• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုများတွင် ရေငုတ်သင်္ဘောတိုက်ဖျက်ရေးကို အဓိကထား

by ဧရာဝတီ
22 September 2020
in သတင်း
A A
ဇူလိုင် ၂၁ ရက် ဖိလစ်ပိုင်ပင်လယ်တွင် ပြုလုပ်သော အမေရိကန်၊ ဩစတြေးလျနှင့် ဂျပန် ရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု / U.S. Navy

ဇူလိုင် ၂၁ ရက် ဖိလစ်ပိုင်ပင်လယ်တွင် ပြုလုပ်သော အမေရိကန်၊ ဩစတြေးလျနှင့် ဂျပန် ရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု / U.S. Navy

17.2k
VIEWS
Share on FacebookShare on Twitter

ဇူလိုင်လမှ စက်တင်ဘာလအထိ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။ မြင့်မားနေသည့် တင်းမာမှုများကို ကမ္ဘာက အနီးကပ်စောင့်ကြည့်နေပြီး စစ်ဖက်ကျွမ်းကျင်သူများကလည်း ထို အပြိုင်ပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုများ၏ သဘောသဘာဝကို လေ့လာနေခဲ့သည်။

ထိုသို့ လေ့ကျင့်မှုများကို အနီးကပ်စောင့်ကြည့်ခြင်းသည် အမှန်တကယ် ပဋိပက္ခဖြစ်ပွားလျှင် နှစ်ဖက်တပ်များမည်သို့ပြုမူရန် ရည်ရွယ်သည်ကို နားလည်စေနိုင်သောကြောင့်ဖြစ်သည်။

တရုတ်နိုင်ငံဖက်မှ ရည်ရွယ်ချက်မှာ “အာရုံလွှဲရန်” ဖြစ်သည်။

တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နှင့် ပင်လယ်ဝါများတွင်သာမက နယ်နိမိတ်မသတ်မှတ်ရသေးသော တရုတ်-အိန္ဒိယနယ်စပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်မျက်နှာလေးခုလုံးတွင် တပြိုင်နက်တည်း လှုပ်ရှားသည်။

တရုတ်နိုင်ငံတောင်ပိုင်းနှင့် တောင်တရုတ်ပင်လယ်မှ ကုန်းမြေ၊ ပင်လယ်ပြင်နှင့် ဝေဟင်တို့ကို ကွပ်ကဲသည့် တောင်တရုတ်ပင်လယ်မှ ပါရာဆယ်ကျွန်းများ ပတ်လည်ဖြစ်သော တောင်ပိုင်း စစ်မျက်နှာ ကွပ်ကဲမှုဌာနချုပ်သည် ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်သည်။

ဇူလိုင်လ ၆ ရက် တောင်တရုတ်ပင်လယ်တွင် ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုအတွင်း F/A-18E Super Hornet တိုက်လေယာဉ်တစီး USS Ronald Reagan လေယာဉ်တင်သင်္ဘော ပေါ် ဆင်းလာသည်အား USS Nimitz နောက်ခံနှင့် တွေ့ရစဉ်/U.S. Navy

တချိန်တည်းခန့်တွင်ပင် တရုတ်နိုင်ငံမြောက်ပိုင်းနှင့် ကိုရီးယားကျွန်းဆွယ်တို့ကို ကွပ်ကဲသည့် မြောက်ပိုင်းစစ်မျက်နှာ ကွပ်ကဲမှုဌာနချုပ်က ပင်လယ်ဝါတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည်။ အရှေ့တရုတ်ပင်လယ်တွင်လည်း ထိုင်ဝမ်နှင့် ဂျပန်ကို ကွပ်ကဲသည့် အရှေ့ပိုင်းစစ်မျက်နှာ ကွပ်ကဲမှု ဌာနချုပ်ကလည်း လေ့ကျင့်မှုများ ပြုလုပ်နေသည်။

ထိုအချိန်သည် ဘေ့ဂျင်းအနေဖြင့် ဟိမဝန္တာတွင် အိန္ဒိယနှင့် အမှန်တကယ်ထိပ်တိုက်တွေ့နေချိန်ဖြစ်သည်။

ထိုသို့ တပြိုင်နက် စစ်ရေးလေ့ကျင့်မှုများသည် တရုတ်စစ်ဖက် သင်ရိုးညွှန်းတမ်းမှ စာပိုဒ်တပိုဒ်ကို ရည်ညွှန်းနေသည်။ ၁၉၅၀ ခုနှစ်များ အစောပိုင်း တရုတ်နိုင်ငံက တိဗက်ကို နယ်ချဲ့ခြင်းသည် ကိုရီးယားစစ်ပွဲကိုလည်း ကြားဝင်စွက်ဖက်သည့် နောက်ခံဖြင့်ပြုုလုပ်ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေး၏ အမည်မှာ အာရုံလွှဲခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ဒေသတခုကို တကမ္ဘာလုံးက အာရုံစိုက်အောင် လုပ်ဆောင်ပြီး အခြားနေရာများမှ သေနင်္ဂဗျူဟာ ရည်မှန်းချက်များအောင်မြင်အောင် တိတ်တဆိတ် လုပ်ဆောင်သွားမည်ကို ဂျပန် အရာရှိများက ပူပန်ကြသည်။

တရုတ်နိုင်ငံသည် ၎င်း၏ အာရုံလွှဲသော ကျွမ်းကျင်မှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေသော်လည်း အမေရိကန်က မည်သည့်အချက်ကိုမျှ အာရုံမစိုက်ပေ။ အမေရိကန်သည် ၈ နှစ်အတွင်း ပထမဆုံး အဓိက စစ်ရေးလေ့ကျင့်မှုအဖြစ် ၎င်း၏ လေယာဉ်တင်သင်္ဘော အုပ်စုဖြစ်သော USS Nimitz နှင့် USS Ronald Reagan တို့ကို တောင်တရုတ်ပင်လယ် ဗဟိုချက်သို့ စေလွှတ်သည်။

“လေယာဉ်တင်သင်္ဘောနှစ်စင်း တပ်ဖြန့်ထားတာဟာ တစင်းတည်း လေ့ကျင့်တာနဲ့ ကွဲပြားတဲ့ သဘောဆောင်တယ်” ဟု ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိပ်တန်း ထောက်လှမ်းရေး အရာရှိဟောင်း တဦးပြောသည်။

“လေယာဉ်တင်သင်္ဘောနှစ်စင်း တပ်ဖြန့်ထားတာဟာ တစင်းတည်း လေ့ကျင့်တာနဲ့ ကွဲပြားတဲ့ သဘောဆောင်တယ်” ဟု ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိပ်တန်း ထောက်လှမ်းရေး အရာရှိဟောင်း တဦးပြောသည်။

လေယာဉ်တင်သင်္ဘော တစင်းတည်းဆိုပါက ရန်သူ၏ တိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်း ပျက်စီးသွားလျှင် တိုက်လေယာဉ်များမှာ ဆင်းသက်ရန် နေရာမရှိဖြစ်သွားနိုင်သည်။ ဒုတိယ လေယာဉ်တင်သင်္ဘောထည့်သွင်းထားသောကြောင့် အမေရိကန်သည် အမှန်တကယ် ထိုးစစ်နှင့် အလားတူသည့် ပိုမိုပြင်းထန်သော အခြေအနေကို ပြုလုပ်ထားခြင်းဖြစ်သည်။

လွတ်လပ်သော အာရှအသံက အမေရိကန် ကုမ္ပဏီတခုမှ ရရှိသည့် ဂြိုလ်တု ဓါတ်ပုံတပုံကို မမျှော်လင့်ဘဲ လူမှုကွန်ရက်တွင် တင်ခဲ့သည်

စစ်ရေးလေ့ကျင့်ရန်အတွက် အမေရိကန်က တောင်တရုတ်ပင်လယ်ကို ရွေးချယ်ရခြင်းမှာ တရုတ်နိုင်ငံ၏ နောက်ဆုံးရွေးချယ်စရာ တပ်ဖြန့်ချမှုဖြစ်သည့် ရေငုတ်သင်္ဘောမှ ပစ်လွှတ်သည့် ဒုံးကျည်များ တပ်ဆင်ထားသည့် ညူကလီးယားစွမ်းအင်သုံး သေနင်္ဂဗျူဟာ ရေငုတ်သင်္ဘောများနှင့် ပတ်သက်နေသည်။

သဘောတရားအရဆိုပါက ညူကလီးယား တိုက်ပွဲဖြစ်ပါက တရုတ်နိုင်ငံတွင် ပြန်လည်ပစ်ခတ်နိုင်သည့် စွမ်းရည်ရှိနေသေးသရွေ့ ဝါရှင်တန်သည် တရုတ်နိုင်ငံ၏ အချက်အခြာနေရာများကို တိုက်ခိုက်ရန် လက်တွန့်နေမည်ဖြစ်သည်။

ထိုဝှက်ဖဲကို ကာကွယ်ထားရန် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများကို တည်ဆောက်ပြီး ထိုကျွန်းတုများ၏ ကာကွယ်ရေးအတွက် ဒုံးကျည်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အားဖြည့်ထားသည်။

သို့သော် အားနည်းချက်မှာ အမေရိကန်အနေဖြင့် တရုတ် ရေငုတ်သင်္ဘောမှ ပစ်သည့် ဒုံးကျည်များကို အသုံးမပြုနိုင်အောင် လုပ်ဆောင်နိုင်ပါက ဘေ့ဂျင်း၏ အနေအထားကို စစ်ကာလအတွင်းဖြစ်စေ ငြိမ်းချမ်းသော အချိန်များတွင်ဖြစ်စေ သိသိသာသာ အားပျော့သွားစေမည်ဖြစ်သည်။

ပုံအောက်ခြေနားရှိ ဝင်ပေါက်မှာ ဟိုင်နန်ကျွန်းမှ တရုတ်ရေတပ် ရေငုတ်သင်္ဘောတပ် အခြေစိုက်စခန်း၏ ဝင်ပေါက် ဖြစ်ပုံရသည်

ဇူလိုင်လက ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများကို အခြေခံပြောကြားရပါက ထိုကဲ့သို့သော အခြေအနေတွင် အမေရိကန်၏ အကြံအစည်မှာ လေယာဉ်တင်သင်္ဘောအခြေစိုက် လေယာဉ်များနှင့် အခြားတပ်များကို အသုံးပြုကာ ပုံသေပစ်မှတ်များဖြစ်သော ကျွန်းတုများကို ဖျက်ဆီးပြီး တရုတ်ရေငုတ်သင်္ဘောများကို အကာအကွယ် ကင်းမဲ့သွားစေရန်ဖြစ်သည်။ လေယာဉ်တင်သင်္ဘောတစင်းလျှင် ၂ စင်း သို့မဟုတ် ၂ စင်းနှင့် အထက်ဖြန့်ချထားပေးမည့် အမေရိကန်၏ ညူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုတ်သင်္ဘောများက ထိုအချိန်တွင် အပြီးသတ်တိုက်ခိုက်မှုကို ပြုလုပ်မည်ဖြစ်သည်။

သြဂုတ်လလယ်က အမေရိကန်ဘက်မှ လှုပ်ရှားမှုက ထိုသို့သော အယူအဆကို ပိုမိုခိုင်မာစေသည်။ အစိုးရငွေကြေး ထောက်ပံ့သည့် သတင်းဌာနဖြစ်သော လွတ်လပ်သော အာရှအသံက အမေရိကန် ကုမ္ပဏီတခုမှ ရရှိသည့် ဂြိုလ်တု ဓါတ်ပုံတပုံကို မမျှော်လင့်ဘဲ လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ထိုပုံမှာ ဟိုင်နန်ကျွန်းမှ တရုတ်ရေတပ် ရေငုတ်သင်္ဘောတပ် အခြေစိုက်စခန်း၏ ဝင်ပေါက် ဖြစ်ပုံရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
524
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
44
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
91

ယင်းသည် ပဋိပက္ခဖြစ်ပွားပါက အမေရိကန်တပ်များသည် တရုတ်ရေငုတ်သင်္ဘောများ ပြေးစရာ နေရာမရှိအောင် လုပ်နိုင်သည်ဆိုသည့် ပြင်းထန်သော သတင်းစကားတခု ပါးလိုက်ခြင်းပင်။

ဒေါသထွက်နေပုံရသော ဘေ့ဂျင်းသည် သြဂုတ်လနှောင်းပိုင်းတွင် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ထပ်မံပြုလုပ်သည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် ဒုံးကျည်အများအပြားပစ်လွတ်သည်။ ထိုသို့ပစ်လွတ်ရာတွင် လွန်စွာ တိကျသည်ဟု ဆိုသည့် ဂူအမ် ချေမှုန်းရေးလက်နက်ခေါ် DF-26 တာလတ်ပစ် ဒုံးကျည်နှင့် DF-21D ဒုံးကျည် အနည်းဆုံး တစင်းစီပါသည်။

Virginia-class ညူကလီးယားစွမ်းအင်သုံး အမေရိကန် တိုက်ခိုက်ရေး ရေငုတ်သင်္ဘော USS Missouri ပုလဲဆိပ်ကမ်းမှာ ထွက်ခွာစဉ်/U.S. Navy

DF-21D တာလတ်ပစ် ဒုံးကျည်ကို လေယာဉ်တင်သင်္ဘော ချေမှုန်းရေး လက်နက်ဟု ခေါ်သော်လည်း ၎င်း၏ တိကျမှုကိုမူ မေးခွန်းထုတ်စရာဖြစ်နေသေးသည်။ တရုတ်၏ ရေငုတ်သင်္ဘောမှ ပစ်သော ဒုံးကျည်များကို အမေရိကန်က ချေမှုန်းလိုက်ပါက ဘေ့ဂျင်းသည် ဂူအမ်ကျွန်းကို တိုက်ခိုက်သည့်တိုင် ဒုံးကျည်တပ်ဆင်ထားသည့် အမေရိကန် ရေငုတ်သင်္ဘောများသည် တရုတ်တပ်များ ထိထိရောက်ရောက် လက်လှမ်းမမီသည့် ရေပိုင်နက်တွင် ရှိနေမည်ဖြစ်သည်။

သေနင်္ဂဗျူဟာ အရ အမေရိကန်သည် လတ်တလောတွင် အသာစည်း ရနေသေးကြောင်း ယခုနှစ်နွေရာသီတွင် ပြုလုပ်သည့် အပြိုင် စစ်ရေးလေ့ကျင့်မှုများက ပြသနေသည်။

သို့သော် တရုတ်နိုင်ငံသည် အမေရိကန်-ရုရှားလက်နက်ထိန်းချုပ်ရေး ညှိနှိုင်းမှုများကို ဆက်လက်ရှောင်ရှားနေမည့် သဘောရှိပြီး ညူကလီးယား လက်နက်များ၊ ဒုံးကျည်များနှင့် ရေယာဉ်များ ကာလကြာမြင့်စွာ ပိုမိုထုတ်လုပ်ပြီး အားယူရန် လုပ်ဆောင်နေမည်ဖြစ်သည်။

ကိုးကား။ ။ Nikkei Asian Review ၏ US vs China: South China Sea drills centered on submarine warfare

You may also like these stories:

တရုတ်စစ်ဖက်အဆောက်အအုံများ တိုးချဲ့မည့် စီမံကိန်းတွင် မြန်မာပါဝင်ဟု အမေရိကန်ပြော

အမေရိကန်နဲ့ တရုတ် ဘာကြောင့် စစ်မဖြစ်နိုင်သလဲ

“ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရန် ထိုင်ဝမ်သမ္မတ တိုက်တွန်း

Your Thoughts …
Tags: စစ်ရေးလေ့ကျင့်မှုများတောင်တရုတ်ပင်လယ်ရေငုတ်သင်္ဘောတိုက်ဖျက်ရေးအမေရိကန်-တရုတ် ဆက်ဆံရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

by Kevin Chen
18 January 2025
9.5k

မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား

ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား

by ဧရာဝတီ
28 December 2024
5.6k

အစိုးရသစ်အောက်တွင် အမေရိကန် ပြည်ထောင်စု၏ ဦးစားပေးများ ပြောင်းလဲနေစဉ် ထရမ့်က အာရှမှ မဟာမိတ်များ၊ မိတ်ဖက်များနှင့် (ပြိုင်ဘက် တရုတ်) ကို မည်သို့ ဆက်ဆံမည်နည်း။

တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ

တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ

by David Hutt
27 November 2024
4.6k

မြန်မာတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် မြင့်မားနေပြီး တရုတ်တပ်များနှင့်ရဲများ နိုင်ငံတွင် ခြေချလိုက်သည်နှင့် ဆူပွက်လာမည်ဖြစ်သည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

တရုတ်နှစ်သစ်ကူး စစ်ကောင်စီခေါင်းဆောင် အရိုအသေပေး

ကူမင်း အစည်းအဝေး မင်းအောင်လှိုင် သွားရတဲ့အခါ

by နွေနေ
23 October 2024
4.3k

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တရုတ်က တခွန်းတပါဒမှ ဝင်ရောက်ပြောဆို ဟန့်တားတာတွေ မတွေ့ရဘူး။

မြန်မာတွင် မီးစတဖက် ရေမှုတ်တဖက် သံတမန်ရေး တရုတ် ကျင့်သုံး

မြန်မာတွင် မီးစတဖက် ရေမှုတ်တဖက် သံတမန်ရေး တရုတ် ကျင့်သုံး

by Vaishali Basu Sharma
31 May 2025
3.3k

စိန်ခေါ်မှုများအကြား ပိုမိုခိုင်မာသည့် တရုတ်ထောက်ခံမှု ရရေး စစ်ကောင်စီသည် တရုတ်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းပြီး "တရုတ်အစိုးရ၏ ရုပ်သေး" ဆိုသည့် အမည်ခံသည်။

Next Post
Stay at Home ကာလ မြို့ပတ်ရထား နှင့် YBS  ယာဉ်လိုင်း လျှော့ချ (ရုပ်/သံ)

Stay at Home ကာလ မြို့ပတ်ရထား နှင့် YBS ယာဉ်လိုင်း လျှော့ချ (ရုပ်/သံ)

အဆိုတော် ခင်ဘုဏ်းနဲ့ သူ့ရဲ့ မိခင် / Khin Bone Pyi's Facebook

သတ်မှတ်ရက်ပြည့်လို့ အိမ်ပြန်ခွင့်ရတော့မယ့် အဆိုတော် ခင်ဘုဏ်းရဲ့ မိခင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved