• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်ပြောဆိုမှု အရာမထင်

by ဧရာဝတီ
15 October 2020
in ဆောင်းပါး
A A
၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ထိုင်ဝမ် အမျိုးသားနေ့ကို ထိုင်ပေတွင် ကျင်းပခဲ့စဉ် / CNA

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ထိုင်ဝမ် အမျိုးသားနေ့ကို ထိုင်ပေတွင် ကျင်းပခဲ့စဉ် / CNA

37k
VIEWS
Share on FacebookShare on Twitter

ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်နိုင်ငံကပြောကြားလေလေ အခြားနိုင်ငံများက ထိုင်ဝမ်ကို နိုင်ငံတခုအဖြစ် ပိုမိုဆက်ဆံလေလေဖြစ်နေသည်။

ထိုင်ဝမ်ကို နိုင်ငံတခုအဖြစ် ရည်ညွှန်းသုံးစွဲခြင်း မပြုရန်နှင့် ဆိုင်းအင်းဝမ်ကို ထိုင်ဝမ်သမ္မတအဖြစ် မသတ်မှတ်ရန် စနေနေ့က ကျင်းပသည့် ထိုင်ဝမ်အမျိုးသားနေ့မတိုင်မီ အိန္ဒိယနိုင်ငံရှိ တရုတ်သံရုံးက အိန္ဒိယမီဒီယာများကို ပြောကြားသည့် စာတစောင်ကို ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံသားများကမူ ထိုင်ဝမ်အမျိုးသားနေ့အတွက် #TaiwanNationalDay ဟု လူမှုကွန်ရက်တွင် ရိုက်တင်ကြပြီး တရုတ်သံရုံးပြင်ပတွင် ထိုင်ဝမ်အလံများထောင်ကာ တုံ့ပြန်ခဲ့သည်။

ဝင်ရောက်သိမ်းပိုက်မှုဆီ ဦးတည်စေနိုင်သည်ဟု ဘေ့ဂျင်းက သတိပေးထားသည့် ထိုင်ဝမ်လွတ်လပ်ရေးနေ့ မဟုတ်ဘဲ ထိုင်ဝမ်အမျိုးသားနေ့သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်တွင် နောက်ဆုံးပဒေသရာဇ်မင်းဆက်ကို ၁၉၁၁ ခုနှစ်က အုံကြွသည့် အထိမ်းအမှတ်ဖြစ်သည်။ ထိုအုံကြွမှုကြောင့် တရုတ်သမ္မတနိုင်ငံပေါ်ပေါက်လာပြီး တရုတ်နိုင်ငံကို ကွန်မြူနစ်မျာကး သိမ်းပိုက်သောအခါ ထိုနိုင်ငံကို ခေါင်းဆောင်ချန်ကေရှိတ်က ထိုင်ဝမ်သို့ လွန်ခဲ့သော ဆယ်စုနှစ် ၇ ခုက ယူဆောင်လာခဲ့သည်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ထိုင်ဝမ် အမျိုးသားနေ့တွင် ဆိုင်းအင်ဝမ်း မိန့်ခွန်းပြောခဲ့စဉ်/ CNA

ယနေ့ထိုင်ဝမ်တွင် နေထိုင်သူ လူဦးရေ ၂၄ သန်းရှိ ဒီမိုကရေစီစနစ်တခုအတွက် တရုတ်သမ္မတနိုင်ငံသည် သမိုင်း၏ အကြွင်းအကျန်သာ ဖြစ်နေသည်။ တရုတ်ပြည်မကြီးကို ပြန်လည်သိမ်းပိုက်မည့် ချန်ကေရှိတ်၏ ရည်မှန်းချက်ကို ထိုင်ဝမ်က စွန့်လွှတ်ထားပြီး ထိုင်ဝမ်သားများသည် တရုတ်နိုင်ငံနှင့် ပြန်လည်ပေါင်းစည်းရေးကိုလည်း မလိုလားကြောင်း လူထုသဘောထား စစ်တမ်းများက ပြသနေသည်။

သို့သော် တရုတ်သမ္မတနိုင်ငံ အမျိုးသားနေ့ကို ကျင်းပခြင်းသည် ဆိုင်းအင်ဝမ်းအစိုးရအတွက် သေနင်္ဂဗျူဟာအရ အသုံးဝင်သည်။ သူမ၏ အစိုးရသည် တရားဝင် လွတ်လပ်ရေးပြဿနာကို ဘေးဖယ်ထားကာ တရုတ်နိုင်ငံနှင့် ပဋိပက္ခမဖြစ်ဘဲ ထိုင်ဝမ်၏ ထူးခြားသော နိုင်ငံရေးနှင့် ယဉ်ကျေးမှုလက္ခဏာကို ဖန်တီးရန် အကာအကွယ်ရစေသည်။ ထိုသို့ဖြစ်သောကြောင့် ထိုင်ဝမ်ကို ကွန်မြူနစ်ပါတီအုပ်ချုပ်ရေးအောက် ထည့်သွင်းမည့် ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကို ထိခိုက်စေသည်။

ထိုင်ဝမ်သည် တရုတ်န်ိုင်ငံ၏ ကန့်သတ်ချက်များအောက်တွင် နေရာပိုမိုရှာဖွေရာတွင် ကျွမ်းကျင်လာသည်ဟု နော်တင်ဟန်အေးရှား သုတေသန အင်စတီကျု University of Nottingham Asia Research Institute မှ တရုတ်အစီအစဉ် ညွှန်ကြားရေးမှူး ဂျိုနသန် ဆူလီဗန်ပြောသည်။ “တရားဝင်လွတ်လပ်ရေးကို ကြေညာတာထက် ပိုမိုပျော့ပျောင်းအလုပ်ဖြစ်တဲ့ နည်းလမ်းကို ရှာဖို့ ခက်တယ်” ဟု သူပြောသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ထိုင်ဝမ် အမျိုးသားနေ့ကို ထိုင်ပေတွင် ကျင်းပခဲ့စဉ်/ CNA

ကွန်မြူနစ်ပါတီက လေသံပိုပြင်းလာပြီး ထိုင်ဝမ်ကို တရုတ်နှင့် ပိုမိုဝေးကွာအောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ဆိုင်းအင်ဝမ်းကို သတိပေးလာကာ စစ်ရေးတင်းမာမှုသည် မကြာသေးမီက မြင့်မားလာနေပြီး တရုတ် ဂျက်တိုက်လေယာဉ်များသည် ထိုင်ဝမ်နှင့် ပိုမိုနီးကပ်စွာ လှုပ်ရှားလာသည်။ ဆိုင်းအင်ဝမ်းအစိုးရသို့ လက်နက်များရောင်းချခြင်းကို အဆင့်မြှင့်တင်လာပြီး ကမ္ဘာတဝန်းကူးစက်ရောဂါနှင့် စီးပွားရေးဆက်ဆံမှုများကို ဆွေးနွေးရန် ဆယ်စုနှစ်များစွာအတွင်း အဆင့်အမြင့်ဆုံး အရာရှိများကို ထိုင်ဝမ်သို့စေလွှတ်သည့် ထရမ့်အစိုးရကြောင့် တရုတ်ကွန်မြူနစ်ပါတီသည် ပိုမိုဒေါသထွက်လာသည်။

စနေနေ့က ကျင်းပသည့် ထိုင်ဝမ်အမျိုးသားနေ့တွင် ပြောကြားသည့် ဆိုင်းအင်ဝမ်း၏ မိန့်ခွန်းတွင် တရုတ်နိုင်ငံနှင့် ဆွေးနွေးရန်တောင်းဆိုပြီး ထိုင်ဝမ်ကျွန်းကို ကာကွယ်ရန် ကတိပြုသည်။

“ကျမတို့က အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတွေကို လုပ်ဖို့ စိတ်အားထက်သန်တယ်” ဟု ဆိုင်းအင်ဝမ်းကပြောကြားပြီး “အားနည်းချက်ကိုပြသခြင်းနှင့် အလျှော့ပေးခြင်းသည် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမည် မဟုတ်”ဟုလည်း ဆိုသည်။

ထိုသို့ပြောကြားခြင်းသည် နှစ်ပေါင်းများစွာအတွင်း ဆိုင်းအင်ဝမ်း၏ အပျော့ပျောင်းဆုံးသော စကားဖြစ်ကြောင်း ယခင်လောက်မောက်မာခြင်း မရှိကြောင်း ကွန်မြူနစ်ပါတီက ထုတ်ဝေသည့် ဂလိုဘယ်တိုင်းမ် သတင်းစာ အယ်ဒီတာ ဟူရှီကျင် ရေးသားသည်။ သူ၏သတင်းစာမှ ဖြန့်ချိနေသည့် တရုတ်နိုင်ငံမှ စစ်ရေးခြိမ်းခြောက်မှု ပိုမိုကြီးမားလာခြင်းကြောင့် ထိုသို့လေသံပြောင်းသွားကြောင်း သူပြောသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ထိုင်ဝမ် အမျိုးသားနေ့ကို ထိုင်ပေတွင် ကျင်းပခဲ့စဉ်/ CNA

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ခြိမ်းခြောက်ရန် အင်အားအသုံးပြုမည့် ခြိမ်းခြောက်မှု ပြုလုပ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ ၁၉၉၀ ခုနှစ်များက ထိုင်ဝမ်ခေါင်းဆောင် လီတန်ဟွေးကို ကော်လ်နဲ တက္ကသိုလ်တွင် မိန့်ခွန်းပြောခွင့်ပေးသောကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းမကြီးအနီးရေပြင်သို့ ဒုံးကျည်များပစ်ခတ်ခဲ့သည်။ ထိုင်ဝမ်နှင့် တရုတ်အကြား နိုင်ငံချင်းဆက်ဆံရေး ထူထောင်ရန် သူ၏ အဆိုပြုချက်ကြောင့်လည်း တရုတ်ကဒေါသထွက်ခဲ့သည်။

ထိုင်ဝမ်သည် ချန်ကေရှိတ်၏ ကူမင်တန်ပါတီက တရုတ်သမ္မတနိုင်ငံ အမည်ဖြင့် ချမှတ်ခဲ့သည့် တရုတ်အမျိုးသားလက္ခဏာမှ ပိုမိုလမ်းခွဲလာသောကြောင့် အခြေအနေများမှာ ပြောင်းလဲလာပြီဖြစ်သည်။ ယခုအခါ ဆိုင်းအင်ဝမ်းနှင့် သူမ၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်သောပါတီမှ အရာရှိများက ထိုင်ဝမ်သည် နိုင်ငံတခုဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပိုမိုသုံးစွဲလာကြသည်။ ”ကျမတို့က လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်လို့ ကြေညာစရာ မလိုဘူး။ ကျမတို့က လွတ်လပ်တဲ့နိုင်ငံဖြစ်ပြီးသား။ ကျမတို့ကိုယ်ကျမတို့ တရုတ်သမ္မတနိုင်ငံ ထိုင်ဝမ်လို့ခေါ်တယ်” ဇန်နဝါရီလက ရွေးကောက်ပွဲတွင် အပြတ်အသတ် ထပ်မံ အနိုင်ရပြီးနောက် ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူပြောသည်။

ထိုင်ဝမ်သားအများအပြားအတွက် တရုတ်သမ္မတနိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် ဂျပန်လက်နက်ချပြီးနောက် ကူမင်တန်ပါတီရောက်ရှိလာသောအခါ ပြည်ပကျူးကျော်မှုနှင့် တူနေသည်။ ကူမင်တန်ကို အကြမ်းဖက်အုံကြွသောကြောင့် လွတ်လပ်သော ထိုင်ဝမ်ကို စီမံရမည့်သူများဖြစ်သော ဂျပန်ကလေ့ကျင့်ပေးထားသည့် အစိုးရဝန်ထမ်းများ၊ ရှေ့နေများ၊ ဆရာဝန်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

ထိုင်ဝမ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ဖြစ်ပေါ်လာသော ရွေးကောက်ပွဲများမတိုင်မီက တပါတီ စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်များစွာ နေခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်တွင် ကူမင်တန် မဟုတ်သည့် ပထမဆုံးခေါင်းဆောင်ကို ရွေးချယ်ခဲ့သည်။ ၂၀၁၆ ခုနှစ်က ရာထူးလက်ခံမိန့်ခွန်းတွင် ဆိုင်းအင်ဝမ်းက တရုတ်သမ္မတနိုင်ငံကို ထိုင်ဝမ်ပြည်သူများက ထိန်းချုပ်ထားခြင်းကို ချီးကျူးဂုဏ်ပြုခဲ့သည်။ “ချစ်စွာသော ထိုင်ဝမ်သားတို့ ကျမတို့ ဒီလိုလုပ်နိုင်ခဲ့ပြီ” ဟု ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208



ထိုင်ဝမ်ရဲ့ အမျိုးသားနေ့ (ရုပ်/သံ)

ဆိုင်းအင်ဝမ်းအစိုးရသည် ယခုနှစ်တွင် နိုင်ငံကူးလက်မှတ်တွင် တရုတ်သမ္မတနိုင်ငံဆိုသောစကားလုံးကို ပိုမိုသေးငယ်အောင်လုပ်ပြီး ထိုင်ဝမ်ဟူသော စကားလုံးကို ပိုမိုကြီးမားအောင်ပြုလုပ်ကာ ထိုင်ဝမ်အမျိုးသားရေးလက္ခဏာကို ပိုမိုခိုင်မာအောင် ထူထောင်နိုင်ခဲ့သည်။ တချိန်တည်းတွင် ထိုင်ဝမ်အမျိုးသားရေးလက္ခဏာကို ထောက်ခံသော ပြည်သူများသည် တရုတ်သမ္မတနိုင်ငံ၏ အထိမ်းအမှတ်များဖြစ်သည့် အလံတော်ကဲ့သို့သော အထိမ်းအမှတ်များအတွက် ဂုဏ်ယူကြကြောင်း ဆက်တင်ဟော Seton Hall တက္ကသိုလ်မှ ဥပဒေပါမောက္ခ မာဂရက်လူးဝစ်ပြောသည်။

“အတိတ်ကသင်္ကေတတွေဟာ ယနေ့မှာ သစ်လွင်ပြီး ရှုပ်ထွေးတဲ့ အဓိပ္ပါယ်တွေ ဆောင်လာကြပြီ” ဟုလည်း သူရေးသားသည်။

ထိုသို့ ပိုမိုကျယ်ပြန့်လာသည့် အပြောင်းအလဲသည် တရုတ်နှင့် ထိုင်ဝမ်ကို စစ်မတိုက်ဘဲ အတင်းအကျပ် ပေါင်းစည်းမည့် ရှီကျင့်ဖျင်၏ စီမံကိန်းအတွက် အလားအလာ မကောင်းပေ။ ထိုအချက်ကို လေ့လာသူအချို့က လွန်စွာစိုးရိမ်နေသည်။

“စစ်အင်အား ချိန်ခွင်ကလွဲလို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ဘေ့ဂျင်း) ကဖြစ်ချင်တဲ့လမ်းကြောင်းအတိုင်း ဖြစ်နေတာ တခုမှ မရှိဘူး။ ဒါကြောင့် ကျနော် စိတ်လှုပ်ရှားမိတယ်” ဟု နော်တင်ဟန်တက္ကသိုလ်မှ ဆူလီဗန် ပြောသည်။

(Bloomberg မှ Chris Horton ၏ China’s insistence that Taiwan isn’t a country starts backfiring ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်စစ်ရေးလေ့ကျင့်မှုများက ထိုင်ဝမ်လုံခြုံရေးကို ခြိမ်းခြောက်နေ

တရုတ်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့သည့် လေယာဉ်မှူးများကို ထိုင်ဝမ်သမ္မတချီးကျူး

တရုတ်နဲ့ ဝေးရာ နေရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် မြှူဆွယ်

Your Thoughts …
Tags: ROCဆိုင်းအင်ဝမ်းတရုတ်သမ္မတနိုင်ငံထိုင်ဝမ်အမျိုးသားနေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6.1k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

by Song Danyang
18 January 2024
5.1k

တရုတ်၏ ခွင့်ပြုချက်မရဘဲ ထိုဒေသများကို ထိန်းချုပ်ရေး ခက်ခဲသည်ကို စစ်ကောင်စီတပ်များ သဘောပေါက်သောအခါ စိတ်ဓာတ်ကျဆင်းခဲ့မည်။

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

by Ankit K
11 March 2025
4.7k

ထိပ်ဆုံးမှ ထိုအပြောင်းအလဲများက သမ္မတ ရှီကျင့်ဖျင်သည် သူ ဆယ်စုနှစ်တခုကျော် ကွပ်ကဲခဲ့သောစစ်တပ်ကို ပြုပြင်ရန် မလုပ်နိုင်ကြောင်း ပြသနေသည်။

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

by Vaishali Basu Sharma
9 September 2024
3.2k

ပိုမိုအရှိန်အဝါ ကြီးမားလာပြီး သြဇာပြလာသည့် တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့် စစ်ရေးအင်အားများကို ပိုမိုပြသလာကာ တင်းမာမှုများကို မြင့်လာစေသည်။

Next Post
အဖမ်းမခံရခင် UDP ပါတီ ရုံးချုပ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ

ဦးကျော်မြင့် ပိုင်ဆိုင်မှုများ တရုတ်မှ တရားမဝင် ငွေများဖြစ်နေ

တောင်ကိုရီးယားမှာ နိုင်ငံတကာဆုရ အားကစားသမားတွေနဲ့ ဂန္တဝင်အနုပညာရှင်တွေအတွက် စစ်မှုထမ်း ကင်းလွတ်ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေကို ပေးလေ့ ရှိပါတယ်။

K-pop အနုပညာရှင်များ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့်ကို နိုင်ငံသား ၆၀ ရာခိုင်နှုန်း ထောက်ခံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved