• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်း ခရိုင် ၆ ခု၌ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိရန် နေရာများတိုးချဲ့

by ဆလိုင်းသန့်စင်
23 September 2020
in သတင်း
A A
ပုသိမ်ဆေးရုံကြီးတွင် ကိုဗစ်လူနာထားရန် နေရာမလောက်သဖြင့် အသစ်တိုးချဲ့ထားသည့် ပုသိမ်တိုင်းရင်းဆေးရုံ / ဧရာဝတီ

ပုသိမ်ဆေးရုံကြီးတွင် ကိုဗစ်လူနာထားရန် နေရာမလောက်သဖြင့် အသစ်တိုးချဲ့ထားသည့် ပုသိမ်တိုင်းရင်းဆေးရုံ / ဧရာဝတီ

15.4k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကူးစက်မြန် COVID –19 ရောဂါ ပိုးရှိသူ လူနာအရေအတွက် တိုးပွားလာ နေသဖြင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေသတွင်းရှိ ခရိုင် ၆ ခု၌ ကိုဗစ်လူနာ ထားရှိမည့်နေရာများ တိုးချဲ့ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က “ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်ရောဂါကို ကျနော်တို့ ထိမ်းချုပ်နေတယ်။ အကယ်၍ ထိမ်းချုပ်နေတဲ့ကြားက လူနာများလာရင် ခရိုင်အဆင့်ဆေးရုံကြီးတွေမှာ ကိုဗစ်လူနာများ ထားရှိကုသရေးကို Plan A ကနေ E အထိ အအင့်ဆင့်ရေးဆွဲပြီး လူနာများထားရှိကုသနိုင်ရေး ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

စက်တင်ဘာလဆန်းပိုငးမှစတင်၍ ဧရာဝတီတိုင်း၌ ကိုဗစ်ကူးစက်မှုများ တဖြည်းဖြည်းများပြားလာခဲ့ရာ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ တိုင်းအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်တွင် COVID – 19 ရောဂါ ဖြစ်ပွားနေပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၄၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း၌ မြန်အောင်၊ ဇလွန်၊ ကျိုက်လတ်၊ ရေကြည်နှင့် ငပုတောမြို့နယ်များမှ လွဲ၍ ကျန်မြို့နယ်များတွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှုများရှိနေပြီး တတိုင်းလုံး၌ ကိုဗစ်အတည်ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့သူ ၇၀၀ ကျော် ရှိကာ ပိုးတွေ့လူနာနှင့် ဆက်စပ်မှုရှိခြင်း၊ Stay at Home ဒေသမှ လာရောက်ခြင်းများကြောင့် ဆေးရုံ ကွာရန်တင်း၊ လူထုအခြေပြုကွာရန်တင်းစင်တာနှင့် နေအိမ်များ၌ ကွာရန်တင်းဝင်နေရသူပေါင်း ၇၀၀၀ ကျော်ရှိနေကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်း အနီရောင်အဆင့်ပြထားသည့် ရောဂါအဖြစ်ပွားဆုံး မြို့နယ်များမှာ ပုသိမ်၊ ဖျာပုံ၊ မအူပင်၊ ကျောင်းကုန်းမြို့နယ်များဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့ တနေ့တည်းမှာပင် တိုင်းမြို့တော် ပုသိမ်မြို့၌ ကိုဗစ် အတည်ပြုလူနာ ၁၆ ဦး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ထိုသို့ ကိုဗစ်လူနာများ တဖြည်းဖြည်း များပြားလာသည့်အတွက် ပုသိမ်မြို့၌ စက်တင်ဘာ ၂၀ ရက်မှစတင်၍ ပြည်သူ့ကျန်းမာရေးဌာနက ကိုဗစ်လူနာများကို ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ဆေးရုံတွင်သာမက ပုသိမ်မြို့၊ ရေကြည်ဦးရပ်ကွက်ရှိ တိုင်းရင်းဆေးရုံကိုပါ တိုးချဲ့၍ ကိုဗစ်လူနာ ထားရှိမှုများ ဆောင်ရွက်ခဲ့သည်။

ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “ပုသိမ်ဆေးရုံကြီးမှာ လက်ရှိ ကိုဗစ် အတည်ပြုလူနာ ၅၀ ရှိပါတယ်။ ပုသိမ်ဆေးရုံမှာက လူနာ ၂၄ ဦး၊ အသစ်တိုးချဲ့ထားတဲ့ တိုင်းရင်းဆေးရုံမှာက လူနာ ၂၆ ဦး ရှိပါတယ်။ လောလောဆယ်တော့ ကုသရေးက နိုင်တယ်လို့ပဲ ပြောလို့ရပါတယ်” ဟု ပြောသည်။

လူနာများ နေ့စဉ်တိုးပွားနေသည့်အတွက် ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပုသိမ်မြို့တွင်Plan – B အနေဖြင့် တိုင်းရင်းဆေးရုံ၊ Plan- C အနေဖြင့် ပုသိမ် ကွန်ပျူတာတက္ကသိုလ်၊ Plan – D အနေဖြင့် ပုသိမ် ဘောလုံးအကယ်ဒမီ၊ နောက်ထပ် Plan – E အနေဖြင့် ဘောလုံးကွင်းထဲတွင် ရွက်ဖျင်တဲထိုး၍ အရေးပေါ်ဆေးရုံအဖြစ် တည်ဆောက်၍ ကိုဗစ်လူနာများ ထားရှိသွားဖို့ စီစဉ်ထားကြောင်း သိရသည်။

အလားတူ မအူပင်ခရိုင်ဆေးရုံကြီး၌ ကုတင်နေရာမလောက်ပါက မအူပင်မြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ ဖျာပုံခရိုင်တွင် ဒုတိယအစီအစဉ်အဖြစ် သီရိအဏ္ဏဝါခန်းမ၊ တတိယအစီအစဉ်အဖြစ် ဖျာပုံမြို့ပေါ်ရှိ အမှတ် ၃ အထက်တန်းကျောင်းတို့တွင် ကိုဗစ်အတည်ပြုလူနာများ ထားရှိသွားရန် ပြင်ဆင် ထားကြောင်း သိရသည်။

ဟင်္သာတခရိုင်တွင် လူနာထပ်မံများပြားလာပါက ဟင်္သာတ သူနာပြုသင်တန်းကျောင်းနှင့် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးသင်တန်းကျောင်းတွင်လည်းကောင်း၊ မြောင်းမြခရိုင်၌လည်း ဆေးရုံကြီးတွင် ကုတင် မလောက်ပါက မြောင်းမြသူနာပြုသင်တန်းကျောင်းနှင့် လပွတ္တာခရိုင်အတွက် စည်ပင်ဧည့်ရိပ်သာ တို့တွင် အသီးသီးတိုးချဲ့၍ ကိုဗစ်အတည်ပြုလူနာများ ထားရှိသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနမှ ဒုညွှန်ချုပ် ဒေါက်တာ သန်းထွန်းအောင်က “ဒုတိယလှိုင်းမှာ လက်ရှိဖြစ်နေတဲ့ ရောဂါပိုးက ကူးစက်မှုနှုန်း မြန်ပါတယ်။ မျိုးရိုးဗီဇက နည်းနည်းပြောင်းလဲသွားလို့ စကားပြောတာ၊ သီချင်းဆိုတာ၊ မိုက်ကိုင်တာကအစ ကူးသွားနိုင်တယ်။ ဆင့်ကဲဆင့်ကဲကူးတာလည်း ခနလေးနဲ့ အရမ်းမြန်တယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ တတ်နိုင်သမျှ အိမ်မှာနေပါ။ လက်ကို မကြာခဏဆေးပါ။ အပြင်ထွက်ရင် Mask တပ်ပါ။ လူစုလူဝေး ရှောင်ပါ။ ဒါဆိုရင် ရောဂါကာကွယ်ပြီးသား ဖြစ်မှာပါ” ဟု ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၌ ကိုဗစ်ပိုးတွေ့လူနာ ၁၄၃ ဦးအနက် လူနာ ၂၃ ဦးမျာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ရာ လူနာပေါင်း ၁၂၀ မှာ ပုသိမ်၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ဟင်္သာတ၊ လပွတ္တာခရိုင် ဆေးရုံများနှင့် ကျောင်းကုန်း။ ဘိုကလေးစသည့် မြို့နယ်ဆေးရုံများတွင် ကုသမှုခံယူနေဆဲ ဖြစ်သည်။

You may also like these stories:

တချို့ မချောမွေ့မှုတွေကို နားလည်ပေးဖို့လိုတယ်

အစိုးရ ထောက်ပံ့သည့် ငွေကြေးအပေါ် မှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိက အရေးယူမည်

Stay Home အမိန့်အောက်က ရန်ကုန်

Your Thoughts …
Tags: COVID-19ကိုဗစ်ဧရာဝတီတိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.7k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.2k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်လမ်းဆုံ  / မင်းအောင်ခိုင် / ဧရာဝတီ

ကျောက်တော်တွင် ရွာသားများကို တပ်မတော် ဖမ်းဆီးထား

သရုပ်ဆောင် အေးမြတ်သူ / Aye Myat Thu's Facebook

“ဒို့အသံတွေနဲ့ ပံ့ပိုးမယ်၂၀၂၀” ကမ်ပိန်းမှာ ပါဝင်နေတဲ့ အေးမြတ်သူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved