လူသေဆုံးမှုများ တိုးလာနေပြီး COVID – 19 ရောဂါပိုးရှိသူ လူနာများစွာဖြင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေသည့် အစိုးရကို တပ်မတော်က အကူအညီ ပေးလိုကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
လက်ရှိအခြေအနေတွင် အစိုးရ၏ Quarantine စင်တာများ၊ ဆေးရုံများတွင် လူနာများ ပြည့်နေသည့် အခြေအနေတွင် နေ ရာလွတ်များ ရှိနေသလို လူနာများကိုလည်း ကုသပေးရန်ပါ အဆင့်သင့် ဖြစ်နေသည့် တပ်မတော်၏ အရင်းအမြစ်များကို အသုံးမချသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။
“တပ်မတော်ကနေ ကိုယ့်သဘောနဲ့ကိုယ် လာပါဝင်ပါ သွားလုပ်လို့ မရဘူး။ တိုင်းနဲ့ ပြည်နယ် အစိုးရနဲ့ ကျန်းမာရေး ဝန်ကြီး ဌာနက လွှတ်ပေးလိုက်တဲ့ လူတွေကိုပဲ လက်ခံလို့ ရပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးတွင် Quarantine စင်တာပေါင်း ၃ဝ၄ ခုရှိနေပြီး စင်တာတခုတိုင်းတွင် သက်ဆိုင်ရာ တိုင်း နှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် ကျန်းမာရေးဌာန တာဝန်ရှိသူများထံ လက်ရှိ အခြေအနေကို သိရှိနိုင်ရေး ယနေ့ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
တပ်မတော်က တနိုင်ငံလုံးတွင် Quarantine စင်တာပေါင်း ၁၆ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၉ ထောင်ခန့် လက်ခံနိုင်သည့် အခြေအနေတွင် ရှိနေသည်။ သို့သော် တပ်မတော် စင်တာများသည် မည်သည့်လူနာကိုမဆို မိမိသဘောဖြင့် လက်ခံ၍ မရဘဲ အစိုးရ၏ ခွင့်ပြုချက် ရရှိရန် လိုအပ်သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက“တပ်မတော်က ကူညီချင်လို့ကို ပြောနေတာ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ စ ကားကလည်း ရှင်းနေတာပဲ။ လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူးတဲ့။ COVID – 19 ကိစ္စသည် အမျိုးသားရေး ဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးမယ်လို့ ပြောထားပြီးသား ဖြစ်တယ်”ဟု ပြောသည်။
တပ်မတော်အနေဖြင့် ရန်ကုန်တွင် လူဦးရေ ၃၀၀၀ ကျော် လက်ခံခဲ့ပြီး နေပြည်တော်တွင်လည်း ၃၀၀၀ ကျော် လက်ခံခဲ့ပြီး တောင်ကြီးနှင့် ရွှေညောင်တွင်လည်း လူ ၁၀၀ ကျော် လက်ခံခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်တွင် တပ်မတော် စင်တာ များ၌ လူဦးရေ ၁၀၀ နှင့် ၂၀၀ ကြား ပုံမှန်ရှိကြောင်း သိရသည်။
ကိုဗစ် Positive လူနာများနှင့် ပတ်သက်၍လည်း ရန်ကုန်တိုင်း ဖောင်ကြီးတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ရခိုင် ပြည်နယ်၊ စစ်တွေမြို့သို့ စေလွှတ်ထားသည့် တပ်မတော် ဆေးအဖွဲ့ကိုလည်း ပြည်နယ် အစိုးရက ခေါ်ယူ အသုံးပြုခြင်း မရှိ သေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ၎င်းတို့အနေဖြင့် တပ်မတော် ဆေးအဖွဲ့ ရောက်ရှိနေခြင်းကို မသိကြောင်း၊ တပ်မတော်က စစ်တွေရှိ တပ်မတော်ဆေးရုံကို အသုံးပြုရန် ကမ်းလှမ်းထားသော်လည်း လက်ရှိတွင် မလို အပ်သဖြင့် အသုံးမပြုသေးကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ဟိုဘက်(အစိုးရ)က အခက်အခဲရှိလို့ ပြောလာရင် ကျနော်တို့အနေနဲ့ Team တွေ ဖွဲ့ ထားတာ ရှိတယ်။ လုပ်ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ တပ်မတော်ဘက်က အဆင်သင့် ရှိနေပါတယ်”ဟု ပြော သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက“ခေါ်ရင် အသင့်ဖြစ်အောင် ကျနော်တို့ လွှတ်ထားတာပဲ။ ရန်ကုန်မှာ အရေးပေါ် ကုသနိုင်ဖို့ဆိုရင် တပ်မတော် အသည်း ဆေးရုံတို့လို ဆေးရုံတွေကို ပြင်ခိုင်းထားတာ ရှိတယ်။ မြန်မာပြည်အလယ်ပိုင်းဆိုရင် မိတ္ထီလာနဲ့ မုံရွာမှာ ဆေးရုံတွေကို ပြင်ခိုင်းထားတယ်။ ရှမ်းမြောက်၊ ရှမ်းအရှေ့ ၊ ရှမ်း တောင်ဘက် အားလုံးအတွက် အောင်ပန်း ဆေးရုံကို ပြင်ခိုင်းထားတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ဟိုဘက်(အစိုးရ)က အခက်အခဲရှိလို့ ပြောလာရင် ကျနော်တို့အနေနဲ့ Team တွေ ဖွဲ့ ထားတာ ရှိတယ်။ လုပ်ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ တပ်မတော်ဘက်က အဆင်သင့် ရှိနေပါတယ်”ဟု ပြော သည်။
ဧရာဝတီက လက်ရှိ အခြေအနေမှာ အစိုးရနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ တပ်မတော်ရဲ့ အကူအညီ ဘာကြောင့် မယူရသလဲဆိုသည့် မေးခွန်းများကို အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော် သတင်းထောက် များ ဂရုမှတဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း ယခုအချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပါ။
ဧရာဝတီက ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဆက်သွယ်မေးမြန်းချက်တွင် ကိုဗစ်လူနာများ ထားရှိသည့် ရန်ကုန်ရှိ ဝေဘာဂီ နှင့် တောင်ဥက္က လာဆေးရုံများတွင် ၉၅ ရာခိုင်နှုန်း ပြည့်နေပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။
“နေရာတိုင်းမှာ အခက်အခဲဖြစ်ပါတယ်။ Quarantine ထားတဲ့နေရာမှာလည်း အခက်အခဲရှိတယ်၊ ဆေးရုံတင် လူနာတွေကို စီစဉ်ရတဲ့ အခါမှာလည်း အခက်အခဲရှိတယ်။ နောက်တခုက လူ့စွမ်းအား အရင်းအမြစ်ကို ခန့်ခွဲရတဲ့ အခါမှာလည်း အခက် အခဲရှိတယ်။ အခက်အခဲကတော့ ဘယ်နေရာမှာမဆို ရှိပါတယ်”ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ယင်းအခက်အခဲများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပေါင်း စပ် ညှိနှိုင်းပြီး အမျိုးသားအဆင့် ဗဟိုကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ လမ်းညွှန်မှုနှင့် ဖြေရှင်း ဆောင်ရွက်နေကြောင်း ၎င်း က ဆက်လက် ဖြေကြားထားသည်။
ကိုဗစ် – 19 အမျိုးသားအဆင့် ကုသရေး၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။
ယခု COVID – 19 ပြဿနာသည် အမျိုးသား လုံခြုံရေး ပြဿနာ ဖြစ်၍ မဏ္ဍိုင်ကြီးများကို ထိခိုက်သလို ပြည်သူလူထုမှာလည်း ဒုက္ခများစွာ ခံစားနေရသဖြင့် အစိုးရတခု၊ တပ်မတော်တခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူ၏ ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြော
သည်။
“အခုဆိုလို့ရှိရင် ကျနော်တို့ တကယ်တိုက်ပွဲတွေ ဖြစ်နေတယ် မင်းပြားလို့ နေရာမျိုးတွေ မြောက်ဦးလို နေရာမျိုးတွေမှာ ရော ဂါတွေက ထွက်နေတယ်။ ဒါပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုတော့ မြေပြင်မှာ ဘယ်လောက်အထိ ပြန့်နေမလဲ ဆိုတာ ကျနော်တို့ မသိဘူး”ဟု ၎င်းက ပြောသည်။
COVID – 19 ကပ်ရောဂါကို ကာကွယ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ၌ တပ်မတော်၏ ယန္တရားများကို အသုံးချ သင့်ကြောင်း၊ တပ်မတော် စင်တာများက လူများကို လက်ခံနိုင်သော်လည်း အစိုးရ၏ သဘောတူညီမှု မရဘဲ တိုက်ရိုက် မသွားနိုင်သည့် အခြေအနေ ဖြစ်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ဆက်ပြောပြသည်။
“ကျနော်တို့ လက်တွေ့ ကြုံနေရတာက ဆေးရုံတွေမှာ လက်မခံနိုင်တော့ဘူး။ ပြန်လွှတ်တယ်ပေါ့နော်။ ပြန်လွှတ်တဲ့အခါမှာ တပ်မတော်ဆေးရုံတွေတော့ ရှိနေတယ်၊ အဲဒီဘက်ကို သွားမယ်ဆိုရင်လည်း ဘယ်လို သွားရမလဲဆိုတဲ့ ပရိုစီဂျာကို ကျန်း မာရေး ဝန်ထမ်းတွေကို မြို့နယ် အဆင့်တွေ တိုင်းအဆင့်တွေမှာ သေချာ ညွှန်ကြားထားတာ မရှိဘူး”ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ယခုလို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပါက အစိုးရဘက်တွင် ဝန်ထုတ်ဝန်ပိုး လျှော့ကျသွားနိုင်ကြောင်း၊ ၂ ဖက်စလုံး က ခွဲ၍ ကုသမှု ပေးမည်ဆိုပါကလည်း ပိုကောင်းမည်ဟု ထင်ကြောင်း၊ ယခုအမြင်၏ ၎င်းတဦးတည်း၏ အမြင်ဖြစ်ကြောင်း ဒေါက်တာ ကျော်စွာဦးက ပြောသည်။
လက်ရှိတွင် ကိုဗစ်လူနာများ ကုသရေး အပါအဝင် ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းအားလုံးတွင် အစိုးရ၌ ဝန်ထုတ် ဝန်ပိုး တော်တော်ကြီးလာသည့် နောက်ပိုင်းတွင် Quarantine ဝင်ရမည့် ရက်များကို လျှော့ချခြင်း၊ Positive လူနာများကို သက်သာသည်နှင့် ဆေးရုံမှ ချက်ချင်းဆင်းခိုင်းခြင်း စသည့် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့မှ စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာ ကျော်စွာဦးက ပြောသည်။
ယခုလို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပါက အစိုးရဘက်တွင် ဝန်ထုတ်ဝန်ပိုး လျှော့ကျသွားနိုင်ကြောင်း၊ ၂ ဖက်စလုံး က ခွဲ၍ ကုသမှု ပေးမည်ဆိုပါကလည်း ပိုကောင်းမည်ဟု ထင်ကြောင်း၊ ယခုအမြင်၏ ၎င်းတဦးတည်း၏ အမြင်ဖြစ်ကြောင်း ဒေါက်တာ ကျော်စွာဦးက ပြောသည်။
၎င်းက“ကျန်းမာရေးဝန်ထမ်းတွေမှာ ဝန်အားမမျှတော့သလို ဖြစ်ချင်နေပြီ။ မြို့နယ်အလိုက်ကို လုပ်ပိုင်ခွင့်တွေ ပေးပြီးတော့ မြန်မြန်လုပ်ပေးနိုင်ရင် တော်တော်ကောင်းမယ်။ စစ်တာကတော့ တိုင်းကနေ လုပ်ပေး။ ဆေးရုံမှာ ဝန်အားကို လျော့နိုင်ဖို့ အပြင်က ဝန်ထမ်းမဟုတ်တဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေကို ဝိုင်းကူမှ ရမယ်”ဟု ဆက်လက် ပြောဆိုသည်။
ယခု စက်တင်ဘာလထဲသို့ အရောက် တကျော့ပြန် ကူးစက်မှု ပြန်လည် မြင့်တက်သည့်အခါ COVID – 19 ကပ်ရောဂါ ကာ ကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေနိုင်ရန် ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေးယာယီဆေးရုံတခုကို ဧရာဝတီဖောင်ဒေးရှင်းက ရန်ကုန်မြို့ တွင် တည်ဆောက်ပေးခဲ့သည်။
ယနေ့ ညနေ ၄ နာရီခွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်လူနာသစ်မှာ ၄၈၈ ဦး ဖြစ် ပြီး စောင့်ကြည့်လူနာ ၁၁၀၀၀ ကျော်၊ ပိုးတွေ့ ရှိသူ ၇၄၅၇ ဦး၊ သေဆုံးသူ ၁၁၆ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တရုတ်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့သည့် လေယာဉ်မှူးများကို ထိုင်ဝမ်သမ္မတချီးကျူး
ဘုရင်စနစ်နှင့် နိုင်ငံရေး အပြောင်းအလဲလုပ်ရန် ထိုင်းဆန္ဒပြသူများ တောင်းဆို
နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ အိမ်တွင် လက်ပစ်ဗုံးတလုံး ထပ်တွေ့