တိုက်ခိုက်မှုတခုကို တွန်းလှန်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း ကျွန်းအနီးချဉ်းကပ်လာသည့် တရုတ်ဂျက်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့သည့် လေတပ်လေယာဉ်မှူးများ၏ သူရဲကောင်းပီသသော တာဝန်ထမ်းဆောင်မှုကို ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက ချီးကျူးပြောကြားလိုက်သည်။
တရုတ်နိုင်ငံနှင့် ထိုင်ဝမ်အကြား တင်းမာမှုမှာ နှစ်ပေါင်းများစွာအတွင်း အမြင့်မားဆုံးရောက်နေပြီး ထိုင်ဝမ်တိုက်လေယာဉ်များသည် တရုတ်လေယာဉ်များကို ကြားဖြတ်ဟန့်တားရန် လွန်ခဲ့သောအပတ်က လုပ်ဆောင်ခဲ့ရသည်။
နှစ်ဖက်ကို ခွဲခြားထားသည် အရေးပါသော ထိုင်ဝမ်ရေလက်ကြားမှ ပန်ဂူကျွန်းရှိ အဓိကလေတပ်စခန်းတခုသို့ သွားရောက်စဉ် ဆိုင်းက တရုတ်လေယာဉ်များကို ကြားဖြတ်ဟန့်တား မောင်းထုတ်ခဲ့သည့် လေယာဉ်မှူးများနှင့် အင်ဂျင်နီယာများ၏ သူရဲကောင်းပီသသော လုပ်ရပ်ကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
“ကျမက ရှင်တို့အပေါ်မှာ ယုံကြည်မှုအများကြီးရှိတယ်။ တရုတ်သမ္မတနိုင်ငံ ရဲ့ စစ်သားတွေအနေနဲ့ ရန်သူတွေ ကျမတို့လေပိုင်နက်အနီးမှာ လာဟန်ရေးပြနေတာကို ခွင့်မပြုနိုင်ဘူး” ဟု ထိုင်ဝမ်၏ တရားဝင်အမည်ကို အသုံးပြုပြောကြားသည်။
“မကြာသေးမီရက်တွေအတွင်း ကျွန်းကိုဝိုင်းပတ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ ကွန်မြူနစ်လေယာဉ်တွေရဲ့ ရန်စတဲ့ အပြုအမူကို ရင်ဆိုင်ရတဲ့ ဝေဟင်ပိုင်နက်ရှေ့တန်းက ရှင်တို့ရဲ့တာဝန်ဟာ အရမ်းကို လေးလံတယ်ဆိုတာ ကျမ အသိအမှတ်ပြုတယ်”
“မကြာသေးမီရက်တွေအတွင်း ကျွန်းကိုဝိုင်းပတ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ ကွန်မြူနစ်လေယာဉ်တွေရဲ့ ရန်စတဲ့ အပြုအမူကို ရင်ဆိုင်ရတဲ့ ဝေဟင်ပိုင်နက်ရှေ့တန်းက ရှင်တို့ရဲ့တာဝန်ဟာ အရမ်းကို လေးလံတယ်ဆိုတာ ကျမ အသိအမှတ်ပြုတယ်” ဟုလည်း သူပြောသည်။
F-CK-1 Ching-kuo Indigenous Defence Fighters (IDF) ဒေသခံကာကွယ်ရေး တိုက်လေယာဉ်များကို ၁၉၉၇ ခုနှစ်က စတင်အသုံးပြုသည့် ထိုစစ်အခြေစိုက်စခန်းသည် တရုတ်စစ်ရေးကျူးကျော်မှုများကို တု့န်ပြန်ရမည့် ရှေ့တန်းစခန်းဖြစ်သည်။
တရုတ်လေယာဉ်များကိုတွေ့ရှိပြီးနောက် တိုက်လေယာဉ်များကိုစေလွှတ်ရန် အချိန် ၅ မိနစ်သာရကြောင်း ထိုလေယာဉ်အုပ်စုမှ အဆင့်မြင့်အရာရှိများအနက် တဦးဖြစ်သော ဝန်ချာချူက ရိုက်တာသတင်းဌာနသို့ပြောသည်။
“ခြိမ်းခြောက်မှု ရှိနေသမျှကာလပတ်လုံး ကျနော်တို့ ဝေဟင်ပိုင်နက်ကို အချိန်နဲ့တပြေးညီ ကာကွယ်သွားမယ်” ဟုလည်း သူပြောသည်။
အခြားအမည်မဖေါ်လိုသော အရာရှိတဦးကလည်း ဖန်ဂူအခြေစိုက် တိုက်လေယာဉ်များသည် တင်းမာမှုမြင့်မားနေသောကြောင့် နေ့စဉ်နီးပါး လှုပ်ရှားပျံသန်းနေကြောင်းပြောသည်။
ထိုင်ဝမ်လေတပ်သည် ၂၀၁၈ ခုနှစ်က စတင်အသုံးပြုသော ဝေဟင်မှ မြေပြင်ပစ် Wan Chien ဒုံးကျည်များကိုလည်း ပြသထားပြီး တိုက်လေယာဉ်များမှ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်) ပစ်ခတ်နိုင်သဖြင့် တရုတ်စစ်ဖက်အဆောက်အအုံများနှင့် ချဉ်းကပ်လာသော သင်္ဘောများကို ပစ်ခတ်နိုင်သည်။
သီးခြားသတင်းတပုဒ်အရ ကာကွယ်ရေးဝန်ကြီး ယန်တာဖ သည် ထိုင်ဝမ်လေတပ်စခန်းများ၊ ရေတပ်နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တပ်ဖွဲ့များပါဝင်သည့် လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သောစစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခဲ့ကြောင်း သိရသည်။
“ရန်သူရဲ့ခြိမ်းခြောက်မှုက တနေ့ထက်တနေ့ပိုမိုကြီးထွားနေတယ်။ ဘာအတွက်မှ ရန်သူကို စည်းကျော်ခွင့်ပေးမှာမဟုတ်ဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှု၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ကာကွယ်သွားမယ်”
“ရန်သူရဲ့ခြိမ်းခြောက်မှုက တနေ့ထက်တနေ့ပိုမိုကြီးထွားနေတယ်။ ဘာအတွက်မှ ရန်သူကို စည်းကျော်ခွင့်ပေးမှာမဟုတ်ဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှု၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ကာကွယ်သွားမယ်” ဟုလည်း သူပြောသည်။
တရုတ်လေယာဉ်များသည် ထိုင်ဝမ်ကျွန်းပေါ်မှ ပျံသန်းခြင်း မရှိသော်လည်း လွန်ခဲ့သောအပတ်အတွင်း နှစ်ဖက် စစ်လေယာဉ်များအကြား တရားမဝင် နယ်နိမိတ်ဖြစ်သည့် ထိုင်ဝမ်ရေလက်ကြားအလယ်စည်းကို ထူးထူးခြားခြား ဖြတ်ကျော်ခဲ့သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထို ရေလက်ကြား အလယ်မျဉ်းမရှိကြောင်း တနင်္လာနေ့တွင် ပြောကြားပြီး ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူ၏ ပြောဆိုချက်ကို ရှုတ်ချလိုက်သည်။
ထိုအလယ်မျဉ်းသည် စစ်ရေးပဋိပက္ခရှောင်ရှားနိုင်ရေး အရေးပါသော သင်္ကေတဖြစ်ကြောင်း တိုင်ပေတွင် ဝူက အင်္ဂါနေ့တွင်ပြောသည်။
“တရုတ်နိုင်ငံရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး တရုတ်အစိုးရရဲ့ လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ကျနော်တို့ တောင်းဆိုတယ်” ဟုလည်းသူပြောသည်။
စီးပွားရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကိတ် ခရာ့ချ်က လွန်ခဲ့သော အပတ်အတွင်း တိုင်ပေသို့ သွားရောက်ခြင်းအပါအဝင် ထိုင်ဝမ်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံမှုများ တိုးမြှင့်လိုက်သောကြောင့် တရုတ်နိုင်ငံသည် ဒေါသထွက်နေသည်။
ထိုင်ဝမ်တိုက်လေယာဉ်များသည် ယခုနှစ်အတွင်း တရုတ်လေယာဉ်များကို အကြိမ်များစွာ ကြားဖြတ်ဟန့်တားခဲ့ရသည်။
ကိုးကား။ ။ Reuters
You may also like these stories:
“ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရန် ထိုင်ဝမ်သမ္မတ တိုက်တွန်း
တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုများတွင် ရေငုတ်သင်္ဘောတိုက်ဖျက်ရေးကို အဓိကထား