းသားများရဲ့ အကြမ်းမဖက်လှုပ်ရှားမှုဟာ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီစစ်အစိုးရခေတ်၊ မဆလပါတီခေတ်၊ နဝတ၊ နအဖစစ်အစိုးရခေတ် စတဲ့ ခေတ်အဆက်ဆက်ကို ဖြတ်သန်း ရှင်သန်ခဲ့ပြီး ဒီကနေ့ နိုင်ငံတော်အာဏာကို ၇၅ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရှိတဲ့ ရွေးကောက်ခံအရပ်သားအစိုးရခေတ်မှာ အနှစ် ၁၀၀ ပြည့်ပါပြီ။

သူတို့ ကိုယ်ကျိုးစီးပွါးအတွက် လုံးဝမပါပဲ ပြည်သူလူထုရဲ့ အကျိုးစီပွါးအတွက် အာဏာရှင်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။ ပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ခဲ့ပါတယ်။

၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးနဲ့ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ တတိယကျောင်းသားသပိတ်တွေဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ပြုအုပ်စိုးခဲ့တဲ့ ဗြိတိသျှနယ်ချဲ့အစိုးရကို ဆန့်ကျင်ခဲ့ကြတာပါ။ လွတ်လပ်ရေးရပြီးနောက်မှာလည်း မြန်မာကျောင်းသားတွေဟာ အစိုးရအဆက်ဆက်ရဲ့ မတရားမှုတွေကို အကြမ်းမဖက် ဆန့်ကျင်ခဲ့ကြပါတယ်။

သူတို့ ကိုယ်ကျိုးစီးပွါးအတွက် လုံးဝမပါပဲ ပြည်သူလူထုရဲ့ အကျိုးစီပွါးအတွက် အာဏာရှင်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။ ပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ခဲ့ပါတယ်။

ဗဟန်းအမျိုးသားကောလိပ် ကျောင်းဆရာများနှင့် ကျောင်းသားများ

အဲဒီလို ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့ကြလို့ ကျောင်းသားတွေ အဖမ်းဆီးခံကြရ၊ အရိုက်နှက်ခံကြရ၊ သတ်ဖြတ်ခံကြရ၊ မိသားစုနဲ့အဝေးကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုများထဲမှာ၊ စစ်ကြောရေးစခန်းတွေထဲမှာ၊ အကျဉ်းထောင်ကြီးများထဲမှာ၊ နယ်စပ်ဒေသတွေမှာ ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတွေ များလှပါပြီ။ (ကျောင်းသားလို့ ရေးတာ ကျောင်းသား၊ ကျောင်းသူအားလုံးကို ရည်ညွှန်းပါတယ်။)

(၄)

၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အချိန်က စလို့ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုများနဲ့ ကျောင်းသားတွေ ပါဝင်ခဲ့တဲ့ လှုပ်ရှားမှုတွေကို အောက်ပါအတိုင်း တွေ့ရပါတယ်။

၁။ ၁၉၅၃၊ အောက်တိုဘာ ၊ ကျောင်း ၁လပိတ်အရေးတော်ပုံ
၂။ ၁၉၅၆၊ မတ်လ ၊ ဟယ်ရီတန်အရေးအခင်း
၃။ ၁၉၅၆၊ အောက်တိုဘာ ၊ သမဂ္ဂပိတ်ပင်မှု ဆန့်ကျင်ရေးသပိတ်
၄။ ၁၉၅၈၊ ပြည်တွင်းစစ် ၁၀ နှစ်ပြည့် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲများ
၅။ ၁၉၅၈၊ ဩဂုတ်လ၊ ကျောင်းသားသမဂ္ဂဦးဆောင်သည့် အမျိုးသားပညာရေးနှီးနှောဖလှယ်ပွဲ
၆။ ၁၉၅၈၊ စက်တင်ဘာ၊ အိမ်စောင့်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ
၇။ ၁၉၆၀၊ ကူမင်တန် တရုတ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေးဆန္ဒပြပွဲ
၈။ ၁၉၆၀၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဆဋ္ဌမညီလာခံ
၉။ ၁၉၆၂၊ ဇူလိုင် ၇ ရက်အရေးတော်ပုံ
၁၀။ ၁၉၆၃၊ နိုဝင်ဘာ ၁၀ ရက်၊ ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲ
၁၁။ ၁၉၆၉၊ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲအရေးအခင်း
၁၂။ ၁၉၇၀၊ ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ရွှေရတုသဘင် အရေးအခင်း
၁၃။ ၁၉၇၄၊ မတ်လ ကမာရွတ်ရဲစခန်း မီးရှို့မှု
၁၄။ ၁၉၇၄၊ ဇွန်လ ၆ ရက် အလုပ်သမားအရေးအခင်း
၁၅။ ၁၉၇၄၊ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်း
၁၆။ ၁၉၇၅၊ ဇွန်၊ အလုပ်သမားအရေးအခင်း နှစ်ပါတ်လည်ဆန္ဒပြပွဲ၊ ရွှေတိဂုံစေတီရင်ပြင်တော် သပိတ်စခန်း
၁၇။ ၁၉၇၆၊ မတ်၊ သခင်ကိုယ်တော်မှိုင်းရာပြည့်
၁၈။ ၁၉၇၈၊ အောက်တိုဘာ၊ ဆရာဗန်းမော်တင်အောင် ဈာပန
၁၉။ ၁၉၈၇၊ စက်တင်ဘာလ၊ ရန်ကုန်စက်မှုတက္ကသိုလ် ငွေစက္ကူအရေးအခင်း
၂၀။ ၁၉၈၈၊ မတ်လ ၁၃ ရက်၊ ရန်ကုန်စက်မှုတက္ကသိုလ်အရေးအခင်း
၂၁။ ၁၉၈၈၊ မတ်လ ၁၆ ရက်၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းနှင့် တံတားနီအရေးအခင်း
၂၂။ ၁၉၈၈၊ ဇွန်လအရေးအခင်း
၂၃။ ၁၉၈၈၊ ဩဂုတ်လ၊ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး
၂၄။ ၁၉၉၁၊ ဒီဇင်ဘာ၊ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုရခြင်း ဂုဏ်ပြုလှုပ်ရှားမှု
၂၅။ ၁၉၉၆၊ အောက်တိုဘာ၊ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု
၂၆။ ၁၉၉၈၊ ကျောင်းသားလှုပ်ရှားမှု
၂၇။ ၁၉၉၉၊ စက်တင်ဘာ၊ ၉ လေးလုံးလှုပ်ရှားမှု
၂၈။ ၂၀၀၆-၂၀၀၇၊ ၈၈မျိုးဆက်ကျောင်းသားများ၏ လှုပ်ရှားမှုများ
၂၉။ ၂၀၀၇၊ စက်တင်ဘာ၊ ရွှေဝါရောင်တော်လှန်ရေး
၃၀။ ၂၀၀၈၊ မေလ၊ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးလှုပ်ရှားမှုများ

အမှတ်စဉ် ၁ မှ ၂၄ အထိကို ကိုအောင်ဝေးရဲ့ “မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း” ကနေ ယူပါတယ်။ ကျနော်ကိုယ်တိုင် မသိလို့ ကျန်ရစ်ခဲ့တဲ့ လှုပ်ရှားမှုတွေလည်း ရှိနိုင်ပါတယ်။

၁၉၃၈ ခုနှစ်က ရန်ကုန်တွင် ကျင်းပသော အမျိုးသားနေ့ အထိမ်းအမှတ် ကျောင်းသားများ လမ်းလျှောက် ချီတက်စဉ်

အထက်မှာ ဖော်ပြခဲ့တဲ့ လှုပ်ရှားမှုတွေအားလုံးမှာ ကျောင်းသားထုဟာ ဦးဆောင်မှုပြုတဲ့ နေရာကဖြစ်စေ၊ ပံ့ပိုးကူညီတဲ့ နေရာက ဖြစ်စေ၊ ထိထိရောက်ရောက် တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ ၁၉၇၃၊ ဇွန်လ အလုပ်သမားအရေးအခင်းကို အလုပ်သမားများက ဦးဆောင်ကြပြီး ကျောင်းသားများက အားဖြည့်ကူညီခဲ့ကြပါတယ်။

အဲဒီ လှုပ်ရှားမှုတွေ အားလုံးမှာ ကျောင်းသားများဟာ မိမိတို့အကျိုးစီးပွါးထက် အများပြည်သူအကျိုးစီးပွါးကို ဦးစားပေးခဲ့ပါတယ်။ အများပြည်သူအတွက် အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေးကြီးကို သံဃာတော်များက ဦးဆောင်ခဲ့ပြီး ကျောင်းသားများက ပံ့ပိုးပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်အပြီး ပျက်စီးကြေမွသွားတဲ့ ပြည်သူတွေကို အကူအညီပေးရာမှာလည်း ကျောင်းသားများဟာ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနဲ့ အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အဲဒီ လှုပ်ရှားမှုတွေ အားလုံးမှာ ကျောင်းသားများဟာ မိမိတို့အကျိုးစီးပွါးထက် အများပြည်သူအကျိုးစီးပွါးကို ဦးစားပေးခဲ့ပါတယ်။ အများပြည်သူအတွက် အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။

အများပြည်သူလိုလားတောင့်တတဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် ရဲရဲရင့်ရင့် တောင်းဆိုခဲ့ကြပါတယ်။ ပြည်သူလူထုကို မတရားသဖြင့် ဖိနှိပ်စော်ကားတဲ့ အာဏာရှင်တွေကို ပြင်းပြင်းထန်ထန် ဝေဘန်ရှုံ့ချခဲ့ကြပါတယ်။

အာဏာရှင်တွေကလည်း ကျောင်းသားလှုပ်ရှားမှုတိုင်းကို အကြမ်းဖက်တုန့်ပြန်ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတွေ အရိုက်နှက်ခံကြရ၊ အဖမ်းဆီးခံကြရ၊ ကျောင်းထုတ်ခံကြရ၊ ထောင်ဒဏ်တွေကျရ၊ အသက်တွေ သေဆုံးရ၊ အဝေးကို လွင့်ပါးကြရနဲ့ နှစ်ပေါင်း ၁၀၀ ရှိခဲ့ပါပြီ။

(၅)

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်လာပြီး နိုင်ငံတော်အာဏာကို ၇၅ ရာခိုင်နှုံး စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ရွေးကောက်ခံအရပ်သား အစိုးရ ၊ ၂၀၁၁ ခုနှစ်က စလို့ ပေါ်ပေါက်လာပါတယ်။ ၂၀၁၁ ကနေ ၂၀၂၀ အထိ အရပ်သားအစိုးရ ၂ ဆက်ရှိပါပြီ။

၁၉၆၂ ခုနှစ် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦမှ ကျောင်းသားများ တန်းစီလမ်းလျှောက် ဆန္ဒထွက်ပြကြစဉ်

ဒီ ၁၀ နှစ်အတွင်းမှာလည်း ကျောင်းသားလှုပ်ရှားမှုတွေ အချိန်နဲ့အမျှ နေရာဒေသအနှံ့အပြားမှာ ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။ တချို့လှုပ်ရှားမှုတွေက ဒေသဆိုင်ရာအသွင်ဆောင်ပြီး တချို့လှုပ်ရှားမှုတွေက တစ်နိုင်ငံလုံးအတိုင်းအတာ အထိ ကျယ်ပြန့်ပါတယ်။ တချို့လှုပ်ရှားမှုတွေက သက်ဆိုင်ရာကျောင်းထဲမှာပဲ အခြေပြုပါတယ်။ တချို့လှုပ်ရှားမှုကို ကျောင်းသားတွေက ဦးဆောင်ပြီး တချို့လှုပ်ရှားမှုတွေမှာ ကျောင်းသားတွေက နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ပူးတွဲလှုပ်ရှားခဲ့ကြပါတယ်။

၂၀၁၀ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများကို လေ့လာကြည့်တဲ့အခါ အောက်ပါလှုပ်ရှားမှုများကို တွေ့ရပါတယ်။ ကျန်တာတွေလည်း ရှိနိုင်ပါတယ်။

၁။ ၂၀၁၁ မြစ်ဆုံဆည်စီမံကိန်း ကန့်ကွက်လှုပ်ရှားမှု၊
၂။ ၂၀၁၂ လက်ပန်းတောင်းတောင် ကြေးနီသတ္တုတွင်း သပိတ်၊
၃။ ၂၀၁၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု၊
၄။ ၂၀၁၄-၂၀၁၅ အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်ဆန္ဒပြပွဲများ၊
၅။ ၂၀၁၇၊ မတ်လ၊ သူနာပြုတက္ကသ်ိုလ် (ရန်ကုန်) ကျောင်းသားများ ဆန္ဒပြပွဲ၊
၆။ ၂၀၁၇ မွန်ပြည်နယ် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးခြင်း ကန့်ကွက်ဆန္ဒပြပွဲများ၊
၇။ ၂၀၁၈ ကယားပြည်နယ်မှ ဗိုလ်ချုပ်ကြေးရုပ်မထားရှိရေး ကန့်ကွက်ဆန္ဒပြမှုများ၊
၈။ ၂၀၁၈၊ ဒီဇင်ဘာ၊ မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှု၊
၉။ ၂၀၁၉-၂၀၂၀ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုများအား ကန့်ကွက်သည့် လှုပ်ရှားမှု၊
၁၀။ ၂၀၁၉ ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ဒုက္ခသည်များအရေး လှုပ်ရှားမှု၊
၁၁။ ၂၀၁၉၊ စက်တင်ဘာလ၊ မန္တလေးတက္ကသိုလ် ကျောင်းသားများမှ ပါမောက္ခချုပ်ကို ဆန္ဒပြခြင်း၊
၁၂။ ၂၀၁၉၊ အောက်တိုဘာ၊ မုံရွာ အဝေးသင်တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှု၊
၁၃။ ၂၀၂၀၊ ဖေဖော်ဝါရီ၊ မုံရွာတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှု၊
၁၄။ ၂၀၂၀ ရခိုင်ပြည်နယ်မှ စစ်ပွဲများရပ်တံ့ရေး တောင်းဆိုမှုများ၊ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊
၁၅။ ၂၀၁၁-၂၀၂၀ အတွင်း လယ်သမားများ၏ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး လှုပ်ရှားမှုများ၊
၁၆။ ၂၀၁၁-၂၀၂၀ အတွင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် (Freedom of Expression) ဆိုင်ရာ လှုပ်ရှားမှုများ၊
၁၇။ ၂၀၁၁-၂၀၂၀ အတွင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ပူးပေါင်းလှုပ်ရှားမှုများ၊

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအသင်း (AAPP) ကပြုစုထားတဲ့ စာရင်းများအရ ၂၀၂၀ ခုနှစ်အတွင်းမှာ ကျောင်းသားနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း အနည်းဆုံး ၄၉ ဦးဟာ အထက်ဖော်ပြပါ လှုပ်ရှားမှုများမှာ ပါဝင်ခဲ့တာကြောင့် အစိုးရရဲ့ ဖမ်းဆီးအရေးယူခံကြရပြီး အချို့က အကျဉ်းထောင်များထဲမှာ အကျဉ်းကျနေ၊ အချို့က တရားရုံးများမှာ အမှုရင်ဆိုင်နေရ၊ အချို့က ထောင်ကျပြီးတဲ့အပြင် နောက်အမှုတွေအတွက် အကျဉ်းထောင်ထဲကနေ တရားရုံးထွက်၊ အမှုရင်ဆိုင်နေရပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
412
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k

(၆)

ဒီတော့ အစိုးရနဲ့ ကျောင်းသားတွေဟာ အမြဲတမ်းပဲ ဆန့်ကျင်ဘက်တွေ ဖြစ်နေကြမှာလား။ အမြဲတမ်းပဲ ထိပ်တိုက်ရင်ဆိုင်နေကြမှာလား။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတွေကလည်း ကျောင်းသားတွေကို ထောင်ချမှာပဲလား။

၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ဖြိုချဖျက်ဆီးသွားရသော တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး

ဘယ်ခေတ်မှာမဆို၊ ဘယ်လို အစိုးရလက်ထက်မှာ မဆို၊ မတရားမှုတွေ ရှိနေမှာပါ။ မပြည့်စုံတဲ့၊ မတရားတဲ့ ဥပဒေတွေ၊ အမိန့်အာဏာတွေ ရှိနေမှာပါ။ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ ပြောဆိုခွင့်၊ ဖွဲ့စည်းခွင့်၊ ရေးသားခွင့်၊ သတင်းအချက်အလက်ရပိုင်ခွင့်၊ စတဲ့ အခြေခံအခွင့်အရေးတွေကို နိုင်ငံတော်လုံခြုံရေးဆိုတာကို အကြောင်းပြပြီး ထိန်းချုပ်ကန့်သတ်မှုတွေ ရှိနေမှာပါ။

နိုင်ငံရေးသမားတွေထဲမှာလည်း အာဏာမရခင်က တစ်မျိုးပြောပြီး အာဏာရပြီးရင် တစ်မျိုးလုပ်တတ်သူတွေ ရှိနေကြမှာပါ။ အာဏာရှိသူတွေထဲမှာလည်း အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူလူထုကို ဖိနှိပ်တတ်သူတွေ ရှိနေမှာပါ။

ကျောင်းသားတွေမှာလည်း ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အခွင့်အရေးတွေကို အရင်အသုံးမချပဲ ထိပ်တိုက်ရင်ဆိုင်မှုကို ရွေးချယ်ကြသူတွေ၊ စေ့စပ်ညှိနှိုင်းပေမယ့် အခြေအနေအရပ်ရပ်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ တွန်းပို့ခံရသူတွေ ရှိနေမှာပါ။

ပြည်သူတွေကြားထဲမှာလည်း မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားခဲ့ပြီး သူတို့ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ဒေါသနဲ့ ပေါက်ကွဲကြသူတွေ ရှိနေမှာပါ။

ကျောင်းသားတွေမှာလည်း ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အခွင့်အရေးတွေကို အရင်အသုံးမချပဲ ထိပ်တိုက်ရင်ဆိုင်မှုကို ရွေးချယ်ကြသူတွေ၊ စေ့စပ်ညှိနှိုင်းပေမယ့် အခြေအနေအရပ်ရပ်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ တွန်းပို့ခံရသူတွေ ရှိနေမှာပါ။

ပြီးတော့ ဘယ်အမှုကိစ္စကိုမဆို တရားမျှတမှုနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုတဲ့ အမြင်နဲ့ မသုံးသပ်ပဲ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှု သမိုင်းနောက်ခံအကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားခြင်းမရှိပဲ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဆောင်ပုဒ်ကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး တည်ဆဲဥပဒေဆိုတဲ့ ပေတံကြီးတစ်ခုထဲနဲ့ အတိအကျတိုင်းတာလို့ အရေးယူတတ်ကြသူတွေလည်း ရှိနေမှာပါ။

ဒါကြောင့် အပေါ်က မေးခွန်းတွေကို ဖြေရရင် ဘယ်ခေတ်မှာမဆို “ပြည်သူလူထူရဲ့ နာကျင်မှုတွေကို မျှဝေခံစားတတ်တဲ့၊ ပြည်သူတွေရဲ့ အကျိုးစီးပွါးကို ဆောင်ရွက်ပေးချင်ကြတဲ့ ကျောင်းသားတွေ ရှိနေသမျှ” အစိုးရနဲ့ ကျောင်းသားတွေဟာ အတိုင်းအတာတစ်ခုအထိ ဆန့်ကျင်ဘက်တွေ ဖြစ်နေကြပါလိမ့်မယ်။ မကြာခဏ ထိပ်တိုက်ရင်ဆိုင်တွေ့စရာ အကြောင်းတွေ ရှိနေပါလိမ့်မယ်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတွေကလည်း ကျောင်းသားတွေကို တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ကြီးအောက်မှာ တည်ဆဲဥပဒေ ပေတံကြီးနဲ့ တိုင်းတာပြီး အရေးယူပါလိမ့်မယ်။

(၇)

အဲဒီ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အမြင်မတူကြသူတွေ အများကြီး ရှိပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ကျောင်းသားတွေဟာ အစိုးရကို အကြပ်အတည်းဖြစ်အောင် မလုပ်သင့်ဘူး၊ မဝေဘန်သင့်ဘူးလို့ မြင်ကြသူတွေ အများကြီးရှိပါလိမ့်မယ်။

ဒါပေမယ့် ဒီကျောင်းသားလေးတွေဟာ ခင်ဗျားတို့၊ ကျနော်တို့ရဲ့ သားတွေ၊ သမီးတွေပါ၊ ညီတွေ၊ ညီမတွေပါ။ တူတွေ၊ တူမတွေပါ။ သူတို့ဟာ စာသင်ခန်းထဲမှာ သက်တောင့်သက်သာနဲ့ မိဘပေးတဲ့ မုန့်ဘိုးပိုက်ဆံကို ဖြုန်းပြီး၊ ရီးစားထားပြီး၊ ရုပ်ရှင်ကြည့်ပြီး ဘဝကို သာသာယာယာနေနိုင်ခဲ့ကြသူတွေပါ။

ဒီကနေ့ နိုင်ငံရေးစင်မြင့်ပေါ်မှာ သင်ကြားပြသနေတဲ့ “ကိုယ့်ကိုယ်ကို ဂရုစိုက်၊ ပညာတွေတတ်အောင်သင်၊ နိုင်ငံခြားသွားပြီး ဘွဲ့ထပ်ယူ၊ စီးပွါးရေးကောင်းအောင်လုပ်၊ လူကြီးတွေ ချစ်အောင်နေ၊ အချိန်တန်ရင် ဝန်ကြီးဖြစ်လိမ့်မယ်” ဆိုတဲ့ ၂၁ ရာစု နိုင်ငံရေးအာဏာ လမ်းပြမြေပုံကိုလည်း သူတို့ ငြင်းပယ်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလမ်းကို သူတို့ ငြင်းပယ်ခဲ့ကြပါတယ်။

ဒီကနေ့ နိုင်ငံရေးစင်မြင့်ပေါ်မှာ သင်ကြားပြသနေတဲ့ “ကိုယ့်ကိုယ်ကို ဂရုစိုက်၊ ပညာတွေတတ်အောင်သင်၊ နိုင်ငံခြားသွားပြီး ဘွဲ့ထပ်ယူ၊ စီးပွါးရေးကောင်းအောင်လုပ်၊ လူကြီးတွေ ချစ်အောင်နေ၊ အချိန်တန်ရင် ဝန်ကြီးဖြစ်လိမ့်မယ်” ဆိုတဲ့ ၂၁ ရာစု နိုင်ငံရေးအာဏာ လမ်းပြမြေပုံကိုလည်း သူတို့ ငြင်းပယ်ခဲ့ကြပါတယ်။

ပြည်သူတွေရဲ့ အပူသောကကို မျှဝေခံစားပြီး ပြည်သူတွေရဲ့ အကျိုးစီးပွါးအတွက် ဒီလှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ခဲ့ကြသူတွေပါ။

၂၀၁၅ မတ်လအတွင်း ပဲခူးတိုင်း လက်ပံတန်းမြို့အနီး ဆန္ဒပြကျောင်းသားများအား ရဲက အင်အားသုံး ရိုက်နှက်ဖြိုခွင်းစဉ်/ ဧရာဝတီ

ကျောင်းသားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ကျနော်ကတော့ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု နှစ် ၁၀၀ ပြည့်တဲ့နှစ်၊ ၂၀၂၀ ခုနှစ်မှာ ယုံကြည်ချက်အတွက် အကြမ်းမဖက်တိုက်ပွဲဝင်ရင်း မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်းမှာ အကျဉ်းကျနေတဲ့၊ မြန်မာနိုင်ငံအနှံ့အပြားက တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတဲ့ အောက်ပါ ကျောင်းသားများနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းများကို အလေးအနက် ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။ (ကျန်ရစ်ခဲ့သူတွေရှိရင်၊ နံမည်တွေ မှားယွင်းဖော်ပြမိရင်လည်း ခွင့်လွှတ်ကြပါ။)

ပိုင်ဖြိုးမင်း (ခေါ်) ဒီရေ၊ ဇေယျာလွင်၊ ပိုင်ရဲသူ၊ လင်းထက်နိုင် (ခေါ်) အောင်သန့်ဇင်ဦး၊ မျိုးချစ်ဇော် (ခေါ်) ဘချစ်၊ ကောင်းထက်ကျော်၊ ဇေယျ၊ ရန်ပိုင်ထက်၊ စိုင်းမြတ်မင်း၊ စိုင်းသူမွန်၊ ကျော်ကိုကို၊ ထင်အောင်၊ အောင်မှိုင်းဆန်း၊ သူရလင်း၊ အောင်မျိုးကို၊ ရှိုင်းဝဏ္ဏအောင်၊ ဟိန်းထက်အောင်၊ တိုးတိုးအောင်၊ ကျော်နိုင်ဋ္ဌေး၊ သန်းနိုင်၊ ဝေယံဖြိုးမိုး၊ ပိုင်မင်းခန့်၊ နီလာသိန်း၊ နန်းလင်း၊ နိုင်ကိုသူ၊ မင်းဟန်ထက်၊ နေရဲစိုး၊ ရီဖုန်းနေ၊ သဲမိုးဦး၊ ချစ်လွန်းသူ၊ ပြည့်စုံအောင်၊ ရန်ပိုင်စိုး၊ သီဟကျော်၊ ပြည့်ဖြိုးမောင်မောင်၊ ညီလင်းထင်၊ သန်းတိုးအောင်၊ စိုင်းလင်းကို၊ အောင်သူဟိန်း၊ လင်းသူရကို၊ စိုးလှနိုင်၊ ကျော်သီဟရဲကျော်၊ သက်မောင်မောင်၊ ညီညီမင်းထက်ဝေ၊ အောင်ခိုင်မင်း၊ လှထွန်းအောင်၊ ရဲရင့်အောင်၊ ရဲရန်နိုင်၊ ထက်အောင်၊ ကျော်ရဲသူ၊

(အောင်ဒင်သည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ခဲ့သည်။)

You may also like these stories:

NLD ကို ချစ်လို့ပြောတယ် မှတ်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဇေယျာလွင်ကို တပ်မတော်က ထပ်မံတရားစွဲ

တာရာမင်းဝေကို သတိရခြင်း

Your Thoughts …
Tags: ကျောင်းသားလှုပ်ရှားမှုရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အနှစ် ၁၀၀ ပြည့်တဲ့ ခွပ်ဒေါင်းအမျိုးသားနေ့
အောင်ဒင်

အောင်ဒင်

Contributor

Similar Picks:

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

by Shafquat Rabbee
15 August 2024
2.1k

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားက ဟာစီနာကို ဖြုတ်ချခြင်းသည် ဒုတိယ လွတ်လပ်ရေး ရခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။

၁၉၂၀ ကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင် / ဂျေပိုင် / ဧရာဝတီ

အမျိုးသားအောင်ပွဲနေ့

by ဇော်ဂျီ
24 November 2016
29.3k

ဗြိတိသျှအစိုးရ၏ အာဏာကို ဖီဆန်လိုသော သဘောဖြင့် ၁၉၂၀ ပြည့်နှစ်က ကျောင်းသားများ သပိတ်မှောက်သည့်နေ့ကို အကြောင်းပြု၍ အမျိုးသားနေ့ဟူ၍ သတ်မှတ်လိုက်သည်။

တက္ကသိုလ် အက်ဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ ပထမကျောင်းသား သပိတ်

ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့ပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားနေ့

by ညီညီသူ
21 November 2019
17.8k

ကျောင်းသားသပိတ်ကနေ ရရှိခဲ့တဲ့ အမြတ်အစွန်းကတော့ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ အမျိုးသားကျောင်း အများအပြား ပေါ်ပေါက်လာတာပါ။

သပိတ်မှောက် ကျောင်းသားကြီးများ သစ္စာ အဓိဌာန် ပြုရာ ရွှေတိဂုံ အနောက်တောင် ထောင့်တွင် စိုက်ထူထားသော အထိမ်းအမှတ် ကျောက်တိုင်(ဓာတ်ပုံ - Danburg Murmur)

အမျိုးသားနေ့နဲ့ အမျိုးသားရေး ပြဿနာများ

by လှကွန့်
13 November 2017
4.5k

အမျိုးသားနေ့နဲ့ အမျိုးသားရေး ပြဿနာများဟာ တခုနဲ့တခု ခေါင်းနဲ့ပန်းလို အပြန်အလှန် ပတ်သက် ဆက်နွယ်မှု ရှိနေတယ် ဆိုတာ သမိုင်းက သက်သေခံနေတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ထိုင်ဝမ် အမျိုးသားနေ့ကို ထိုင်ပေတွင် ကျင်းပခဲ့စဉ် / CNA

ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်ပြောဆိုမှု အရာမထင်

by ဧရာဝတီ
15 October 2020
37k

ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်နိုင်ငံကပြောကြားလေလေ အခြားနိုင်ငံများက ထိုင်ဝမ်ကို နိုင်ငံတခုအဖြစ် ပိုမိုဆက်ဆံလေလေဖြစ်နေသည်။

Next Post
အင်္ဂလန်ရဲ့ ဒုတိယအကြိမ် Lockdown ကာလမှာ ကူးစက်မှုနှုန်း လျော့ကျလာတာကို တွေ့ရပါတယ်။

ယူကေမှာ Lockdown ကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာ

“နို့ဘီလူး” ရုပ်ရှင်

“နို့ဘီလူး” ရုပ်ရှင် နိုင်ငံတကာမှာ ဆုများရရှိရန် ထပ်မံ ယှဉ်ပြိုင်သွားမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved